ကဲ ကျွနုပ်တို့ ယခုသိရှိနေရတဲ့ စကြ၀ဠာကြီး ဖြစ်လာရန် အချိန်မည်မျှကြာခဲ့လဲဆိုတာကိုလေ့လာမယ်နော်..
မဟာစကြ၀ဠာကြီး စတင်ဖြစ်ပေါ်လာစေတဲ့ ပေါက်ကွဲမူကြီး ဖြစ်ပွားပြီးတဲ့နောက် နှစ်ပေါင်း ငါးသိန်းလောက်ကြာတဲ့ အခါ.မှာ..
စကြ၀ဠာကြီးဟာ ဖာရင်ဟိုက်ဒီဂရီ ငါးထောင်းလောက်အထိ အေးသွားတယ် ၊အပူချိန်ပိုမို နိမ့်ကျလာမူက ဝေ့ပတ်လှည့်လည်နေတဲ့ ဒြပ်မှုန်တွေ ပေါင်းစည်းမှုကို ဖြစ်ပေါ်စေတယ်..။ပထမဦးဆုံး သူတို့ ရဲ့  သီးခြားလွတ်လပ်တဲ့ ပရိုတွန်တွေ၊နျူထရွန်တွေနဲ့  အီလထရွန်တွေကို ဖြစ်စေခဲ့တယ်..၊အဲ့ ဒီနောက် အနုမြူနျူကလိုင်တွေ ဖြစ်လာတယ်..၊ပြီးတော့ နောက်ဆုံးမှာ ဟိုက်ဒရိုဂျင်နဲ့  ဟီလီယမ်
အက်တမ် (အနုမြူ)တွေဖြစ်လာတယ်၊ အချိန်ကာလာ ကြာမြငိ့လာတာနဲ့ အမျှ စကြ၀ဠာကြီး ကျယ်ပြန့် ပြီး အေးလာတယ်။ ဆွဲ အားအတွင်း သေးငယ်တဲ့ အနှောင့်ယှက်(၀ဲဂယက်) ကလေးတွေက ကြီးမာတဲ့ ဟိုဒ်ရိုဂျင်နဲ့  ဟီလီယမ် ဓတ်ငွေ့ လုံးကြီး ဖြစ်ပေါ်စေတယ်။
အဲ့ဒီ ဓါတ်ငွေ့ လုံးကြီးတွေထဲမှာ ကြယ်တွေ စတင်ဖြစ်ပေါ်လာတယ်..။ဂလက်ဆီ( နဂါးငွေ့ တန်း အာကာသဟင်းလင်းပြင်ရှိ ကြယ်စု(မဟာစကြ၀ဠာများ) )ရုပ်လုံးပေါ်လာတယ်...၊ပေါက်ကွဲမူကြီး ဖြစ်ပြီးလို့  နှစ်ပေါင်းတစ်ဘီလျံ ကနေ နှစ်ဘီလျံ ခန့် လောက်မှာ
ဂလက်ဆီတွေ အတူတကွစုပြုံဝန်းရံ လာကြတယ် ၊ဂလက်ဆီတွေအတွင်း အချို့ ကြယ်တွေမှာ ဂြိုလ်အစုဝေးပုံသဏ္ဍန်တွေ ဖြစ်လာကြပြီး..သူတို့ ဝန်းကျင်မှာ ရှိတဲ့ ဂြိုလ်ပတ်လမ်း ကြောင်းထဲကျသွားတယ်..။(အဲ့ ဒီလိုနဲ့ နေစကြ၀ဠာ တစ်ခုဖြစ်ပေါ်လာတယ်.။)
အဲ့ဒီလိုနဲ့  နေစကြ၀ဠာတစ်ခု အတွင်းမှာ ကမ္ဘာဆိုတဲ့ ဂြိုလ်ကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဘီလျံ လောက်ပေါ်ပေါက်ခဲ့တယ်..၊ပြီးတော့မှ နောက်ဆုံးမှာ သက်ရှိသတ္တ၀ါတွေ ပေါ်ပေါက်လာခဲ့တယ်...။
စကြ၀ဠာ အစွန်းအဖျားမှာ ဘာတွေရှိလဲ လေ့လာမယ်နော်...။
စကြ၀ဠာအစွန် အဖျား အနားသတ်ဆိုတာ မရှိပါဘူး..၊။ စကြ၀ဠာ ရဲ့  တစ်နေရာကနေ အခြားတစ်နေရာကို (အလွန်လျင်မြန်စွာ ရွေ့လျားသွားရောက်နိုင်တဲ့)အလင်းရောင်က ရွေ့လျားသွားလာမယ်ဆိုရင်တောင် အချိန်အများးကြီး ကြာနိုင်ပါတယ်..။ဆိုလိုတာက သိပ်ပြီး
