မိုက်ခရိုပရောဘလမ်နှင့် လူများစု
ပြည်သူလူထုအတွင်း ပုံဏ္ဍာန်မျိုးစုံနှင့် ဘဝရပ်တည်ရုန်းကန်လှုပ်ရှားနေကြရသည်ကို သိမှသိကြပါလေစ။ထိုထဲကတစ်ခု-ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းခြင်းမပြရသည်ကိုလည်းကောင်း၊ဖမ်းဆီးအရေးယူသည်ကိုလည်ကောင်း ပြည်သူများသိရှိပြီးဖြစ်သည်။ဖမ်းသူကလည်းဖမ်းသည်။စီးသူကလည်စီးသည်။ဖမ်းလို့ဟူသော အကြောင်းပြချက်ဖြင့်စီးသူတွေ လျှော့မသွား။သို့ဆိုလျှင် ဖမ်းစီးခြင်းသည် အပျော်လေလာ။အားကစားလာ ထင်မှတ်မှားစရာ။
မော်တော်ဆိုင်ကယ်စီးနင်းသူများကို အုပ်စုခွဲကြည့်လျှင်-----
(၁) ကိုယ်ပိုင်ဆိုင်ကယ် ကိုယ်ပိုင်စီးနင်းသူများ
(၂) ကိုယ်ပိုင်ဆိုင်ကယ်ဖြင့် ကယ်ရီ မောင်းနှင်သူများ ဟူ၍တွေ့ရမည်။
ကိုယ်ပိုင်ဆိုင်ကယ် ကိုယ်ပိုင် စီးနင်းသူများ
အများအားဖြင့် (ကညန)တွင် ယာဉ်မှတ်ပုံတင်ထားပြီး တရားဝင်ဖြစ်အောင်ဆောင်ရွက်ထားကြသည်။၎င်းတို့သည် မိသားစုပိုင်လုပ်ငန်းတွင်လည်းကောင်း၊လူမှုရေးဆိုင်ရာလုပ်ငန်းတို့တွင်လည်းကောင်း မော်တော်ဆိုင်ကယ်များကို အသုံးချဆောင်ရွက်နေရသည်။ထိုအထဲတွင် ယာဉ်မှတ်ပုံတင်မထားသော လိုင်စင်မဲ့ဆိုင်ကယ်များလည်း ပါဝင်သည်။
မော်တော်ကား မဝေယ်နိုင်သော လူတန်းစားများအတွက် မော်တော်ဆိုင်ကယ်သည် အလွန်အထောက်အကူပြုသော စက်တပ်ယာဉ်ဖြစ်သည်။တားမြစ်ဧရိယာအတွင်း ဖမ်းဆီးခံရသဖြင့် ချက်ချင်းပြန်လည်အစားထိုးဝယ်ယူနိုင်ရန်မတတ်နိုင်။တစ်စီးလျှင် သုံးသိန်းမှ လေးသိန်းကြားရှိနေသည်။မိသားစု နေ့စဉ်လုပ်ငန်းဆောင်တာများတွင်များစွာခက်ခဲရသည်။
လူ့သဘာဝအရ မိမိတို့အတွက် အကျိုးတစ်စုံတစ်ရာ ပြုနေသော ကိစ္စကို နှောက်ယှက်ဖျက်ဆီး သူကိုရွံ့မုန်းမည်။တည်ဆဲအမိန့်ညွှန်ကြားချက်ကိုတည်ဆဲအစိုးရက တာဝန်ခံရသည်။ပြည်သူနှင့်အစိုးရကြားပဋိပက္ခအသွင်ဆောင်စေသည်။
ကိုယ်ပိုင်ဆိုင်ကယ်ဖြင့်ကယ်ရီ မောင်းနှင်သူများ
အများစုသည် လိုင်စင်မဲ့များသာဖြစ်သည်။လိုင်စင်မဲ့ဟုဆိုသော်လည်း အလွယ်တကူ မိမိတို့ ပတ်ဝန်းကျင်တွင်သာဝယ်ယူနိုင်သည်။မိမိတို့ ပတ်ဝန်းကျင်သို့ အလွယ်တကူ လိုင်စင်မဲ့ဆိုင်ကယ်များရောက်ရှိလာခြင်းသည် အုပ်ချူပ်ရေးပိုင်းဆိုင်ရာ အဂတိ လိုက်စားမှုသရုပ်ကို ပီပြင်စွာမြင်ရခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော ရန်ကုန်တိုင်းသည် နယ်စပ်မဟုတ်သောကြောင့်ဖြစ်သည်။
