Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

"သမအိမ်ရဲ့နှလုံးသားဧည့်ခန်းမှာ"

$
0
0

ကျွန်တော်တို့သမကျောင်းရဲ့နှစ်စဉ်လုပ်နေကျ ပွဲတော် မြန်မာလူများရဲ့ဓလေ့အတိုင်း ပျော်ပျော်ရွှင်ရွှင်ထိုးခဲ့ကြပါတယ်။။။။။။။။။။

ညကတည်းက  စပြီးပြင်ဆင်နေသောကျောင်းသားကျောင်းသူတွေပေါ့ဗျာ ။။။။ " ဇိုး ရေ " “ဗျာ“.. “သွားမယ်  “ဘယ်ကိုလဲ“ “မြတ်သစ်စာဆောင်ကိုလေ ဆရာမကလာခဲ့တဲ့ “ ဟုတ်လား လာလေသွားတာပေါ့ .....ဒီလိုနဲ့ကျွန်တော်တို့ ပြင်ဆင်ထားခဲ့ပါတယ် ........မနက်မိုးလင်းကတည်းက ကျောင်းသားတွေ ရင်ခုန်နေကြပါပြီ ကျောင်းအုပ်ကြီးရဲ့ ပွဲစတင်ပါပြီဆိုတဲ့ မိန့်ခွန်းကို နားထောင်နေကြပါတယ် ထမနဲထိုးမည့် အိုးများကိုလည်းအဆင်သင့်ပြင်ခိုင်းထားပါတယ် ...အစတော့ကျောင်းအုပ်ကြီးဦးသိန်းထွန်းရဲ့ မိန့်ခွန်းနားထောင်ရပါတယ် ...နောက်တစ်ယောက်ကတော့ ဒေါက်တာ ဒေါ်ရည်ရည်ဝင်းရဲ့မိန့်ခွန်းပါ ...နောက်ပြီးမော်ကွန်းထိန်းပေါ့..အခုကျောင်းအုပ်ကြီးကစထိုးဖို့အချက်ပေးပါပြီ ကျွန်တော်တို့အဖွဲ့က Rock Star တဲ့ အခြားအဖွဲ့တွေကတော့ ကိုကြီးကျော်... 5 Star ... ထမနဲချစ်သူ...စပိုင်ဒါကင်း..စတဲ့ အဖွဲ့ကိုးဖွဲ့ရှိတယ်ဗျာ ထိုးကြပါတယ် အပြိုင်အဆိုင်ပေါ့ ဒီနှစ်က ပေါင်းကူးတွေကော ပထမနှစ်တွေကောအများကြီးပဲ အရမ်းပျော်စရာကောင်းပါတယ် ယောက်ျားကြီးများ သန်သန်မာမာ ခေါင်းဆောင်ပြီးထိုးကြတယ် ကျွန်တော်တို့ကတော့ သံပုံးတီးတယ် ဒန်အိုးတီးတယ် သွပ်ပြားတီးတယ် တစ်ဖွဲ့လုံးသီချင်းတွေဆိုကြတယ် အပြိုင်ပါပဲ တစ်ဖြည်းဖြည်းနဲ့ ထမနဲလည်းထိုးလို့ပြီနေပါပြီ ကျွန်တော်တို့လည်းအသံတွေဝင်နေပြီ ပေါ့ဗျာ.. ထူးခြားတာက စစ်ကိုင်းပေါင်းကူးတွေက သံချပ် သံပြိုင် တိုက်ထားတယ်ဗျ နားထောင်လို့လဲကောင်းတယ် ....ကျောင်းအုပ်ကြီးဆီကို ထမနဲပန်းကန်လေးတွေသွားတင်ရတယ် အကဲဖြတ်အဖွဲ့က အကဲဖြတ်တယ်လေ ကျွန်တော်လိုက်ကြည့်လိုက်ကတည်းကကွာနေပြီ ဗျ  စပိုက်ဒါကင်း ဆိုတဲ့ စစ်ကိုင်းပေါင်းကူးတွေက ထမနဲမှာ အုန်းသီးကို နှင်းဆီပွင့်ပုံဖေါ်ထားတယ် ဘဲဥပုံလေးတွေ အသဲပုံလေးတွေ နဲ့ပြီးတော့အရသာလည်းသာတယ်ဗျ  ကျွန်တော်တို့တော့မျှော်လင့်ချက်ရောင်ခြည် မရှိတော့ဘူးထင်ထားတယ် ဒါပေမယ့်ဟန်ကိုယ့်တာပေါ့ rock star ပထမဆိုတဲ့အော်သံကတိုးမသွားဘူးဗျ  နောက်ဆုံး အကဲဖြတ်အဖွဲ့က ဆုကြေညာတယ် စစ်ကိုင်းကလူတွေ စပိုက်ဒါကင်းကပထမရသွားတယ် ကျန်တာတွေလည်းရပါတယ် 5ဆုတောင်ပေးတယ် ပထမက 5သောင်းဗျ ကျွန်တော်တို့တော့တစ်ခုမှမရခဲ့ပါဘူး အတွေ့အကြုံမရှိတာလဲ ပါတာပေါ့နော် နောက်နှစ်ရောက်ရင်တော့ ဒီထက်ကောင်းပြီးဆုရအောင် ပြင်ဆင်ထားပါ့မယ် လို့တွေးထားတယ်ပေါ့ဗျာ ကျွန်တော်တို့လည်းရှက်ရှက်နဲ့ အဲမေ့လို့ရှက်ပါဘူးနော့် ပြိုင်ပွဲပဲဗျာ မနိုင်ရင်ရှုံးမှာပေါ့ ဒါပေမယ့် ဒုတိယနှစ်က အကုန်လုံးဘယ်အဖွဲ့မှ ရမသွားပါဘူး ကျွန်တော်တို့ မနိုင်ပေမယ့် ကျိုက်ခေါက်ပွဲကိုတော့ အအေးသွားလှူလိုက်ပါသေးတယ် နောက်တစ်ခါဆိုရင်တော့ ဆုရအောင်ကြိုးစားရမှာပေါ့နော့် အခုရေးတာကတော့ကျွန်တော်တို့ကျောင်းတော်ကြီးရှဲု့ ပျော်စရာပွဲတော်တွေကိုသူငယ်ချင်းတွေ သိရှိစေချင်လို့ပါ နော်လမ်းကြုံရင်လည်းကျွန်တော်တို့ရဲ့သမအိမ်မှာ ဧည့်ခန်းကောင်းကောင်းလုပ်ထားပါတယ် လာလည်ခဲ့ပါလို့ဖိတ်ခေါ်ပါတယ်...သူငယ်ချင်းအားလုံးကိုလေးစားလျက်..........ဇိုးဝသ၁န် သမအိမ်ရဲ့နှလုံးသားဧည့်ခန်းမှာ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>