Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား........

$
0
0

     

                    `` ငါတို့ဗမာပြည်မယ်... မိဘတိုင်းကကွယ်... ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ်..´´

                                        `` ဗိုလ်ချုပ်နော်...... တေဇနော်... အောင်ဆန်းနော်..........´´

                   `` ဒို့ဗိုလ်က ဓါးဆွဲလို့ ရှေ့က တက်ပါတယ်... ဘယ်မှာ ကြောက်စိတ်ရှိမလဲ ငါတို့ စစ်သားရယ်...´´

                         အထက်ပါ သီချင်းများကို ကျွန်တော်တို့ ငယ်ငယ်ကတည်းက ယခုချိန်ထိအောင်ပင် ကြားခဲ့ရသည် လိုက်ဆိုခဲ့ကြသည်

တစ်ခါကြားလိုက်တိုင်းမှာလည်း အားအင်အသစ်တစ်မျိုးခံစားခဲ့ရသည်..... ငယ်ငယ်က ကျွန်တော် ကျောင်းများတွင် လွတ်လပ်ရေးနေ့

ပြည်ထောင်စုနေ့၊ အာဇာနည်နေ့နှင့် ဟောပြောပွဲများ၊ ဆောင်းပါးပြိုင်ပွဲများ၊ စာစီစာကုံး ပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများ၊ ကာတွန်းပြိုင်ပွဲများကို

ပြုလုပ်ကျင်းပပေးခဲ့ကြသည်၊ထိုအခမ်းအနား အစီအစဉ်များမှတဆင့် တိုင်းတစ်ပါး၏ ကျွန်ဖြစ်ရခြင်းအကြောင်း၊ နှစ်ပေါင်းရာချီ အုပ်ချုပ်ခံ

ခဲ့ရခြင်း၊ မတရားသဖြင့် နိုင်ထက်စီးနင်း   ပြုမှုများအကြောင်း၊  အင်္ဂလိပ်အုပ်ချုပ်သောခေတ်   ချစ်တီးများအကြောင်းမှ အစ  ဂျပန်များ၏

ရက်စက်ပုံများအကြောင်းကို နားရည်ဝနေအောင် ကြားခဲ့ရသည်၊ ထိုအဖြစ်ဆိုးများကိုလည်း တွန်းလှန်ခဲ့ကြသည့် သူ့ကျွန်ခံလိုသူ အနယ်

နယ် အရပ်ရပ်မှ  ရရာလက်နက် စွဲကိုင် တော်လှန်ခဲ့ကြသော  မြန်မာသူရဲကောင်းများအကြောင်းတို့ကို သိရှိခွင့် ရခဲ့ကြသည်......။

                        ကျွန်တော်တို့ နောက်ဆုံးသိရှိခဲ့ရသော  သူရဲကောင်းမှာ....... မြန်မာနိုင်ငံတော်အား ကျွန်ဘ၀မှ လွတ်မြောက်စေခဲ့သူ

ဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်ပါသည်.....။

                         ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်းများကို ပြောမကုန်အောင်ပင် ကြားခဲ့ရသည်..... ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်

ရေးကြိုးပမ်းမှုများသည် အံ့သြဖွယ်ရာ၊ အံ့မခမ်းဖွယ်ရာများ ဖြစ်ခဲ့သည်။ လူကောင်သေးသေး ပိန်ညှက်ညှက်ဖြင့် ပြုံးယောင်သန်းနေ

သောမျက်နှာ၊ ကတုံးဆံတောက်တို့ဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို  လုပ်ဆောင်ချက်များသာမက ရုပ်ရည်ကြည့်ခြင်းအားဖြင့်ပင် အံ့သြခဲ့ရ

သည်။  ငယ်ငယ်က ကျွန်တော်တို့ ကျောင်းများတွင် ပြည်သူအကျိုးကို သယ်ပိုးစေလိုသော၊ အဖွဲ့အစည်း စိတ်ဓါတ်တို့ကို ဖြစ်ပေါ်စေသော

ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့သော အဖွဲ့ငယ်များရှိခဲ့ပါသည်၊ အငယ်ဆုံးကျောင်းသူ/ကျောင်းသားလေးများ ပါဝင်သောအဖွဲ့ကို``တေဇ´´

