Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

HAPPY BIRTHDAY...ပါချစ်သူ

$
0
0

HAPPY BIRTHDAY  ပါ ချစ်သူရေ….

မနက်ဖြန်(February13) ဆိုနင့်မွေးနေ့ရောက်တော့မယ်နော်….ခုချိန်နင်ဘယ်မှာများ၇ှိနေမလဲ…

(…..နင်အရမ်းချစ်တဲ့နင့်အမေနဲ့အတူနင်တို့ရဲ့… ရာမညမြေ….ဆိုတဲ့နေရာလေးမှာလား….)

ငါသိချင်လိုက်တာ…နင်ပြောတော့ပြန်လာခဲ့မယ်ဆို…. နင်ငါ့ကိုရောသတိရသေးရဲ့လားဟင်…

ငါကတော့နင့်ကိုအချိန်တိုင်းသတိရနေတယ်သိလား…နင်နဲ့ငါမတွေ့ရတာ….၁နှစ်တောင်ပြည့်တော့မယ်နော်

ဒါပေမယ့်…နင်နဲ့ ပက်သက်ရင်အရာအားလုံးကိုမှတ်မိနေဆဲပါပဲဟာ….ပြီးတော့လေ..နင်နဲ့တွေ့ နေကျ

နေရာလေးကိုလဲ…နေ့တိုင်းမဟုတ်တောင်….တပတ်တခါတော့ရောက်ဖြစ်တယ်သိလား..ငါကြားဖူးတဲ့

စကားလေးတခုရှိတယ်…ကိုယ်ချစ်တဲ့သူနဲ့ဆုံနေကျနေရာ…ဆုံနေကျအချိန်လေးမှာ…

အမြဲသာစောင့်ပေးတနေ့ ပြန်တွေ့ နိုင်ရမယ်တဲ့…အဲ့ဒီချိန်ကဘယ်တော့များမှရောက်မှာလဲ…ငါသိချင်လိုက်တာ

နင်..အရင်လိုရန်တွေရောဖြစ်နေတုံးပဲလား….ပြီးတော့….ငါမကြိုက်ဖူးဆိုတဲ့…ကဗျာတွေရော…နင်ရေးနေတုန်း

ပဲလား……ပြီးတော့နေရောကောင်းရဲ့လား….နင်ကငါ့ကိုဘာအဆက်အသွယ်မှမလုပ်တာ..ငါတော်တော်

အံ့သြတယ်သိလား…အကြောင်းအရာလေးတခုခုတော့ပြသင့်တာပေါ့….ခုတော့င့ါမှာစာမလာသတင်းမကြားနဲ့ 

နင့်ကိုမျှော်နေ…လွမ်းနေ…ငိုနေရတာ…၁နှစ်တောင်ပြည့်တော့မယ်လေ…ဒါပေမယ့်…ငါယုံတယ်သိလား

ဘာလို့လဲဆိုတော့…နင်ကပြန်လာမယ်လို့ပြောခဲ့တာလေ…ငါစောင့်နေရမှာပေါ့..နင်ပြန်လာတဲ့ထိလေ…

နင်ပေးခဲ့တဲ့စာလေးတွေ….သီချင်းလေးတွေ…နင့်ဓါတ်ပုံလေးတွေ..ရှိနေသေးလို့တော်သေးတာပေါ့…

သူတို့ကို…နင့်ကိုယ်စားအလွမ်းပြေကြည့်လို့ရတာပေါ့ဟာ…နင်ရော.!.!.!...

နင့်ရဲ့စကားသံဝဲ၀ဲလေးကိုလွမ်းတယ်(နင်ကတော့မ၀ဲပါဘူးတဲ့)…နင့်ရယ်သံလေးတွေကိုလွမ်းတယ်….

ငါနေမကောင်းတဲ့အခါ…ဂရုစိုက်တက်တာလေးတွေကိုလွမ်းတယ်….ပြီးတော့နင့်ကိုလွမ်းတယ်….နင့်ကိုချစ်တယ်

အမြန်ပြန်လာခဲ့ပါတော့ချစ်သူရယ်….ငါအ၇င်လိုလဲနင့်အပေါ်ကိုမဆိုးတော့ပါဘူး..စိတ်လဲခဏခဏ

မကောက်တော့ပါဘူးဟာ…နင်အရမ်းကြိုက်တဲ့ကဗျာတွေလဲပြန်ရေးပါ…ပြီးတော့အရင်လိုငါ့ကို

ဖုန်းထဲကနေ…..နင့်ကဗျာတွေရွတ်ပြပေါ့..နော်….ခုလဲနင်နဲ့ငါကစိတ်ဆိုးစိတ်ကောက်ပြီးဝေးသွားကြတာမှ

မဟုတ်တာ…ပြန်လာမယ်မဟုတ်လားဟင်…ငါ့သူငယ်ချင်းတွေလဲနင့်ကိုမေးနေကြပြီ…ငါဘယ်လိုဖြေရမှာလဲဟာ

နင့်မြို့လေးမှာ၇ှိနေတယ်ဆိုလဲ…ငါ့ကိုဆက်သွယ်ပါဦး…ငါရေးတဲ့စာလေးကိုနင်ဖက်ဖြစ်ရင်အ၇မ်းကောင်းမှာပဲ…

နင့်ရဲ့…အခုနှစ်မွေးနေ့ကစပြီး…နောက်နှစ်ပေါင်းများစွာတိုင်မှာ…ပျော်ရွှင်မှုအပေါင်းနဲ့ ….ပြည့်စုံနိုင်ပြီး…

လိုအင်ဆန္ဒတွေပြည့်စုံနိုင်ပါစေလို့…ဆုတောင်းပေးလိုက်ပါတယ်….

(February 13 မှာကျရောက်မယ့် ကျိုက်ထိုမြို့က HM အတွက်...)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...