ဖွေးရေ….
ငွေစန္ဒာရဲ့အလှဟာ တိမ်ပြာပြာမှာ ထွန်းလင်းတောက်ပပေါ်လွင်လှပါတယ်။ သူ့နံဘေးမှာလဲ လင်းလက်နေတဲ့ကြယ်ဖွေးတွေဟာ ၀န်းရံခလို့နေတာပေါ့ကွယ်။ သာယာလှပတဲ့ အဲဒီလိုညလေး တစ်ညမှာ ဖွေးပြောခဲ့တာလေးကို ကို အမြဲအမှတ်ရလို့နေပါတယ်။
"သာယာလှပတဲ့ ညတွေမှာ ကိုနဲ့ဖွေး နှစ်ယောက်ထဲရှိနေရင် ကြောက်စိတ်တွေ ရှိမှာမဟုတ်ပါဘူး၊ ဖွေးရဲ့ဘေးမှာကိုသာ ရှိခဲ့ရင် အလှအပကလည်း ထာဝရပါပဲကိုရယ်။"
သစ်ရွက်ဖွေးတွေပေါ်ကျနေတဲ့ နှင်းစက်ဖွေးတွေဟာ လရောင်ကြောင့် မြရောင်တောက် နေတယ်လို့ထင်ရတယ်။ ညမွှေးပန်းရနံ့လေးကလည်း လေအဝှေ့မှာ ပြန့်လွင့်လို့လာတယ်လေ။ လေတိုက်တိုင်း သစ်ရွက်ဖွေးတွေပွတ်တိုက်သံ တရှဲရှဲနဲ့မြည်နေတာလေးကတော့ ကို နဲ့ ဖွေးတို့ရဲ့ အချစ်ကို လှောင်ပြောင်နေရော့သလားကွယ်။
ဒါပေမယ့်ဖွေးတစ်ယောက် ကို့ဘေးနားမှာ ငေးငိုင်နေတာ ကိုမနေတတ်အောင်ဖြစ်ရပါတယ်။
xxxxx
"ဖွေးရယ်….အားရအောင်ငိုလိုက်နော်…"
တရှိုက်ရှိုက်ငိုကြွေးနေသော ကိုခေါ်တဲ့ဖွေး သို့မဟုတ် ပန်းဖြူဖွေး သည် ပုဝါစကို ထုတ်၍ မျက်ရည်သုတ်လိုက်သည်။
ကိုက ပန်းဖြူနှင်းရဲ့ မျက်နှာပေါ်က ဆံစလေးများကို ကြင်နာစွာ ဖယ်ရှားပေးလိုက်သည်။
"ကိုရယ်….ကို့ကျေးဇူးကြောင့်သာ သူ့နောက်ဆုံးခရီးလေး လှလှပပဖြစ်သွားတာ၊ ဖွေး အခြေအနေနဲ့သာဆို ဒီလိုဖြစ်မှာမဟုတ်ဘူး"
ကို့ရင်ခွင်မှာ ခေါင်းကိုထိုးပြီး ပြန်ငိုနေသော ပန်းဖြူနှင်းကို အသာအယာဖယ်ရှားလိုက်သည်။
"ကို…ဖွေးကို တတ်နိုင်သလောက်ကူညီစောင့်ရှောက်ရတာပါ"
"ဖွေးအဖို့တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်ရတာပေါ့ကိုရယ်"
"ဖွေးရယ်…စိတ်အားငယ်စရာတွေကို တွေးမနေပါနဲ့နော်..၊တကယ်တော့ ကို့ရင်က ဖွေး ဘာလို့ထွက်ခွါသွားရတာလဲ"
"ကိုရယ်…ပြန်ပြောရင်…ဖွေးရဲ့ အပြစ်တွေပါ…"
"ကိုနဲ့ဖွေး..လရောင်အောက်မှာ ပြောခဲ့တဲ့စကားအတိုင်းသာ ကို့ဘေးမှာ ထာဝရ နေသွားမယ် ဆိုရင် ဖွေးအခုလိုဖြစ်မှာ မဟုတ်ဘူးဖွေးရယ်"
"ကို့ကို ပစ်ပြီး အချစ်သစ်ရှာခဲ့တဲ့ ဖွေးအကြောင်း ကိုသိပြီးဖြစ်မှာပါ"
"ကိုသိတာက ဖွေး သူ့ကို အထင်ကြီးပြီး ကို့ထက်သာတာကို ရွေးယူလိုက်တာမဟုတ်လား … ဖွေးရယ်"
