သူငယ်ချင်းတို့ရေ...
အားလုံးပဲ သိကြတဲ့ အတိုင်း ပြည်ထောင်စုနေ့ လေးကို ဂုဏ်ပြုသောအားဖြစ် ချစ်သူမြို့တော်လေးမှာ ပြည်ထောင်စုနေ့အထိမ်းအမှတ် စုပေါင်း ဘလော့ရေးကြရအောင်လို့ မေ ပို့စ်တင်ပြီး ဖိတ်ခေါ်ထားပါတယ်...။
ရွှေမြို့တော် အထူးဘလော့ဂါများနှင့် ပုံမှန်ပို့တင်သူများ မရေးမနေရ မရေးရင် ပညာပေးမယ်လို့တောင် နောက်ပြောထားခဲ့မိတယ်..။
ဒါပေမဲ့ ဒီနေ့ (၉) ရက်နေ့ရှိပြီး...။ မည်သည့် အထူးဘလော့ဂါတွေဆီကမှ ပို့စ်တွေ တက်မလာသေး...။
ဖြစ်စေချင်လွန်းတဲ့ ဆန္ဒတစ်ခုနှင့် မေနှင့် ခင်မင်ရာ ဘလော့ဂါတွေ ကို တစ်ဦးချင်း လောဆော်ကာ တိုက်တွန်းပြောနေသော်လဲ မည်သူတစ်ဦးကမှ မလှုပ်...။
မန်ဘာ (၃)ဦးဆီက ပို့စ် (၂) ပုဒ်နှင့် ကဗျာတစ်ပုဒ်တော့ ဖတ်လိုက်ရပြီး...။ လင့်သိမ်းထားလိုက်ပြီးပြီ..။ အထူးဘလော့ဂါတွေကို သတိပေးအုံးမှ..။
ပထမဆုံး မထသ မင်းသားကို ပြောကြည့်သည်...။
“မိဝေ ပြည်ထောင်စုနေ့ ဘလော့ဂ်စုပေါင်း ရေးပွဲ ဘယ်လိုလဲ .နင်ရေးထားပြီးပြီလား”
“(၁၃) ရက်နေ့ ပေးမယ်”
“ပြည်ထောင်စုနေ့က (၁၂)ရက်နေ့လေ..အဲ့ဒီရက်မတိုင်ခင်ပေး..”
“အွန်း အွန်း”
တစ်ယောက်ကတော့ အွန်းအွန်းနဲ့ ပြီးသွားရော....
“ရှင်းသန့်မေ..ဘယ်မှာလဲ ပြည်ထောင်စုနေ့ အမှတ်တရပို့စ်”
“တိန်..နာရေးတတ်ဝူး”
“အမ်...အချစ်အကြောင်းတော့ သွက်နေတာပဲ.. ပြည်ထောင်စုနေ့ အတွက်တော့ မရေးတတ်ဘူးလား..နာကစ်လိုက်ရ..တွေ့မယ် ငါ့လက်သံ”
တစ်ယောက်လဲ လက်လွတ်ရအုံးမယ်ထင်ပါရဲ့
“မြို့သူလေးရေ”
“ရှင့် မမမေ”
“ပြည်ထောင်စုနေ့ အမှတ်တရ ပို့စ်လေး မလာသေးဘူးလား”
“ဘယ်နေ့လဲ မမမေ”
“၁၀ ရက်နေ့ နောက်ဆုံး လာပေး”
“ဟုတ် ရာရာ ရေးလိုက်အုံးမယ်”
အင်း တစ်ယောက်တော့ ရေးအုံးမယ်ဆိုပဲ
“ကိုရင်ကျော်..ကိုရင်ကရော်”
“ပြောလေ မမေ”
“ပြည်ထောင်စုနေ့ အမှတ်တရ ပို့စ်တင်မှာလား”
“ဟုတ် ကျွန်တော်တင်နေတယ်..ကွန်နက်ရှင်မကောင်းသေးလို့..ညနေထဲကနေ တင်နေတာ”
“အိုခေ ကျေးဇူး”
အင်း တစ်ယောက်တော့ သေချာပေါက်လာပြီ
”နေမင်းခိုင်ရေ”
“ပြော မေချိုချည်”
