အသွေးအသားထဲအထိ့ စိမ့်ဝင်လာတဲ့ဒီအအေးဓာတ်ကြောင့် ကျွန်တော်အရမ်းချမ်းနေခဲ့တယ် ။ ဒါပေမဲ့ ဒီဆီနှင်းတွေကြားထဲမှာပဲ
ကျွန်တော်ဒူးထောက်နေချင်တယ်လေ ။ နွေးထွေးစွာနဲ့ပွေ့ဖတ်ယူမဲ့ နေခြည်နုနုကိုလဲ ကျွန်တော်မမျှော်လင့်ပါဘူး ။ ပြီးတော့ သန်းခေါင်း
ယံညကြောင့်တိတ်ဆိတ်နေမဲ့ အထီးကျန်မှု့ကိုလဲတွေးမကြောက်တော့ဘူး ။ အနားကိုတိုးကပ်လာမဲ့သူမရဲ့ခြေသံတွေကိုပဲ နားစွန့်ရင်း
ကောင်းကင်ကြီးကိုပဲမော့ကြည့်နေမိ့ခဲ့တယ် ။ ဟော . . . ဟိုမှာကြယ်ကလေးတပွင့်ကြွေသွားပြီ ။ ( သူ့အတွက် ) နေကောင်းပါ
စေလို့ နှုတ်ဖျားကနေခတ်တိုးတိုးလေးရွတ်ဆိုလိုက်တဲ့အချိန်မှာပဲ ကျွန်တော့်ရဲ့ပါးပြင်ထင်မှာတော့ မျက်ရည်တစက်က “ ပေါက် ” ခ
နဲ့ပါပဲ ။
*******************************************************
“ ရှင်ကျွန်မကိုမချစ်ပဲနေနိင်မလား ဒါဆိုရင်တော့ ရှင်က ကျွန်မရဲ့သူရဲကောင်းပဲ ”
“ ကိုသူရဲကောင်းမဖြစ်ချင်ဘူး မင်းကိုမြတ်နိုးမိ့တယ်ဆိုတာ သူရဲကောင်းဖြစ်ဖို့အတွက်မှမဟုတ်တာ ”
“ အင်း ရှင်တို့ယောကျာင်္းတွေက အတော်ရယ်ရတာပဲ ကျွန်မကိုတော့ ပုံပြင် ၀တ္တုတွေထဲကလို ဇာတ်သိမ်းခန်းမှာသေချာပေါက်
ပေါင်းရမဲ့သူလို့တွေးထင်မထားနဲ့နော် ”
“ မဟုတ်ဘူး ဒီလိုမဟုတ်ပါဘူး မင်းအဓိပယ်လွဲချော်နေတာပဲဖြစ်မှာပါ မင်းကိုမြတ်နိုးတယ်ဆိုတာ မင်းဘ၀တခုလုံးကိုချုပိနှောင်ထား
ဖို့အတွက်မှမဟုတ်တာ အမြတ်တနိုးတန်ဖိုးထားပြီးစောင့်ရှောက်ချင်တာ ဝေဒနာတွေကိုမျှဝေယူချင်တာ ဒါလေးတခုပါပဲ ”
“ ရှင်တို့ယောကျာင်္းတွေကအဲဒါပဲ ယုယမယ် ကြင်နာတယ်ဆိုတဲ့ သံယောဇဉ်နှောင်ကြီုးတွေနဲ့မလွတ်တမ်းတုတ်ချည်ပြီ နောက်ဆုံး
တော့ တန်ဖိုးထားပါတယ်ဆိုတဲ့ဘ၀က ဆုတ်ချာတဲ့ဇနပုဒ်ထဲများရောက်သွားရင်လဲ ကန်ထုတ်ဖို့ဝန်မလေးကြဖူးမို့လား ”
“ အဲဒါလဲမဟုတ်ဘူး တကယ်ချစ်တဲ့စိတ် တကယ်မြတ်နိုးတဲ့စိတ်သာ ရင်ထဲမှာသန္ဒေတည်နေခဲ့ရင် ကိုယ့်ချစ်သူအတွက် အဲဒီရင်ဘတ်
နဲ့ပဲ ကမ္ဘာကြီးကိုတောင်ထမ်းထားရဲ့တဲ့ အင်အားတွေရှိပါတယ် ”
“ ဟားးးး ရှင်တကယ်အပြောကောင်းတာပဲ ရှင်ထင်သလိုနှလုံးသားတိုင်းက မနုညံနိုင်ဘူးနော် ပြီးတော့ ကျွန်မနှလုံးသားကလဲစကား
တိုင်းအတွက်နာခံတတ်တဲ့အရွယ်မဟုတ်တော့ဘူး အင်းးး ဒါပေမဲ့ ပေါ့လေ ရှင့်ရင်ထဲကချစ်တတ်ခြင်းတွေကိုတော့ ကျွန်မစောင့်
ကြည့်ပေးပါ့မယ် အခုချိန်မှာတော့ ရှင့်အတွက်ကျွန်မပေးနိင်တာဒီတခုပါပဲ ”
မီးဇာကုန်ဆီခမ်းနေတဲ့ ကျွန်တော့်နှလုံးသားနယ်ပယ်တ၀ိုက်မှာတော့ မျှော်လင့်ခြင်းတွေက မီးခိုးတွေလိုဦးတည်ရာမဲ့စွာ လွင့်ပျံလျှက်-