"ဟုတ်ပါတယ်…တကယ်တော့ ကို့ကို ဖွေးလက်ထပ်ဖို့ရွေးချယ်ခဲ့ရင်…လက်ရှိ အနုံအခြာ ဘ၀က လွတ်မြောက်မှာ မဟုတ်ဘူး၊ ကို ပင်ပင်ပန်းပန်းရှာဖွေကျွေးမွေးတာကိုလည်း မစားရက်ဘူးလေ"
"ဟုတ်ပါတယ်…ကိုက ကွန်ပျူတာဆိုင်မှာ စာစီစာရိုက်အလုပ်ကို လုပ်နေရတော့ ပင်ပန်းတယ်၊ ရတဲ့ငွေကလည်း ကိုတို့မိသားစုအတွက် လောက်ငရုံသာမဟုတ်လား"
"ဟုတ်ပါတယ်..ကို့ကို ကိုယ်ပိုင်ဆိုင်ဖွေးနဲ့ ဖြစ်စေချင်ခဲ့တာ"
"ဖွေးစေတနာကို ကိုနားလည်ပါတယ်"
"ဖွေးကိုယ်တိုင်ကလည်း နွမ်းပါးတဲ့သူဆိုတော့ စိတ်သာရှိပြီး ဘာမှမတတ်နိုင်ခဲ့ဘူးလေ၊ ဒါ့ကြောင့် ဖွေးစိတ်ကူးယဉ်ပြီး ကို့ရင်ခွင်ကထွက်ခဲ့တာပါ"
"ဖွေးက သာထက်အောင်ကို လက်ထပ်ခဲ့တာ ဒီအတွက်ကြောင့်နော်"
"ဟုတ်ပါတယ်…ကိုသာထက်အောင်ဟာ ပိုက်ဆံရှိတယ်၊ သူလုပ်ရင်ဘာမှမဖြစ်တာ မရှိဘူးဆိုပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေတာပါ၊ သူ့မိဘတွေကလည်း သားတစ်ယောက်ထဲဆိုပြီး အရေးပေးတယ်၊ သူကလည်း တကယ်အားကိုးလောက်အောင်တော်ပါတယ်"
"ဒါတွေကိုသိပါတယ်"
"ဒါပေမယ့်..ကိုရယ်၊ သူ့မိဘနှစ်ပါး ဘုရားဖူးထွက်သွားရင်း ကားမှောက်လို့ဆုံးပါးသွားပြီးတဲ့နောက် သူ ဘာအလုပ်မှ မလုပ်တော့ဘူး၊ အလုပ်ထက် အရက်ကို ဦးစားပေးလာတယ်၊ အရက်သောက်ပြီး မူးလာရင် ကိုနဲ့ဖွေးဖြစ်ခဲ့တဲ့အကြောင်းတွေကို သူသိတဲ့အကြောင်းပြောတယ်"
"ဒါတွေကိုတော့ ကိုမသိဘူးဖွေးရယ်"
"နောက်..သူပြောတာက ဖွေးဟာ ဆံမြိတ်လဲပြေ၊ ပန်းလဲကြွေခဲ့တဲ့ မိန်းဖွေးတဲ့"
"သြော်…ဖွေးရယ်…ဒါကတော့ ဖွေးနဲ့ကိုတို့ ချစ်သူချင်းဘယ်လောက်သန့်ရှင်းခဲ့တယ်ဆိုတာ သူသိအောင်ပြောမပြဘူးလား"
"ပြောပြ..ရှင်းပြခဲ့တာပေါ့ကိုရယ်၊ သူလုံးဝလက်မခံဘူး၊ သူ့ကို ယူတာလဲ ငွေမက်လို့ယူတာတဲ့"
"အင်း"
"ကိုနဲ့ဖွေးနဲ့ ရှင်းရှင်းလင်းလင်းဖြစ်တာကိုတော့ ဖွေး ဘုရားမှာ တိုင်တည်ပြီး သစ္စာဆိုဝံ့ပါတယ်လို့ပြောတယ်၊ ဒါပေမယ့်…ငွေမက်လို့လက်ထပ်ခဲ့တာတော့မှန်တယ်လို့ပြောလိုက် ပြီးတဲ့နောက်………"
"နေ့နေ့ညည သူ အရက်ကိုပဲ စွဲသောက်နေတော့တာ၊ အလုပ်လည်းလုံးဝမလုပ်တော့ဘူးလေ၊ သူ့ရဲ့ အလုပ်တွေကိုလည်း ဖွေးနားမလည်၊ သူ့ကိုလည်း ဘယ်လိုမှ ထိန်းလို့မရ၊ နောက်ဆုံးတော့ ကိုရယ်၊ ရှိတာလေးတွေပေါင်နှံသုံး၊ ပြန်မရွေးနိုင်အောင်ဖြစ်ရတာပေါ့"
