ကောင်ကလေး ဖိနပ် ချွတ်လေးကနေ အိမ်ရဲ့ အတွင်းပိုင်းကို ကျူးကျော်မိတဲ့ အချိန်မှာ ကောင်းကလေးပထမဦးဆုံး မြင်လိုက်ရ တာက အရင်နေ့ တွေကနဲ့ မတူတဲ့ ကျန်းမာရေးကို လက်ဝယ်ပိုင်ထားတဲ့ အမောဖောက်နေတဲ့ ကောင်မလေးရဲ့ ပုံစံ.......အပြင်းအထန် အသက်ရှုသွင်းနေရင်းနဲ့ ခပ်ယဲ့ယဲ့လေးကောင်ကလေးအတွက် ပြုံးပြလိုက်တဲ့ ခရီးဦးကြို အပြုံးကိုတော့ကောင်ကလေးတစ်ကယ် အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး........
ပူပန်တဲ့ စိုးရိမ်မှု့ တွေနဲ့ သူ့နဘေးနား ၀င်ထိုင်ပြီး သူ့လက်ကောက်ဝတ် သွေးခုန်းနှုန်းကို စမ်းကြည့်တော့ တစ်မိနစ်ကို အကြိမ်ရေ...၁၁၀..........
"" ရင်ထဲမှာ ထိတ်ခနဲဘဲ.......ကျောက်ကပ်ပျက် ဆက်နွယ် နှလုံးရောဂါ ဝေဒနာရှင် တစ်ယောက်မှာ ဒီလောက်နှလုံး ခုန်သံ မရှိသင့်တာကို သူ ဆေးရုံတက်တိုင်း လူနာ စောင့်အဖြစ် တက် တတ်တဲ့ ကောင်ကလေး အတွေ့အကြုံတွေ အရ သိနေပါတယ်.....
ကောင်ကလေးချက်ချင်းပါဘဲ...တစ်နေ့တာ မောပန်းမှု့တွေကို ခဏမေ့ထားပြီး လမ်းထိပ်က ဆေးဆိုင် ဆီ အပြေးတပိုင်းသွားခဲ့ပြီး နှလုံး သွေးကြောကျယ်ဆေး တမျိုးဖြစ်တဲ့ (နိုက်ထရော..) လျှာအောက် ငုံဆေးပြားကိုဝယ်ပြီး.......
ဆေးတစ်ပြား...သူ့ရဲ့ လျှာအောက်မှာ ငုံခိုင်းလိုက်တယ်....""""
ဒါပေမယ့် အမောကတော့ ဖောက်နေဆဲ......နောက်တစ်ပြား..........နောက်တစ်ပြား....နဲ့ ဆက်ငုံခိုင်းလိုက်ချိန်မှာတော့......() ၄ () ပြား အရောက် ....အပြင်းအထန် ရှုသွင်းနေရတဲ့ လေကို သူ....နည်းနည်းလေး ခန္ဓာတွင်းကို သက်သာစွာ သယ်ယူခွင့် ရသွားတယ်.......
နောက် တစ်မိနစ်...
နောက် နှစ်မိနစ်...
သုံး မိနစ်.....
တော်တော် သက်သာလာတယ်......အရှင်းတော့ သူ....အမောဖောက်ခြင်း အပေါ်က ""လွတ်မြောက်ပုံ "" မပေါ်သေးပါဘူး...
"""""သနားလိုက်တာ.......""""
အမောဖောက်နေတဲ့ ဒဏ်ကို လူးလဲလှိမ့်ပိန့် ပြီး အပြင်းအထန် အံတုနေတဲ့.... ကောင်မလေးမျက်နှာလေးကို သူနဲ့ အတူ ခံစားရတဲ့ ဝေဒနာတွေ မျှဝေခံစားရင်း......ကောင်ကလေးကကောင်မလေးမျက်နှာလေးကို တဒဂ် စိုက်ငေးကြည့်မိသွားတယ်........
