ဒီနေ့ ဒီရက် ဒီရက်ထူး မှာ
ချစ်သူ ခင်သူ ကြင်သူများဖြင့်
မြင်သူလည်းငေး ရင်မှာထွေးရတယ်
ပျော်မြူးသူအဖို့သာ
ဒီနေ့ ဒီရက် ဒီအချိန်လေးမှာ
ချစ်သူ ခင်သူ ကြင်သူဝေးလို့
ရင်ပူဆွေးတယ် မဖြေသာဘူး
အရင်သူ မေ့မရသူဖို့သာ
သြော် ... ဒီနေ့ ဒီရက် ဒီအချိန်အခါကို
............ပြန်ပြောင်းအောင့်မေ့ ဆွေး..တသ.. သ
............ရင်မှာထွေးထားရင် ဘ၀င်ရယ် မငြိမ်းပါဘူး
............တမင်ရယ် စိမ်းကာကူးသွားတဲ့ ဝေဒနာပေးသူကို
............ရင်ဝယ်လွမ်းလျှ တသသနဲ့ ........ငါ......ဆွေးနေလည်း
............ပန်းပေါင်းတစ်ထောင် နှင်းဆီခိုင်ဖူး ရင်မှာထွေးထားမဲ့
............ကြင်သူရိုင်းလေးဟာ ချော့ကလက် တစ်ဒါဇင်နဲ့
............ရင်ခွင်ကူး သွားအုံးမှာ.......ငါ........သိနေလည်း
............ချော့ကလက် ချိုချို မနောဟတ် ပိုပိုလေးနဲ့
............"ကိုကို" ခေါ်သံ.........ငါ......ကြားနေလည်း....အ..င်..း.
..........." ချစ်များနေ့" တဲ့လား ........ ရင်ခွင်ကူးတဲ့နေ့ပါ ...ကွာ
........