Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“ ချစ်သူ.မြို.တော် ”

$
0
0


ချစ်သူ.မြိုတော်တဲ့ နာမည်လေးနဲ့ တင် ဖြူအရမ်းသဘောကျခဲ့ပါတယ်။ ဖြူလို့ အထီကျန်လှတဲ့ ကောင်မလေးတစ်ယောက်အတွက် ချစ်သူက ပျော်ရွှင်မူတွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ အပြင်ထွက်ခဲတဲ့ ဖြူအတွက် ချစ်သူမှာ အိမ်လည်ရတာကို အလွန်နှစ်ခြိုက်မိပါတယ် ။ ဖြူ.အတွက်ကတော့ ချစ်သူ ဆိုတာ
ကြည်နူးစရာမြို့လေးတစ်မြို့ပါ။ ရင်းနှီးပွင့်လင်းတဲ့ ချစ်စရာသူငယ်ချင်းတွေ အများကြီးရခဲ့ပါတယ် ။ မနက်ဆို အစောကြီးထ ၊ ချစ်သူ. ထဲကို ၀င် သူငယ်ချင်းတွေ အိမ်ကို လျှောက်လည်ရတာ ဖြူရဲ့ ပျော်ရွှင်မူတခုပါပဲ။
တအိမ်ဝင်တအိမ်ထွက်နဲ့ ချစ်သူငယ်ချင်းတွေက အိပ်တုန်းပေါ့။ မနက်စောစောဆို မြိုထဲမှာ လူ၂၀ ကျော်လောက်ပဲ တွေ့ရတတ်ပါတယ် ။ ဖြူလိုပဲ မနက်စောစော လမ်းထလျှောက်တဲ့ လူတွေ ထင်ပါရဲ့။
တစ်ယောက်နဲ့ တယောက် နှုတ်ခွန်းဆက်သရင်း နေ့တနေ့ကို စတင်ခဲ့ကြပါတယ် ။
နေ့လေးတနေ့ကို ကြည်နူးစွာ စခွင့်ရခဲ့တဲ့ အတွက် ကျေးဇူးပါ ချစ်သူရယ် ။

နေ့လည် ထမင်းစားပြီးချိန်လောက်ဆို ချစ်သူကို တခေါက်ရောက်ခဲ့ပြန်ပါတယ် ။ ချစ်သူမှာ သူငယ်ချင်းတွေလဲ စုံ ပြီပေါ့။ ဖြူအိမ်က သူငယ်ချင်းလေးတွေ ရဲ့ လက်ဆောင်မှတ်ချက်လေးတွေက ဖြူအတွက် အင်အားတွေပါပဲ ။ မှတ်ချက်လေးတွေ ဖတ်ရင်း ပြုံးလိုက် ၊ ရယ်လိုက်နဲ့ နေ့လည်ခင်းရဲ့ အချိန်တွေကို ကုန်မှန်းမသိ ကုန်ဆုံးသွားစေခဲ့ပါတယ် ။ သူငယ်ချင်းအသစ်လေးတွေအတွက် လက်ဆောင်အသစ်လေးတွေ ပြန်ပေးပို့ တတ်ကြတာချစ်သူ့ ရဲ့ ချစ်စရာအစဉ်အလာလေး ပါပဲ။ အစစ အရာရာ အဆင်ပြေဖို့ အချင်းချင်း အပြန်အလှန် ဆုတောင်းပေးကြတာလေးကလဲ ချစ်သူရဲ့ ဓလေ့လေးတစ်ခုပါ။
သူငယ်ချင်းလေးတွေ နဲ့ ပျော်၇ွှင်ခွင့်ရခဲ့ တဲ့ အတွက် ကျေးဇူးပါ ချစ်သူရယ် ။