ဝေးကွာတဲ့ အရာဝတ္ထု တွေရဲ့  အလင်းရောင်ကို ကျွန်တော်တို့ ကြည့်တဲ့ အခါ အဲ့ဒီအရာဝတ္ထုတွေရဲ့ (လက်ရှိ အလင်းရောင်ကို ကျွန်တော်တို့ မြင်နေရတာ မဟုတ်ပါဘူး) လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ထွန်းလင်းခဲ့တဲ့ အလင်းရောက်ကို အခုမှမြင်ရတာပါ..။ပိုပြီး ဝေးတဲ့နေရာကို ကြည့် ပိုပြီး နှစ်ကြာတဲ့ အလင်းရောင်ကို မြင်ရလေလေဖြစ်ပါတယ်..၊သိပံပညာရှင်တွေဟာ စကြ၀ဠာကို ကြည့်ဖို့  တယ်လီစကုပ် အဝေးကြည့်မှန်ပြောင်း ကို အသုံးပြုခဲ့ကြတယ်..။အဲ့ဒီမှန်ပြောင်ကနေ( လွန်ခဲ့တဲ့ အလင်းရောင်နှစ်) နှစ်ပေါင်ငါးသိန်းလောက်ကြာမြင့်တာကိုပဲ တွေ့ မြင်ကြရပါတယ်..။(ယနေ့ တွေ့ မြင်နေရတဲ့ အလင်းရောင်ဟာ လွန်ခဲ့တဲ့(အလင်းရောင်) နှစ်ပေါင်း ငါးသိန်လောက်က ထုတ်လွင့်ခဲ့တာဖြစ်ပါတယ်..။( အဲ့ဒီကာလက အလင်းရောင်ကိုသာ တွေ့ မြင်ခဲ့ရတယ်..)။ စကြ၀ဠာကြီးဟာ ဒီထက်သက်တမ်းနု တဲ့ ကာလတုန်းက အလင်းရောင်ဖြတ်သန်း သွားလို့  မရအောင် အပူချိန်တွေက မြင့်မားလွန်းတယ်..၊ဒါကြောင့် အဲ့ဒီ(အလင်း) နှစ်ပေါင်းငါးသိန်းရဲ့  ဟိုဘက်မှာရှိတဲ့ အလင်းရောင်ကို ကျွန်တော်တို့ ပြန်ပြီး မတွေ့ မြင်နိုင်တာဖြစ်တယ်...။ ဒါကတော့ ကျွန်တော် စာအုပ်တစ်အုပ်က ဖတ်လိုက်ရတဲ့ ဗဟုသုတတစ်ခုပေါ့။
နောက်ပြီးစကြ၀ဠာကြီးထဲမှာရှိတဲ့ ဂလက်စီတွေအကြောင်းကိုလည်း လေ့လာကြည့်မယ်ဗျာ..။
ဂလက်ဆီ တွေမှာ အမျိုးစား လေးမျိုး ရှိပါတယ်..၊လှည်းဘီး (သို့ ) ခရုပတ် သဏ္ဍန် စကြ၀ဠာ ၊ နှမောင်းနှစ်ခုပါသော စကြ၀ဠာ ၊ ဘဲဥပုံသဏ္ဍန် စကြ၀ဠာ ၊( ၀ိုင်းသည်၊ပြားသည် ၊ရှည်သည် လို့ တိကျစွာမှတ်ယူနိုင်တဲ့ ပုံသဏ္ဍန်မမှန်တဲ့ စကြ၀ဠာတို့ ဖြစ်ကြပါသည်၊ ခရုပတ် သို့ မဟုတ် လှည်းဘီး စကြ၀ဠာ ဟာတစ်ခုတည်းနဲ့  အသွင်းသဏ္ဍန် တူပါတယ်..။တောက်ပတဲ့ အလယိဗဟိုတစ်ခုကနေ ရစ်လိမ်ပြီး ထွက်လာတယ်ထင်ရတဲ့ ကြီးမားတဲ့ မောင်းတံအစင်းအရစ်တွေ ရှိပါတယ်..။ နှမောင်း နှစ်ခုပါတဲ့ စကြ၀ဠာမှာ စကြ၀ဠာ အလယ်ဗဟိုကို ဖြတ်သန်းတဲ့ ဘားတန်းတစ်ခုစီရှိပါတယ်..။ ဘဲဥပုံသဏ္ဍန် စကြ၀ဠာတွေကတော့ အပြားဝိုင်း ပုံသဏ္ဍန်ကနေ အ၀ိုင်းလုံးပုံသဏ္ဍန်အထိ ပုံသဏ္ဍန်တွေ အမျိုးမျိုး ကွဲ ပြားပါတယ်..။သူတို့  ထဲမှာ ကြယ်အဟောင်းတွေ ပါဝင်ဖွဲ့ စည်းထားပါတယ်..။ ဓတ်ငွေ့ (တိမ်တိုက်) နဲ့  ဖုန်(တိမ်တိုက်)တွေ တော့ ပါဝင်ဖွဲ့  စည်းထားတာမတွေ့ ရပါဘူး..။ပုံသဏ္ဍန်မမှန်တဲ့ စကြ၀ဠာတွေမှာတော့ တိကျတဲ့ သဏ္ဍန်ရယ်လို့  မရှိပါဘူး..။(၀ိုင်းသည်..၊ပြားသည် ၊ ရှည်သည် စသည်ဖြင့် လို့  တိကျစွာ မှတ်ယူလို့ မရပါဘူး..။) အခြားအမျိုးစားတွေ ထက်စာရင်..သူတို့ ကိုတွေ့ မြင်ရမူဟာ အလွန်းနည်းပါး ပါတယ်...။(သူတို့ ရဲ့  အရည်အတွက်ဟာ ပိုမို နည်းပါးလှပါတယ်..။)
မနေ့ကဆို.. ကျွန်တော် တီဗွီ ကြည့်ဖြစ်တယ်ဗျ....
