မွေးကင်းစမှ….၁၀ နှစ်အတွင်း…
မေမေဟာကျမအတွက်…….အလွန်အစွမ်းထက်တဲ့ …….တန်ခိုးရှင်တယောက်ပါ……
မွေးကင်းစ ……ဗိုက်ဆာလို့ ငိုရင် …နိုချိုရည်က ..အဆင့်သင့်စွမ်းဆောင်ပေးနိုင်သူ …..
အလိုမကျစိတ်ကြောင့်အော်ငိုမိရင်…မေမေရဲ့……ချောမြူမူကြောင့်…….စိတ်ကျေနပ်ပြီး ..ခိုးခိုးခစ်ခစ်ရယ်ခဲ့ ဘူးသည် …..အဲ့ဒီအချိန်မှာတော့ …..မေမေက လိုတရ နတ်သမီး…..
အကြောက်လွန်ချိန်မှာတော့ ..မေမေရင်ခွင်ဟာ..အလုံခြုံဆုံး……နေရာ……မေမေက ……ကြောက်စိတ်ကိုပြေပျောက်စေသော …..သူရဲကောင်းကြီးပေါ့…….
၁၀နှစ်မှ …၂၀နှစ်အတွင်း……
မေမေဟာကျမအတွက်…..အကောင်းဆုံးလမ်းပြကြယ်…..
ကျောင်းစာတွေ ကျက်မရ ချိန်မှာ…….မေမေက အကောင်းဆုံးကျူရှင်ဆရာ……
စိတ်ကစားတဲ့ အရွယ်ရောက်လာတော့…မေမေက အကောင်းဆုံး……တိုင်ပင်ဖော်……
မိန်းခလေးပီသဖို့အတွက်……..တော့ ………ချော့ တခါခြောက်တလဲ့…နဲ့…..အကောင်းဆုံးနည်းပြဆရာ……
မေမေဟာ ……..အလှဆုံးပန်းလေးကို …အရိပ်တကြည့်ကြည့်နဲ့ ……စောင့်ရှောက်ပေးနေတဲ့ …ဥယျဉ်မှူးကြီးပါပဲ…...
အနှစ်၂၀မှ.......အနှစ်၃၀အတွင်း....
မေမေဟာ…….ကျမအတွက်တော့…ခွန်းအားသစ်တွေကိုပေးစွမ်နိုင်သော……အားဆေးကောင်းတခွက်ပါ...............လုပ်ငန်းခွင်ဝင်လို့ …….အဆင်မပြေမူတွေနဲ့………..စိတ်ဓါတ်ကျနေလျှင်…အကောင်းဆုံးအားပေးဖော်……..
အလုပ်တွေ………… ပင်ပန်းပြီးနွမ်းနယ်နေရင်တော့ ………..လန်းဆန်းစေမဲ့……..အတွေးကိုပေးစွမ်တဲ့ ……အချိုရည်ကောင်းကောင်းလေး တခွက်ပေါ့…….
အသဲကွဲနေ လိုရင်ဖွင့်ချင်ရင်တော့………….အကောင်းဆုံးတရားဟောဆရာမကြီး …….
ကျမအသက်လေးဆယ်ကျော်ချိန်မှာတော့ မေမေက………အားအင်ချည့်နဲ့ နေတဲ့…ကလေးလေးပြန်ဖြစ်လို့ သွားပါပြီး ………….အကောင်းဆုံးတွေကြီးပေးစွမ်းခဲ့တဲ့ ….မေမေ ကို ……….ကျမက နွေးထွေးတဲ့ရင်ခွင်နဲ့ ……
ပြည့်ဝ တဲ့ မေတ္တာကို…..ပြန်ပေးဆပ်ရတော့ မှာပါ …………….
ကိုယ့်ကို သူပေးခဲတဲ့ …အချိန်တွေက ………နှစ်ရှည်လများစွာ ………
ကိုယ်ပြန်ပေးရ မယ့် အချိန်လေးက နည်းနည်းလေးပါ ……..
စိတ်ချနေလိုက်ပါအမေ့ …………………..မေမေ့ကျေးဇူးတွေ ဟာ …သမီးအပေါ်မှာ ဆပ်လို့ မကုန်အောင်များပါတယ် …….ခုလို အချိန်တိုတိုလေးပဲ ပေးဆပ်ခွင့်ရတာကို …သမီးကျေကျေနပ်နပ်ကြီးယူမှာပါ ………
တန်ခိုးရှင်ဖြစ်ခဲ့တဲ့မေမေ ……
လမ်းပြကြယ်လုပ်ခဲ့တဲ့မေမေ…..
အားဆေးတခွက်လို ……အားအင်သစ်တွေ ပေးစွမ်းခဲ့တဲ့မေမေကို …….
ကျေးဇူးဆပ်ခွင့်ရမယ့် အချိန်မှာ…မမေ့မလျှော ……မပေါ့ဆပို …….သမီးအမြဲ……ကြိုးစားနေမှာပါ …..
ဆန္တမွန်ဖြင့်…..
မှုံနံ.သာဖြူ….