အနိုင်မခံ
ငါ့အားဖုံးလွှမ်းထားသောညကွယ်သန်းခေါင်
ဤအမှောင်တွင်းမှနေ၍ အနိုင်မခံအရှုံးမပေးတတ်သော
ငါ၏စိတ်ဓါတ်ကိုဖန်ဆင်းပေးသည့်နတ်သကြားတို့အားကျေးဇူးတင်၏။
လောကဓံတရား၏ရက်စက်ကြမ်းကြုတ်သောလက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်းငါကားမတုန်လှုပ်မငိုကြွေး
ကံတရား၏ရိုက်ပုတ်ခြင်းဓံချက်တို့ကြောင့်
ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့်ရဲရဲနီ၏ညွှတ်ကာမညွှတ်
ဤလောဘဒေါသတို့ဘကြီးစိုးရာဋ္ဌာန၏အခြားမဲ့၌ကာ
သေခြင်းတရားသည် ငံ့လင့်လျှက်ရှိ၏။
သို့သောငါအားမတုန်လှုပ်သည်ကိုတွေ့ရအံ့။
နောင်ကိုလည်းဘယ်တော့မှမကြောက်သည်ကိုသာတွေ့ရအံ့။
သုဂတိသို့သွားရာတံခါးပေါက်သည်မည်မျှကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ခွေးရပရပိုင်၌ငါ့အပြစ်တို့ကိုမည်မျှပင်များစွာ
မှတ်သားထားသည်ဖြစ်စေငါကားဂရုမပြု
ငါသာလျှင်ငါ့ကံ၏အရှင်သခင်ဖြစ်၍
ငါသာလျှင်ငါ့စိတ်၏အကြီးအကဲဖြစ်သတည်း။
ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်ချုပ်ရဲ့မွေးနေ့မှာ
ဗိုလ်ချုပ်ရေးသားခဲ့သောကဗျာလေးဖြင့်
လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်…
အားလုံးကိုလေးစားလျှက်……….ချစ်လေးမောင်(အချစ်နတ်ဆိုး)