ချစ်ယွန်းဂျေဂျေ...
လွမ်းနေရသူရဲ့ ....အငိုမျက်ဝန်
မွန်းကြပ်နေတဲ့ ... ရင်ခုန်သံ
ကာရံမညီတော့တဲ့ သီချင်း
အသွားမလှတဲ့ ကဗျာ...
နားဆင်သူမရှိတဲ့ ကိုကို့ နှလုံးခုန်သံတွေနဲ့
အင်းအားမဲ့စွာ ရှင်သန်နေရတယ်.. ဂျေလေးရယ်
ဝေဒနတွေကို.. ဖြေသိမ့်ဖို့ရာ ရင်ခွင်မရှိ..
ငိုကြွေးခြင်းနဲ့သာ ကုစား
လွမ်းရက်တွေဆက် ...သောကတွေတက်
အပူဓါတ်တွေ ရင်ခွင်ထဲမှာ
ကမ္ဘာကြီး မီးလောင်သလို ... လောင်းကျွမ်း
ငြိမ်းသတ်မယ့်သူ... မရှိဘူး ကိုကို အချစ်ဆုံလေးရယ်...
မျက်ရည်တွေကို တိုင်တည်
နာကျင်ဝေနာတွေကို အရင်းပြု
မျှဝေခဲ့ဖူးတဲ့ ချစ်ခြင်းမေတ္တာ
ဘဝနှစ်ခုခြားခဲ့ပေမယ့်... ကိုကို မမေ့ခဲ့ပါဘူး ဂျေလေးရယ်....
ရင်ဝယ်စကား .. ပြောလိုငြားလည်း
မကြားနိုင်သူ.. ကိုကို အချစ်ဆုံးရေ့
ဆုံတွေ့နေကြ နေ့လယ်အချိန်တိုင်း
မျက်ရည်ဝိုင်းနဲ့ ... မလာနိုင်သူုကို
မျှော်နေမိတယ်... သိပါဦးမလား ဂျေလေးရယ်...
္တ
အမြဲပြောခဲ့.. ချစ်ကြောင်းကြင်နာ
မေတ္တာတရားတွေ.. ကျောက်ဖြစ်ရုပ်ကြွင်း
ခန္ဓားယွင်းလဲ... ရင်ထဲတည်ကြောင်း
စကားလက်ဆောင် ပါးလိုက်ပါတယ်..
ကြားနိုင်ပါစေ.... ကိုကို အချစ်ဆုံးလေးရေ...
ချစ်လျှက်နဲ့ခွဲရ.. ကံဆိုးလှတဲ့
ကိုကိုတို့ဘဝ ... ဒီမျှနဲ့သာ
ကြေအေးလိုကြောင်း... မြတ်ဘုရားမှာ
ဆုတောင်းလိုက်တယ်..
ဂျေလေးရေ့..... အမျှ အမျှ အမျှ.....
ကိုကို အရမ်းချစ်ရပါသော
ဂျေလေးအတွက်... (၁၄၊ဗုဒ္ဓဟူး၊၂၀၁၁ အချိန် မနက် ၁၂း၁၄)
ကိုကို