Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပင်လုံညီလာခံတွင် ဗိုလ်ချုပ်၏ပြောစကားများနှင့် ညီလာခံမှတ်တမ်းဓာတ်ပုံများ

$
0
0

၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ လွတ်လတ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ပင်လုံ စာချုပ် ကို ချုပ်ဆိုခဲ့ပါသည်။ ယခုအခါ နှစ်ပေါင်း (၆၅)နှစ် ပြည့်မြောက်ပြီ ဖြစ်သော ပြည်ထောင်စုနေ့ အကြို အဖြစ် ဗမာတို့နှင့် ပူးပေါင်း၍ လွတ်လပ်ရေးကို အရယူမည်ဟူသော သဘောတူညီချက် ရရှိ၍ ၀မ်းမြောက်သည့် အထိမ်းအမှတ်ဖြင့် ပင်လုံမြို့တွင် ရှမ်းစော်ဘွားများက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရာတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် စကားကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်-

 “ယခုအစည်းအဝေးတွင် ရာထူးအားဖြင့် ကျွန်တော် အကြီးဆုံးဖြစ်သော်လည်း အသက် အားဖြင့် အငယ်ဆုံး ဖြစ်ပါတယ်။ ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာတစ်ခု ရှိပါတယ် ဘာလဲဆိုရင်မြန်မာပြည်ကြီးလွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွား စေချင်တယ်၊ ဒီဟာပါပဲ။ တိုင်းပြည်လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လို လုပ်ရမယ်ဆိုတာကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လည်း ကြိုးစားပါဦးမယ်၊ လုံးလုံးလွတ်လပ်တဲ့ ကိစ္စပြီးပြတ်သည်အထိ ကြိုးစားပါမယ်။ ယခုနားလည် ထားကြဖို့အချက်က ယခုခေတ် ကမ္ဘာကြီး၏ အခြေအနေမှာ ဘယ်တိုင်းပြည်မဆို ကိုယ့်တိုင်းပြည်တစ်ပြည်တည်း အထီးတည်းနေနိုင်တဲ့ အခြေမျိုးမရနိုင်ဘူး။ တစ်ပြည်နှင့် တစ်ပြည် ပေါင်းစပ်အမှီသဟဲရှိနေမှ နေနိုင်ကြမည်ဆိုတဲ့ အချက်ပါပဲ။”

 “နောက်တစ်ချက်က လူမျိုးရေးအကြောင်းကို ပြောပြလိုပါတယ်။ လူမျိုးရေးဆိုတာ မှာလည်း ရှေးခေတ်က အော်ဟစ်လာကြတဲ့(အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ)ဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ အမျိုးဆိုရာမှာ ဘယ်လိုအမျိုးကို တည်ရမလဲ။ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြားလူမျိုးများလည်း ရှိသေးတယ်။ တခြားနိုင်ငံများကို ကြည့်လိုက်ရင် ဗမာပြည်မှာလို တိုင်းရင်းသားလူမျိုးအများရှိ တာကို တွေ့နိုင်ပါတယ်။ တရုပ်ပြည်၊ ဂျပန်ပြည်နဲ့ ရုရှပြည်တို့မှာလည်း ဒီအတိုင်းပဲ။ အမေရိကန် ပြည်မှာလည်း အင်္ဂလိပ်စကားကို ပြောသော်လည်း အင်္ဂလိပ်၊ အီတလီစတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး လူမျိုးတစမျိုးဖြစ်အောင် ထူထောင်ပြီး သူတို့ကိုယ်ကို အမေရိကန်လို့ဆိုနေကြတာပဲ။ ဒါကြောင့် လူမျိုးရေးအားဖြင့် ကြည့်ရင် တမျိုးတည်းကို လိပ်ခဲတင်းလင်းစွဲပြီး ယူဆလို့ မဖြစ်ဘူး။”