အဲ့ အချိန် တဆက်တည်း မှာဘဲ....ကောင်ကလေးက ဖြတ်ခနဲ သတိရမိသွားတာက မနက်ဖြန်....(Valentine..) ""ချစ်သူများနေ့"" ဆိုတာကိုဘဲ..........
ဟုတ်တယ်......မနက်ဖြန်...ဖေဖေါ်ဝါရီ(၁၄) "ချစ်သူများနေ့" ရည်းစား ဘ၀ကစပြီး
3...နှစ်တိတိ မပျက်မကွက်....တစ်ယောက်နဲ့ တစ်ယောက် (ဗယ်လင်တိုင်း။) လက်ဆောင်တွေပေးခဲ့ ကြတယ်........
ကောင်ကလေးနဲ့ကောင်မလေးတို့ အချစ်တွေ ကို သက်သေပြခဲ့ကြတဲ့.....ဒီ(ဗယ်လင်တိုင်း။)
ထူးဆန်းစွာနဲ့ မမျှော်လင့်တဲ့ အဖြစ်အပျက်တွေကို နှစ်သတ်တတ်တဲ့ကောင်ကလေးက...အပြေးအလွှာ စဉ်းစားကြည့်မိ တယ်......
ကောင်မလေးကိုအံ့သြ ၀မ်းသာသွားအောင် ရုတ်တရက် ဘယ်လို လက်ဆောင်မျိုးပေးရမလဲ...?
စဉ်းစား........စဉ်းစား.............................................စဉ်းစားးးးးးးးးးးးးးးးးးးးးတာပေါ့
တန်းဖိုးရှိမယ့် လက်ဆောင် တစ်ခု ၀ယ်မပေးနိုင်တော့တဲ့ ကောင်ကလေ့းရဲ့ နေ့စဉ် ၀င်ငွေရယ်..၊နေ့တဓူဝ စားဝတ်နေရေး အတွက် ရုန်းကန်ဖို့ ပေးနေရတဲ့အချိန်တွေကြားကနေ... ကောင်မလေးအတွက် တန်ဖိုးရှိမယ့် လက်ဆောင်ကို နောက်ဆုံးတော့ ကောင်ကလေး စဉ်းစားလို့ ရသွားခဲ့ပါ တယ်..
....ကောင်ကပေးမယ့် သည်လက်ဆောင် လေးဟာ ... ကောင်မလေးတို့2နှစ်ယောက်ရဲ့ မူပိုင်ချစ်ခြင်း အပေါ်မှာ မပြောင်းလဲတဲ့ အထိမ်းအမှတ်ပေါ့.......
ကောင်မလေးအတွက် ဘယ်တော့ မရိုးနိုင်အောင် တပ်မက်မျှော်လင့်မယ့် အရာ.......
ကောင်ကလေးကျူပ်အနားမှာ နေပေးပါနော်...... "
ရုတ်တရက် အတွေးလွန်နေရာကနေ......ကောင်မလေ့းရဲ့ စကားသံ တိုးလျှလျှလေး ကြောင့် ကောင်ကလေး လက်တွေ့ ဘ၀ထဲကို ရုတ်ချည်း ပြန်ရောက်သွားပါတယ်....
ချွေးစေးတွေ ပြန်နေတဲ့ လက်ကလေးကို ဖွဖွ ဆုပ်ကိုင်ပြီး အားပေး အပြုံးလေးနဲ့ အတူ......ကောင်ကလေးကကောင်မလေးအတွက် အင်အား ဖြစ်စေနိုင်ရာ စကားလေးတခွန်း ကိုပြောလိုက်ပါတယ်....
ကောင်မလေး ဘာမှ မဖြစ်ဘူးနော်...မနက်ကျရင်ကောင်ကလေးတို့ဆးရုံ သွားကြမယ်....
