Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အသည်းတွေကွဲနေတယ်..........။

$
0
0

သူ့ ကိုကျနော် အရမ်းချစ်ခဲ့ တယ်...။
အရမ်းလည်း မြတ်နိုးခဲ့ တယ်....။
အရမ်းလည်း တန်ဖိုးထားခဲ့ တယ်....။
ပြောမယ်ဆိုရင်တစ်ဘ၀လုံးစာရည်စူးခဲ့ တယ်...။
ကျနော်မှာဘာအပစ်များရှိခဲ့ လို့ လည်း....။
သူ့ အပေါ်ကိုဘာများအမှားလုပ်မိလို့ လည်း....။
သူ့ ကိုကျနော်တန်ဖိုးထားခဲ့ တယ်...။
လျှောက်လည်ရင်းနဲ့ တောင်လူကြားထဲမှာ လက်မကိုင်ခဲ့ ဘူး...။
သူရှက်မှာစိုးလို့ ပါ.....။
ပါးလေးကိုတောင် ခွင့် တောင်းပြီးမှ နမ်းခဲ့ တာပါ....။
သူက မုန့် ကြိုက်တယ်.....။
ထမင်းသိပ်မစားဖူး...။
ကျနော်ပြောဖြစ်ခဲ့ တယ်....။
ထမင်းကိုအချိန်မှန်မှန်စားပါ....။
အစာအိပ်ဖြစ်မှာစိုးလို့ ပါ....။
ပြီးတော့ ညဘက်တွေလည်းတစ်ယောက်တည်းမထွတ်ပါနဲ့ လို့ မှာတယ်....။
ကျနော်စိတ်မချဘူးလေ...။
ကျနော်က သူ့ ကိုတစ်ခြားယောက်ကျားတစ်ယောက်ကြည့် ရင်တောင်သိပ်မကြိုက်ချင်ဘူး....။
အရမ်းချစ်မိတာကိုး......။
သူနဲ့ တွေ့ ရင်လူကအလိုလိုကိုပျှော်နေတာ....။
သူကကျနော်ရဲ့ ပျှော်စရာကမ္ဘာ တစ်ခုဆိုရင်မမှားပါဘူး.....။
ဒါပေ့ မယ့် အခုတော့ သူကျနော်ကို လမ်းခွဲသွားခဲ့ တယ်.....။
ကျနော်ဘာအမှားရှိလို့ လဲ.....။
သူကျနော့် ကိုမချစ်ခဲ့ လို့ လား....။
သူမချစ်ခဲ့ ဘူးဆိုရင်တောင်
ကျနော်သူ့ ကိုအရမ်းချစ်ခဲ့ တယ်....။
အခု ကျနော်တစ်ယောက်တည်းပါ....။
ဟုတ်ပါတယ်...။
တစ်ယောက်တည်းမှ တကယ့် တစ်ယောက်တည်းပါ....။
ကျနော်ချစ်ရတဲ့ ကောင်မလေးအနားမှာမရှိတော့ ပါဘူး....။
အရင်သူနဲ့ ချစ်ခဲ့ တုန်းက ဘယ်လောက်ဝေးနေပါစေ
အနားမှာသူရှိနေတယ်လို့ စိတ်ထဲမှာမှတ်ထင်နေမိတယ်....။
အခုသူ လမ်းခွဲသွားတော့ သူနဲ့ ကျနော် ကမ္ဘာခြားသလိုခံစားရတယ်....။
အခု အတွဲတွေ တွေ့ တိုင်းကျနော်သူ့ ကိုသတိရတယ် .......။
အရင်အချိန်တွေကို ပြန်လွမ်းမိတယ်....။
ပြီးတော့ ...။
ပြန်လိုချင်မိတယ်....။
ကျနော်သူအတွက်ခံစားပြီးရေးထားတဲ့ ကဗျာလေးနှစ်ပုဒ်ရှိပါတယ်....။
အဲ့ ဒါလေးခံစားပေးကြပါ.....။

♥လမ်းခွဲသွားတဲ့ချစ်သူ♥

- အဝေးထွက်ခွာ
မင်းထားပါလည်း
ကျန်သူရင်ထဲ
ပူလောင်ဆဲဟု
ယုံကြည်ပေးပါ
ချစ်သက်ညှာ.................................။

- အရာအားလုံး
ပြီးပြည့် စုံလည်း
မင်းမရှိက
ခြောက်သွေ့ လှ၏
စာနာငဲ့ ညှာ
ပြန်ခဲ့ ပါ..........................................။

- ချစ်သူဘဝ
ပြန်တမ်းတ၍
ယောက်ကျားတန်မဲ့
ငါငိုခဲ့ ၏
ပထမဆုံးသာ
ငိုခြင်းပါ.............................................။

- ရင်ခွင်သစ်ဆီ
မင်းဦးတည်လည်း
တစ်နေ့ အခါ
စိတ်ကုန်ပါက
ရင်ခွင်ဟောင်းထံ
ပြန်လာနိုင်သည်
အချစ်များဖြင့်
ကြိုနေမည်.........................................။

သန်းကြီး(ရင်တွင်းဖြစ်)

♥နှလုံးသားတမ်းချင်း♥

- မင်းခွဲသွားတဲ့
ငါ့ နှလုံးသားက
ကွဲအပ်ကြေမွ
မြေသို့ ခ၏................။

- ငါ့ နှလုံးသား
မြေခသွားလည်း
မင်းကိုချစ်တယ်
ပြောနေဆဲ..................။

- ပြန်မလာပဲ
အပြီးစွန့် ခွာ
ထွတ်ခွာပါက
ချစ်တယ် ပြောကြား
ငါ့ နှလုံးသားအား
မင်းခြေဖ၀ါးနှင့်
နင်းကားသွားပါ
နှလုံးသားမဲ့ စွာ
ကျန်ရစ်မှာ...................။

သန်းကြီး(ရင်တွင်းဖြစ်)

အခုဆိုရင် ကျနော်တစ်ယောက်တည်း သူကိုသတိရတိုင်း ကဗျာလေးတွေစပ်နေတာပေါ့ ....။

သန်းကြီး(ရင်တွင်းဖြစ်)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>