မြင်လို့မတော် ကြားလို့မှကောင်းကြသေးရဲ့လားဗျာ ။ fbဆိုတဲ့ facebook မှာသင်ကြည့်လိုက်ပါ လူငယ်တွေကို အမြင်မှားအောင်ပြုလုပ်နေကြတဲ့ အနုပညာကိုဗန်းပြ လိင်ဆွဲဆောင်ချက်တွေနဲ့နာမည်ရအောင်လုပ်နေတဲ့ပုံတွေ ကြည့်လို့မတော်မြင်၍မကောင်းဖြစ်နေကြတာ။တကယ်တော့အနုပညာရှင်တွေဆိုတာလူငယ်တွေရဲ့အားကျအတု ယူစရာဒီဇိုင်းတွေ နေထိုင်ပြောဆိုမှုတွေကို လုပ်ပြပြီးတိုင်းပြည်တစ်ခုရဲ့ ယဉ်ကျေးမှုနဲ့အညီ ခေတ်မှီစွာ နေထိုင်တက် သူတွေဖြစ်ရမှာပေါ့။
ခုတော့လူတွေစိတ်င်စားပြီး မိမိတို့နာမည်ကြီးလာအောင် မိမွေးတိုင်းဖမွေးတိုင်းမပေါ်ရုံတမယ် တစ်မျိုးဖော်ချွတ်ပြီး တစ်ဖုံ တင်ထားလိုက်တဲ့ပုံတွေက အနုပညာကိုဖော်ပြနေတာမဟုတ်ပဲ လူငယ်များအပေါ်မှာ လိင်စိတ်တွေနိုးဆွပေး နေကြသလိုဖြစ်နေတယ်။ အဲလိုလူတွေကလည်း ဒီလိုဖော်ချွတ်ထားနိုင်မှ လူသိများပြီး ထင်ပေါ်လာမယ်လို့ထင်နေကြပုံရပါတယ်။
မသိလို့မေးချင်ပါတယ်.......ဒါကို အနုပညာခေါင်းစဉ်အောက်မှာ ထည့်လို့ရပါသလား။ အဲလိုခေါင်းစဉ်တွေကိုတပ်ပြီးတော့ နာမည်ရအောင်လုပ်နေတဲ့သူတွေနဲ့ အဲလိုလုပ်ပြီးမှ နာမည်ကြီးလာတဲ့သူတွေရဲ့ ကိုယ်ကျင့်သိက္ခာတွေက ဘယ်လိုတွေလဲ ...... အဲလိုလူမျိုးတွေက လူငယ်တွေရဲ့စံပြ အတုယူစရာနဲ့ တိုင်းပြည် တစ်ခုရဲ့အမွေအနှစ်ကို ထိန်းသိမ်းပေးတဲ့သူတွေ ဖြစ်လာနိုင်စရာအကြောင်းရှိမှာ မဟုတ်ပါဘူး။ အဲလိုအနုပညာ ခေါင်းစဉ်အောက်က မကောင်းတာလုပ်စားနေတဲ့သူတွေကို အားကျအတုယူကြတဲ့ လူငယ်တွေရဲ အနာဂတ်က ကောင်းပါအုန်းမလား။ အင်တာနက်ပေါ်မှာ တင်နေကြတဲ့ပုံတွေက လုပ်ယူထားတာတွေလို့ ပြောစရာ ခင်ဗျာတို့ဘက်ကရှိကောင်းရှိမယ်။ ဒါပေမယ့်သေချာနေတာကတော့ ခင်ဗျာတို့လုပ်ရက်တွေက ငြင်းမရအောင် ဖြစ်နေတယ်ဆိုတာပဲ။ ကျွန်တော်ပုံ တွေနဲ့ အတူပြချင်ပါတယ်။
သို့သော်လက်ရှိတည်ရှိနေတဲ့ ဥပဒေတွေကို မလေးစားရာကျမှာ တစ်ကြောင်းတစ်ဦး တစ်ယောက်ထဲကို ပုတ်ခတ်ရာကျမှာ တစ်ကြောင်းတို့ကြောင့်....... ဥပမာပုံတွေမပြပဲ ပြောနေရခြင်းဖြစ်ပါတယ်။ သူတို့လို အနုပညာကိုလိင်အသားပေးဖော်ပြတဲ့သူတွေရှိသလို လိင်အသားပေးအောင်လို့ ပိုက်ဆံပေးပြီးကြေညာ ခိုင်းတဲ့ အနုပညာကိုချစ်မြတ်နိုးချင်ယောင်ဆောင်ပြီး လူငယ်တွေကို မကောင်းတဲ့လမ်းပို့ဆောင်ချင်နေတဲ့ စီးပွား ရေးသမားတွေကြောင့်လည်း မလုပ်ချင်ဘဲလုပ်နေရတဲ့ သူတွေရှိနေပြန်ပါတယ်။ ပိုက်ဆံပေးပြီးခိုင်းတဲ့ စပွန်ဆာတွေရယ် အနုပညာကိုဗန်းပြည်တန်ဆာလုပ်စားနေတဲ့ သူတွေနဲ့ကတော့ အရမ်းကို လိုက်ဖက်ညီနေပါတယ်။ သူတို့အကြောင်းတွေကြီးပဲပြောနေလို့မပြီးသေးဘူး။ ဒီနေ့fb စာမျက်နှာတွေထက်မှာ တွေ့နေရတဲ့ ခုခေတ်သမီးပျိုများရဲ့ တင်ရှိထားတဲ့ပုံတွေကတော့ ရာဇ၀တ်မှုကိုလက်ယက်ခေါ်နေသလို ယောက်ျား တွေကို မုဒိမ်းမှုတွေနဲ့ထောင်ထဲရောက်အောင် လုပ်နေသလိုဖြစ်နေပါတယ်။ ပြီးတော့ မြန်မာမိန်းကလေးတွေပါဆိုတဲ့ ယဉ်ကျေးသိမ့်မွေ့ခြင်းတွေ ဘယ်ရောက်ကုန်ပြီးလဲ။
အရှေ့ကအနုပညာ ဗန်းပြပြီး လုပ်သူတွေရဲ့နောက်ဆက်တွဲ လူငယ်တွေကအဲလိုလုပ်နေကြတော့ မိန်းမဆိုတာ ယောက်ျားတွေရဲ့စိတ် ထဲမှာ ဇိမ်ခံသဘောမျိုးသက်ရောက်သွားလိမ့်မယ်။ ဒီအကြောင်းတွေပြောနေရတာက ကျွန်တော်မှာနှမချင်းစာနာတက်တဲ့စိတ်ရှိလို့ ပြောနေရတာပါ။ ခုခေတ်မှာအတို တွေ အပြတ်တွေဝတ်တယ်ဆိုတာ မဆန်းပေမယ့် မိမိတို့ဝတ်တဲ့အခါမှာ မိမိတို့အရှက်နဲ့ ကိုယ်ပိုင်ပစ္စည်းလေးတွေ ကို လုံခြုံစေချင်တယ်။ ခုဂျာနယ်တွေထဲမှာတွေ့ရပြီး ကြေညာနေတဲ့ လိုင်းကားတွေပေါ်မှာ မိန်းကလေးတွေကို နှောင့်ယှက်ရင် ၀ီစီမှုတ်ပြီအကူအညီတောင်းခံနိုင်မယ့် ကူညီရေးအဖွဲ့လုပ်ဆောင်နေတာတွေကို လေးစားဂုဏ်ပြု ပေမယ့် သတိတော့ပေးချင်ပါတယ်.... မိန်းကလေးတွေကိုယ်တိုင်က လည်ဟိုက်တွေ ဟိုပေါ်ဒီပေါ်တွေဝတ် ကားကြပ်ကြပ်မှာတိုးစီးတော့ ဒီလိုတွေမဖြစ် ပဲရှိတော့မလား။ ဒီလိုကားကြပ်ကြပ်တွေမရှိရင် တစ်မျိုးပေါ့။
ကားတွေကြပ်မှန်းသိရဲ့နဲ့ မိမိရှိတာလေးတွေကို ထုတ် ပြထားချင်တဲ့သူတွေ အတွက်တော့ ဒီလိုတွေဖြစ်တာ မဆန်းပါဘူးဗျာ။ အဲလိုအတိုအပျက်အ၀တ်များတဲ့ နိုင်ငံတွေ မှာ မုဒိမ်းမှုက စက္ကန့်တွေ မိနစ်တွေနဲ့ အမျှဖြစ်နေတယ်ဆိုတာရော ခေတ်မှီသူလေးတို့သိကြပါရဲ့လား.... ဒီနိုင်ငံက အနုပညာကိုဗန်းပြပြီး မကောင်းတာလုပ်စားနေတဲ့သူတွေကို အားကျပြီး အတုမယူကြစေချင်ဘူးဗျာ။ မ၀တ်နဲ့မပြောပါဘူး ၀တ်ပါ...။ သို့ပေမယ့်လုံခြုံပါစေ။ အင်တာနက်ပေါ်မှာတင်ထားတဲ့ပုံတွေ ပြူးနေတဲ့ပုံတွေ ကြည့်မလား ၊ ပြဲနေတဲ့ပုံတွေကြည့်မလား စုံနေတာပဲ အရွယ်စုံဆိုဒ်စုံပဲ ။ သွားပြီးအနာဂတ်လူငယ်တွေရဲ့ဘ၀မြန်မာယဉ်ကျေးမှုတွေကို ပျက်စီးအောင်လုပ်လိုက်တာပဲ။
(ကျေးဇူးပြုပြီးတော့ မြန်မာလူမျိုးပီသစွာဖြင့် ကွန့်မန့်များကို ယဉ်ကျေးတဲ့စကားလုံးများဖြင့် ရွေးချယ်ပြောပေးကြဖို့
မေတ္တာဖြင့်ဖော်ပြလိုပါတယ်။ ဒီလိုပုံတွေကိုအားမပေးပဲ တိုက်ဖျတ်နေတဲ့ ကျွန်တော်တို့ရဲ့စကားတွေသည် ယဉ်ကျေးမှု
ရှိရှိဖြင့်ပြောပါမှ လူအများဖတ်ပြီး သဘောတူလက်ခံကြမှာဖြစ်ပါတယ်။)
(အပိုင်း- ၂) ကို ဆက်လက်ဖော်ပြပါမည်။