Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရွှေပြည်တော်..မျှော်လေတိုင်း မဝေးတော့ပြီ

$
0
0

ဆောင်းနှောင်းရာသီ..ဖေဖေါ်ဝါရီကိုပင်ရောက်ပြန်ချေပြီ..

နှင်းများကား..ပိန်းပိန်းပိတ်အောင် မကျနိုင်တော့..မှုံယုံသာ မံှုံတော့တယ်..

ပမာအားဖြင့် ဇာပုဝါ ပါးပါးလေးချထားသလိုမျိုးသာ..၊

 

ဖေဖေါ်ဝါရီ..ရာသီမည်ကား မြန်မာပြည်အတွက် အလှပဆုံး..

တစ်ချိန်က..၁၉၄၇ခုနှစ် ဒီလိုဖေဖေါ်ဝါရီလရဲ့..ဆယ့်နှစ်ရက်နေ့မှာ ..ရှမ်းပြည်မြောက်ပိုင်း..ပင်လုံမြို့လေးမှာ..

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ

တိုင်းရင်းသား ခေါင်းဆောင်များ..တစ်ညီတစ်ညွတ်..လွတ်လပ်ရေးတွက်..သွေးသစ္စာဆိုခဲ့ဖူးပါတယ်။

 

ဗိုလိချုပ်အောင်ဆန်းနေရာမှာ..ကရင်ဖြစ်စေကချင်ဖြစ်စေရခိုင်ဖြစ်စေ

အခြား အမျိုးသားခေါင်းဆောင် တစ်ဦးဖြစ်ခဲ့ရင်လည်း....တိုင်းရင်းသားအားလုံး..လက်တွဲညီခဲ့ကြမှာပါ။

လူးမျိုးကြောင့်သာမဟုတ်..လွတ်လပ်ရေးတွက်သာ စည်းလုံးခဲ့ကြခြင်းဖြစ်ပါတယ်။

 

လွတ်လပ်ရေး အကြို ပင်လုံစာချုပ်မှာ..ထိုအချိန်က မဖြစ်မနေ..

ဖက်ဒရယ်မူ ဆိုတဲ့အချက်ကို ထည့်သွင်းခဲ့ရပါတယ်။

၁၉၄၈ခုနှစ် ဇန်န၀ါရီ ၄ ရက်မှာ အနီရောင်နောက်ခံရဲ့အပြာကွက်ငယ်မှာ..

ကြယ်ဖြူကြီးတစ်လုံးကို..ကြယ်ဖြူငယ် ငါးလုံးဝန်းရံနေတဲ့..မြန်မာ့အလံတော် ကမ္ဘာမှာ တင့်တင့်တယ်တယ်

လွင့်ထူခွင့်ရလာပါတယ်။

လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ မြင်တွေ့မသွားနိုင်ရှာပါ။

 

လွတ်လပ်ရေးအလွန်..ဆယ်နှစ်အတွင်းမှာတော့..၀ါဒကြောင့်ဖြစ်ရတဲ့..ပြည်တွင်းစစ်..

အချို့သော..လူမျိုးချင်း မယုံကြည်မှု ကြောင့် ဖြစ်ရတဲ့ ပြည်တွင်းစစ်ပွဲများကြောင့်..

သွေးရင်းသားရင်း အချင်းချင်း..သွေးနံ့တွေလှိုင်ခဲ့ရပြန်ပါတယ်။

 

၁၉၆၂ မှာတော့ဖက်ဒရယ်မူကိုအကြောင်းပြလို့..မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်မှုအောက်နှစ်ပေါင်းများစွာ..

ထိုကာလများအတွင်း လူမျိုးချင်း မယုံကြည်မှုများက ပိုမိုဆိုးဝါးလာရင်း..

စစ်ပွဲများက ပိုမိုပြင်းထန်လို့သာ ပြင်းထန်လာပါတယ်။

တိုင်းတစ်ပါးမှာ မျက်နှာငယ်နေရတဲ့ စစ်ပြေး ဒုက္ခသည်စခန်းများက တိုးပွားလို့သာ တိုးပွားရင်း

မြန်မာပြည် ဆိုတာကလည်း..မလှပတဲ့ ပုံရိပ်တစ်ခုအသွင် ကမ္ဘာမှာမျက်နှာငယ် ရပြန်ပါတယ်..။

 

နောင်..၁၉၈၈ခုနှစ်..ဒီမိုကရေစီ အရေးတော်ပုံကာလ..

ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ..ချစ်စရာ့ မြန်မာပြည်ကို စွန့်ခွာခဲ့ရသူများ..

လူ့အခွင့်အရေး..ချိုးဖေါက်ခံရခြင်းဆိုတာတွေက..မြန်မာပြည်ရဲ့..image..သာဖြစ်ခဲ့ရပြန်ပါတယ်။

 

ဒီကနေ့.. မြန်မာပြည်ရဲ့..Road Map..အဆင့်ခုနစ်ဆင့် လွန်ကာလမှာတော့..

