အချစ်ရေမနှစ်ကငါတို့ ချိန်းတွေ့ တုန်းက မင်းကိုငါ(၃၆၅)ကြိမ် နမ်းဖို့ ကြိုးစားခဲ့ပါတယ်၊၊
ဒါပေမယ့်(၃၆)ကြိမ်ပဲအောင်မြင်စွာနမ်းနိုင်ခဲ့ပါတယ်၊၊
အောက်ပါစာရင်းလေးက ငါဘာကြောင့်နမ်းဖို့ မအောင်မြင်ခဲ့တာလဲဆိုတာကိုစာ
ရင်းပြုစုထားတာပါ၊၊
-ချိန်းတွေ့ တုန်းက ထီးမပါလို့ ဆိုပြီမင်းငြင်းဆန်ခဲ့တာ (၁၇)ကြိမ်
-ချိန်းထာတာနောက်ကျလို့ မင်းနမ်းခွင့်မပေးတာ (၁၅)ကြိမ်
-မင်းအိမ်နဲ့ ရန်ဖြစ်လာလို့ ဆိုပြီး ငါအခွင့်အရေးတွေဆုံးရှုံးခဲ့တာ ( ၅)ကြိမ်
-ရာသီဥတုပူလို့ ဆိုပြီး မင်းကိုယပ်ခပ်ပေးနေရတာနဲ့ မနမ်းဖြစ်လိုက်တာ (၅၂)ကြိမ်
-ကျူရှင်မတက်ရသေးလို့ ဆိုပြီးစာထုတ်ကျက်နေလို့ မနမ်းဖြစ်တာ (၁၅)ကြိမ်
-ကိုယ်တို့ ရှေ့ ကအတွဲက အရမ်းကဲလို့ ဆိုပြီးမင်းကရှက်ရှက်နဲ့ မလုပ်ရဖူး
ငြင်းဆန်ခဲ့တာ (၄၉)ကြိမ်
-အကြောတက်လို့ နှိပ်ပေးပါဆိုပြီးမနမ်းဖြစ်ခဲ့တာ (၁၆)ကြိမ်
-ခေါင်းမှုးတယ်၊နေမကောင်းဖူးဆိုပြီးအံကြိတ်ခဲ့ရတာ (၁၆)ကြိမ်
-၀တ်ခြံပေါက်နေတယ်၊မေ့ပါးလေးကိုကြည့်ပါဦးစိတ်ညစ်လိုက်တာဆိုပြီး
ခဏခဏပြောနေတော့ဝက်ခြံလေးပဲကြည့်နေရတဲ့အဖြစ် ( ၂)ကြိမ်
-အမေ့အမျိုးတွေ ဒီနားမှာရှိတယ်၊သိပ်မကဲနဲ့ ဆိုလို့ သက်ပြင်းချခဲ့ရတာ ( ၆)ကြိမ်
-ခပ်လှမ်းလှမ်းက ထမင်းချိုင့်နဲ့ လူကြီးချောင်းနေတယ်ဆိုပြီခပ်ရှက်ရှက်နဲ့ နေခဲ့ရတာ (၂၁)ကြိမ်
-ဟာသရုပ်ရှင်ကြည့်ပြီးသိပ်ရယ်ရတာလို့ ခဏခဏလက်တို့ ပြီးပြောနေလို့ 
လိုက်ရယ်နေရတာနဲ့ တင်မနမ်းဖြစ်လိုက်ရတဲ့အဖြစ် (၇)ကြိမ်
-နှုတ်ခမ်းမွှေးနဲ့ မုတ်ဆိတ်မွှေး အရမ်းရှည်နေလို့ ဆိုပြီးမင်းငြင်းဆန်ခဲ့လို့ 
နမ်းမလိုနဲ့ မနမ်းဖြစ်လိုက်တာ (၉)ကြိမ်
မင်းအိမ်ကကြောင်လေး ကားတိုက်ခံရလို့ ဆိုပြီးတရှုံရှူံ့ ငိုနေတာနဲ့
ပြန်ချော့ခဲ့ရတာကြောင့် (၄)ကြိမ်
-ဆံပင်ညှပ်လာလို့ ဆိုပြီးမှန်ခဏခဏထုတ်ကြည့်နေလို့ အလုပ်မဖြစ်လိုက်တာ (၉)ကြိမ်
-ချိန်းတွေ့ နေတုံးဗိုက်နာလာလို့ အိမ်သာလိုက်ရှာနေရတာနဲ့ မနမ်းဖြစ်လိုက်တာ (၄)ကြိမ်
အဲ့ဒီ့တော့ မင်းကိုငါ(၃၆)ကြိမ်ပဲအောင်အောင်မြင်မြင်နမ်းဖြစ်လိုက်တယ် ချစ်သူ၊၊
ဒါတောင်မှ သိပ်ကျေကျေနပ်နပ်ကြီး မဟုတ်လိုက်ရပါဖူး၊၊ဘာဖြစ်လို့ လဲဆိုတော့နမ်းခဲ့တဲ့
(၃၆)ကြိမ် မှာ(၆)ကြိမ် ကမင်းမျက်နှကြီးရှူံ့ ထားတယ်၊၊(၈)ကြိမ် ကတော့ မျက်လုံးကြီးဖွင့်ပြီး ဟိုကြည့်
ဒီကြည့်နဲ့ လုပ်နေတယ်၊၊(၁၄)ကြိမ်ကတော့"ဘယ်လိုမှန်းမသိဖူး၊ယားကျိကျိနဲ့ "လို့ မင်းပြောခဲ့တယ်၊
(၇)ကြိမ် ကတော့ "ခွိခွိ" နဲ့ ရယ်နေတယ်လေ၊၊
သင့်ရဲ့အချစ်