Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရွှေလီ သစ္စာ သူလေး......

$
0
0

တစ်နေ့မှာရှမ်းပြည်နယ်မြောက်ဖက်ပိုင်းမှ နှင်းတွေခြုံလွှမ်းနေတဲ့ နယ်စပ်မြို့နယ်ကလေးမူဆယ်မြို့ကို တာဝန်နဲ့ရောက်လာတဲ့စစ်သားလေးရှိတယ် စစ်သားလေးနာမည်က မောင်ဇေဇင်မင်းတဲ့ စစ်သားလေးဇေဇင်မင်းကမူဆယ်မြို့မှာတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နေခဲ့တယ် တစ်နေ့မှာရွှေလီမြစ်ကမ်းနားမှာ ရှမ်းပြည်နယ်က ရှမ်းမဖြူဖြူလေးတွေရေကူးနောကတယ် ရေကူးနေတဲ့ထဲက နန်းမေပျိုဆိုတဲ့ကောင်မလေးကရေတအားကြောက်တယ်လေ သူငယ်ချင်းတွေကအတင်းဆွဲပြီးကူးခိုင်းတာပေါ့ အရှိန်နဲ့ရေထဲကျပြီး
ရေစီး အရမ်းသန်တဲ့ ရွှေလီမြစ်ထဲကိုပြုတ်ကျပြီးရေနစ်နေတာပေါ့ အဲဒိမှာပဲမောင်ဇေဇင်မင်းတို့ စစ်သားအဖွဲ့ဟာ ရွှေလီမြစ်နားမှာကင်းလှည့်နေတဲ့အချိန်ပေါ့ အော်သံတွေကြားလို့ဆိုပြီး အပြေးနဲ့ရောက်လာခဲ့တယ် ဟိုလဲရောက်ကောရေစီးထဲ မျောပါါလုလုဖြစ်နေတဲ့ နန်းမေဆိုတဲ့ကောင်မလေးကိုတွေ့တော့ မောင်ဇေဇင်ဟာသူ့မှာအဆင့်သင့်ပါလာတဲ့ကြိုးကို လက်အောက်ငယ်သားတွေကိုပေးပြီးနီးစပ်ရာ သစ်ပင်ကို ချည်ခိုင်းထားလိုက်တာ် သူကတော့ကြိုးကိုခါးမှာပပတ်ပြီး မြစ်ထဲခုန်ဆင်းသွားပြီး နန်းမေဆိုတဲ့အပျိုချောလေးကို ကယ်တင်လာခဲ့တာပေါ့ အပေါ်လဲရောက်ကော နန်းမေလေးမေ့သွားတယ် ကျန်တဲ့သူငယ်ချင်းတစ်ယောက်နှစ်ယောက်လောက်ကကိုလည်း သူ့မိဘတွေကို သွားခေါ်ခိုင်းခဲ့တယ် ကျန်တဲ့သူငယ်ချင်းတွေကိုတော့ ရင်ဘတ်ကိုဖိခိုင်း ဟိုနှိပ်ဒီနှိပ်နဲ့ လုပ်ပေးကြရင်း ခဏနေတော့သတိပြန်ရလာခဲ့တယ် သတိရတော့ အပျိုချောလေးနန်းမေ ဟာစစ်သားလေးမောင်ဇေဇင်ကို ကျေးဇူးတင်တဲ့မျက်လုံးကလေးနဲ့ ကြည့်ပြီး ရှက်ရွံ့ရွံ့ကလေးဖြစ်ပြီးရေနစ်တာကို ကြောက်တဲ့စိတ်ကြောင့်အသားလေးတွေကလည်းတုန်ရေပေါက်ကလေးတွေမျက်နှာမှာသီးပြီးနေရောင်အောင်မှာဖြူဖွေးနေတဲ့ ပါးလေးပေါ်မှာ စိမ်းပြီးစီးဆင်းနေတဲ့ သွေးကြောလေးတွေကိုမြင်နေရတဲ့ မောင်ဇေဇင် ဟာအခုလိုစီးဆင်းနေတဲ့ ရွှေလီမြစ်ကြီး ထပ်တောင်ကဗျာဆန်နေပါလားလို့ တွေးနေမိတယ် ရင်ထဲမှာလည်း ရှေ့တန်းထွက်တုန်းကသပုန်တွေနဲ့ အသက်စွံ့ဆန်ဖြားတိုက်လာခဲ့ရတဲ့စစ်ပွဲတွေထက်တောင် ရင်ခုန်လှုပ်ရှားနေမိတာပေါ့ နန်းမေပျိုလေးကိုငေးနေတုန်းသူ့ငယ်သားတွေက ဆရာသူ့မိဘတွေရောက်လာပြီဆိုမှသတိဝင်လာတော့တယ် အဲဒိမှာပဲသူနန်းမေ လေးကိုချစ်သွားပြီဆိုတာသိလိုက်တယ် နေ့တိုင်းလည်း သတိရနေမိတယ် နောက်နေ့တွေမှာလည်း သတင်းမေးသလိုလိုနဲ့အလည်ရောက်ရောက်သွားတယ်လေ နန်းလေးရဲ့မိဘတွေကလည်းကျေးဇူးတင်လွန်းလို့ဘာမှမပြောကြဖူးလေ ဘယ်ပဲသွားသွားစိတ်ချကြတယ် အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထား ကြိုးချင်းငြိဆိုသလိုပဲ အနေကြာလာတော့တစ်ယောက်နဲ့တယောက် ချစ်သူတွေဖြစ်သွားကြတာပေါ့ မူဆယ်သူလေးနဲ့ အသဲထဲနင့်အောင်ချစ်ခဲ့ကြတာပေါ့ ရွှေလီမြစ်ကြီးကြောင့်ပဲသူတို့နှစ်ယောက်ဆုံဆည်းကြာတာဆိုတေတာ့ သူတို့နှစ်ယောက်ဟာ ရွှေလီမြစ်ကြီးကိုသက်သေတည် ရွှေလီရေကိုအတူတူသောက်ပြီး ကျိန်စာတွေဆိုပြီးသစ္စာတွေထားခဲ့ကြာတယ် အရမ်းချစ်ကြတဲ့ချစ်သူနှစ်ယောက်ပေါ့ သူတို့ရဲ့အချစ်တွေကိုရွှေလီမြစ်ကြီးကအသိဆုံးပေါ့ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာတဲ့အချိန်တွေကြားမှာအရမ်းချစ်လာခဲ့ကြတယ် တစ်နေ့မှာ မောင်ဇေဇင်ဟာတာဝန်တွေပြီးဆုံးလို့ဌာနေကိုပြန်၇မဲ့ အချိန်ကိုရောက်လာခဲ့တယ် သူတို့နှစ်ယောက်ရဲ့ခွဲရတော့မယ့်အချိန်လေးပေါ့ ရင်ထဲမှာလည်းအလွမ်းတွေကိုယ်စီနဲ့ သူတို့နှစ်ယောက်ရဲ့အလွမ်းတွေကိုစီးဆင်းနေဆဲဖြစ်တဲ့ ရွှေလီမြစ်ကြီးကအသိဆုံးပေါ့ တစ်ယောက်နဲ့တစ်ယောက်လက်ပြနှုတ်ဆက်နေကြတဲ့ အချိန်မှာ လှယဉ်ကျေးသူလေးရဲ့မျက်ရည်တွေဟာပုလဲနုရောင်သမ်းနေတဲ့ နှင်းမှုန်တွေကြားမှာကြွေနေတော့တယ် မောင်ဇေဇင်ကပြောခဲ့တယ် နန်းမေလေးကို မူဆယ်မှာနှင်းတွေဝေရင်ပြန်လာခဲ့ပါမယ်လို့ ပြောသွားခဲ့တယ် တောင်ပေါ်မြေရဲ့အကွေ့အကောင်လမ်းတွေကိုကျော်လွန်လာပြီးတော့ မြေပြန့်ကို အလွမ်းတွေနဲ့ပြန်လာခဲ့တယ် မူဆယ်သူလေးနန်းတစ်ယောက်ဟာ သူ့ရဲ့မျက်ရည်တွေနဲ့အပြိုင်စိးဆင်းနေဆဲ ဖြစ်တဲ့ ရွှေလီမြစ်နားမှာ သူ့ရဲ့ချစ်သူ ပြန်အလာကို သစ္စာရှိရှိစောင့်နေလျှက်ပေါ့ အခုချိန်ထိလည်းစောင့်မျှော်နေဆဲပဲလား နန်းရယ်......................


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...