“ဘာသာစကားပင်တူသော်လည်း လူမျိုးခြားနားမှုလည်း ရှိပါတယ်။ ဘာသာပင်မတူ သော်လည်း လူမျိုးသီးခြားဖြစ်နေတာလည်း ရှိပါတယ်။ ဥပမာ-အမေရိကန်ကိုကြည့်ရင် လူအမျိုး မျိုးဖြစ်သော်လည်း ဘာသာစကားတူပါတယ်။ ရုရှားပြည်မှာဆိုရင် ဘာသာစကား အမျိုးပေါင်း များစွာကွဲသော်လည်း လူမျိုးကတော့ တစ်မျိုးတည်း ဖြစ်ပါတယ်။”

“သာသနာဆိုတာကတော့ ကိုးကွယ်ချင်တဲ့ ဘာသာ သာသနာကို ကိုးကွယ်နိုင်ကြတာပဲ။ ဗမာပြည်မှာ လူများစုက ဗုဒ္ဓဘာသာဖြစ်ပေမယ့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ၊ မဟာမေဒင် ဘာသာကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုးရှိတာပဲ။ ဒီတော့ ဒါတွေကိုစွဲပြီး လူမျိုးရေးတရား လုပ်လို့ မဖြစ်နိုင်ဘူး။”

“စစ်ကြီးအတွင်းက ကျွန်တော်စစ်ဝန်ကြီးလုပ်တုန်းမှာ၊ ကရင်အမျိုးသား တပ်ရင်းဖွဲ့တဲ့ အခါမှာ၊ ထမင်းစားပွဲတခုမှာ ကရင်စစ်သားတစ်ဦးက လူမျိုးအချင်းချင်း ညီညွတ်ဖို့ အကြောင်း ပြောတဲ့အထဲမှာ(ဗမာက ဖဲရိုက်၊ ကရင်က ငါးမျှား)ဆိုတာလို အတူတူပါပဲလို့ ပြောတာကို သတိရပါတယ်။ ကိုယ့်ဒေသအလိုက် ကိုယ်ယုံကြည်တာကို ကိုယ်ကိုးကွယ်နေထိုင်ကြပြီး တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စကြီးမှာ ညီညီညွတ်ညွတ်လုပ်ကြရင် ဒါဟာ တမျိုးတည်းလို့ ယူဆကြရမယ်။”

“အချင်းချင်း သဘောကွဲလွဲမှုမျိုးကတော့ နည်းနည်းပါးပါးတော့ ရှိမှာပဲ။ ဒါပေမဲ့ သူတပါး နိုင်ငံက ကိုယ့်နိုင်ငံကို လာရောက်စော်ကားလို့ အသက်စွန့်ပြီး မလျှော့တမ်း ကာကွယ်တိုက်ခိုက် တာကတော့ အားလုံးနဲ့သက်ဆိုင်တဲ့ အလုပ်မျိုးဖြစ်တာပဲ။ တိုက်ခိုက်ကြတဲ့အခါမှာ စစ်သေနာပတိဟာ ကရင်ဖြစ်ရင်လည်းဖြစ်မယ်၊ ကချင်-ချင်း ဖြစ်ရင်လည်းဖြစ်မယ်။ ဘယ်သူဖြစ်ဖြစ် တစ်မိန့်တည်း လိုက်နာဆောင်ရွက်ကြရမှာပဲ။”

“တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်း လုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။ ပထမ ကျုပ်တို့ဆင်းရဲခံနေကြတယ်။ ဒါဘာလဲဆိုရင် တစ်ပြည်လုံးအတွက် အကျိုးရှိအောင် လုပ်နေ ကြခြင်း ဖြစ်တာပဲ။ သူတို့လုပ်နည်းက ပထမအဆင်းရဲခံပြီး၊ နောင် အကောင်အထည်ဖော်ပြီး အကျိုးရှိမှာ သေချာပေါက် ဖြစ်နေတယ်။”