လူငယ်ဟု ခေါ်ပါသည်။ တေဇလူငယ်ဝတ်စုံကို ၀တ်ဆင်ရသော အခါတွင် ရွှင်လန်းတက်ကြွမှုများ ဖြစ်ပေါ်ခဲ့ဘူးပါသည်၊ တေဇဆိုသည်မှာ

ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ဖြစ်နေခြင်းကြောင့်ပင် ဖြစ်ပါသည်။ တေဇလူငယ်ဝတ်စုံဝတ်ဆင်ထားခြင်း၊ တေဇလူငယ်ဟု အခေါ်ခံရခြင်း

အသိအမှတ်ပြု ခံရခြင်း စသည့်အချိန်များတွင် ကျွန်တော်တို့သည် ကျေနပ်နေတတ်ပါသည်..... ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးဆက်လူငယ်

လေးများအဖြစ် ခံယူမိသောကြောင့်ဖြစ်ပါသည်.......... ထိုခေတ်ထိုအခါက(ယခု အသက် ၄၀ ၀န်းကျင်)က လူငယ်တိုင်းသည် ဗိုလ်ချုပ်

အကြောင်းကို ကောင်းကောင်းသိနေခဲ့သောကြောင့်ဖြစ်ပါသည်။

                           ကျွန်တော်တို့ အရွယ်ရောက်လာသော အခါတွင်လည်းငယ်ငယ်ကသိခဲ့သော၊အံ့သြခဲ့ရသောဗိုလ်ချုပ် အောင်ဆန်းကို

ပို၍ ပို၍သာ အံ့သြခဲ့ရပါတော့သည်၊ သတ္တိကောင်းခြင်း၊ တည်ငြိမ်ခြင်း၊ တွေးခေါ်မျှော်မြင်နိုင်မှုအားမြင့်မားခြင်းသာမက အင်္ဂလိပ်စာနှင့်စ

ကားကိုလည်း လန်ဒန်ကြီးသားရှုံးအောင်ပြောနိုင်၊ ရေးနိုင်သည့်အပြင် စာရေးဆရာတစ်ဦးဖြစ်နေခြင်းကြောင်း ကြားသိ၊ ဖတ်မှတ်ရခြင်း

ကြောင့်ပင် ဖြစ်ပါသည်။ ထို့ထက်ပိုသည်မှာ လွတ်လပ်ရေးရပြီးလျှင် စာရေးစားတော့မည်ဟူသော ကိုယ်ပိုင် အစွမ်းအစဖြင့် ဘ၀ရပ်တည်

လိုခြင်း၊ အသက်(၃၀)အရွယ်မှာပင် ရာထူး၊ အာဏာတို့ကို စွန့်လွှတ်လိုခြင်း၊ အသေးစိတ်ကျသော ဘ၀ကို တန်ဘိုးရှိရှိဖြတ်သန်းလိုခြင်း

စသည့် သိက္ခာတရား မြင့်မားခြင်း၊ ရယူလိုမှု နည်းပါးခြင်းတို့ကို တွေ့ရှိရသောကြောင့် ဖြစ်ပါသည်။

                            ဗိုလ်ချုပ်ကို ကျောင်းသားအရွယ်မှာပင် အင်္ဂလိပ်အစိုးရမှ ကြောက်လန့်စွာ သတိထား စောင့်ကြည့်ခဲ့ရကြောင်းကြား

သိရသောအခါတွင်လည်း ကျေနပ်ပီတိစိတ်ကလေးများ၊ ဂုဏ်ယူခြင်းများ ဖြစ်ပေါ်ခဲ့ရပါသည်။ဗိုလ်ချုပ်သည်ညှင်းသိုးသိုး၊ဆံပင်ဘုတ်သိုက်

ပင်နီတိုက်ပုံနှင့် ပုဆိုးတိုတို ၀တ်ဆင်တတ်ကြောင်း ကြားသိရသော အခါတွင်လည်း လူငယ်သဘာဝ ဗိုလ်ချုပ်စတိုင်ဟုပင် အထင်ခံရလေ

