ချစ်သူ
ငါမင်းကိုချစ်တာ..မာသာထရီဇာလို ..မာယာပလီပလာတွေမပါပါဘူး
မယုံရင် ကျန်ကျောင်းလို မှန်ပြောင်းသုံးပြီး ကြည့်လိုက်စမ်းပါ..(နှလုံးသားထဲကို..)
မင်းကိုချစ်တဲ့ သူတွေကြားထဲ..ဂျူးလီးယက်ဆီဇာလို အလုအယက်စီပါလို့ မပြောပါနဲ့ 
ပါဒကြီးမှာမွေးလို့ မာနကြီးတတ်လို့ ပါ..
တကယ်ဆို ငါဟာမင်းကို ဘင်လာဒင်လို ကြင်နာချင်တဲ့သူရယ်ပါ..
မင်းဘေးမှာအမြဲတန်း..ဒိုင်ယာနာလို ထိုင်ကာသာနေလိုက်ချင်ပါရဲ့ ..( အဟုတ် )
အဲဒီအခါကျရင်..ဂျော့ဘွတ်( ရှ် ) လိုလောကွတ်လေးတော့ လုပ်ပါချစ်သူ
အာရာဖတ်လို ဘာလာကပ်နေတာလဲလို့ အော်မထုတ်လိုက်ပါနဲ့ နော်..စိတ်ကြီးတဲ့နေရာမှာ ထိပ်သီးမို့ ပါ..
မဟုတ်ရင် ပေါင်ချိန်ကို ဗျောင်လိမ်တာထက်ဆိုးသွားလိမ့်မယ်
တကယ်တော့ ငါဟာအိုဝင်လို ..အပျိုမြင်တိုင်းငမ်းနေသူမဟုတ်ပါဘူးကွယ်
မင်းကိုရမယ်ဆိုရင်လေ..ကောလင်းပါဝဲလ် လိုတောတွင်းထောင်ထဲမှာနေပြီး
ထယ်ဆောက် လို လယ်ပေါက်ကျွေးဆိုလဲကျွေးပါ့မယ်
မင်းအတွက် Prado ၀ယ်မပေးနိုင်ပေမဲ့ ဆရာခိုတော့ ဝယ်လိမ်းပေးနိုင်ပါတယ်
ကွန်ဒိုမှာမထားနိုင်ပေမဲ့ သွန်ဆိုသွန်ထားပါ့မယ် ( ရေအိုး )
မင်းကသာထွားဝူချွမ်းလို သွားယူစမ်းလို့ ခိုင်းရင်လေ..ကိုရွှေထူးလို မြေတူးလို့ နှိုက်၇ဲပါတယ် ( လိပ်ဥ )
ဒါတွေကို ဆန်ဖရန်စကို လို အကြံအဖန်တွေ ပိုတယ်လို့ မထင်ပ်ါနဲ့ နော်
လန်ဒန်လိုအမှန်အကန်တွေပဲ ဆိုတာယုံကြည်ပြီး..နီကိုရဲလို ဒီလိုပဲလို့ ဝှေ့ လည်ကြောင်ပတ်မလုပ်ပါနဲ့ တော့
ကိုယ့် အချစ်တွေကို ဘက်ခမ်းလို လက်ကမ်းလို့ ကြိုလင့်ပါတော့ကွယ်ချစ်သူရယ်