Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကိုးရီးယားရောက် BO Far(or) သျှောင်ပေစူးနှင့် အင်တာဗျူး

$
0
0

မင်္ဂလာပါရှင်...။
အလုပ်တွေ မအားလပ်မှုကြောင့် ချစ်သူမြို့တော်လေးရဲ့ အင်တာဗျူးအစီအစဉ် ကဏ္ဍလေး ခဏတာ ဆိုင်းငံ့သွားခဲ့ရပါတယ်..။ အင်တာဗျူးကို စောင့်မျှော် အားပေးကြတဲ့ မန်ဘာများကို ခွင့်လွတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်ရှင့်...။
ယခုတစ်ပတ် အင်တာဗျူး အလှည့်ကျသူကတော့ ချစ်သူမြို့တော်လေးမှာ ကဗျာတွေရေးတဲ့ ကိုးရီးရောက်မန်ဘာ ကဗျာချစ်သူလေး Bo Far(or) သျှောင်ပေစူးပဲ ဖြစ်ပါတယ်ရှင်...။
မေသဇင်စပ်စုသမျှ ဖြေကြားပေးခဲ့တဲ့ သျှောင်ပေစူးရဲ့ အင်တာဗျူးလေးကို ဖတ်ရှူပေးကြပါအုံးရှင်..။




♣ ♣ ♣ မေသဇင် မေး၍ ♣ ♣ ♣

  

♣ ♣ ♣ သျှောင်ပေစူး ဖြေသည် ♣ ♣ ♣






 

မောင်လေးရေး အချိန်ရရင် အင်တာဗျူးလေး စလိုက်ရအောင်နော်.....။
ဗျာ.....ဟုတ်...
ခင်ဗျာ...အိမ်ရှေ့ ကဘူလေးလည်းဟင်.....အော်....မမေပါ့လား....

အမ...လာဗျာ...ကားစိတ်.....ကိစ္စ..
အွန်...အင်တာဗျုးလား...အဟီး...ဒါဆိုရင်သျှောင်ပေစူးမရှိဘူးအမ...
သူကရှက်လို့ တဲ့ .....အဟီးးး...မပြူးရင်တော့ရှိတယ်.....
အနော်ပဲ.....အမ   သျှောင်ပေစူးဆိုတာ......


အတော်လေး လျှာရှည်တဲ့ ကောင်လေး..။ သူ့အရပ်လိုပဲ....။ Bo Far သျှောင်ပေးစူးဆိုတဲ့ နာမည်လေး ဖြစ်ပေါ်လာရတဲ့ စိတ်ကူးလေးကို သိချင်ပါတယ်ရှင်

ဟုတ်.ကဲအမ.....ကျွန်တော်စိတ်ကူးလေးကသူများနဲ့ မတူချင်ဘူး......။
တမျိုးလေးဖြစ်နေချင်တဲ့ စိတ်ကူးလေးပေါ့...အဲဒါကြောင့်
သူများနဲ့ မတူအောင်လုပ်လိုက်တာ...Bo far  ဆိုတာကပထမဆုံးဆိုဒ်ထဲဝင်စက
မွေးဖွားခဲ့ တဲ့ အမည်ပါ....နောက်မှထပ်တိုးလိုက်တာကသျှောင်ပေစူးပါ အစ်မ...။

ဘုန်းကြီးကျောင်းသား ဘဝကို သတိရလို့နေမှာ...။ ဘိုဖားရဲ့ နာမည်အရင်းကိုလဲ သိခွင့်ရရင်သိချင်ပါတယ်ရှင့်....။


ဟုတ်ကဲ့ .... F4မင်းသားလေးဂျီဟိုလို့ ခေါ်တယ်အမ......အဟဲ...
နောက်တာ  အောင်လေးလို့ ခေါ်ရင်ရတယ်အမ.....

F4 ဆို ချစ်သူက Dog4 အယ်လေ D4 နဲ့ တွဲပေးလိုက်မှာနော်...။ D 5 ဖြစ်သွားတာပေါ့...။ ဘိုဖားရဲ့ မွေးဖွားရာ ခုနှစ်လေးကိုလဲ သိပြစေရှင့်(အမှန်တော့ အသက်ရင်းကို
လှည့်ပတ်မေးတာ)


အင်းးးးးးးပြောရတော့မှာပေါ့လေ....အသက်ကငယ်သေးတယ်
၂၅နှစ်ပြည့်ပြီးတော့၂၆ထဲကိုခြေတဖက်လှမ်းနေပြီ...အမ
လာမဲ့ တခူးဆိုရင်ပြည့်ပြီလေ......