ကောင်ကလေးးရှိတယ်နော်......ဘာမှမဖြစ်ဘူး..."""""
အားငယ်နေတဲ့ မျက်ဝန်း တစ်စုံနဲ့ အားကိုးတကြီး အကူအညီလိုနေတဲ့ ကောင်မလေ့း မျက်နှာလေးပေါ်မှာ ခပ်ရေးရေး အပြုံးလေး ပြေးလို့ သူ....ကောင်ကလေးစကားကို တုန့်ပြန်လိုက်ပါတယ်.....
ကောင်းမလေးလက်ကလေးကို ဆုပ်ကိုင်ရင်းနဲ့ ခြင်ထောင်အမိုးကိုငေးကြည့်ရင်း မှေးခနဲ တစ်ချက်ကောင်ကလေးအိပ်ပျှော်သွားတဲ့ အချိန်......
ဆင်းရဲခြင်း ဘ၀တစ်ခု အတွက်.... ခန္ဓာက ခွန်းအားတွေကို မမျှမတ ရောင်းချခဲ့တဲ့ တစ်နေ့တာ ဒဏ်တွေကြောင့်
ခန္ဓာကိုယ် ကြီးရဲ့ အလိုဆန္ဒကို....မငြင်းဆန်နိုင်ဘဲ သူအလို ကို အလိုမတူဘဲ လိုက်လျောခဲ့ရတယ် အဲ့ဒီ့ အချိန်..........
အသိစိတ်တွေ က လက်ရှိ ပြင်ပအခြေအနေကို ခေတ္တ လက်လွှတ်မိတဲ့ အဲ့ဒီ့ အချိန်မှာ......
ရင်ခွင်ထဲက ပူနွေးတဲ့ အထိအတွေ့လေးကနေ ဆန့်ကျင်ဘက် အထိအတွေ့ကို ကောင်ကလေး သိလိုက်ရတဲ့ အချိန်မှာ......
ဇတ်....ခနဲ လှုပ်နှိုးလိုက်တဲ့ မသိစိတ်ကြောင့် ရုတ်ချည်း ငေါက်ခနဲ မျက်လုံးကိုဖွင့်ကြည့်ပြီး အခြေအနေ အားလုံးကို ကောင်ကလေးသုံးသပ်မိလိုက်တဲ့ ခဏမှာ............
ကောင်ကလေး...............ကောင်ကလေး............
ကောင်ကလေး.........................
ကောင်ကလေးသိလိုက်ရတာက..........
ကောင်လေးရဲ နဘေးနားကကောင်လေး ရဲ့ အမွန်မြတ်ဆုံးသော နားလည်မှု့တွေ ပေးပြီး ဘ၀ တစ်လျှောက် အချိန်တော်တော် များများ လက်တွဲခဲ့တဲ့ ချစ်သူ..........ဘ၀မှာ """"""အချစ်ဆုံး""""လို့ သတ်မှတ်ပြီး ရွေးချယ်လက်တွဲ ခဲ့ တဲကောင်ကလေးရဲ့ "စကာတင်" အရွေးချယ်ခံ တစ်ဦးတည်းသော
ဘ၀ လက်တွဲဖေါ်.........
ကောင်မလေး..................တစ်ကိုယ်လုံး အေးစက်သွားပြီး.......
ကောင်မလေး....................သွေးခုန်းနှုန်းတွေ ရပ်ဆိုင်း သွားပြီး.......
ကောင်မလေး........................သိပ်ချစ်တဲ့ ကျွန်တော့် ရဲ့ ရင်ခွင်ထဲမှာ လူ့ဘ၀ ကို နှုတ်ဆက်သွားပါပြီးးးးးးးးးးးးး
လက်ကနာရီရဲ့ မီးစုန်း ရောင် တောက်နေတဲ့ လက်တံတွေက.....(123း0..) ကိုညွှန်းပြလို့နေပါတယ်.....
