ဖေဖေါ်ဝါရီ ၁၄ ရက် ၂၀၀၉ …မှုံ …ဘယ်တော့မှ မေ့လို့ မရတဲ့နေ့လေးပါ။ ဒီနေ့ဆို ၃ နှစ်ပြည့်မြောက်ခဲ့ပြန်ပါပြီ။ မဆုံစည်းနိုင်တော့တာ သေချာပြီးသားမို့ မေ့ထားခဲ့ပါသော်လဲ
ရင်ဘတ်ထဲက နာကျင်လာတယ်ချစ်သူရယ် ။ ဒါဏ်ရာက မကျက်သေးဘူးလေ။
ချစ်သူ ရယ် ..မင်းလဲ နာကျင်နေအုံးမှာပါ။ ဒီနေ့ မှုံ အွန်လိုင်းမ၀င်ချင်ဘူး။ ထာဝရ မီးမှိတ်သွားသော
မင်းအကောင့်လေးကို ဆို့ဆို့နစ်နစ်ကြည့်နေရအုံးမှာလေ။ ၃ နှစ် ဆိုတဲ့ အချိန်က ကိုယ့်ကို ကိုယ့် ရင့်ကျက်လာပြီထင်ခဲ့ပါတယ် ။ လက်တွေ့မှာ လွမ်းဆွတ်ဆဲပါလားနော် ။
မှုံတို့က ၂၀၀၉ ဗယ်လင်တိုင်းလေး တစ်ရက်ထဲသာ ချစ်သူဖြစ်ခွင့်ရခဲ့တာပါ။ ဖြူစင်ခြင်းအပြည့်နဲ့ မှုံတို့ နှစ်ယောက်ရဲ့ ဗယ်လင်တိုင်းလေး ….က ကြေကွဲစရာလေးပါ။ ဂျန်ရှင်းမော်တင် အပေါ်ဆုံးထပ်က ကော်ဖီဆိုင်လေးထဲမှာ တယောက်မျက်နှာ တယောက်ငေးကြည့် ရင်းပြီးဆုံးခဲ့ရပါတယ်။ နှုတ်က ပြောစရာမလိုပါပဲ မျက်ဝန်းထဲက စကားတွေနဲ့ တင် ရင်ဘတ်ချင်းနားလည်ခဲ့ကြပါတယ်။ ထိတွေ့မူ မရှိ အဖြူထည်သက်သက် ဖြူစင်လွန်းတဲ့ ချစ်ခြင်းတွေနဲ့ပါ။ မချောပေမဲ့ မင်းရဲ့ အပြုံးလေးတွေဟာ မှုံ နှလုံးသားကို
နွေးထွေး ကြည်နူးစေပါတယ်။ ကြည်ကြည်စင်စင်အပြုံးတွေကို မြင်ယောင်းလာရင်း မျက်ရည်မိုးတွေစွေ နေခဲ့ပါပြီ။ ဒီတစ်ရက်တေ့ ငိုရအုံးမယ်ထင်ပါရဲ့ ချစ်သူရယ် …… ရင်ဘတ်ထဲက လှိုက်လှိုက်လှဲလှဲကို လွှမ်းဆွတ်လို့ နေပါတယ် ……။
ချစ်သူ ရဲ့ လက်ဆောင်ရေမွှေးပုလင်းလေးက အတော်လေးတောင်ခန်းနေပြီပဲ။ ချစ်သူရယ် မှုံကလေ မင်းပေးထားတဲ့ ရေမွှေးလေးကို နေ့ရောညပါဆွတ်ခဲ့တာပါကွာ။ မှုံရဲ့ အိပ်ခန်းလေးထဲမှာ မွှေးပျံနေတဲ့ ရေမွှေးနံလေးက မှုံရဲ့ ဘေးမှာ မင်းရှိနေသလို စိတ်ကူးတွေရင် ခဲ့မိလို့ပါ။ မှုံ သေဆုံးသွားခဲ့ရင်တောင် လေ
မှုံရဲ့ ခန္ဒာကိုယ်က Burberry ရေမွှေးနံတွေ လှိုင် နေအုံးမှာအသေအချာပါပဲ။ မင်းပေးခဲ့တဲ့ရေမွှေးတွေက မှုံရဲ့ အသွေးအသားထဲထိ စိမ့်ဝင် နေလိုပါ။
ချစ်သူရေ ….မင်းရော မှုံ ကျွေးခဲ့ဘူးတဲ့ ချောကလက်လေးကို တမ်းတနေမှာလား ။ မင်းပြောခဲ့တဲ့ စကားတွေမှုံ ကြားယောင်မိတော့ အနည်းငယ်တော့ပြုံးလိုက်မိတယ် ထင်ပါရဲ့။
“ ချောကလက်တွေက များလှကြီးလားတဲ့ … ” တဲ့ ….