ကယ်ရီမောင်းနှင်သူများသည် အပျော်မောင်းနှင်နေသည်မဟုတ် မိသားစု စားဝတ်နေရေးအတွက် မနက် ဝေလီဝေလင်းမှ ညဥ့်နက် သန်းခေါင်းကြားအပင်ပန်းခံ ငွေရှားနေခြင်းကို မမေ့ရာ။
သူတစ်ပါးထံမှ ဆိုင်ကယ်ငှားပြီး ကယ်ရီမောင်းနှင်သူများ
မိသားစုဘဝတွင် ဆိုင်ကယ်တစ်စီးဖိုးပင်မရှိ အငှားယူပြီး အုံနာခပေးကာ မောင်းနှင်၍မိသားစုစားဝတ်နေရေးဖြေရှင်းနေသူတွေဖြစ်သည်။ခိုးဆိုးနှိုက်ဘဝမှ မိမိတို့ ကိုယ်ကိုယ် ရွေးနှုတ်နေသူတွေဖြစ်သည်။
အုံးနာခ (၁)ရက်လျှင် ၂၀၀၀ိ/၂၅၀၀ိ/၃၀၀၀ိ/စသဖြင့် အမျိုးမျိုးပေးနေရသည်။ဆိုင်ကယ်စက်ပိုင်းဆိုင်ရာတောင့်တင်ကြံ့ခိုင်မှုနှင့် ဆိုင်ကယ်အမျိုးအစားလိုက် အုံနာခ တွေကွာသည်။
၎င်းတို့နောက်ကွယ်တွင် မှီခိုစားသောက်သူ သုံး-လေး-ငါးဦးအနည်းဆုံးရှိနေပြီး ဆိုင်ကယ် ဆီးဖိုး/အုံနာခ အပို ကျန်ကာမှ စားဝတ်နေရေအဆင်ပြေသည်။ ဆင်းရဲမွဲတေမှုပပျောက်စေရေးဟူသော အသံသည် ဆင်းရဲမွဲတေသူများ သေးဆုံး ပပျောက်စေရေးမဟုတ်ဟုယူဆပါသည်။
မော်တော်ဆိုင်ကယ်စီးနင်းခြင်းကိုခွင့်ပြုလျှင်
(၁) မော်တော်ဆိုင်ကယ်လက်ဝယ်ရှိသူသည် နီးစပ်ရာ ကညနရုံးများတွင် မှတ်ပုံတင်ရန်
(၂) ယာဉ်မောင်လိုင်စင်လုပ်ကြရန်
(၃) မော်တော်ဆိုင်ကယ်တွင် ရှိသင့်သည့် ပစ္စည်းများပါဝင်ရန်
(၄) မော်တော်ဆိုင်ကယ်စီးနင်းခြင်းဆိုင်ရာ စည်းကမ်းသက်မှတ်ချက်များ---
ဥပမာ- ဦးထုပ်ဆောင်းခြင်း
လူဦးရေး
အမြန်နှုန်း
တားမြစ်လမ်း
ကုန်စည် ပမာဏ စသဖြင့်..........
မိုက်ခရိုပရောဘလမ်
ဘာမဟုတ်သော ဆိုင်ကယ်စီးနင်းခြင်းကိစ္စသည် ပီဘိ သေးကွေးလှပါသည်။သို့သော် ဆင်းရဲမွဲတေလှသော လူစုကြီးကား ဦးရေးများလှသည်။စာသင်မည် ငွေချေးမည်ဟူသော် နည်းဖြင့်ဆင်းရဲမွဲတေမှုကြီးကို တိုတ်ဖျက်မည် ဆိုပါစို့-ချေးယူထားသော ငွေကို မည်သို့သုံးစွဲရမည်နည်း။အောက်ခြေလူထု ထွက်ပေါက်ကို သူတို့ဖာသာ ရှာဖွေနေသည် အစိုးရက စနစ်ချပေးပြီး နခမ်းပန်းနား(အနား)လုံးပေးရန်သာရှိသည်။ငွေချေးလျှင် ဆုံးမည်ဟု လက်တို့လိုက်ပါသည်။
ဆက်လက်စောင့်မျှော်ဖက်ရှုပါ
မှတ်ချက်=( မဲဆွယ်နေခြင်းမဟုတ်ပါကြောင်း အမျိုးသားအကျိုးစီးပွားကို ကြည့်ခြင်းတည်းဟူသော စေတနာကိုပီပီပြင်ပြင်မြင်ကြပါရန်)
----ဘွန်တော သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့ ဆွမ်းချက်ရန် ထတော်မူကြပါကုန်-----
ကိုလင်း(သလ္လာဝတီ)