နယ်မြို့လေးတစ်မြို့မှာ ညိုနဲ့ သူ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ် ။ ညိုမိဘတွေရော၊ သူ မိဘတွေရော ၀န်ထမ်းတွေ မို့ ချစ်စရာမြို.လေးတစ်မြို.မှာ ဆုံစည်းခွင့်ရခဲ့တာပါ။ အသားဖြူဖြူနဲ ပဲများလှတဲ့ ကောင်လေး ညိုအရမ်းပဲ ခင်ခဲ့မိပါတယ် ။ အတူတူဆော့ရင်တောင် သူက ဆရာ၊ ညိုက တပည့်လေးပေါ့။ ကောင်လေးရေ နင်ရယ်နေရင် ငါကပျော်နေတတ်သူပါ။ အသားညိုညိုနဲ ရုပ်ဆိုးဆိုးကောင်မလေး ညိုဟာ သူ့အတွက်တော့ အပျင်းပြေအရုပ်တစ်ရုပ်လိုပါပဲ ။ သူ့အပေါ်သံယောဇဉ်ကြီးလှတဲ့ ညိုကတော့ သူထိုင်ဆိုထိုင် ၊ သူထဆိုထ နဲ့ သူ…စေလိုရာကိုစေ ခဲ့ပါတယ် ။ ဒီလို နဲ့ …..ညိုက သူ.အတွက် ဖြည့်စည်းသူတယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ် ။ ဒါပေမဲ့ အဲ့ဒါကို မသိသူတယောက်ကတော့ သူကိုယ်တိုင်ပါပဲ ။
ကောင်လေးရေ …..ငါကလေ …ငယ်ငယ်လေးထဲက နင့်ကိုပေးဆပ်ရသူပါ။ ဒါကို …နင် ကမသိ ။ ဘယ်သိမလဲ နော် …နင်က ရလိုမူတွေ များနေတော့ ပေးဆပ်သူ ဘက်ကို မမြင်နိုင်ဘူးလေ ။ ငယ်ရွယ်သူ ဖြူစင်တဲ့ အသဲမှာ စွဲသွားစေတာကတော့ ……အနိုင်ယူတတ်တဲ့ ကောင်လေးကို အ၇ှုံးပေးနေချင်တာပါပဲ ။ သူနဲ ပါတ်သက်ရင် ညို့ မှာ ရလိုမူတွေ မရှိတော့ဘူး ။ နင် ပျော်နေရင် ပဲ ငါကျေနပ်ပါတယ် ကောင်လေးရယ်။ သူငယ်ချင်းတွေ ချစ်စနိုးခေါ်ကြတာက သူ့ကို ကောင်လေး တဲ့ ။ ညို.အတွက်ကတော့ သူ့က ရင်ထဲက ကောင်လေးပေါ့။
ကောင်လေးရေ ငါ့ရင်ထဲကို နင်ဘယ်တော့မှ မြင်မှာလဲ။ ငါ့ရဲ့ ပေးဆပ်ခြင်းတွေကို နင် တကယ်ပဲ မမြင်တာလား။ မမြင်ချင်ယောင်ပဲဆောင်နေတာလား ။ ငါ နားမလည်တော့ပါဘူး။ သေချာတာကတော့
နင်ဟာ ငါ့ရဲ့ နှလုံးသားကို အမြဲနာကျင်စေခဲ့တာပါပဲ ။ ငါက ရုပ်ဆိုးသူမို့ နင့်ကို မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ငါရဲ့ ပေးဆပ်ခြင်းတွေကိုတော့ နင် …အသိအမှတ်ပြုပေးသင့်ပါတယ် ။ နင်ရဲ့ ထာသရ သူငယ်ချင်းဆိုတဲ့ နေရာလေးကိုပဲ ငါ့ကိုပေးပါ။ ငါကျေနပ်ပါတယ် ကောင်လေးရယ်။