သူက ရိုးရိုးပြောပေမဲ့ မှုံက ၇ှက်ရသူပေါ့ ။ ဟုတ်တာပါပဲ မှုံဝယ်လာတဲ့ ချောကလက်တွေက သူ တလလောက်စားတောင်မကုန်နိုင်ပါဘူး ။ မှုံ ..စိတ်ပူမိတာက အနောက်နိုင်ငံမှာ ကြီးပြင်းခဲ့တဲ့ ချစ်သူ ..မှုံတို့ မြန်မာနိုင်ငံက ချောကလက်စားနိုင်ပါမလားလို့ ။ ဒါပေမဲ့ ..မက်မက်မောမော စားပြခဲ့လို့ ကြည်နူးမိပါတယ် ချစ်သူရယ် ။
အွန်လိုင်းပေါ်မှာ တွေ့ခဲ့ကြပေမဲ့ …မှုံတို့နှစ်ယောက်ရဲ့အချစ်က နက်နဲ့ခဲ့ကြပါတယ်။ ကံကြမ္မာက ရက်စက်လိုက်တာ။ ပေါင်းစည်းလို့မရတဲ့ နှစ်ယောက်ကိုမှ ပေးတွေ့ခဲ့တယ်လေ။ အွန်လိုင်းပေါ်က အချစ်ကို မယုံကြည်ခဲ့တဲ့ မှုံ့ ကို လောကကြီးက ကြည်စားလိုက်တာထင်ပါရဲ့။ မယုံကြည်ခဲ့တဲ့ လေလှိုင်းကြားက အချစ်က မှုံရဲ့ အသဲကို ခွဲ သွားခဲ့ပြီလေ။
အွန်လိုင်းမှာ ချစ်သူ မထားဘူး ဆိုတဲ့ မှုံ စိတ်ဓါတ်ကြောင့်…သူ ..ခတ္တပြန်လာ ခဲ့ပါတယ် ။
မဖြစ်နိုင်မှန်းသိပေမဲ့လဲ နှလုံးသားရဲ့ တောင်းဆိုမူကြောင့် မှုံ့ တို ချစ်သူ တစ်ရက်တိတိဖြစ်ခဲ့ရပါတယ် ။
၁၄ . ၂ . ၂၀၀၉ ချစ်သူများနေ့မှာ စခဲ့တဲ့ အချစ်ဇာတ်လမ်းလေးဟာ အဲ့ဒီနေ့မှာ ပြဲပီးဆုံးသွားခဲ့ရပါတယ် ။
ဒါပေမဲ့ ချစ်သူ နှစ်ယောက်ရဲ့ ရင်ထဲမှာတော့ မပြီးဆုံးနိုင်သေးပါဘူး ။ စွဲထင်ကျန်ရစ်နေတုန်းပါ။
နှစ်ချို့ ...အလွမ်း......
မေ့ထားခဲ့ပါသော်လဲ……..
ဒါဏ်ရာက ရှိပြီးသားမို့ …..
ပြင်းပြင်းပြပြ…. လွမ်းဆွတ်….
တမ်းတမ်တတ …. ငိုညည်း…
ဆွတ်ဆွတ်ပျံပျံ ..နာကျင်ဆဲပါ ချစ်သူရယ် …..
မမြင်နိုင်တဲ့ …..
လေထုထဲက ..ချစ်သူက ….
မှုံ့ အသဲမှာ …..
နက်နက်နဲနဲ ……
နေရာယူသွားခဲ့ပါတယ် …….
ရာသီတွေ …..
သုံးခါ ….တိတိ ….
ပြောင်းခဲ့ပါသော်လဲ…..
နှစ်ချို့ ..အလွမ်းတွေက …..
သဲသဲမဲမဲ …..
စွဲစွဲ လမ်းလမ်း ….
မူးယစ်….တမ်းတလို့ …..
ချစ်နေဆဲပါ …..ချစ်သူရယ် ….
ချစ်သူများနေ့မှာ ..ပျော်ရွှင်နိုင်ပါစေ .......
ဆန္ဒမွန်ဖြင့် .....
မှုံနံ.သာဖြူ ....