ဟီးးးးးးးးး မုန့်စားရအုံးမှာ..စားရမယ့်နေ့ မှတ်ထားမယ်...။ မွေးချင်းတွေရော ဘယ်လောက်ရှိပါသလဲ...။


ယောက်ျားလေး၃ယောက်...အနော်အငယ်ဆုံးဗျ
အချေားဆုံး.......အလှဆုံး......သဘောအကောင်းဆုံး..
လူပျိုလေး.......အဟီးးးးးကြုံတုန်းလေးကြော်ငြာ...
အဟီးးးအွန်လိုင်းသူငယ်ချင်းတွေအသိဆုံးပဲ အစ်မရေ.....

ဒီလို ဒီတိုင်းပဲ ကြော်ငြာဝင်လို့ရမယ်ထင်နေသလား..။ ချစ်သူမှာ ကြော်ငြာဝင်ချင်ရင် ကြော်ငြာဝင်နှုန်းကို ကြော်ငြာကဏ္ဍမှာ အရင်သွားကြည့်..။ စီးပွားရေး ဈေးကွက် လာမဖျက်နဲ့..။ ဆိတ်မ ထုလိမ့်မယ်...။ဘိုဖားရဲ့ လက်ရှိနေရပ်လိပ်စာလေးကို သိပြစေရှင်....။

တော်ကိုရီးယားမှာပါအမ...ဂရောဂီဒိုထဲက      ရှီဟုန်းရှီ...ဂျော်ဝမ်ဒုံ
အန်စန်းရော့အနီး...(အန်စန်းဘူတာ)

အန်စန်းဘူတာနဲ့ နီးတာလား..။ နောက်ခါ အဲ့ဒီနေရာရောက်ရင် မြေကြီးကို သေချာငုံ့ကြည့် ..မေ့ခြေရာများ တွေ့မလာလို့...။ D4 အဖွဲ့ဝင်တွေဆိုရင်တော့ တွေ့နိုင်တယ်...။ ကဗျာလေးတွေကို ဘယ်အရွယ်လောက်ထဲက စပြီး စိတ်ပါဝင်စားလာပါသလဲရှင်...။


ဟုတ်....အမ..လွန်ခဲ့ တဲ့ ....အချိန်
အနော်၅တန်းနှစ်လောက်ကအမ...အဲဒီတုန်းကတော့
ဝါသနာရယ်လိုမဟုတ်ဘူး...ကောင်းကောင်းနားမလည်သေးဘူး
ကျွန်တော်ပတ်ဝန်းကျင်မှာ..ကဗျာတွေရေးတဲ့ အကိုတွေနဲ့ တွေ့ လာတော့
သူတို့ ရေးတာကိုလိုက်ရေးကြည့်တယ်..လက်ရေးလေးကပဲပင်
ပေါက်အညှောက်ထိုးလေးနဲ့ ...ကွန်ပါဘူးထဲထည့်ထားတာ..
ကျွန်တော်အကိုလေးမိသွားလို့ အဖေနဲ့ အမေကိုသွားတိုင်တာ
အရိုက်ခံရတာကိုမှတ်မိနေသေးတယ်.......အဲဒီအချိန်ကဆိုပါတော့ အစ်မရယ်......


အရိုက်ခံရမှာပေါ့..အရွယ်မရောက်သေးပဲ ရည်းစားထားချင်တာကိုး..။ အဖေနဲ့ အမေတွေ့တာ အချစ်ကဗျာမို့ အရိုက်ခံရတာပေါ့..။ သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ ကဗျာမျိုးတွေ့ကြည့်ပါလား..ငါ့သားလေးတော်လိုက်တာဆိုပြီး မုန့်ဖိုးတောင် ထပ်ပေးအုံးမှာ..။ ကိုးရီးယားက အလုပ်အကိုင်လေးကိုေ၇ာ သိခွင့်ရှိမလားရှင့်....။