ညနေစောင်းလို့ တစ်မိုးချုပ်ပြန်တော့ လုပ်ငန်းခွင်တွေ သိမ်းကြ ရပါတယ် ။ ညစာ စားပြီး အနားယူချိန်ရောက်ပြန်တော့ ချစ်သူ ကို တစ်ခေါက်ရောက်ပြန်ပါတယ် ။ ညဘက်ဖို့ အေးအေးဆေးဆေး
ချစ်သူမှာ စာတွေ ဖတ်ခွင့်ရခဲ့ပါတယ် ။ နေ့စဉ် ဘလော့လေးတွေက စုံလင်လှပါတယ် ။ ခံစားမူဝတ္တုတိုများ။ နေ့စဉ် ထူးခြားသတင်းများ၊ ပျော်ရွှင်ဖွယ် ပြိုင်ပွဲ သတင်းလေးတွေ နဲ့ ဖတ်လို့ မရိုးနိုင်အောင်ပါပဲ။ အသဲကွဲသူကလဲ အလွမ်းဘလော့လေးတွေ တင်လို့ ၊ ပျော်ပျော်နေတတ်သူတွေက လဲ ဟာသ ဘလော့လေးတွေ တင်တတ်ကြပြန်ပါတယ် ။ ဖြူ နှစ်သက်တဲ့ အကြောင်းအရာလေး နောက်တခုကတော့ ကဗျာလေးတွေ ဖတ်ရတာပါပဲ ။ ကဗျာဆိုတာ တိုပေမဲ့ ရသကို အပြည့်ပေးစွမ်းနိုင်ပါတယ် ။ ချစ်စရာ ကဗျာလေးတွေက ဖြူကို အပန်းပြေစေပါတယ် ။ သီချင်းလေးတွေ နားထောင်ရင်း ကဗျာလေးတွေ ဖတ်ရတာ ကို ဖြူ နှစ်သက်လှပါတယ် ။ တခါတလေ ပျင်းလာရင် ..ချက်ရွန်းမှာ အပြန်အလှန်စလို့ နောက်လို့ ရပါသေးတယ် ။
တနေ့လုံးရဲ့ ပင်ပန်းမူတွေကို ပြေပျောက်သွားစေတဲ့ အတွက် ကျေးဇူးပါချစ်သူရယ် ။

ဒီလိုနဲ့ ဖြူရဲ့ စွဲလန်းမူဟာ ချစ်သူအပေါ်နက်သထက်နက်လာခဲ့ပါတယ် ။ ချစ်သူရေ မင်းမရှိရင် ဖြူ.ဘ၀ တော့ ခြောက်သွေ့ သွားတော့မှာပါပဲ ။ ချစ်သူကို မတွေ့ရတဲ့ ရက်တွေ ဆို ဖြူတစ်ယောက် စားမ၀င် အိပ်မပျော်နိုင်အောင်ပါပဲ။ ချစ်သူက သူငယ်ချင်းတွေ ကိုလဲ လွမ်းဆွတ်လှပါတယ် ။ ဖြူကို များမျှော်နေကြမလား သူငယ်ချင်းတို့ရယ် ။ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလို့ လေလှိုင်းထဲက သံယောဇဉ်တွေက ခိုင်မာလှပါတယ် ။ သေချာတာကတော့ ချစ်သူရေ မင်းကို ဖြူ ချစ်မိနေပြီဆိုတာပါပဲ ။
ချစ်သူလေး ထာဝရ တည်တံနေစေချင်တာက ဖြူရင် ထဲက သံယောဇဉ်ထုထည်ပါ။ ချစ်သူကို နေတိုင်းကြည့်နေခွင့်ရနေချင်တယ် ။ ချစ်သူ့ ရင်ခွင်ထဲမှာ နေရတာ နွေးထွေးလွန်းလှပါတယ် ။


ဖြူအတွက်တော့ ချစ်သူဟာ မရှိမဖြစ်ပါ။ ချစ်သူမြို့တော်လေ အမြဲထာဝရ အောင်မြင်မူတွေ နဲ့ တည်တံပါစေ ။


လွှမ်းဆွတ်မူတွေ နဲ့ …….

မှုံနံ.သာဖြူ ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>