“ဒီထက်ပိုပြီး ခရီးရောက်အောင် ဆောင်ရွက်ချက်တစ်ခုထားဖို့ နားလည်စေချင်တာက အင်ဒိုချိုင်းနား၊ အင်ဒိုနီးရှားစတဲ့ အရှေ့ဘက်နိုင်ငံများ စုပေါင်းဆောင်ရွက်နိုင်တဲ့အား ဖြစ်တယ်။ အဲဒီအားမျိုးရှိရင်တော့ ကမ္ဘာ့ထိပ်တန်းအခြေဆိုက်ရောက်နိုင်မှာပဲ။ နောက်ဆုံး ကျုပ်ပြောချင် တာက အင်္ဂလိပ်နဲ့ ကျုပ်တို့ဟာ ကျွန်နဲ့သခင် ဘ၀မျိုးတွင် မတည့်နိုင်ကြပေမဲ့ လွတ်လပ်တဲ့ ဘ၀မျိုးဖြစ်လျှင် မိတ်ဆွေအဖြစ်နှင့် သင့်မြတ်ချစ်ခင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ဟု တိုင်းရင်းသားချင်း ချစ်ကြည်စည်းရုံးမှုသည် မည်မျှအရေးကြီးကြောင်းကို ထုတ်ဖော်မိန့်ကြား ခဲ့လေသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ ရှမ်းစသည့် တိုင်းရင်းသားအပေါင်း မှီတင်းနေထိုင်ရာနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏အားသည် ဤတိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်မှုအားဖြင့်ပင် နယ်ချဲ့ ဗြိတိသျှတို့ကိုလည်းကောင်း၊ ဖက်ဆစ်ဂျပန်တို့ကိုလည်းကောင်း မြန်မာ့မြေပေါ်မှ မောင်းနှင်ထုတ်ခဲ့ပေသည်။ ယင်းစည်းလုံးညီညွတ်မှုအားသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလ ဖြစ်သော ပင်လုံညီလာခံကြီးတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့လေသည်။ ပင်လုံညီလာခံကြီး တွင် ခိုင်မြဲစွာချမှတ်ခဲ့သော စည်းလုံးညီညွတ်မှုအင်အားဖြင့်ပင် လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်သည်။
ယင်းသို့ မြန်မာ့သမိုင်း၏ ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားတို့သည် အမိနိုင်ငံ၏ လွတ်လပ်ရေးကို မဆုံးရှုံးစေရန်နှင့် ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည်ရယူရန် အတွက် ကျောချင်းကပ် ရင်ချင်းအပ်ကာ ဦးထမ်း ပဲ့ထမ်း ဆောင်ရွက်ခဲ့ကြသည့်အတိုင်း အသက်၊ သွေး၊ ချွေးတို့ဖြင့် စတေးယူခဲ့ရသော နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေးနှင့် သာယာဝပြောရေးကို ရှေးနည်းအတိုင်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရမည် ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများ၏ လူမှုရေး၊ စီးပွားရေးဘ၀ ငြိမ်းချမ်းသာယာလာသည်နှင့်အမျှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှုအင်အားမှာလည်း ပိုမိုခိုင်မာ လာမည်ဖြစ်သည်။ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုအင်အား ပိုမိုခိုင်မာလာသည်နှင့်အမျှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အချုပ်အချာအာဏာနှင့် လွတ်လပ်ရေးကြီးမှာလည်း ခိုင်မြဲ သည်ထက် ခိုင်မြဲလာမည်ဖြစ်သည်။
လက်နက်ကိုင်နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများကို ဆင်နွှဲ တိုက်ပွဲဝင်ရခြင်းထက် သိမ်မွေ့နက်နဲခက်ခဲသော လူမှုတော်လှန်ရေးကို ဆင်နွှဲရာတွင် ထမ်းဆောင်ရမည့် တာဝန်များမှာလည်း ယခင့်ယခင်များကထက် အလွန်များမြောင်လှပေရာ စည်းလုံးညီညွတ်မှု အစဉ်အလာကို ကျစ်လစ်သိပ်သည်းအောင် ကြိုးပမ်းရမည်ဖြစ်သည်။

အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၉-၂-၂၀၁၂)(၂၃း၂၀)နာရီ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>