ဟုတ်ရပါတယ်ဗျာ....သူငယ်ချင်းတွေလည်းဗဟုသုတရတာပေါ့...
ကျွန်တော်လေဆာစက်မောင်းပါတယ်...လေဆာစက်ဆိုတာ
လေဆာရောင်ခြည်နဲ့ သံမဏိတွေကိုဖြတ်တာပါ...ဒါလေးကတော့
ကျွန်တော်တို့ ကုမ္မဏီလိပ်စာဝတ်ဆိုဒ်လေးပါ...
www.dongalaser.co.kr
www.dongawaterjet.co.kr...သူငယ်ချင်းတွေလေ့လာလို့ ရတာပေါ့

ပြေးပြီးလေ့လာကြည့်တာပဲ..ကိုးရီးယားစာတွေပဲတွေ့လို့ တိတ်တိတ်လေး ပြန်လှည့်လာတာ..။ ကိုးရီးယားနိုင်ငံမှာ ခေတ္တနေထိုင်သူ တစ်ယောက်အနေရဲ့ အတွေ့အကြုံလေးကိုလဲ မျှဝေပေးပါရှင်.....။


ပြောပြရရင်အများကြီးပါပဲအမ...ဒါပေမဲ့ အဓိကလေးတွေပြောပြပါ့မယ်...
ဒီမှာအလုပ်ကိုကြိုးစားကြတယ်..အချိန်တိကျတယ်...မြန်မြန်ဆန်ဆန်လုပ်တယ်..
ကွာလက်တီကိုထိန်းသိမ်းတယ်.....ရုံးတက်ရုံးဆင်းချိန်တွေမှာအမြဲ
 ခေါင်းငုံ့ နှုတ်ဆက်တဲ့ အလေးအကျင့်တွေရှိတယ်...
TV တွေထဲကလိုပဲ..အန်ညော်ဟာဆယ်ရိုပေါ့ဗျာ.....
     (မင်္ဂလာပါပေါ့ဗျာ....)


ကိုးရီးယားနှင့် မြန်မာလူမျိုးတွေရဲ့ နေထိုင်ပြုမူကွာခြားမှူလေးကို ဘိုဖားအမြင်နှင့် ပြောပြပေးပါလားရှင့်......။


အင်းတော်တော်လေးကွာပါတယ်....ဝတ်ပုံစားပုံနေပုံထိုင်ပုံတွေ...အများကြီးပါ
ဒါပေမဲ့ မိဘကိုရိုသေတာတူညီတယ်...အသက်ကြီးသူကိုရိုသေလေးစား
တာတော့တူညီကြတယ်အမ...ဗုဒ္ဓဘာသာဝင်တွေလည်းအများအပြားရှိတယ်...။

ဘိုဖားရဲ့ ငယ်ငယ်တုန်းက အဖြစ်ချင်ဆုံး အိပ်မက်လေးသိပြစေရှင်............။


ငယ်ငယ်ကဖြစ်ချင်တာကတော့.....သူရုပ်ဆောင်အရမ်းဖြစ်ချင်တယ်
မိမိဒိုင်ယာလေ့တွေကိုချပြချင်တယ်.....ဘဝစုံတဲ့ ဇာတ်ရုံတွေကိုလုပ်ကြည့်ချင်တယ်
ဆရာဝန်..စစ်ဗိုလ်...အရူး...သူဆင်းရဲ....များပြားလှတဲ့ ဇာတ်ရုပ်တွေလုပ်ချင်ခဲ့ တာ..
ဒါပေမဲ့ ကျောင်းကပွဲမှာတော့ဝင်ပါဘူးပါတယ်...နည်းနည်းပါးပါးပေါ့...

ရတယ်လေ..ခုလဲ စာရေးရင် ဒိုင်ယာလေ့လေးတွေ ချပြပေါ့...။ လက်တွေ့ဘဝမှာရော ငယ်ငယ်က စိတ်ကူးကို အကောင်အထည် ဖော်ခဲ့နိုင်ပါသလား.......။

ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုဦးစားပေးနေတော့
အကောင်ထည်ဖော်ဖို့ ဆိုတာ.....အိမ်မက်တခုပါပဲ...
အိမ်မက်ထဲကနေမနိုးထနိုင်ခဲ့ ပါဘူး.....
လက်ရှိချိန်မှာ ဘိုဖားရဲ့ အဖြစ်ချင်းဆုံး ဆန္ဒက
အများကြီးပါ....အရေးကြီးတာလေးတွေလုပ်နေရင်းနဲ့ 
မိမိဆန္ဒတွေကိုနည်းနည်းချင်းတော့လုပ်နေတယ်...

