ကဗျာလေးကိုဖွဲ့ နွဲ့ ၈်ျလည်းမရေးတတ်ပါ...
ကဗျာလေးလိုကာရံလေးလဲမလှပပါ....
ကဗျာလေးကအနှစ်သာရ ရှိချင်မှသာ ရှိပါလိမ့်မည်.....
ကဗျာလေးထဲခံစားချက်တွေ ဖွင့်ထုတ်လိုက်ပြီ....
ဆရာတို့ရေ............
ခေါင်းဆောင်ဆိုတဲ့ကျောင်းအုပ်လေးရဲ့ကျောင်းကလေးက..
ဘက်ဆုံပညာဖွံ့ ခဲ့ပါသည်....
ခေါင်းဆောင်ဆိုတဲ့ကျောင်းအုပ်လေးရဲ့ကျောင်းကလေးကို
ဂီတ ရသ ကာယမကျန်အိမ်တွင်းမူတွေ ဖြည့်ခဲ့ပါသည်...
ခေါင်းဆောင်ဆိုတဲ့ကျောင်းအုပ်လေးရဲ့ ကျောင်းကလေးမှာ
အဆောင်သစ်နဲ့ကျောင်းအဆင့်တွေတိုးခဲ့ပါသည်.....
ခေါင်းဆောင်ဆိုတဲ့ကျောင်းအုပ်လေးရဲ့ကျောင်းကလေးတွင်
လုပ်ဆောင်ချက်တွေ လက်ဆုပ်လက်ကိုင်ရှိခဲ့ပါသည်.......
ခေါင်းဆောင်ဆိုတဲ့ကျောင်းအုပ်လေးမှာ
လုပ်ဖော်ကိုင်ဖက်ပေါင်းဖော်တွေကိုပေးကမ်းညီမျှပြုခဲ့ပါသည်.....
ခေါင်းဆောင်ဆိုတဲ့ကျောင်းအုပ်လေးကို
ရပ်သူရွာသူ ကြီးသူရာထူး ငယ်သူကျောင်းသား
လက်ထောက်မကျန်အားလုံးကစ ချစ်ကြပါသည်...
ခေါင်းဆောင်ဆိုတဲ့ကျောင်းအုပ်လေးနောက်
စည်းလုံ့းခြင်းတွေလိုက်ပါမူကြောင့်
သိသိသာသာ အရာရာကထွန်းခဲ့ပါသည်....
ခေါင်းဆောင်ဆိုတဲ့ကျောင်းအုပ်လေးရဲ့
သဘောမနော ဖောင်းပွမူလေးများလာသောအခါ................
စည်းကမ်းမူဘောင်ကျော်တက်လာသည့်
လက်ထောက်များနှင့်ဆုံခဲ့ပါသည်...........
ခေါင်းဆောင်ဆိုသည့် ကျောင်းအုပ်လေးလည်း
ခံစားချက်တွေရှိနေပါပြီ......
ခေါင်းဆောင်ဆိုသည့်ကျောင်းအုပ်လေးကို
ဘီလူး ယက္ခ ဂုဏ်မာန် နိုင်းကာ
စာအုပ်ကြီးဟုဆိုကြလေသော်....................
ရင်နှင့်မမျှ မချိဆန့်အောင်ခံစားရင်းသာ
လူသားကျောက်ဆစ်သွင်းထုရသည့်
ဘ၀တာဝန်............
ခေါင်းဆောင်ဆိုသည့်ကျောင်းအုပ်လေးမှာ
ဆရာ့မာန်နှင့်ဆရာ့ဇွဲကိုစွဲကိုင်ခဲ့ရာ
ကျောထိုးဓားနှယ်မှားကွက်ထောက်ရှာ
ညံ့ကွက်ဖော်ရင်း ကိုယ်ပစ်ဖယ်လို့
လူရာများလည်းဝင်ကြသည်..........
ဆရာဆိုသည့် မာန်စွယ် ဇွဲနှင့်
ဇရာအိုသည့်အချိန်ထိတိုင်
အားငယ် အားဖြည့် အားတင်းလုပ်ဆောင်
ကြံ့ကြံ့ခ့ရင်း လဲလျှင်ပြန်ထ တောင်မွှေးထူကာ
ဗေဒါမလေး ပန်းပန်လျှက်ပါ............................
အနန္ဒဂိုဏ်းဝင်ဆရာများအားရည်ညွန်းလျှက်