ဖေဖော်ဝါရီဆယ်သုံး
ဆယ်ကိုးဆယ်ငါးမှာ သူမွေးဖွားလာ
လွတ်လပ်တဲ့ဗမာပြည် ငါတည်ဆောက်မည်
အောင်ဆန်းရဲ့ကြွေးကြော်သံ..........
သူ.ကျွန်ဘ၀ ရောက်နေတဲ့ ဗမာပြည်သား
ဒီနိုင်ငံကို ကယ်တင်မယ် သူရည်ရွယ်ကာ
အသက်စွန့်ကာ သူကြိုးပမ်းတယ် လွတ်လပ်ရေးအတွက်
သွေးမြေကျခဲ့ လွတ်လပ်ရေးရဲ့ အရသာ
သူမခံစားခဲ့ရပါ.......
ဒီကနေ့ ဒီအချိန် ငါတို့လက်ထဲ
ရရှိခဲ့ပြီ ဒီမိုကရေစီ
ပိုင်ဆိုင်နေပြီ လွတ်လပ်တဲ့တိုင်းပြည်
ပြည်သူအပေါ်ရင်ဝယ်သား သူထားတဲ့မေတ္တာတရား
ဗိုလ်အောင်ဆန်းတဲ့ သူ.နာမည်
ငါ့ရင်ထဲမမေ့နိုင်ဘူး အများရင်ထဲမမေ့နိုင်ဘူး...
အားလုံးရင်ထဲ ခဏလောက်ဝင်ကြည့် အောင်ဆန်းရှိနေမည်
လွတ်လပ်တဲ့ ဗမာပြည်သားတိုင်း မမေ့အပ်ပါသည် အောင်ဆန်းဂုဏ်ရည်
ပြန်မြင်ယောင်နေမိ
သူ.ရဲ့အားမာန်
သူ.ရဲ့အပြုံးတွေ
သူ.ရဲ့ပုံရိပ်များ
မျိုးဆက်သစ်
လူငယ်များကြား
ထာဝရ ရှင်သန်နေတော့မည်။
2012 ဖေဖော်ဝါရီ(13)ရက်နေ့မှာကျရောက်သော ဗိုလ်ချုပ်အောင်ဆန်းဧ။်(97)နှစ်ပြည့်မွေးနေ့အမှတ်တရ။