ဘဝဆိုတာ တိုက်ပွဲပါ မောင်လေး...။ ဖြစ်ချင်တာကို ဆက်ကြိုးစားပေါ့...။ ဇွဲရှိရင် ဖြစ်လာမှာပါ...။ ဘိုဖားက ကိုးရီးယားရောက် မန်ဘာများဆိုပြီး အဖွဲ့တစ်ခု ဖွဲထားတယ်နော်..။


အဲ့ဒီအဖွဲလေး ဖွဲ့ဖြစ်သွားခဲ့တဲ့ စိတ်ကူးလေးကို ပြောပြပေးပါလားရှင်
ဟုတ်အဲဒီအဖွဲ့ လေးကတော့.....ကျွန်တော်တို့ တတွေ...မြန်မာပြည်က
ကိုရီးယားကိုစိတ်ဝင်စားသူတွေ...အလုပ်လုပ်ချင်သူတွေ..ပြီးတော့
ဒီကသူငယ်ချင်းတွေနဲ့ ဖယ်လှည်လို့ ရအောင်ပြီးတော့...ရွှေမြို့ တော်ပရဟိတ
အတွက်.......လုပ်ငန်းလေးတွေအတူတူပါဝင်ဆောင်ရွက်နိုင်အောင်ဆိုပြီးထောင်
ဖြစ်ခဲ့ တာပါ..တကယ်လို့ များ....ကိုရီးယားကသူငယ်ချင်းဖြစ်ဖြစ်..
မြန်မာပြည်ကဖြစ်ဖြစ်...စိတ်ပါဝင်စားတယ်  အဖွဲ့ ဝင်ချင်တယ်ဆိုရင်
ဒီမှာဝင်လိုက်ပါနော်.....ဖိတ်ခေါ်ပါတယ်....
http://www.shwemyotaw.com/group/korean#axzz1lhJE75wS

ချစ်သူမြို့တော်မှာ အခင်ရဆုံး သူငယ်ချင်းတွေ ရှိခဲ့ရင် သူတို့ကြားအောင်ပြောပြပေးပါလားရှင့်......။


ရှိတယ်အခင်မင်ရဆုံးပုဂ္ဂိုလ်.၆ဦးလောက်တော့ရှိတယ်..
ကျန်တာတွေလည်းရှိပါတယ်...ခင်လျှက်ပါ...

ဘိုဖားလေးစားရတဲ့ ဘလော့ဂါတွေလဲ သိပြစေရှင်..........။

စာပေရေးသားတဲ့ ဘလောဂါမှန်သမျှလေးစားပါတယ်..
သူတို့ ကကျွန်တော်အတွက်မြင်ဆရာ..ကြားဆရာတွေဆိုရင်လည်း
မမှားပါဘူး.....သူတို့ တွေဆီကနေ...ကျွန်တော်အတွက်ရလာတဲ့ အသိတွေများတယ်
သူတို့ တွေရင်ထဲကဖြစ်လာတဲ့ ခံစားမှု့ တွေကလွယ်လွယ်ဖြစ်လာတာတွေမဟုတ်ဘူး
အချိန်တွေအများကြီးပေးဆက်ထားတာလေ..သူတို့ ဘလော့တွေ
ကြောင့်လည်းကျွန်တော်ကဗျာလေးတွေတချို့ ပေါက်ဖွားခဲ့ ပါတယ်......။


ချစ်သူမြို့တော်လေးထဲကို ရောက်ရှိလာပုံလေးသိပြစေရှင်

အင်းဖြစ်ပုံလေးကဒီလိုအမရေ......။
မြန်မာပြည်ကအသိ အမတယောက်က
ဖလက်ဆောင်းသီးချင်းမေးပို့ တာ..အောက်နားမှာ..
ချစ်သူမြို့ တော်ဆိုတဲ့ ဆိုဒ်လေးပါလာတယ်...
ဒါနဲ့ ဘာလည်းမသိဘူးဆိုပြီးဝင်ကြည့်လိုက်တာ....။
ခုဆိုရင်၁နှစ်ပြည့်တော့မယ်...အဲလိုလေးရောက်လာတာအမရေ....