“ပြည်ထောင်စုနေ့ အမှတ်တရ ပို့စ်ရေးမှာလား”
“ကဗျာရေးလို့ရလား”
“ရတယ်လေ..အထိမ်းအမှတ် အမှတ်တရ ဖြစ်ဖို့ပဲ အရေးကြီးတယ်”
“အေး အခြေအနေကြည့်လိုက်အုံးမယ်..အချိန်ရရင် ရေးမယ်လေ”
ဟူးးးးးးးးးး အေးပါ.. ကြိုးစားပြီးတော့ ရေးပါဟား
“နေခြည်”
“ဘာလဲဝေ့”
“ဘယ်မှာလဲ ပြည်ထောင်စုနေ့ အမှတ်တရပို့စ်”
“အမ် နာမရေးချင်ဘူး..ပျင်းလို့ ရေးတတ်ဘူး”
“အေးတွေ့ပြီ ငါနဲ့”
“အမ် ဘာလုပ်အုံးမလို့တုန်း..နာအိပ်တော့မှာနော်..ဆိုင်ထိုင်နေရတာ ပင်ပမ်းနေပြီ”
“နက်ဖြန်ရေးမှာလား”
“အမ်း မရေးတတ်ပါဘူးဆို..စုဆောင်းထားတာလဲ မရှိသေးဘူး”
လက်လွတ်ရပြန်ပြီး တစ်ယောက်
“အောင်ထက်”
“ဘာလဲ အပျိုကြီးမမ”
“ပြည်ထောင်စုနေ့ အမှတ်တရ ပို့စ်လာတော့လေ”
“ဘယ်နေ့ နောက်ဆုံးလဲ”
(၁၀)ရက်နေ့”
“အေး မှီရင်ပေးမယ်”
ဘာကိုမှီရင် ဘာပေးမလဲတော့ သိဘူး
“ကွန်ဆူးမား”
“ခရီးသွား” နေပါတယ်ခင်ဗျာ..
ဟူးးးးးးးးး
မေ တစ်ယောက်ချင်း လိုက်ပြောနေရတာ မောလို့..ဒီကနေပဲ အားလုံးကို ပြောလိုက်ပြစေ.. မြို့သူမြို့သားတို့ရေ..
ပြည်ထောင်စု သမ္မတ နိုင်ငံတော်မှာ မှီတင်းနေထိုင်ကြတဲ့ မြို့သူမြို့သားများရှင်...
စည်းလုံးခြင်းသည် အင်အား
မေတို့ရဲ့ စည်းလုံးခြင်းကို ပြကြပါစို့လား...။ စည်းစည်းလုံးလုံးနဲ့စုပေါင်း ဘလော့လေးနဲ့ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြပါစို့လား..။
မေ နောက်ထပ်တစ်ရက် နောက်ဆုတ်ပြီး စောင့်ပေးမယ်နော်..(၁၁) ရက်နေ့ ထိ တင်လို့ရတယ်နော်..။ ကြိုးစားရေးကြရအောင်နော်..။
ဒီပို့စ်ထဲမှာ နာမည်တပ်ရေးထားတဲ့ သူငယ်ချင်းတွေ မေ့ကို စိတ်ဆိုးရဝူးနော်..။
မေက စုပေါင်းဘလော့လေး ဖြစ်စေချင်လွန်းလို့ပါရှင်..။ ဒီပို့စ်လေးမှ နာမည်ထည့်ရေးလို့ စိတ်ဆိုးရင် စိတ်ဆိုးခြင်းသက်သေ ဘလော့တစ်ပုဒ်စီ တင်ရမယ်နော်..။ ဘလော့မတင်တဲ့သူ မေ့ပြောတာကို စိတ်မဆိုးလို့ပဲ..။ ဒါပေမဲ့ မေက စိတ်ဆိုးခံချင်နေတာ....။
သူငယ်ချင်းတို့ စိတ်ဆိုးတာကို မျှော်နေမယ်နော်..။ တစ်ယောက် ဘလော့ခ် တစ်ပုဒ်စီနဲ့....။
*~*~*~*~*~*~*~* မေသဇင်~*~*~*~*~*~*~*