"ဖြစ်ရလေဖွေးရယ်"
"သူနဲ့ရတဲ့ကလေးအတွက် ဖွေး စားဝတ်နေရေးကို ကိုယ်တိုင်လုပ်မှဖြစ်မယ်ဆိုပြီး သူငယ်ချင်း တစ်ယောက်ရဲ့အကူအညီနဲ့ ဈေးတောင်းခေါင်းရွက်ပြီး ဖန်တီးခဲ့တယ်လေ၊ ရပ်တကာလှည့်ပြီး ဈေးရောင်းရတော့ အကြွေးလေးတွေကျန်တတ်တာပေါ့"
"'ဟုတ်ပါတယ်..ဈေးသည်တော်တော်များများ အဲလိုပဲလုပ်ရတာလေ"
"ညနေဆို အကြွေးလည်တောင်းရတယ်၊ တစ်ခါတစ်ရံ မိုးချုပ်တာလဲရှိတာပေါ့"
"ဟုတ်ပါတယ်"
"ဒီအခါမှာ လင်ငယ်နဲ့သွားချိန်းတွေ့တာဆိုပြီး စွပ်စွဲတယ်၊ အရက်ကသောက်ထား၊ စီးပွားရေးက အဆင်မပြေဆိုတော့ လင်မယားရန်ဖြစ်ကြတယ်"
"ဖြစ်တတ်ပါတယ်…ဖွေးက အသက်ကလည်းငယ်၊ ရုပ်ကလည်း သားတစ်ယောက်အမေဆိုပေမယ့် အလှမပြယ်သေးတော့ ဖွေးယောက်ျားက သ၀န်တိုမှာပေါ့"
"ဖွေးနားလည်ပါတယ်…သူ့အပေါ်မှာ မယားဝတ္တရားမပျက်ကွက်အောင် ဖွေး ထိန်းသိမ်းခဲ့ပါတယ်၊ ဖွေးတို့ လင်မယား ရန်ဖြစ်တိုင်း သားလေးမှာ နေစရာမရှိဘူး၊ သူတစ်နေ့တခြား ဆိုးရွားလာတယ်"
"လင်ဆိုးမယားတဖားဖားလိုဖြစ်နေတာပေါ့ဖွေးရယ်"
"သူ….သေရတာ ဖွေးကြောင့်"
"ဘယ်လို….ကိုဘယ်လိုမှနားမလည်တော့ဘူး"
"ဒီလိုပါကို…၊ ဖွေးဈေးရောင်းရတာ ရပ်တကာလှည့်ပြီးဈေးရောင်းရတာလေ၊ ပင်ပန်းတာပေါ့၊ ဒီတော့ အသိတစ်ယောက်က ဓာတ်ဆီရောင်းပါလားတဲ့၊ ဘယ်မှသွားပြီးရောင်းစရာမလိုဘူး၊ အိမ်ရှေမှာ ခုံလေးချထားပြီး၊ ရေသန့်ဗူးလေးထဲ ဓာတ်ဆီထည့်ပြီးတင်ထား၊ ဆိုင်ကယ်တွေပေါတဲ့ ခေတ်မှာ ၀ယ်သူမရှားဘူး၊ အေးအေးဆေးဆေးနဲ့ပိုက်ဆံရတဲ့အလုပ်တဲ့လေ"
"ဒါနဲ့"
"ဖွေး…ဓာတ်ဆီတွေ…အဆက်အသွယ်နဲ့အိမ်ကိုယူလာတယ်၊ ကိုသာထက်အောင် အရက်ဝယ်ထည့် လာ တဲ့ ရေသန့်ဗူးလေးတွေနဲ့ ထည့်ထားပြီး အိမ်ထဲကတန်းလေးတွေမှာ စီပြီးထားတာပေါ့"
"အင်…ပြောပါဦး"
"နောက်ရက်မနက်က စရောင်းမယ်လို့စီစဉ်ထားပြီး အိမ်ထဲမှာ ကလေးသွားသိပ်နေတယ်၊ တော်တော်လေးကြာတော့ အိမ်ရှေက ကိုသာထက်အောင်ရဲ့အော်သံကို ကြားလိုက်ရတယ်လေ"
XXXXXX
"အား….ရင်ထဲပူတယ်..ပူတယ်"
ကလေးသိပ်နေရာမှ အမြန်ထလာပြီး ကြည့်လိုက်တော့ သာထက်အောင် လူးလှိမ့်နေသည်။
"ကိုအောင်…ဘယ်လိုဖြစ်တာလဲ"
"ဟိုပုလင်းထဲက အရက်တွေ သောက်လိုက်တာ"
"ရှင်…."