ကျွန်တော်ရဲရင့်ခေါင် ရူပဗေဒ သဘောတရားတွေကို အကျွမ်းကျင်ကြီးမဟုတ်ပေမယ့်.. အရမ်းကို စိတ်ဝင်စားပါတယ်... ဘာပဲပြောပြော လူသားတွေ ဟာ စကြ၀ဠာထဲကို အာကာသ ယဉ်တွေ လွတ်တင်ပြီး.. ကမ္ဘာနဲ့ အလာတူးတဲ့ ဂြိုလ် သစ်တစ်လုံးကို ရှာဖွေနေကြပါတယ်..။
ကျွန်တော် မနေ့က..စလောင်းမှာ ကြည့်မိတာကတော့.. ကြယ်တွေကနေ ဂြိုလ် အဆင့်ပြောင်းလဲ သွားပုံပါ... ဒီအဖြစ်ကို ပညာရှင်တွေ က ကြယ်တွေ ရွေ့လျားကိုမူကိုသာရှာဖွေး ခဲ့ကြပေမယ့် သူတို့ရှာဖွေးထားတဲ့အချက်လက်ဟာ... အရေးပါနေတာကိုတွေ့ရတယ်..။
အလွန်ကြီးမာတဲ့ကြယ်တစ်လုံးဟာ ဂြိုလ်အဖြစ်သို့ရောက်နေပါပြီ.. အခြားကြယ်များနှင့်.. မတူအနီရောင်သဏ္ဍန် ရှိတဲ့ကြယ်တစ်ခုပါ..။
လူသားတွေ ကမ္ဘာကြီးနဲ့ အတူ အလာတူ ကမ္ဘာတစ်ခုကို ရှာဖွေနေကြတာဟာ ခရီးပေါက်နေပြီလို့သိရတယ်..။
ပညာရှင်ပြောခဲ့တာက“ အလာတူ ကမ္ဘာတစ်ခုကို တွေ့ခဲ့မယ်ဆိုရင် ကျွန်တော် အတိုင်းမသိဝမ်းသာလှပါပြီ. တွေ့ခွင့်သာရမယ်ဆိုရင်
တစ်ခုတည်းသာတွေ့ရပါစေ.. ကျွန်တော်တို့ အတော်ကို ၀မ်းသာမိမှာပါ..ဘာလို့လည်းဆိုတော့ တစ်လုံးကို တွေ့ရရင် နောက်ဂြိုလ်တွေရှာရမှာ က လွယ်ကူသွားမှာပါပဲ ” လို့ ပြောခဲ့တယ်ဗျာ.. သူရဲ့ အင်္ဂလိပ်စကားပြောကိုမလိုက်နီုင်တာတော့ ခွင့်လွတ်ပါ..။ ဘယ်လိုပဲ ဖြစ်ပါစေ... အနတ္တစကြ၀ဠာကြီးထဲကို.. ကျွန်တော်တို့လူမျိုးတွေအနေနဲ့ သွားရောက်မကြည့်ရူ့နိုင်ပေမယ့်... ပညာရှင်တွေ ရှာဖွေတဲ့ အချက်လတ်တွေကိုတော့ အမြဲရရှိနေမှာပါ..။
ဒါကြောင့် နောက်ထပ် ကမ္ဘာနဲ့ သဏ္ဍန်တူ ဂြိုလ်တစ်လုံးကိုသာ တွေ့ရင်ကျွန်တော် တို့လဲ... ၀မ်းသာမိပါပဲ..။
အားလုံး စကြ၀ဋ္ဌာအကြောင်းကို သိလိုက်ရလို့ ကျေနပ်မယ်လို့လဲထင်ပါတယ်... ။ အမှားပါခဲ့ရင်..ဒါမှမဟုတ် ကိုယ့်အတွေးစတွေများရှိရင်
ဝေဖန် ဆွေးနွေးနိုင်ပါတယ်ဗျာ.....။ ရဲရင့်ခေါင်(y2k)