အောင် ကျွန်တော်တို့ လိုက်ဝတ်ခဲ့ကြပါသည်။ ဤမျှအထိ ရူးသွပ်ခဲ့ကြပါသည်။  စကားပြောရာတွင်လည်း အချင်းချင်း  စည်းကမ်းတစ်ခုခု

ဖောက်ဖျက်ပါက ဗိုလ်ချုပ်လေသံဖြင့်...... `` လွတ်လပ်ရေးရပြီဆိုပြီးတော့....... လမ်းမပေါ်မယ်.. ဟုတ်လား´´ စသည့် ဗိုလ်ချုပ်စကား

သံတို့ဖြင့် ပြောဆိုသတိပေးခဲ့ကြသည်။

                            အရွယ်ရောက်၊ ပညာစုံ၍ ၀န်ထမ်းများ ဖြစ်လာသောအခါတွင်လည်း ကျင်လည်ရာ ဘ၀များမှ ဗိုလ်ချုပ်ကို သတိရ

တတ်ခဲ့ပါသည်....... အကြောင်းအရာတိုက်ဆိုင်ပါက ဗိုလ်ချုပ်သည် အိမ်တွင် ကိုယ်တိုင် ချဉ်ပေါင်၊ ငရုတ်ပင်များကို စိုက်ပျိုး စားသောက်

ကြောင်း၊ ၀တ်စုံ ကောင်းကောင်းပင် မရှိသဖြင့် နိုင်ငံခြားခရီးစဉ်အတွက် အသိတစ်ဦးမှ ၀တ်စုံချုပ်ပေးခဲ့ရကြောင်း၊ တံစိုးလက်ဆောင်ကို

ရွံရှာကြောင်းများ သတိရမိသော အခါတွင်လည်း ကိုယ်တိုင် လိပ်ပြာ မလုံသလိုခံစားရခြင်း၊ သိမ်ငယ်စိတ်ဝင်ခြင်းများ ဖြစ်ပေါ်ခဲ့မိပါသည်။

                            လွတ်လပ်ရေးကြိုးပမ်းမှု အကြောင်းကို အဘိုးဖြစ်သူ၏ စကားများအား မိခင်၊ ဖခင်တို့မှ တဆင့် သိရှိခွင့်များစွာရရှိ

ခဲ့ပါသည်။ အဘိုးသည် ကျွန်တော့်ဘ၀တွင် အံ့သြစရာမျက်မြင်ကိုယ်တွေ့ ပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့ပါသည်။လွတ်လပ်ရေး မော်ကွန်းဝင်အဘိုးသည်

ဗိုလ်ချုပ်တို့ ကျဆုံးသည့် သတင်းကြားရသောအခါတွင် ရှိုက်ကြီးတငင်ငိုကြွေးခဲ့သည်ဟု အဘွားပြောပြဘူးပါသည်။ ထမင်းဆာသည်ဟု

တစ်ခါမျှ မပြောဘူးသော၊ နာကျင်သည်ဟု  မငြီးတွားဘူးသော၊ ငိုက်မြည်းခြင်း အလျဉ်းမရှိခဲ့ဘူးသော  ကျွန်တော်၏  အဘိုးဖြစ်သူသည်

ဗိုလ်ချုပ်တို့ ကျဆုံးကြောင်း သတင်းကြောင့် နေရပ်ရွာကလေးမှကားလမ်းရှိရာသို့ ၂ရက်ခန့် လမ်းလျှောက်ကြောင်း၊ ထို့နောက်ကားကြုံဖြင့်

ရန်ကုန်မြို့သို့ လိုက်ပါခဲ့ကြောင်း၊ ပိုက်ဆံတစ်ပြားမှ မပါပဲ ဗိုလ်ချုပ်တို့၏ အသုဘ အခမ်းအနားသို့ ရအောင်သွားခဲ့ကြောင်း၊ သူသည်မည်မျှ

အထိ ဗိုလ်ချုပ်အပေါ်တွင် ချစ်ခင်လေးစားကြောင်းကို ကြားသိရသောအခါတွင် ကျွန်တော်လည်းအဘိုးနည်းတူ ဗိုလ်ချုပ်ကို ချစ်ခင်လေး