လင့်တွေ့တိုင်းဝင်လို့ပေါ့လေ..ကံကောင်း ချစ်သူလင့်လေးဖြစ်လို့..။ကိုးရီးယားမှာ ဘိုဖားအနှစ်သက်ဆုံး အစားအစားလေး
နားနားကပ်ပြောပေးပါလား..(အဟိ ငတ်ကြီးကျဖို)............။


အွန်းကြိုက်တာများတယ်..အနော်အကြိုက်ဆုံးကတော့
ပဲခေါက်ဆွဲ(ကြာကျန်မြော)ဂင်ချီ...(မုန်ညှင်း)အိုရီဘူးဂိုဂီ(ဘဲသားမီးကင်)

အင့် တူတယ်..မေက ဂင်ချီကိုတော့ မကြိုက်ဘူး..။ သူတို့တွေ ဘယ်လောက်ပဲကြိုက်ကြိုက်..။ မေတို့ကြိုက်တဲ့ ငါးပိကိုသူတို့မကြိုက်သလိုမေလဲ သူတို့ကြိုက်တဲ့ ဂင်ချီကြီးကြိုက်ဘူး...။ ဘူဂိုးဂီးကိုတော့ ကြိုက်တယ်...။ ဘိုဖားရဲ့ ယနေ့ အွန်လိုင်းစာပေလောက အမြင်လေးကို ပြောပြပေးပါလားရှင့်........။

ကောင်ပါတယ်..အွန်လိုင်စာပေပေါ်ပေါက်လာတာ...လူငယ်တွေကအရင်ကလို့ 
စာအုပ်နဲ့ အချိန်ဖြုံးတာနည်းသွားပြီ...အွန်လိုင်းနဲ့ ပဲအချိန်ကုန်နေကြတာ...
အဲဒီလိုလေးတွေရှိတော့..အွန်းလိုင်းတက်ရင်းနဲ့ ဟိုဝင်ဒီထွက်လုပ်ရင်း
ဝင်ဖက်သွားကြတော့သူတို့ လေးတွေမသိတာတွေသိခွင့်ရသွားကြတယ်...
ခေတ်ကလည်းတရက်နောက်ကြရင်...တနှစ်လောက်ဝေးသွားတယ်...
အွန်းလိုင်းပေါ်မှာရသာစုံတဲ့ စာတွေကိုဖက်ရင်းဗဟုသုတတွေရပြီး
အကျိုးရှိပါတယ်..စာအုပ်ဖတ်ဖို့ အချိန်မပေးနိုင်သူတွေအတွက်
ရောအလုပ်လုပ်ရင်းအွန်းလိုင်းသုံးတွေအတွက်ကော
တော်တော်လေးကိုကောင်းတဲ့ အနေအထားပါ....


ဘိုဖားရဲ့ ရင်ခုန်သံအကြောင်းလေး နားဆင်ကြည့်ချင်ပါတယ်...ဖွင့်ဟပေးပါလားနော်.. ။ရင်ခုန်သံထဲက ထွက်ပေါ်လာတဲ့
ချစ်သူအမည်လေး သိခွင့်ရှိမလားရှင့်..........။


အင်း....အချစ်ရေးနဲ့ ပက်သက်ရင်..အချစ်အောက်မှာ ကျရှုံးဖို့ မွေးလာသူလို့ 
ထင်ရအောင်...အချစ်အောက်မှာ ကျရှုံးနေရပါတယ်...အချစ်အတွက် ကျခဲ့ ရတဲ့ 
မျက်ရေတွေ...အဲဒီမြေကြီးမှာသွားကြည့်ရင်တောင်ခမ်းချောက်သေးမှာမဟုတ်ဘူး
ခုတော့ဖွင့်မပြောရသေးတဲ့ အချစ်နဲ့ ...ချစ်သူမြို့ လေးရဲ့ ကျေးဇူးကြောင့်
မြို့ တော်လေးထဲမှာချစ်သူတွေနေပါတယ်...ခုချိန်ထိတော့နှလုံးသားက
ဒီလှိုင်းတွေငြိမ်သက်ဆဲပါအမ....