“ ကောင်လေး …မင်းကိုညိုလိုက်ရှာနေတယ် ။ အရေးကြီးလို့တဲ့ ” မင်းညီကစပြောပါတယ်။
“ ရှာရှာကွာ ..အဲ့ဒီကုလားမ အရမ်းအလုပ်ရှုပ်တယ်။ ငါ မအားဘူး။ ဒီနေ့ အီးမေဂျာက ဆော်လေး နဲ့ ချိန်းထားတယ်။ မင်းကိုမေးရင် မတွေ့ဘူးလို့ ပြောလိုက်နော် ”
“ ကောင်လေး ရာ ညိုက ရုပ်အဆိုးကြီး မဟုတ်ပါဘူးကွာ မပြင်ဆင် တတ်လို့ပါ။ မင်းပေါ်အရမ်းကောင်းတာ ။
မင်းက မမြင်တော့ ခက်တယ် ။ ညိုသနားပါတယ်ကွာ ”
“ မင်းညီရာ မင်းသနားရင် မင်းကြိုက်လိုက်ပေါ့ကွ ။ ငါကတော့ လန်းလန်းလေးမှ ကြိုက်တာ ။ အဲ့ဒီကုလားမ ကို စဉ်းစားလို့ တောင်မရဘူး ” ကောင်လေးက ပြန်ပြောပါတယ် ။ မင်းညီနဲ့ ကောင်လေး တို့ ရဲ့ ..စကားတွေကို …အစအဆုံးကြားလိုက်ရသူက ညိုပါ။ ညိုတယောက် ရှက် စိတ်ကြောင့် လူက တဆတ်ဆတ်တုန်လို့ လာပါတယ် ။ ၀မ်းနည်းတတ်တဲ့ မျက်ရည်တွေက တပေါက်ပေါက်နဲ့ ကျဆင်းလို့ ပေါ့။
ညိုရင်ထဲက ပေါက်ကွဲမူကတော့ ဗုံးအလုံးပေါင်းများစွာတဲ့ ပြင်းထန်လို့နေပါတယ် ။ ညိုတယောက် အသဲဟက်တက်ကွဲ ခဲ့တဲ့ နေ့လေးပေါ့ ။ ငါ နားလည်သွားပါပြီ ကောင်လေးရယ် ။ နင်က ငါ့ကို သူငယ်ချင်းတွေထဲက သူငယ်ချင်းတယောက် အဖြစ်တောင် အသိအမှတ်မပြုချင်တော့တာကိုး ။
ရပါတယ်ဟာ ။ ၀ဋ်ကြွေး ရှိခဲ့ရင်လဲ ကျေပါစေတော့ ။ ငါ လေ …နင့်အတွက် ဆိုတဲ့ အသိနဲ့ …အသက် ရှင်နေခဲ့တာ နှစ်အတော် ကြာခဲ့ပါပြီ ။ ဒီနေ့က စပြီးတော့ ငါ့ ရဲ့ ကျန်နေတဲ့ သက်တန်းလေးကို နင့် ရှိက ငါ့ ကို နှုတ်ထွက်ခွင့်ပေးပါ။ ပေးဆပ်တယ် ဆိုတာလဲ ရလိုသူက လိုချင်မှ ကောင်းတာပါ ။ နင့်အတွက် ငါဆိုတာ အသုံးမှမ၀င်တာ။ ငါ …မာနကြီးပါရစေတော။ နာကျင်လွန်းတဲ့ နှလုံးသားက ကြာလာတော့ အေးခဲစပြုလာပြီ ထင်ပါရဲ့ ။