စား မြတ်နိုးခဲ့ပါသည်။ အဘိုးနှင့်အဘွားက ဗိုလ်ချုပ်ကွယ်လွန်ခြင်းသည် နေမင်းကွယ်ပျောက်ခြင်းနှင့် တူသည်ဟု ပြောခဲ့ကြပါသည်။

                               ကျွန်တော်၏ အဘိုးအဘွားများသာမက နိုင်ငံတကာမှ ခေါင်းဆောင်များလည်း ဗိုလ်ချုပ်ကွယ်လွန်ခဲ့ခြင်းအတွက်

မြန်မာနိုင်ငံအတွက်သာမက အာရှတိုက်အတွက်ပါ နှမြောစရာကောင်းကြောင်း ၀မ်းနည်းကြောင်း သ၀ဏ်လွှာများ ပေးပို့ခြင်း၊ တမ်းတမ်း

တတ ၀မ်းနည်းစကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်ဟု သိရှိခဲ့ရပါသည်။

                               အသက်(၄၀)၀န်းကျင် အရွယ် ရောက်လာပြီ ဖြစ်သော ကျွန်တော်တို့ ဗိုလ်ချုပ်ကို သက်ရှိ ထင်ရှား မတွေ့ မမြင်

ခဲ့ဘူးပါ...... သို့သော် ဗိုလ်ချုပ်၏ မှတ်တမ်းများ၊ ဆောင်ရွက်ချက်များ၊ စွမ်းရည် သတ္တိများ၊ သိက္ခာတရားများ၊ ခံယူချက်များ၊ စိတ်ကူးများ

ရည်မှန်းချက်များနှင့် စွန့်လွှတ်ရဲသည့် စိတ်ကူးများအကြောင်းကို ကောင်းစွာ သိရှိခဲ့ရပါသည်။

                               ကျွန်တော်တို့သည် ဗိုလ်ချုပ်နှင့် တကွ အာဇာည်ခေါင်းဆောင်များ၊ မျိုးချစ်ပုဂ္ဂိုလ်ကြီးများ၏ အသက်သွေးချွေးတို့

ကို နင်းဖြတ်၍ လွတ်လပ်ခြင်း၏ အရသာကို ပြည့်စုံစွာ ခံစားနေကြပါသည်။ ဗိုလ်ချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ တည်ထောင်

ခဲ့သော ပြည်ထောင်စုကြီးသည်လည်း ခိုင်မာစွာ ရပ်တည်ခဲ့ပါပြီ....... ဗိုလ်ချုပ်သည် အမှောင်ထုအတွင်း ကျရောက်နေသောကျွန်တော်တို့

နိုင်ငံ အတွက် အတွက် လောကကြီးမှ ပေးအပ်သော တန်ခိုးရှင်နတ်ကောင်း နတ်မြတ်တစ်ပါး ဖြစ်ကြောင်းကို မည်သည့် အကြောင်းနှင့်မျှ

ငြင်းပယ်၍ မရနိုင်ခဲ့ပါ.......။ ဗိုလ်ချုပ်သည် ကျွန်တော်တို့ အတွက် ရှေ့ဆောင်ကြယ်စင်ကြီးလည်း ဖြစ်ပါသည်။ စွမ်းအားများကို ပေးစွမ်း

နိုင်သော နေမင်းကြီးလည်း ဖြစ်ပါသည်။

                                ထိုပုဂ္ဂိုလ်ကြီးအား (၁၉၁၅)ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင်  မွေးဖွားခဲ့ပါကြောင်းနှင့် မည်သည့်အခါတွင်မျှ

သူ့ကျွန်ဘ၀ကို မကျရောက်စေရန်....... ဗိုလ်ချုပ်သည် နည်းလမ်းကောင်းများကို အသက်နှင့် ဘ၀နှင့် ရင်း၍ ရှာဖွေပေးခဲ့ပြီ ဖြစ်ပါကြောင်း

ကျွန်တော်တို့သည် ဗိုလ်ချုပ်၏ စေတနာများကို အပြည့်အ၀ နားလည် ခံယူသွားလျှက်ရှိပါကြောင်း............

``၁၉၁၅ ရှေ့နေဦးဖာသား´´

´´ဇာတိနတ်မောက်မကွေးခရိုင် သိကြများခုတိုင်´´

``ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား မိခင်ဒေါ်စုသား´´

                                


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>