မိဘ နှစ်ပါး စောစောစီးစီး ဆုံးပါးသွားတဲ့ လူမမယ် ကလေးနှစ်ယောက်၇ှိတယ်....အဲ့ဒီ လူမမယ် နှစ်ယောက်မှာ ညီမရဲ့ တစ်ဦးတည်းသော မှီခိုအားကိုးရာက အစ်ကိုဖြစ်သလို အစ်ကိုရဲ့တစ်ဦးတည်းသော ဆွေမျိုးသားချင်းကလည်း ညီမပဲ ဖြစ်တယ်.....ဒါကြောင့် အကို ဖြစ်သူက ညီမလေးကို သူ့ကိုသူထက်ပိုချစ်ခဲ့တယ်...
ကံတရားက မတရားဘူးလို့ဆိုရ မလား....မှီခိုအားကိုးရာမဲ့တဲ့ သူတို့နှစ်ယောက်အပေါ် ကဒ်ဆိုးတစ်ခုကျရောက်ခဲ့ ပြန်တယ်...ညီမဖြစ်သူ အပြင်းဖျားနာခဲ့တယ်...ဆေးရုံတင်တော့ အသက်လုကယ်ဖို့သွေးလိုလာတယ်...ဆေး၇ုံက ဈေးကြီးပေးဝယ်ရတဲ့ သွေးကိုဝယ်ဖို့ ကောင်လေး မတတ်နိုင်ခဲ့ဘူး...ခွဲစိပ်ခတွေ ဆေးရုံက မယူပေမဲ့ သွေးမရှိရင် ညီမလေး အသက်ကိုကယ်တင်နိုင်မှာ မဟုတ်ဘူး....သွေးရင်းဖြစ်တဲ့ကောင်လေးရဲ့ သွေးက ကောင်မလေးနဲ့တူနေတယ်....
ကောင်မလေး အသက်ကို ကယ်တင်ဖို့ ကောင်လေးသွေးကို ယူမှဖြစ်တော့မယ်...ဆရာဝန်က သွေးဖောက်ချိန် နာကျင်တာကို ခံနိုင်သလား...သွေးလှုဖို့ သတ္တိရှိလား လို့ ကောင်လေးကိုမေးတယ်....ဆယ်နှစ်ကျော်ကျော်သာ ရှိသေးတဲ့ ကောင်လေးက ဆရာဝန်ရဲ့ အမေးကို စဉ်းစားဟန်တချက်ပြုပြီး ခေါင်းညိမ့်တယ်...ညီမလေး အတွက်လိုနေတဲ့ သွေးကိုသူ လှုမယ်.....
သွေးဖောက်တဲ့ အချိန်ကောင်လေး တချက်မတွန့်ခဲ့ဘူး...ဘေးကုတင်က ညီမလေးကို ကြည့်ပြီး သူပြုံးနေခဲ့တယ်....လိုအပ်နေတဲ့ သွေးတွေဖောက်ယူပြီးတော့ တုန်ယင်နေတဲ့ အသံနဲ့ ဆရာဝန်ကို မေးတယ်....ဆရာ ကျွန်တော့် အသက်ဘယ်လောက်ပဲ ခံတော့ မလည်း ဆရာ...
ကောင်လေးရဲ့ မသိနားမလည်တဲ့ အမေးကို ဆရာဝန်ရယ်ချင်ခဲ့တယ်...ဒါပေမယ့် ကောင်လေးရဲ့ သတ္တိကြောင့် ရုတ်တရက် ဆရာဝန် တုန်လှုပ်သွားမိတယ်...အသက်ဆယ်နှစ်ကျော် ကောင်လေးရဲ့ အသိဥာဏ်ထဲမှာ ခန္ဓာကိုယ်ထဲက သွေးတွေကို ထုတ်လိုက်ရင် သေမယ်ထင်ထားခဲ့တာတောင် သူ့ညီမလေး အတွက်သွေးတွေပေးခဲ့တယ်...သူ့ အသက်အသေ ခံပြီး ညီမလေး အတွက်သွေးတွေ ပေးခဲ့မယ်လို့ လည်း ဆုံးဖြတ်ခဲ့ ပုံရတယ်....ညီမလေး အတွက်သတ္တိတွေ သူထုတ်ခဲ့တယ်...
ဆရာဝန်က ကောင်လေးရဲ့ လက်ကို ကြင်ကြင်နာနာ ဆုပ်ကိုင်ပြီး..စိတ်ချပါ မင်းမသေ နိုင်ပါဘူး..သွေးလှုတာ အသက်မသေနိုင်ပါဘူး...လို့ပြောတော့ ကောင်လေး ရဲ့မျက်လုံးတချက် လက်သွားပြီး ဆရာဝန်ကို ပြန်မေးတယ်.....တကယ်လား ဆရာ ဒီလိုဆိုရင် ကျွန်တော်ဘယ်နှနှစ် အသက်ရှင်နိုင်သေးလည်း ဆရာ......
အသက်(၁၀၀) မင်းက ကျမ်းမာတော့ အသက်(၁၀၀) အထိ ရှင်နိုင်ပါတယ်....လို့ပြုံးပြီး ပြန်ဖြေတယ်..ဆရာဝန် စကားကြားတော့ ကောင်လေး ပျော်ပြီး ထခုန်တယ် ကိုယ်ဘာမှမဖြစ်နိုင်ဘူး ဆိုတာသိရတော့ အခုန ကဖောက်ထားတဲ့ လက်မောင်းကိုပင့် ခေါင်းကိုမော့ပြီး ဆရာဝန်ကို တလေးတစား ပြန်ပြောတယ်......
ဆရာ ဒီလိုဆိုရင် ကျွန်တော်ကိုထဲက သွေးတွေ တဝက်ဖောက်ပြီး ညီမလေးကိုပေးလိုက်ပါ...ကျွန်တော်တို့နှစ်ယောက် အသက်(၅၀) စီပဲ ရှင်မယ်...
ကောင်လေးရဲ့ စကားကြားတော့ လူနာဆောင်ထဲက လူတွေအားလုံး အံ့သြတုန်လှုပ်သွားကြတယ်...ဒါဟာ ကောင်လေးရဲ့ လက်လွှတ်စပယ် ဝန်ခံမှု မဟုတ်ဘူး...ဒါဟာ လူသားတွေထဲက တကိုယ်ကောင်းဆန်စိတ် အကင်ဆုံး အဖြူစင် အသန့်ရှင်းဆုံး ဂတိပဲဖြစ်တယ်...............
..........................................................................................................................................
..................................................................................................................
နိုင်းနိုင်းစနေ ဘာသာပြန်လေးပါ.....
ဝေမျှ ပေးပါတယ်.....ပျော်ရွှင်ကြပါစေ........
↧
~~အဖြူစင်ဆုံးမေတ္တာ~~
↧