ဘာတွေပဲ ဖြစ်ခဲ့ကြစေ..လွတ်မြောက်သင့်သူများလည်း လွတ်မြောက်ခဲ့ကြပြီ..

ဒီမိုကရေစီဆိုတာကို..ဟစ်ကြွေး ၀န့်နေပါပြီ..

လွတ်တော်တစ်ခု..အစိုးရသစ်တစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပါပြီ..။

 

ကျွန်တော်တို့လို..သာမန် ပြည်သူတစ်ယောက်အတွက်ကတော့..

တရားဥပဒေရဲ့ လောင်းရိပ်အောက်မှာ..လုံလုံခြုံခြုံလေးနေရတဲ့ ဘ၀ကိုတောင့်တမိပါတယ်..။

ကိုယ်သာမဟုတ်..တိုင်းတစ်ပါးမှာ..မျက်နှာငယ်နေရတဲ့..စစ်ပြေးဒုက္ခသည်များကိုလည်း..

ကိုယ့်ရေ..ကိုယ့်မြေ မှာအေးချမ်းစွာ..လုပ်ကိုင်စားသောက်စေချင်လှပါတယ်..။

ရွာကျောင်းက..ခေါင်းလောင်းလေးတွေရဲ့..တေးသံလွင်လွင်ကို လည်းကြားချင်လှပါရဲ့..၊

အပြစ်မဲ့..ကလေးသူငယ်လေးတွေ..ပျော်ပျော်ရွှင်ရွှင်ဆော့ကစားခွင့်ရစေချင်ပါတယ်..။

 

ကိုယ့်သွေးသားရင်း အချင်းချင်းတိုက်နေရတဲ့စစ်ပွဲကြီးတွေရဲ့ ပေးဆပ်ရတဲ့ အရင်းနှီးကကြီးလွန်းလှပါတယ်..

အသက်တွေ..ခြေလက်အင်္ဂါတွေ..စည်းဇိမ်ဥစ္စာတွေ..ပညာရေးငတ်မွတ်မှုတွေ..စစ်စရိတ်တွေ..

ဘောဂဗေဒမှာ အခွင့်အလန်းစရိတ် ဆိုတဲ့ သီအိုရီတစ်ခုရှိပါတယ်..

မြေတစ်ကွက်မှာ..မြေပဲတိုးစိုက်ချင်ရင်..မတ်ပဲလျှော့စိုက်ရပါမယ်..

မတ်ပဲတိုးစိုက်ချင်ရင်..မြေပဲကိုလျှော့စိုက်ရပါ့မယ်..

 

ပြည်တွင်းစစ်ကြီးရပ်စဲဖို့..အဖြေရှာဖို့ သိပ်များခက်နေလား..

အမျိုးသားရင်ကြားစေ့ရေးက..သိပ်များ ခက်လွန်းနေပါလား..

လူမျိုးချင်း မယုံကြည်နိုင်မှုတွေ လျော့ပါးဖို့ဆိုတာ..ဘောဂဗေဒရဲ့ အခွင့်အလန်းစရိတ် မျိုးဆိုရင်ရော..

 

ခုတော့..လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနီးပါးနဲ့..အပြစ်ခတ်ရပ်ဆဲရေး စာချုပ်တွေချုပ်ဖြစ်နေပါပြီ..

ငြိမ်းချမ်းရေး..လမ်းမပေါ်ခြေချမိမှတော့..အပြီးတိုင်လျှောက်လှန်းစေချင်လှပါတယ်..။

 

အကိုကြီး..ညီလေး..အယူဆတွေဖျောက်လို့..သာတူညီမျှကျင့်သုံးရင်း..

အပစ်ခတ်ရပ်ဆဲရေးမှသည်..နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ သို့သာချီတက်နိုင်ခဲ့ရင်ဖြင့်..

ရဟန်းရှင်လူ သာဓုခေါ်ရမှာပါ။

 

စစ်မက်တွေ ငြိမ်းချမ်းလို့..

စစ်သည်တစ်ယောက်အစား ကျောင်းဆရာတစ်ယောက် တိုးထုတ်နိုင်ခဲ့ရင်ဖြင့်..

စစ်ဗိုလ်တစ်ယောက်အစား ဆရာဝန်တစ်ယောက်တိုးထုတ်နိုင်ခဲ့ရင်ဖြင့်..

အရှေ့တောင်အာရှနိုင်ငံများနဲ့တန်းတူရည်တူ..ဖြစ်ရေးဆိုတာ..

လူသားရင်းမြစ်လဲပေါကြွယ်ဝ..သယံဇာတရင်းမြစ်လဲ ပေါကြွယ်ဝလွန်းတဲ့..မြန်မာနိုင်ငံကြီးတွက်တော့

ရွှေပြည်တော်..မျှော်လေတိုင်း မဝေးလို့သာထင်မိပါတော့တယ်..။

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>