★ လမ်းခွဲကြတော့မယ် ဆိုရင် ♪♫
အချစ်ကြီးသူတွေ ကွဲကြ ။ အချစ်ရူးသူတွေ လွဲကြ ။ တငိုငို တရယ်ရယ်နဲ့ ချစ်တော့ ချစ်နေကြတာပဲ
ဂတိ ကရော ဘာလည်း? သစ္စာတရားကရော ယုံတမ်းစကားပဲလား? ဘာကြောင့် ချစ်သူတွေကွဲရတာလည်း?
နှလုံးသားဆိုတာကအရမ်းနုညံ့တယ် ဒါပေမယ့် ခံစားချက်ပြင်းထန်လွန်းရင် ဦးဏှောက်ကိုလည်း သြဇာညောင်းတယ်
ဒီအရမ်းနုညံ့တဲ့နုလုံးသားတခုကြောင့်လူတိုင်းလိုလို ငိုဖူးကြမယ်ထင်ပါတယ်(ချစ်ခဲ့ဖူးသူတွေအများစုပေါ့)မထူးဆန်းပါ
လူတိုင်းဟာ အချစ်တခုပေါက်ဖွားလာပြီဆိုရင် စိတ်အလိုကို လိုက်တက်ကြစမြဲပါ ထိုနည်း၎င်းပဲ အချစ်နဲ့ပက်သက်ပြီး
ပြဿနာတစုံတခုတက်လာခဲ့ရင်လည်း မာနခြင်းပြိုင် စိတ်အလိုကိုလိုက်ပြီးဆုံးဖြတ်တက်ကြပါတယ် ရလာတဲ့အဖြေက
လမ်းခွဲခြင်း နောက် ငိုကြွေးခြင်း ဒါတွေပဲ(ခင်များတို့ချစ်တက်လှပါပြီဆိုတဲ့ နှလုံးသားတွေ ကွဲအက်သွားတဲ့ အသဲကို)
မငဲ့တွက်တော့ဘူးလား ခင်များတို့ ထားခဲ့တဲ့ ဂတိတွေ သစ္စာတရားတွေက ၀မ်းနည်းဖို့လား ငိုကြွေးခြင်းဖြစ်လာဖို့လား
နှလုံးသားကို မဆော့ကစားကြပါနှင့် ရူးသွားနိုင်တယ် အမှန်တော့ ချစ်သူနှစ်ဦးမှာ နားလည်မှုရှိနေရင် ထားခဲ့ဖူးတဲ့
ဂတိတွေ သစ္စာတရားတွေက အလိုလိုခိုင်မြဲနေမှာပါ။ ချစ်သူနှစ်ဦးကွဲသွားတဲ့အခါမျိုးမှာ ထိုသူနှစ်ဦးက သနားစရာ
ဇာတ်ကောင်မဟုတ်ဘူး သူတို့ထားခဲ့ဖူးတဲ့ ဂတိ သစ္စာတရားတွေက သူတို့ကို ဘယ်လောက်ညံ့ဖျင်းကြောင်းမီးမောင်း
ထိုးပြမှာပါ။ သင့်ရင်ထဲက တယောက်သောသူကို အချစ်စစ်နဲ့ချစ်ခဲ့ရင် 'အချစ်' ဆိုတဲ့ စကားလုံးကို လေးစားသော
အားဖြင့် လမ်းခွဲဖို့ လုံးဝမတွေးပါနှင့် သင့်ရဲ့ နှလုံးသားလေး နွမ်းလျှနေပါ့မယ် အချစ်တွေ ခိုင်သထက်ခိုင်အောင်သာ
သံယောဇဉ်ကြိုးတွေနဲ့ ချည်နှောင်နိုင်ကြပါစေလို့ မေတ္တာဖြင့်အကြံပြုရင်း( စကားလက်ဆောင်ပါး ပါရစေ)
လမ်းခွဲကြတော့မယ်ဆိုရင်လေ
လူကြီးတွေပြောဖူးတဲ့ စကားလေး တစု ရှိပါတယ်
လမ်းခွဲကြမယ်ဆိုရင် သမီးရည်းစား ဘ၀ကို ပြန်မြင်ယောင်ပါ
တိုင်တည်ခဲ့ဖူးတဲ့ သစ္စာတရားတွေကို ပြန်လည်အောင့်မေ့ပါ
ထားခဲ့ဖူးတဲ့ ဂတိတွေကို ပြန်လည်တည်ဆောက်ပါတဲ့
ဒါဆိုရင် သင်တို့ရဲ့ အချစ်တွေ ပြန်ရှင်သန်လာမှာတဲ့။
ကဲ...သူငယ်ချင်းတို့လည်း လမ်းခွဲဖို့ တွေးမိတိုင်း ဒီစာစုလေးကို သိတိရပေးကြနော်လို့ပြောရင်း ဤဆောင်းပါးပြီး၏။
ကြိုးစားပါအုံးမည်
★ ကို♦ရွှေ♦ချော♥★ရွှေညာ♪♫♪♫
10.01.2012