သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့ အလုပ်လေး ခဏနားရတာနဲ့ ဒီကဗျာလေးကို ရေးလိုက်မိပြီဗျာ.....
သူစိမ်း - သူငယ်ချင်း - ရည်းစား - ချစ်သူ
***
သိပ်ထူးဆန်းပါတယ် ကောင်မလေးရေ...
မင်းရဲ့အပြုံးကပဲ.....
ဆွဲဆောင်လိုက်တာလား....
ပဟေဠိဆန်တဲ့ ကိုယ့်မျက်နှာထားကပဲ
ဖမ်းစားလိုက်တာလား....
အမှတ်မထင် တွေ့ဆုံကြတဲ့
မင်းနဲ့ဒို့
သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်နော်.....
***
မင်းနဲ့ဒို့ရဲ့ သူငယ်ချင်းဘဝ
သက်တမ်းကလည်း တိုလွန်းခဲ့တယ်နော်.....
ဒို့နှစ်ယောက်ရဲ့ မသိစိတ်တွေက
သူငယ်ချင်းဆိုတဲ့ အတားအဆီးတွေကို.....
ကျော်လွှားခဲ့တယ်
အဲ့ဒီပြစ်မှုကိုကျူးလွန်ခဲ့တာ......
မင်းနဲ့ဒို့နှစ်ယောက်လုံး.... ဆန္ဒတွေတူခဲ့ကြတာလေ
အပြစ်တော့ မဖြစ်လောက်ပါဘူးဟာ....
နတ်ရေးတဲ့ဖူးစာလို့ပဲပြောရမလား.....
အမှန်စင်စစ်တော့.....
မင်းနဲ့ဒို့..... ရည်ငံချစ်ကြိုက်ခဲ့တာဆိုတော့
ဒို့နှစ်ယောက်ရေးခဲ့တဲ့ ဖူးစာပါပဲကွာ....
***
သမီးရည်းစားဘ၀လေး
ပျော်စရာကောင်းလိုက်ပုံများ
ဘယ်ပန်းချီမှ ရေးလို့မှီမယ်မထင်ဘူးနော်....
အဲ့ဒီကတစ်ဆင့်
တူညီခဲ့တဲ့ ဆန္ဒနဲ့ သဘောထား
တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေနဲ့
အခုတော့.....
မင်းနဲ့ဒို့ ချစ်သူဖြစ်ခဲ့ကြပြီလေ.....
***
ချစ်သူရေ........
သူစိမ်း - သူငယ်ချင်း - ရည်းစား - ချစ်သူ..... မှတစ်ဆင့်
မင်းနဲ့ဒို့ရဲ့ နောက်ဆုံးခရီး
ဘ၀ကြင်ဖေါ် အိမ်ထောင်ဖက်အဖြစ်
မတည်ဆောက်သေးခင်
၂၀၁၀ခုနှစ်ရဲ့ ချစ်သူများနေ့
ဖေဖေါ်ဝါရီ (၁၄)ရက်မှာ
မင်းနဲ့ဒို့ရဲ့ နှလုံးသားလေးတွေကို
ထိမ်းမြှားလက်ထပ်ပွဲလေး
ဆင်နွဲပေးလိုက်ကြရအောင်နော်......
ကြိုးစားလျှက်.......