1 အရပ်နိမ့်သောမိန်းမကို ထိပ်ကိုနမ်း၍ ပေါင်းဖော်ရာဧ။်။ ပညာရှိ သားကောင်းရလတ္တံ့။
2 ကြုံသောမိန်းမကို ပါးကိုနမ်း၍ ပေါင်းဖော်ရာဧ။်။ သူခပ်သိမ်းတို့ ချစ်မြတ်နိုးသော သားကောင်းရလတ္တံ့။
3 ဆူသောမိန်းမကို ချက်ကိုနမ်း၍ ပေါင်းဖော်ရာဧ။်။ ဘုန်းလက္ခဏာရှိသော သားကောင်းရတနာကို ရလတ္တံ့။
4 ပဒုမ္မနီမိန်းမကို ထိပ်၌ နမ်းရာဧ။်။
5 သင်္ခါရနီမိန်းမကို မျက်မှောင်၌ နမ်းရာ၏။
6 စိတ္တရနီမိန်းမကို ရင်၌နမ်းရာ၏။
7 ဟတ္ထနီမိန်းမကို ချက်၌ နမ်းရာ၏။
8 မြင့်သောမိန်းမကို ဦးခေါင်း၌ နမ်းရာ၏။
9 ပုသောမိန်းမကို မျက်နှာ၌ နမ်းရာ၏။
10 ကြုံသောမိန်းမကို ကိုယ်၌နမ်းရာ၏။
11 ဆူသောမိန်းမကို ၀မ်း၌နမ်းရာ၏။
12 အသားရွှေသောမိန်းမကို ဆံ၌ နမ်းရာ၏။
13 အသားနီသောမိန်းမကို နား၌နမ်းရာ၏။
14 အသားဖြူသော မိန်းမကို သားမြတ်၌ နမ်းရာ၏။
15 အသားမည်းသောမိန်းမကို နှာခေါင်း၌နမ်းရာ၏။
16 ချက်နက်သောမိန်းမကို ကျော၌နမ်းရာ၏။
17 ကျောရှည်သောမိန်းမကို မေးစေ့၌နမ်းရာ၏။
18 သားမြတ်ရှည်သောမိန်းမကို ပါး၌ နမ်းရာ၏။
ဤသို့ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း မိန်းမတို့ကို နမ်းရှုပ်ရမူကား မိန်းမတို့အလိုသို့ပါ၍ အလွန်ချစ်ခင်နှစ်သက် လေးမြတ်၏။
မိန်းမတို့ကိုနမ်းရာကျမ်းဤတွင်ပြီး၏။
( လောကဟိတရာသီကျမ်း အလို)