“ ကျွန်မငယ်ငယ်တုန်းကဆို ဖြူဖြူဖွေးဖွေးလွင့်ကျနေတဲ့ နှင်းမှုံကလေးတွေဆိုအရမ်းသဘောကျတယ် ဒါပေမဲ့ အရမ်းအေးနေတာ
ကိုတော့မကြိုက်ဘူး ဒါကြောင့် ကျွန်မနှစ်သက်တဲ့ဒီနှင်းကလေးတွေကိုမြင်ရဖို့အတွက် နွေးထွေးတဲ့ရင်ခွင်အစုံကိုလဲအပိုဆုအဖြစ်နှစ်
သက်တတ်သေးတယ် ကျွန်မမေမေ့ကိုလွမ်းလိုက်တာ မေမေ့ရင်ခွင်ထဲကနေ ဒီနှင်းစက်လေးတွေကိုကြည့်ခဲ့ရလို့လေ ”
“ မင်းအဲဒီလိုတော့မပြောပါနဲ့ကွာ ကိုလဲဒီနှင်းမှုံလေးတွေမြင်ရင် မင်းကိုသတိ့ရမိ့သေးတာပဲလေ ဘာကြောင့်များကိုယ့်ရင်ခွင်ကိုခိုလှုံဖို့
စိတ်ကူးမယဉ်မိ့တာလဲဟင် ”
“ မတူဘူးလေ ကျွန်မကမေမေ့ရင်ခွင်ထဲမှာနေချင်လို့ ဒီနှင်းကလေးတွေကိုမြတ်နိုးနေမိ့တာ ချစ်ခြင်းဆိုတာကလဲမိ့ဘမေတ္တာကလွဲလို့
မခိုင်မြဲဘူးလို့ပဲကျွန်မထင်တယ် ဒါကြောင့်ကျွန်မမယုံနိင်သေးတဲ့ တစိမ်းတယောက်ရဲ့အချစ်ကိုအချိန်အတိုင်းအတာတခုအထိ့စောင့်
ကြည့်ချင်သေးတယ် ကဲ ရှင့်ရဲ့ကျွန်မအပေါ်ထားတဲ့အချစ်ကို ကျွန်မယုံကြည်လာတဲ့တနေ့အထိ့သက်သေပြနိင်မလား ကျွန်မ
မယုံကြည်တဲ့အချစ်တခုကို ကျွန်မယုံကြည်လာတဲ့အချိန်အထိ့သက်သေပြဖို့က ရှင့်မှာတာဝန်ရှိတယ်လေ ”
နှင်းမှုံနှင်းစက်တွေကြားထဲကနေ တိုးဝင်ပျောက်ကွယ်သွားတဲ့ သူမရဲ့ခြေသံတွေဟာ ဘယ်အချိန်မှပြန်ပေါ်လာမယ်ဆိုတာ ကျွန်တော်
မသိ့ပေမဲ့ လဲ အဲဒီအချိန်အတိုင်းအတာတခုကိုပဲ ရှုးမိုက်စွာနဲ့ကျွန်တော်မျှော်နေတော့မယ်လေ ။ နွေးထွေးတဲ့ရင်ငွေ့တရိုက်နဲ့နင့်မျော
နေစေဖို့အတွက် ကျွန်တော့်ရဲ့မျက်ရည်တပေါက်နဲ့တင်လုံလောက်နေပါပြီ ဒါကို သူဘာကြောင့်များမမြင်နိင်ခဲ့သလဲဆိုတာကိုတော့ .
. . . . ။
*************************************************
အသွေးအသားထဲကို ထိုးဖောက်ဝင်ရောက်လာတဲ့ ဒီအအေးဓာတ်ကြောင့် ကျွန်တော်အရမ်းပဲအေးချမ်းနေခဲ့ပါတယ် ။ အခုချိန်ထိ့
ကျွန်တော့်အနားကိုပြန်မလာသေးဘူးလေ ။ အလွမ်းတခုအတွက် ပုံဖော်သက်သေပြနေတဲ့ ကျွန်တော့်ရဲ့သက်သေပြချက်တွေထဲမှာ
ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ကြယ်ကလေးတွေကိုရေတွက်ကြည့်နေတာလဲပါတယ် ။ ဟုတ်တယ် ကျွန်တော်ယုံကြည်တယ် ။
ကျွန်တော်ရေတွက်နေတဲ့ကြယ်ပွင့်ကလေးတွေ ၁၅၀၀ မပြည့်ခင် သူကျွန်တော့်အနားကိုရောက်လာမှာပါ ။ ၁၅၀၀ မပြည့်ခင်ရောက်
လာမဲ့တပွင့်ထဲသောနောက်ဆုံးကြယ်ကလေးကတော့ ကျွန်တော်ချစ်တဲ့သူပဲပေါ့ ။ ကျွန်တော်ယုံကြည်အောင် ( လိမ်ညာမှု့နဲ့ပဲဖြစ်ဖြစ် )
တချက်လောက်ဖြေသိမ့်ပေးပါလား ။ သူကျွန်တော့်အနားကို လှမ်းလာနေပါပြီနော် ။ ဟုတ်တယ် သူကျွန်တော့်ဆီကိုပြန်လာမှာပါ ။
ကျွန်တော်ဒီလိုပဲမျှော်လင့်နေမိ့တယ်လေ . . . . ။။
= နှလုံးသားဖြင့်ရင်း၍ - ( မင်းဆက်ဆက်ခ )