တစ်နေ့  ကျွန်တော်ရဲရင့်ခေါင်.. အတ္တ မာန အမုန်းမီးတွေ စာဖွဲ့ပြောဆိုနေတဲ့ လမ်းမထက်က လဘ္ဘရည်ဆိုင်လေးသို့ရောက်ရှိလာပါတယ်...
ဆိုင်အတွင်းမှာ... လူတစ်ချို့ ဟာ အတင်းပြောသူနဲ့ စုံနေတာပါပဲ...
ကျွန်တော်ထိုင်နေတဲ့အနောက်ဝိုင်းမှ ပြောသံကိုတော့ ကျွန်တော် စိတ်ဝင်စားစွာ ဖြင့်နားထောင်နေလိုက်သည်....သူတို့ ပြောနေကြတာက
မြန်မာလူမျိုးအကြောင်းဆိုတာကတော့ သေချာပါတယ်....သူတို့ ပြောတာက မြန်မာလူမျိုးတွေဟာ ညံ့တယ်တဲ့... ဒါကြောင့်မတိုးတက်တာလို့သူတို့ ပြောနေကြပါတယ်........။ ဒီလိုမျိုး အပြောခံရတာ ကြားနေရတာဟာ ဒါနဲ့ဆို သုံးကြိမ်မြှောက်ရှိပြီပေါ့...
ကျွန်တော်ဟာ မြန်မာ လူမျိုးတစ်ယောက်ပါ... သူတို့ လည်းမြန်မာလူမျိုးတွေ ပါ... မြန်မာလူမျိုးတွေညံ့တယ်လို့ ပြောတာဟာ အားလုံးကိုပြောလိုက်ချင်ပင်....... မြန်မာလူမျိုးတွေ ဆိုသည်မှာ မြန်မာလူမျိုးမှန်သမျှ ညံ့သည်ဟု ပြောခြင်းနှင့်တူသည်...။
မြန်မာလူမျိုးတစ်ယောက်က ကိုယ့်လူမျိုးကို.. ညံ့တယ်လို့ ပြောချင်မှာ ခေါင်းမော့ တံတွေးထွေးချင်နှင့်ပင်တူသည်...။
မတိုးတက်ဘူးဆိုသည်..မှာ.. တစ်ယောက်ချင်စီးကောင်းမှ မြန်မာနိုင်ငံတိုးတက်မှာဖြစ်သည်...။ တစ်ယောက်ချင်းစီကောင်းဖို့ သင်ဆောင်ရွက်နိုင်ပါသလာ...ပြောဆိုသူ သင်ကကော အရမ်းတော်နေသူတစ်ယောက်ဖြစ်ပါသလာ..
ညံ့တယ်လို့ ပြောချင်ပါက.. မညံ့အောင် သင်ဘာတွေများဆောင်ရွက်နိုင်သလဲ... ဘာမျှမစွမ်းဆောင်နိုင်ပါပဲနှင့်.. မြန်မာလူမျိုးတွေညံ့သည်ဟုပြောဆိုခြင်းက အတော်ကိုပင် လွန်ရာ ကျသည်...။ တိုင်းတစ်ပါးကို အားကျသည်ဆိုသည်မှာ အားကျသင့်သည်ကို အားကျတာမှန်ပါသော်လည်း..မြန်မာလူမျိုးညံ့သည်ဟု သင်မပြောသင့်ပါ...။
ရှေးစာဆို... ရှေးပညာရှိများ... သည်မြန်မာလူမျိုးများပင်ဖြစ်သည်..။ နှစ် ၁၀၀ အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်ကို တော်လှန်ခဲ့သည့် အဘိုး ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာလူမျိုးပင် ဖြစ်သည်....။ မြန်မာလူမျိုး အချို့  အပျင်းကြီးကြသည်.... ဟုပြောလျှင်လက်ခံကောင်းလက်ခံနိုင်ဦးမည်ဖြစ်သည်....။ ကျွန်တော်တို့ မြန်မာလူမျိုးများဟာ ဘယ်တော့မှမညံ့သလို ဘယ်တုန်းကမှလဲ မညံ့ခဲ့ပါ....။ အညံ့မခံလိုသည့်စိတ်ထားများကြောင့် လွတ်လပ်ရေး ရခဲ့ခြင်းဖြစ်သည်....။ ထိုကြောင့် မြန်မာလူမျိုးများညံ့သည်ဟုပြောဆိုနေကြသော.. မြန်မာလူမျိုးများသည်.... ခေါင်းမော့တံတွေးထွေးခြင်းနှင့်ဆင်တူပေသည်..။
သင်မညံ့အောင်....သင်ကောင်းအောင်သာနေထိုင်ပါ.......။ .............ရဲရင့်ခေါင်(မြန်မာလူမျိုး)