ပြာလဲ့လဲ့ ညအိပ် မီးရောင်လေး အောက်မှာကောင်လေးနဲပကောင်မလေးတို့ နှစ်ယောက်ရဲ့ လူမသိနိုင်တဲ့ နှုတ်ဆက်ပွဲကို ကောင်ကလေးမျက်ရည်တွေ ကြားကနေ အလိုမတူပဲ လက်ခံလိုက်ရပါတယ်.....ဆောက်တည်ရာမရအောင်...တုန်လှုပ်ခြောက်ခြားတဲ့ ပူဆွေးမှု့တွေနဲ့ အတူပေါ့......
" နှစ်စဉ် နှစ်တိုင်း လက်ဆောင်တွေ အပြန်အလှန် ပေးခဲ့ တဲ့ ဒီ ဗယ်လင်တိုင်း မှာ...ဒီနှစ် အတွက် နင်ပေးခဲ့ တဲ့
လက်ဆောင်က ဒါလား.....?" လို့ ကောင်ကလေး ရင်ထဲကနေ အကြိမ်ကြိမ် သူ့ကို မေးနေမိပါတယ်....။
့ """""ဖြေပါ ....ဖြေပါ...........................................ဖြေပါဟာ..............!!!!!!!!!!!!!!!!!!!!!!!!!!!!!!#############
"""ဒုက္ခိတ တစ်ယောက်ရဲ့ချစ်သူလုပ်ရခြင်းက ကင်းလွတ်ခွင့် ဘ၀..........""""""လားးးး?????????
ကောင်ကလေး မျက်ရည်တွေကြားက အားတင်းပြီး အပြုံး တစ်ခု ကို မျက်နှာမှာ ချက်ချင်း ဖန်းတီးလို့.........ဘယ်သူမှ မသိသေး ခင်....
ဒီ 2008 ဗယ်လင်တိုင်း နေ့ အစမှာ.....
ကောင်ကလေးရင်ထဲမှာ ရှိတဲ့ ဆန္ဒအတိုင်း မမျှော်လင့်တဲ့ အချိန်မှာ ကျွန်တော် သူ့ အတွက် ရည်ရွယ်ထားတဲ့ အတိုင်း.....
မမျှော်လင့် နိုင်တဲ့ အံ့သြ မှု့ အခြေခံ လက်ဆောင်ကို........ကောင်လေးကကောင်မလေး အတွက်..........................
ကမ္ဘာ မြေကြီးရဲ့ မြေပြင်တနေရာ ပေါ်က အိမ်ကလေးတစ်လုံးရဲ့...အခန်းကျဉ်းလေးထဲက အိပ်ရာပေါ်မှာ.......ကောင်မလေးရဲ့ အသက်မဲ့နေတဲ့ နှဖူးလေး ပေါ်.............
မျက်ရည်တွေ ပိုးပိုး ပေါက်ပေါက် ကျလို့........
ရင်ထဲမှာ တဆတ်ဆတ် နာကျင်လို့................
စို့နင့် ကြေကွဲ လို့....................
အနာဂါတ်တွေ ပျက်သုန်းလို့................
ကောင်ကလေးရဲ့အနမ်း တစ်ခုကို အဓိပ္ပါယ် မြောက်မြားစွာ နဲ့ ချပြလိုက်ပါတယ်!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
အဲ့ဒါ သည် ကောင်မလေးတွက်ကောင်လေးက လွဲလို့ ယနေ့ အထိ ဘယ်သူမှ မသိခဲ့တဲ့...မသိနိုင်မယ့်... မသိတော့မယ့်........ လက်ဆောင်...ပါ....။
(သံသရာ မှာ ကျင်လည်ရမယ့် ဘ၀တွေ အတွက်...ကောင်လေး ရဲ့ လက်ဆောင် ဟာကောင်မလေးအတွက် """ခွန်းအားတွေ ဖြစ်ပါစေ....။
(ဒီမွန်)