သင်သည် ထိပ်တန်း သို့ ရောက်လို ပါက တစ်ခုခုကိုတော့ လုပ်ဆောင်ရမည်ဖြစ်၏။ တစ်ခုခုမလုပ်ဘဲ နှင့် က ထိပ်တန်း သို့ မပြော နှင့်၊ သင့်အိမ်တံခါးဝသို့ ပင် သငိရောက်ရှိမည်မဟုတ်ပါ..။
သင်ဘာကို လိုချင်သနည်း..။
သင်သည်.. လိုချင်သည့်  အရာအတွက်ကား... သင်လုပ်ဆောင်ရန် လိုအပ်ပါ၏။
လုပ်ဆောင်မူ တစ်ခုခု သည် လိုအပ်စမြဲ ဖြစ်သည်...။
အင်္ဂလန်နိုင်ငံ ၀န်ကြီးချုပ်ဖြစ်ခဲ့ သူ ဘင်ဂျမင်ဒစ်ဂရေလ**က -
(လုပ်ဆောင်မူ ကြောင့် အခါခပ်သိမ်း ပျော်ရွင်မူ ကိုမရ နိုင် သော်လည်း လုပ်ဆောင်ချက်မရှိလျှင်ကား ပျော်ရွင်မူသည် လုံးဝမရနိုင်ပါ)
ဟုဆိုခဲ့ ၏ ။
အာရပ်စကင်းကမူ-
(ပြုလုပ်ဆောင်ရွက်ခြင်းသည်.. အလွန်ကြီးကျယ် သော ကိစ္စဖြစ်သည်...)
ဟုဆိုခဲ့ ၏။
ဒေးလ်ကာနက်ဂျီကမူ-
(သင်သည် စိတ်အားထက်သန် သူဖြစ်လိုပါက သင်လုပ်ဆောင်မူသည် စိတ်အားထက်သန်ဖို့ လိုပါသည်.)
ဟုပြောခဲ့သည်..။
ဝီလျံဂျိန် ကလည်း တစ်ဘောတည်းဆိုခဲ့ ၏။
(ကျွနုပ်တို့ သည် ပျော်ရွင်နေသောကြောင့် သီချင်းဆိုမနေကြပေ..။ သီချင်းဆိုသောကြောင့် ပျော်လာခြင်း ဖြစ်ပါသည်..။)
တက်ကြွစွာ အလုပ်လုပ်ဆောင်မူသည် ဆုလဒ် နှင့် အသိ အမှတ်ပြုခြင်းကို ရရှိ၏ ။လုပ်ဆောင်မူ မရှိလျှင် ဘာမှမရနိုင်သည်မှာ ရှင်းပါ၏ ။
ထို ကြောင့်တစ်ခုခုတော့ လုပ်ပါ..။တက်ကြွ စွာလုပ်ပါ...။သင့် အား ထိုလုပ်ဆောင်ချက်သည် သင့် ရည်မှန်းချက် ပန်းတိုင်ဆီသို့ ပို့ ပေးမည်ဖြစ်သည်...။
လူတစ်ယောက်သည် မြောင်းကြား ထဲက ကြွက်စုတ်တစ်ကောင် ဖြစ်မလား။ ဟိုကောင်းကင် ကြီးမှာဝဲနေတဲ့  သိန်းစွန်ငှက်ကြီး ဖြစ်မလားဆိုတာဟာ သူ့ ဘ၀ကိုဘယ်ပုံဘယ်နည်းလျှောက်ခဲ့လဲဆို တဲ့ အချက်ပေါ်မှာပဲ တည်မှီနေတယ်..။
(ဟန်နန်ပတ်ဂျန်ကီ)
ကိုရီယားစာရေးဆရာကြီး..။
ရဲရင့်ခေါင်....။ စာပေဆိုသည်မှာ.....?