သြကာသ = ရှိးခိုးပါရစေ၊ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟုခေါ်သည်။ လေးနက်စေလိုသောကြောင့်လည်းကောင်း၊ ထင်
ထင်ရှာ ပျံ့နှံ့စေလိုသောကြောင့်လည်းကောင်း သြကာသကို သုံးကြိမ်ဆိုရပါသည်။
ကံသုံးပါး =ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊နှုတ်ဖြင့်ပြုသောအမှုကို ၀စိကံ၊ စိတ်ဖြင့်ကြံသောအမှုကို မနောကံဟုခေါ်သည်။
ရတနာ =နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟုခေါ်သည်။
ဘုရား =နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟုခေါ်ပါသည်။
တရား =အပါယ်ဆင်းရဲ သံသရာဝဋ္ဋ်ဆင်းရဲသို့ မကျရောက်အောင်ဆွဲဆောင်တက်သောကြောင့် တရားဟုခေါ်သည်။
သံဃာ =အယူသံလ တူမျှခြင်ဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟုခေါ်ပါသည်။
အရိုအသေ=ကိုယ်၊ နူတ်၊ စိတ် သုံးပါးတို့ဖြင့် ညွတ်တွား ကိုင်းရိုင်းခြင်း။
အလေးအမြတ်= တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။
ရှိုခိုး =ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နူတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်းဟူ၍ သုံးမျိုးရှိသည်။ကိုယ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာ
သုံးပါး၊ မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့၏ဂုဏ်ကျေးဇူးကို အာရုံပြု၍ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်းကိုခေါ်သည်။
ူပူဇော် =ပစ္စည်းဖြင့်ပူဇော်ခြင်း၊ တရားဖြင့်ပူဇော်ခြင်းနှစ်မျိုးရှိသည်။
ဖူးမြော် =ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဥာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဥာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။
မာန်လျှော့= မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါကို မြင့်မြတ်ရာတွင်ထားခြင်း) ကိုမာန်လျှော့
သည်ဟုခေါ်ပါသည်။ မာန်လျှော့ခြင်းကို နိဝါတမင်္ဂလာဟုမှက်ပါ။
ကန်တော့= အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှီသည်။ (ကန်တော့ ဆိုသည်
မှာ အကုသိုလ်ကို ကန်ကျောက်၍ ကုသိုလ်ကို တော့ယူ ခြင်းကို ဆိုလိုသည်။)
အပါယ် = ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှုပြုခွင့် မရသော အရပ်ကို အပါယ်ဟု ခေါ်သည်။
ကပ် =ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်ဆီးခြင်းကို ကပ်ဟုခေါ်သည်။
ရပ်ပြစ် = မဂ်၊ ဖိုလ်၊ နိဗ္ဖာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟုခေါ်သည်။(ရှစ်ပါးရှိသည်)
ဝိပတ္တိ =ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟုခေါ်သည်။ (ဂတိ၊ ဥပဓိ၊ ရောဂါ၊ ကာလ၊ ပယောဂ)
ဗျသန =ဆွေမျိုး၊ ဥစ္စာ၊ ရောဂါ၊ အယူ၊ အကျင့်ပျက်စီးခြင်းကို ဗျသနဟုခေါ်သည်။
မဂ် =နိဗ္ဖာန်သို့ရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ်ဟုခေါ်သည်။
နမောတဿ= ဘုရားကို ရိုသေလေးစားခြင်း အစဉ်အလာကို ထိန်းသိမ်းခြင်းအနေဖြင့် နမောတဿ ကို သုံးခေါက်ရွတ်ဆိုသည်။
သရဏဂုံ=ဗုဒ္ဒဘာသာစစ်၊မစစ်သရဏဂုံဖြင့်တိုင်းတာရသည်။
မာဂဓီသာစည်
လူငယ်များအတွတ်အခြေခံဗုဒ္ဒဘာသာ
ယဉ်ကျေးမှုသင်တန်းမှ ................