ကျွန်တော် ဟာသလေး တစ်ပုဒ် လောက်ရေးမယ်ဆိုပြီးဒီခေါင်းစဉ်လေးပေးပြီးလွန်ခဲ့တဲ့ ခုနှစ် နှစ်လောက်ကသူငယ်ချင်းတစ်ယောက်ကိုယ်တိုင် လုပ်လိုက်တဲ့အဖြစ်အပျက်လေးပါတစ်ခုပါ.................... အိမ်ထောင်ကျခါစ ပူပူနွေးနွေးလင်မယားအသစ် လေးပေါ့ သူတို့နှစ်ဦး လွတ်လွတ်လပ်လပ်နေမယ်ဆိုပြီးအိမ်တစ်လုံးဆောက်ပြီးအတူတူ တပူးတွဲတွဲနေနေကြတာပေါ့ ရခါစလင်မယားဆိုတော့လည်း ချစ်ချစ်ခင်ခင်ပေါ့ ညအိပ်ယာဝင်ပြီ ဆိုတော့လည်း အကြင်နာ အချစ်စကားတွေ ပြောလို့မကုန်နိုင်အောင်ပေါ့......ဒါကိုအားကျပြီး ညတိုင်းလိုလိုချောင်းနားထောင်တတ်တဲ့ လူပျိုကြီး ကိုတိုး ဆိုတဲ့လူရှိနေတယ်လေ နေ့လယ်တိုင်သူတို့ကို တွေ့တိုင်းလူပျိုကြီးတစ်ယောက် ပြုံးစိစိကြီးဖြစ်နေတာပေါ့............တစ်ညတော့ လူပျိုကြီး ချောင်းကြည့်နေတာကိုကျွန်တော့်သူငယ်ချင်းကမြင်ပါလေရော့ ဒါနဲ့ လူပျိုကြီးနားတိတ်တဆိတ်သွားပြီး လူပျိုကြီး ဖင်ကိုအားစိုက်ခါတွန်းလိုက်တာပေါ့... ဒိုင်း ခနဲဆိုပြီးတံခါးပေါက် ကပွင့်သွားပြီး ....၀ုန်း.........ခနဲဆိုပြီး အကြင်နာချစ်စကားတွေပြောနေတဲ့ ပူပူနွေးနွေး လင်မယား အိပ်နေတဲ့ ခြင်ထောင်ထဲကိုတိုးဝင်သွားတော့တာပေါ့...ယောက်ျားဖြစ်သူက အောင်..မ..လေး..ဗျ လို့အော်လိုက်တယ် မိန်းမဖြစ်သူကလည်း အ..မ..လေး..တော့...လို့အလန့်တကြားအော်လိုက်ကြတာပေါ့ လူပျိုကြီးကလည်း ဟာ.........ဆိုပြီးအသံကျယ်ကြီးထွတ်သွားတာပေါ့ ဒါနဲ့ လူသုံးယောက်စလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြောင်တောင်တောင်ဖြစ်နေကြတာပေါ့.....နောက်တော့မှ လူပျိုကြီး ကသတိဝင်လာပြီး ဂရောင်ဂတမ်းနဲ့ မေးမိမေးရာမေးလိုက်တာပေါ့(ဘာဟင်းကောင်းတွေနဲ့ စားနေကြတာလဲ)ဟင်ဆိုပြီးမေးလိုက်တာပေါ့....ဒါနဲ့လင်မယားနှစ်ယောက် သတိဝင်လာပြီးယောက်ျားဖြစ်သူက ခွေးမသား ဒါထမင်းစားနေတဲ့နေရာမဟုတ်ဘူးဆိုပြီး လူပျိုကြီးမျက်နှာကို ဖနှောင့်နဲ့ ကန်ထုတ်လိုက်တာပေါ့ လူပျိုကြီးလည်း ထွက်ပြေးလိုက်တာမှန်း တင်ပါးနဲ့ ဖနှေင့်တစ်သားတည်းကျအောင် ထွက်ပြေးသွားတော့တာပေါ့....................သူငယ်ချင်းများအားလုံး ပြုံးပြုံးပျော်ပျော်နဲ့ ရွှင်လန်းချမ်းမြေ့ကြပါစေ။
↧