ယိုင်ကျလုလု စိတ်ဓါတ်တွေကို မာနတွေနဲ့ ..နှစ်အတော်ကြာတည်ဆောက်ခဲ့ရပါတယ် ။ ညိုတစ်ယောက် စင်ကာပူကို ထွက်လာခဲ့တာ သုံးနှစ့်ပြည့်ခဲ့ပါပြီ ။ နာနာအထုခံ ထားရတဲ့ နှလုံးသား က မာနေပြီလေ။ ညိုတစ်ယောက် တည်ငြိမ်ရင့်ကျက်လို့ လာခဲ့ပါပြီ ။ အသားညိုညို ရုပ်ဆိုးမလေးညို အပြင်အဆင်လေးတတ်လာတော့ လှပ လာသလိုလိုပါပဲ ။ တည်ငြိမ်မူနဲ့ ရော လိုက်တော့ အတော်လေးကို ပြောင်းလဲ၍လာပါတယ် ။ အလုပ်သက်တန်းလဲ ပြည့်ခဲ့ပြီ မို့ …ညိုတယောက် မြန်မာပြည့်ကို ပြန်လာခဲ့ပါတယ် ။
နောင်နှစ်နှစ် အကြာမှာ တော့ ညိုတစ်ယောက် မထင်မှတ်ပဲ ကောင်လေးနဲ့ ဆုံစည်းခဲ့ပါတယ် ။ ဟန်ဆောင်မူကင်းကင်းနဲ့ ညို ပြုံးပြနိုင်ခဲ့ပါတယ်။ ညိုတကယ်ပဲ ပြောင်းလဲသွားခဲ့ပါပြီ ။ ကောင်လေး နဲ့ တွေ့ရင် ရင်ခုန်တတ်တဲ့ နှလုံးသားက အေးစက်သွားတာသေချာသွားပြီလေ။ ကောင်လေးကတော့ ညိုကို တအံတသြ နဲ့ ငေးကြည့်လို့ နေပါတယ် ။ ကောင်လေးရဲ့ မျက်လုံးထဲက ရောင်စဉ်တွေကို ညိုဖတ်တတ်ခဲ့ပါတယ် ။ ကောင်လေး ညိုအပေါ် တိမ်ညွှတ်လာတော့မယ်လေ ။ ကောင်းလေးရေ အတုံ.အလှည့် ဆိုတာ တကယ်ပဲ ရှိတာလား ။ ငါက တော့ နင့်အပေါ် ဘယ်လို ရည်ရွှယ် ချက်မှ မရှိပါဘူး ။ ငါ့နှလုံးသားက လဲ ရင်မခုန်တတ်တော့ဘူးဟ ။ နင့်ကို မနာကျင်စေချင်တာကတော့ ငါ့ရဲ့ ဖြူစင်တဲ့ စေတနာပါ ။
တနေ့တော့ မေဂျာတူသူငယ်ချင်းတွေ ဆုံတွေ့ ပွဲလေး လုပ်ဖြစ်ခဲ့ပါတယ် ။ ကောင်လေးရော ၊ ညိုရော တတ်ရောက်ခဲ့ပါတယ် ။ ညိုတို.အကြောင်းသိ သူငယ်ချင်းတွေ ဆုံကြတာမို. မကြားတကြားစနောက်သံတွေ ကြားနေရပါတယ် ။ ကောင်လေးက လဲ အရည်လဲ့တဲ့ မျက်လုံးတွေ နဲ့ ညိုကို မကြာခဏ စိုက်ကြည့်တတ်ပါတယ် ။ အရင်တုန်းကသာ ဆို ညိုမျက်ရည်လည်အောင် ပျော်မိမှာပါ။ ခုတော့ နှလုံးသားလေးက ခံစားချက်မဲ့ခဲ့ပြီလေ။
မင်းညီက ညိုအနားရောက်လာခဲ့ပြီး၊
“ လူတောင်မှားတယ် ညိုရယ် …နင်တော်တော်လှလာတာပဲ” တဲ့ ညိုက ပြုံးပြလိုက်ပြီး …
“ ကျေးဇူးပါ မင်းညီရယ်။ ဘာစားမလဲ ကြိုက်တာစား ” လို့စလိုက်မိပါတယ် ။ မင်းညီက …
“ အိမ်ထောင်မပြုသေးဘူးဆိုတော့ တယောက်ယောက်ကို စောင့်နေတာလား ညို ” လို့ပြန်စပါတယ် ။
