သူငယ်ချင်းတို့ရေ...............
ရေမြေတွေခြားနေပေမယ့် ဒို့တွေရဲံစိတ်တွေကအနီးဆုံးမှာရှိနေကြတယ်နော်...
လူမျိုးမတူပေမယ့်လဲဒို့တွေကတမိတည်းသားတွေပါ...ဒို့တွေကတမြေထဲနေတရေတည်းသောက်ခဲ့ကြပြီးကြီးပြင်းလာတဲ့
မြန်မာနိုင်ငံသားတွေချည်းပါပဲနော်....ဘာလူမျိုးဘယ်ဘာသာပဲဖြစ်ဖြစ်ချစ်ခွင်ခင်ခွင့်ရှိပါတယ်....
အရေးကြီးတာကနားလည်မှုရှိကြဖို့ပါ....ဒို့တွေအားလူံးဟာတနယ်စီဝေးနေကြပေမယ့်အားလုံးဟာ...
မြန်မာနိုင်ငံသားတွေချည်းပါပဲ....အချိန်တန်ရင်အမိမြန်မာပြည်ကြီးကိုပြန်လာကြမှာပဲလေ......လူမျိုးဘာသာမတူကြတဲ့သူငယ်
ချင်းတွေဟာလဲ..သူတို့ရဲ့မိခင်နိုင်ငံဟာမြန်မာနိုင်ငံပါပဲ...ဒါကြောင့်ကိုယ့်နိုင်ငံသူနိုင်ငံသားချင်းချင်း
ဘယ်လူမျိုးဘယ်ဘာသာပဲဖြစ်ဖြစ်....စည်းစည်းလုံလုံးချစ်ချစ်ခင်ခင်နေသွားချင်ပါတယ်..တယောက်နဲ့တယောက်
ချစ်ခင်လေးစားမှုတွေနဲ့အတူလက်တွဲကြစေချင်ပါတယ်...
ခုဆိုရင်နှင်းဆီတို့ရွှေမြို့တော်ထဲမှာတွေ့နေရတာက(....)လူမျိုးဆိုမခင်ချင်ဘူး...(.....)လူမျိုးဆိုမုန်းတယ်ဆိုတာတွေတွေ့နေရတယ်လေ......ပြောလိုက်တဲ့သူကဘယ်လိုမှမရည်ရွယ်ခဲံတောင်..
ခံစားရတဲံသူကခံစားသွားရပါတယ်....ငါဟာလူမျိုးခြားမို့လို့ငါ့ကိုပြောကြတယ်ဆိုပြီးဝမ်းနည်းသွားကြရပါတယ်
ဒါကြောင့်နှင်းဆီပြောချင်တာကဘယ်လူမျိုးဘယ်ဘာသာပဲဖြစ်ဖြစ်အားလုံးဟာတနိုင်ငံတည်းသားတွေဖြစ်ကြတာမို့
အချင်းချင်း..ချစ်ခင်ပေးကြပါ...
တယောက်နဲံတယောက်လေးစားမှု၇ှိပေးကြပါလို့တောင်းပန်ချင်ပါတယ်...နှင်းဆီကရွှေမြို့တော်ထဲကအဖွဲ့ဝင်တယောက်သာ
ဖြစ်ပါတယ်.....ပြောမှားဆိုမှားရှိခဲ့ရင်လဲနားလည်ခွင့်လွှတ်ပေးကြပါလို့
တောင်းပန်ရင်း.....အားလုံးကိုချစ်တဲ့
(ဆူးမဲ့နှင်းဆီ)
12.2.2012(၆၅နှစ်ပြည်ထောင်စုနေ့..အမှတ်တရ)