မိမိသည် သာမန်ထက်မပိုသော သာမညောင်ည အညတရတစ်ဦးမျှသာ၊ ထို့အတူ လူငယ်တစ်ဦးလာလည်း ဖြစ်သလို ပုထုဇဉ်လည်းဖြစ်လေသည်။ ဤဆိုဒ်ကို ၀င်ရခြင်း၏ ရည်ရွယ်ချက်မှာ စာပေ၀ါသနာပါ၍ပင် ဖြစ်လေသည်။ ဘယ့်ကြောင့်ဆိုသော် စာပေဖွဲ့နွဲ့
သူသည် ဝေဒနာကို ပညာနှင့်ထောက်ပံ့ရသည်။ ခံစားမှုဝေဒနာရှိသော်လည်း စိတ်ကူးအတက်ပညာရှိရသည်။ စာပေအဖွဲ့အနွဲ့ ကျွမ်းကျင်သော်လည်း လော
က၏ အာရုံအမျီုးမျီုးအပေါ် မခံစားတက်လျှင် စာရေးစရာကောင်း မဖြစ်နိုင်ဟု စာပေပညာရှင်များက သုံးသပ်ထားခဲ့ကြသည်။စာဖက်သူသည် ရသခံစာမှုမှ
တစ်ဆင့် ဘ၀အသိတစ်ခုခုကို ရလာတက်သည်။ လောကကို ဆင်ခြင်တက်လာသည်။ မေတ္တာာဂရုဏာထားတက်လာသည်၊ ထို့အတွတ်ကြောင့် မိမိသည်
စာပေကို ချစ်မြတ်နိုးသည်။ မိမိသည် တလောကလုံးကို အလင်းပေးစွမ်းနိုင်သည့် လမင်းကြီးမဟုတ်၊ အမျီုးဘာသာ အတွတ် ပိုးစုန်းခြူးမျှသာ၊ တက်စွမ်းသ
လောက် အလင်းရောင် ငွေ့ငွေ့မျှသာ ပေးနိုင်လျှင် ကျေးနပ်ပြီ။
သို့သော်လည်း မိမိသည် အထက်တွင် စကားပလ္လင် ခံထားပြီးသည့်အတိုင်း လူငယ်တစ်ဦးဖြစ်၍ ပုထုဇဉ်လည်းဖြစ်သည်။ ပုထုဇဉ်ပီပီ အမှားမကင်းနိုင်။
ထို့အတွတ်ကြောင့် သတိလက်လွတ် တစ်ခုခုကို တိမ်းချော်ရေးသားမိလျှင် ပတ်ဝန်းကျင်သည် မိမိ၏ဆရာသခင်များဖြစ်သည်။ ဤဆိုဒ်အတွင်းရှိ တစ်မြေ
ထဲနေ တစ်ရေထဲသောက် တိုင်းရင်းသား ညီအကိုမောင်နှမများသည် မိမိ၏အမှားကို ပဲ့ပြင်သူများဖြစ်သည်။ မိမိ၏အမှားကို ပဲ့ပြင်သူသည် သာသနာကို
စောင့်ရှောက်သူပင်ဖြစ်သည်။ ဘာသာကို ထိန်းသိမ်းသူပင်ဖြစ်သည်။ အမျီုးကို ချစ်မြတ်နိုးသူပင်ဖြစ်လေသည်။
သို့မဟုတ်ဘဲ မိမိနှင့်သက်ဆိုင်သော သတိလက်လွတ်မှုကို မိမိပေါ်သို့မတင်ဘဲ သာကီဝင်မဟာဆီမဟာသွေးတို့ကိုပါ ခြုံငုံလာလျင်တော့ နား
လည်ခွင့်လွတ် နိုင်လိမ့်မည်မဟုတ်။ သာကီဝင်မဟာဆီမဟာသွေးတို့သည် မိမိ၏အသွေးသားများဖြစ်သလို အတွင်းတစ်နေရာမှ ကလီစာများဖြစ်ပင်ဖြစ်
သည်။ သန့်ရှင်းလက်ဆက်နေသော ၀မ်းတွင်းအသွေးသားများကို မိမိအတွတ်ကြောင့် ဖုန်ပေမခံနိုင်။ ၎င်းတို့အတွတ် မိမိ၏လည်ကိုစဉ်းတီတုံးပေါ်သို့တင်
ပေးထားပြီသာလျှင် ဖြစ်ပါကြောင်း ...............
လေးစားစွာဖြင့်
ဇာတိမာန်(အောင်လံ)