တစ်ချိန်ကပေါ့..ကျွန်မချစ်တဲ့ မောင်. အရမ်းချစ်ခဲ့ဖူးပါတယ်..ချစ်အောင်လည်းပြောတက်တယ် .ကြွေအောင်လည်းပြောတက်တဲ့မောင့်အကျင့်ကျွန်မကမေးတယ်.တကယ်ချစ်လားလို့ ...မောင်ကပြောတယ် သူ့ ဘ၀မှာ ကျွန်မသာလျှင်မောင့်အတွက်အချစ်ဆုံး။ မောင့်အတွက်အားဆေးပါပဲတဲ့ . ကျွန်မကလည်းမောင်ပြောသမျှအကုန်ယုံတယ်ကျွန်မအသက်တက်မကချစ်ခဲ့ရသူ မောင် တစ်ယောက်ပဲရှိခဲ့ဖူးတယ်.. ကျွန်မယုံကြည်မှုတွေ နားလည်းပေးမှုတွေဟာ တနေ့ ကျ ကျွန်မကိုပြန်ဒဏ်ခတ်ခဲ့ပါတယ်.မမျှော်လင့်တဲ့ တနေ့ နိုင်ငံခြားကိုသွားဖို့ စာကျလာတော့ ကျွန်မတို့ ဝေးခဲ့ရတယ်ပေါ့....ကျွန်မထင်တဲ့ အတိုင်းပါပဲ...အဝေးရောက်ရင်မေ့မှာပါလို့ ပြောခဲ့တယ် ...ဒါပေမဲ့ မောင်က လက်မခံခဲ့ဘူး မမေ့ပါဘူးတဲ့ ...ကျွန်မ မောင့်အပေါ်နားလည်ရတော်တော်ခက်ခဲ့တယ်...မောင့်အတွက်လည်းအရာရာပေးဆပ်ခဲ့ပါတယ်. အရမ်းချစ်တော့လည်းအနိုင်မယူရက်....အခွင့်အရေးတွေပေးခဲ့ပါတယ်မောင့်ကို။ ကျွန်မပြောလို့ မှ မဆုံးသေးပါဘူးမောင်ပြောင်းလဲခဲ့တယ် ဂျီတော့မှာတွေ့ တော့လည်း....ဆက်ဆံရေးတွေကျဲလာတယ် ....... ကျွန်မနဲ့ အဆက်သွယ်ပြတ်ခဲ့တာကြာပေါ့...ကျွန်မကိုထင်တယ်လေ နောက်တစ်ယောက်ရှိနေတယ်ဆိုတာ မောင့်စိတ်ထင်ပါ.... မောင်မှတပါးဘယ်သူကိုမှချစ်မရခဲ့ဘူး
မောင့်ကို.. ကျွန်မအရမ်းချစ်ခဲ့ပါတယ် အရမ်းချစ်ခဲ့လို့ လည်းကျွန်မ..တော်တော်ခံစားခဲ့ရတယ်ဒီချိန်ထိပေါ့ ..facebook ထဲဝင်ပြီး မောင့်ရဲ့ စာမျက်နှာကိုသွားကြည့်ခဲ့တယ် သူတင်ထားတဲ့ စာတွေ ကျွန်မ မျက်ရည်ကျခဲ့ပါတယ်..မောင့်တွက်ကျမဲ့မျက်ရည်တွေသာ မှတ်ထားရမယ်ဆိုရင်..။ ကျွန်မ မျက်ရည်တွေလည်းခမ်းလုနီးပါးပါပဲ...မောင်တစ်ယောက်ထဲမိုလို့သာပဲ ကျွန်မအသည်းတွေလည်းတဆက်ဆက်နာကျင်ခဲ့တယ်။။။ မောင်ပေးခဲ့တဲ့ဒဏ်ရာ ..ဘယ်တော့ပျောက်မှာမဟုတ်တော့ဘူးဆိုတာကို လည်းကျွန်မသိတယ်။ သြော်...........ကျွန်မကိုဘာလို့ များ အမုန်းရန်ငြိုးတွေပွားသွားလဲ ဆိုတာ လည်းကျွန်မမသိ.. ဘာအကြောင်းကြောင့်မှန်းလည်းကျွန်မမသိ... ဒီချိန်မှာမောင့်စိတ်က မပြတ်သားခဲ့ပါဘူးကျွန်မအတွက်... ကျွန်မနောက်ထပ်တွေဒီလောက်မခံစားပါရစေနဲ့ လို့ ဆုတောင်းမိပါတယ်.... ကျွန်မ မောင့်စိတ်ကိုပဲလိုက်နာခဲ့တာတွေ အပြစ်ဆိုတာလည်း ကိုယ့်ကိုကိုယ်မစဉ်းစားရခဲ့ဘူး .ကျွန်မကိုမတွေ့ ချင်အဆုံး...ဂျီတော့မှာလည်း ဘလော့ ထားတယ် ဖေ့ဘုတ်မှာလည်း ဘလော့ထားတယ် ကျွန်မလည်း နာကျင်စရာတွေနဲ့ ဖြေသိမ့်နိုင်အောင်.........ကြိုးစားနေခဲ့ရတယ်.ဒါပေမဲ့ မေ့ပျောက်ခြင်းဆိုတာ .မလွယ်ပါဘူးကျွန်မအတွက် မောင့် အတွက်ဆုတောင်းပေးလိုက်ပါတယ် ကျွန်မထက်သာတဲ့သူ ကျွန်မထက် အလိုလိုက် နားလည်ပေးနိုင်သူ..မြန်မြန်တွေ့ ပါစေလို့ ကျါန်မထက်ချစ်နိုင်တဲ့သူ...ကျွန်မ ဆုတောင်းပေးလိုက်ပါတယ်
ချစ်သောမောင် ...ပျော်ရွှင်ဖို့ အတွက် ...ကျွန်မ အဝေးကနေ ဆုတောင်းနေမြဲပါ. (ခံစားချက်ရှိသူတွေတွက်) ကျွန်မရဲ့ ပို့ လေးကို ကျွန်မရဲ့ ရင်တွင်းမြစ်.......လေးပါ (တစ်ယောက်သောသူကရေးသားခဲ့ပါတယ်)...ကျွန်မသူငယ်ချင်းဘလော့မှာဒီပို့ လေးတင်ခဲ့ပါတယ်