အပြင်မှ အရက်သောက်လာပြီး မူးနေသော သာထက်အောင် အိမ်ရောက်တော့ တန်းပေါ်က ရေသန့်ပုလင်းထဲက ဓာတ်ဆီတွေကို အရက်မှတ်ပြီး ထပ်သောက်လိုက်သဖြင့် ရင်တွေပူပြီးအလူးအလှိမ့်ခံစားနေရသည်။
"ကိုအောင်ရယ်…အဲဒါ အရက်မဟုတ်ဘူး၊ ဓာတ်ဆီတွေ"
"မသိဘူး…ငါ့ကို ဆေးရုံအမြန်ပို့ပေး"
ပန်းဖြူဖွေး အိမ်ရှေ့ထွက်ကားငှားပြီး ဆေးရုံကို ထွက်လာခဲ့သည်။ ဆေးရုံမရောက်မီမှာပင် သာထက်အောင် သတိလစ်မေ့မြောသွားသည်။
ဆေးရုံရောက်တော့ အသက်ငွေ့ငွေသာကျန်တော့သည်။
ဆရာဝန်များက သာထက်အောင်အသက်ကို ဘယ်လိုမှ မကယ်တင်နိုင်ကြတော့။
"ကိုအောင်ရယ်….ကျမသတ်တာပါ"
XXXXX
တစ်နေ့နေ့တစ်ချိန်ချိန်မှာ အရက်သမား မယား ဒီဘ၀ကို ရောက်ရမယ်ဆိုတာ အလိုလို သိသင့်ပါတယ်ဖွေးရယ်။ ဖွေးကို အပြစ်မတင်လိုပါဘူး။ လရောင်အောက်မှာ ချစ်ကြည်နူးခဲ့ရတဲ့ ကိုတို့ရဲ့ ကုသိုလ်ကံ ကို ယိုးမယ်မဖွဲ့လိုပါဘူး။
ကို…ဖွေးရဲ့ခင်ပွန်းကိစ္စအ၀၀ကို ဆောင်ရွက်ပေးခဲ့ပြီးတဲ့နောက် ကို့အပေါ် နားလည်တဲ့ ချစ်ဇနီး နဲ့ အတူ ဖွေးကို နှုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ်။ သားငယ်ကို ရင်ဝယ်ပိုက်ပြီး မျက်ရည်ပုလဲဥတို့ စီးကျလာတဲ့ ဖွေးကို ကို ပြန်လာပြီး ချွေးသိပ်ချင်ပေမယ့် မဖြစ်နိုင်တော့တဲ့ဘ၀ပါ။
နောင်ဘ၀ဆိုတာများရှိခဲ့ရင် လရောင်အောက်မှာထက် ထင်ထင်ရှားရှား မြင်နိုင်တဲ့ နေရောင်အောက်မှာ ဖွေးတို့မိသားစုလေး ပြုံးပျော်ရွှင်နေတာကို မြင်လိုလှပါတယ်ကွယ်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၃-၁၂-၂၀၁၁)(၂၀း၅၅)နာရီ