ိisaac newton သည်နှစ်လိုဖွယ်ကောင်းသူမဟုတ်ပါ။ သူနှင့်တခြားပညာရှင်တို့ ဆက်ဆံရေးမှာ ကောင်းမွန်သည်ခြင်းမရှိပါ.။နောက်ပိုင်သူ၏ ဘ၀တွင် ငြင်းခုံမူများဖြင့်သူနေထိုင်ခဲ့ရသည်..။
ရူပဗေဒပညာရပ်တွင် အလွန်သြဇာအရှိန်အ၀ါကြီးသော Principia mathematica ကျမ်းစားအုပ်ကိုထုတ်ဝေပြီးနောက် isaac newton
သည် လူအများအလယ်တွင် ကျော်ဇော်ကိတ္တိရှိလာခဲ့သည်..။ Royal Sociton တင်မြှောက်ခြင်းခံရသည်..။ ထို့အပြင်သိပံပညာရှင်းများတွင် ပထမဦးဆုံးဆာဘွဲ့  ချီးမြင့်ခံရသူဖြစ်၏။
နောက်ပိုင်းတွင် isaac newton သည် Astronomer Royal John Flamsteed နှင့်မသင့်မတင့် ဖြစ်လာရသည်..။ သူ၏ စာအုပ် PRINCIPIA အတွက်ဒေတာစာရင်းများကို John Flamsteed ထံမှ ရခဲ့သော်လည်း နောက်ပိုင်းတွင် မရတော့ပေ..။ မရသည်ကို လက်လျှော့ရန်မဟုတ် သူသည် မိမိဘာသာ Royal observatory ၏စီမံအုပ်ချုပ်သူ အဖွဲ့ ဝင်ပါဝင်ခဲ့ပြီး ဒေတာများကို ချက်ခြင်းထုတ်ပြန်စေခဲ့သည်...။
နောက်ဆုံးတွင် Flamsteed ၏အလုပ်များကို သိမ်းဆည်းကာ Flamsteed ၏ရန်ဘက် ဖြစ်သူ Edmond Halley အားပုံနှိပ်ထုတ်ဝေ
စေခဲ့သည်..။ ထိုအခါ Flamsteed ကတရားရုံး သို့ ဦးတိုက်လျှောက်ခဲ့သည်...။ သိမ်းဆည်းသွားသော အလုပ်များကို ပုံနှိပ်ခြင်းမပြုရန် Flamsteed အားတရားရုံးက အနိုင်ပေးခဲ့သည်...။ Newton ကဒေါသထွက်ကာ နောက်ပိုင်းထုတ်ဝေသော Principia စာအုပ်များတွင်
Flamsteed နှင့်ပက်သက်သော အညွန်းစာများကို ပယ်ဖျက်ခဲ့သည်..။
ပိုမို ပြင်းထန်သော အငြင်းပွားမူ ကို ဂျာမန်ဒသနပညာရှင် Gollfried leibniz နှင့်ပေါ်ပေါက်ခဲ့သည်။ leibniz နှင့် newton တို့ သည် နှစ်လုံးက တစ်သီးတခြားစီဖြင့် သချာင်္ဗေဒ၏ အကိုင်းတစ်ခုဖြစ်သော Calculus ကိုစတင်ဖော်ထုတ်ခဲ့ကြသည်..။
ယင်း Calculus ကို ခေတ်သစ် ရူပဗေဒဘာသာတွင် အခြေခံအသုံးပြုလျှက်ရှိကြောင်းသိရသည်..။ နောက်ပိုင်းသိရှိရသည်မှာ newton သည် Calculus ကို leibniz မတိုင်မီက တွေ့ ခဲ့သော်လည်း သူ၏အလုပ်ကို နောက်ကျမှ ထုတ်ပြန်ခဲ့သည်..။ ထို ကြောင့် Calculus ကိုတီထွင်သူမှာ မည်သူပထမဖြစ်ကြောင်း အငြင်းပွား မူစတင်ခဲ့သည်...။ သိပံပညာရှင်များကလည်း သူဘက်ကိုယ့်ဘက် ပါဝင်ပြောဆိုခဲ့သည်...။ newton သည် ရှင်းလင်းသော ဖြေရှင်းချက်မှာ သူ၏မိတ်ဆွေ အမည်ကိုသုံးထားသော်လည်း သူ၏လက်ရေးဖြင့်ရေးသားခဲ့ခြင်းဖြစ်သည်ဟု ဆို၏။ အငြင်းပွားမူ ကြီးမားလာသောအခါ Leibnizက ပြသနာကိုဖြေရှင်းပေးန် Royal Society သို့အယူခံခဲ့သည်..။newton က ဥက္ကဌ အနေဖြင့် ဘက်မလိုက်သော ကော်မတီတစ်ရပ်ကို ဖွဲ့ ပေးခဲ့သည်..။ သို့ သော် ယင်းကော်မတီတွင် သူ၏ မိတ်ဆွေများသာ ပါဝင်ခဲ့သည်..။ ကော်မတီ အစီရင်ခံစာကို newton ကရေးသားကာ ROYAL Society အနေဖြင့် ထုတ်ပြန်ခဲ့သည်...။ leibniz အားသူတစ်ပါး အလုပ်ကိုခိုးချ သည်ဟုလည်းတရားဝင်စွပ်စွဲခဲ့သည်.။ ဒါတင် မတင်တိမ်းနိုင်သေး။သူက ROYAL Society ကကိုယ်ပိုင်ထုတ်ဝေသော စာစောင်တွင် အစီရင်ခံစာနှင့်ပက်သက်ပြီး အမည်မသိသူ တစ်ဦးအနေဖြင့် သူကရေးသားခဲံသည်..။
ဖော်ပြပါ အငြင်းပွားမူကာလအတွင်း Newton သည် Cambridge နှင့် အကယ်ဒမီတွင်မရှိတော့ .Cambridge တွင်သူသည် anti-Catholic politic ကိုလုပ်ခဲ့ကာ နောက်ပိုင် ပါလီမန်တွင်လုပ်ကိုင်ခဲံ့သည်..။သူ့အား Warden of the Royal Mint အဖြစ်ချီးမြှောက်ခဲ့သည်..။
ကျန်းမာချမ်းသာကြပါစေ ဗဟုသုတ တိုးပွားပြီးတော့ပေါ့နော်..ရဲရင့်ခေါင်