အောင်မလေးဟဲ့ ငါသုံးနေတဲ့ ရေတွေက ဘိုဖားမျက်ရည်တွေများ ဖြစ်နေလေမလားပဲ...။ချစ်သူမြို့တော်လေးကို မြင်တဲ့ ဘိုဖားရဲ့ အမြင်လေး သိပြစေရှင်..........။


အရင်ကတော်တော်လေးကိုလိုအပ်ပါတယ်..ခုတော့အတော်လေး
ကောင်းပါတယ်...အဖက်ဖက်ကလည်းကြိုးစားနေကြတယ်...
တာဝန်ယူထားသူတွေကလည်း...မိမိတာဝန်မိမိကျေပွန်တော့...
ဆိုဒ်ရဲ့ လိုအပ်ချပ်ဆိုတာမရှိသလောက်ဖြစ်လာပါတယ်...
တခါတလေမှာလိုအပ်တာတွေရှိရင်...တာဝန်ရှိသူထံတင်ပြရင်..
သူတို့ အမြန်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေတာတွေ့ ရပါတယ်...


မြို့တော်လေးမှာ လိုအပ်ချက်တွေရှိပါသလား... ထပ်တိုးချဲ့ချင်တဲ့
ဆန္ဒတစ်ချို့ ရှိပါသလား.......။


လိုအပ်ချက်ရယ်လိုတော့မဟုတ်ပါဘူး... အခန်းအသစ်လေးတိုးရင်းကောင်းမလားလို့ ပါ
ဒီလိုလေးပါစာပေစကားဝိုင်းလေးလုပ်ချင်တာ..ပြောရရင်တော့မိမိဝါသနာပါရာတွေကို
ဝိုင်းဖွဲ့ ပြောတဲ့ အနုပညာစကားဝိုင်းလေးပါ...အက်မင်တယောက်နဲ့ မန်ဘာနှစ်ယောက်
ပေါ့...အက်မင်တွေကမိမိနီးစပ်ရာ..မန်ဘာတွေကိုလက်တွဲခေါ်ပြီးပြောကြဆိုကြပေါ့
တပက်ကိုတဖွဲ့ ..လူတွေထပ်မနေအောင်တင်ပြပေစေချင်ပါတယ်လို့ ...။

ဟုတ်ကဲ့ ခုလို အကြံပေး ဖြေကြာပေးသွားတဲ့ ဘိုဖား ဘိုခရု ဘိုဂဏန်းကို
ချစ်သူမြို့တော် မိသားစုမှ ကျေးဇူးတင်ပါတယ်ရှင်...။ လိုအပ်ချက်လေးတွေကို ဖြည့်ဆည်းပေးဖို့ မြို့တော်လေးက ကြိုးစားပါ့မယ်ရှင်..။


ဟိဟိ
ဟုတ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်လိုခုလိုဖြေခွင့်ရတဲ့ အတွက်..
အွန်.....မမေနဲ့ တွေ့ မှပဲ..ကုန်းနေသတ္တဝါကနေ..ရေနေကုန်းနေသတ္တဝါဖြစ်ရပြီ...
ရပါတယ်ခေါ်ချင်သလိုသာခေါ်...စိတ်ချိုးဘူး...
မြို့ တော်ကသူငယ်ချင်းတွေလည်းစိတ္တသုခ...ကာယသုခနှင့်ပြည်စုံကြပါစေလို့ 
ဆုတောင်းပါတယ်ဗျာ...




ချစ်သူမြို့ တော်ရဲ့  ဒီတစ်ပတ်အင်တာဗျူး အစီအစဉ် ဒီမှာတွင် ရပ်နားပါရစေရှင်.............။


နောက်တစ်ပတ် အင်တာဗျူးအစီအစဉ်တွင် မည်သူဖြစ်မည်ဆိုတာကို မန်ဘာများ သီးခံ စောင့်မျှော်ပေးကြပါလို့  မေတ္တာ ရပ်ခံပါတယ်ရှင်.............။


 မန်ဘာများအနေနှင့် မိမိတို့  ချစ်ခင်လေးစားရသော ဘလော့ဂါများကို နာမည်လေးပေးထားခဲ့ရင် မေ အလျင်းသင့်သလို ဖြည့်ဆည်းပေးပါ့မယ်ရှင်..။


ဘလော့ဂါများအနေနှင့်လဲ မန်ဘာများရဲ့  တောင်းဆိုမှုကို အလေးးထားဖြေကြားပေးရန် မေတ္တာရပ်ခံပါတယ်ရှင်.....။


BO Far ရဲ့ အိမ်လေးကို သွားချင်ရင် BO FAR ရဲ့ အိမ်လေးကို သွားရန်


*~*~*~*~*~* မေသဇင်*~*~*~*~*~*


 


 



Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>