မင်းညီက သာမာန်လေးပြောလိုက်ပေမဲ့ အဲ့ဒီစကားက ညို့ အရှိုက်တည့်တည့်ကို ထိသွားပါတယ် ။
ညို မဲ့မဲ့ တဲ့တဲ့လေးပြုံးလိုက်ပြီးတော့
“ မင်းညီရယ် …လူဆိုတာ တသမတ်ထဲရှိနေတတ်လို့လား။ အချိန်နဲ့အမျှပြောင်းလဲနေကြတာလေ။ မတည်မြဲခြင်းသဘောပေါ့။ အရင်က ငါ့ပုံစံနဲ့ ခုပုံစံတူသေးလို့လား။ ပြောင်းလဲသွားပြီလေ။ အဲ့ဒီလိုပဲ ..မမြင်နိုင်တဲ့ အရာတွေလဲ ပြောင်းလဲသွားပါပြီ။
အရာဝတ္ထုတစ်ခုဟာ အရိုက၊် အပုတ်၊ အထ၊ု အထောင်း ခံရပါများရင် မာကျောသွားတတ်ကြတယ်လေ။ အဲ့ဒီနိယာမ အတိုင်းပဲ ငါ့ရဲ့နှလုံးသားလဲ အေးစက်မာကျောသွားခဲ့ပါပြီ ”
စကားအဆုံးမှာတော့ မင်းညီတယောက် လေးနက်သွားတဲ့မျက်နှာနဲ့ နင် တကယ်ပဲပြောင်းလဲသွားခဲပြီကိုးတဲ့ ။
သူငယ်ချင်းတွေနဲ့ စနောက် စကားတွေ ပြောနေခဲ့ပေမဲ့ ကောင်လေးနဲ စကားမပြောဖြစ်ခဲ့ပါ။ မင်းညီကတော့ ကောင်လေးနဲ့ ညို အကြောင်းပြောနေပြီထင်ပါတယ် ။ ကောင်လေးမျက်နှာဟာ အရင်လိုမလန်းတော့ပဲ ၊ ကြေကွဲ ရိပ်တွေ မြင်နေရပါတယ် ။
ညိုလဲ သူငယ်ချင်းအားလုံးကို နှုတ်ဆက်ခဲ့ပြီး ပြန်လာခဲ့ပါတယ်။ မင်းညီနဲ့ စကားပြောနေသော ကောင်လေး ပြုံးပြပြီး နှုတ်ဆက်ခဲ့ပါတယ် ။ ကောင်လေးကတော့ ပြုံးမပြနိုင်ခဲ့ပါဘူး။ စိတ်မကောင်းပါဘူး ကောင်လေးရယ် ။ ငါ့ခံယူချက်လေးအတိုင်းဆက်သွားပါရစေ။ နာကျင်ဘူးတဲ့ နှလုံးသားလေးကတော့ ကြောင့်လန့်လို.နေခဲ့ပြီပေါ့။ အချစ်ဆိုတာ ….လက်ခံမယ့်လူ ရှိမှပေးလို့ရတာပါ ။ဟို….အရင်တုန်းက ပြောဘူး သလိုပေါ့၊ ငါ ..မာနကြီးပါရစေ ။
မာန........
အချစ်ရှုံးသူတယောက်ရဲ့....
ရင်ဘတ်ထဲက....မာန.....
လူတကာထက်ပိုပါ၏။
အချစ်ကြီးသူတယောက်ရဲ့......
တိတ်တခို့း.....အချစ်....
လူတကာထက်ပိုပါ၏။
ချစ်တတ်လွန်းတဲ့....အချစ်က....
တင်းမာလွန်းတဲ့......မာနအဖြစ်....
ဆတူပြောင်းသွားတတ်ပါ၏။
ကြိုးစားပါအုံးမည်…….
လေးစားချစ်ခင်လျှက် ….
မှုံနံ.သာဖြူ……