မိန်းကလေးတစ်ယောက်အတွက် ဘ၀ဆိုတာဘာတွေနဲ့တည်ဆောက်ထားသလဲ။
မိန်းကလေးတယောက်အတွက်ဘ၀က တကယ်ကို အရေးကြီးပါတယ်။
ကိုယ့်စိတ်အပေါ်မှာလည်းမူတည်တယ်၊မိန်းကလေးတေယောက်အတွက်ငွေကြေးကအဓိကလား
ပစ္စည်းဥစ္စာကအဓိကလား၊ဂုဏ်ပကာသနကအဓိကလား၊ ဣနြေ္ဒသိက္ခာအဓိကလား၊အရှက်ကအဓိကလား။မိန်းကလေးတယောက်
အသက်ရှင်ဖို့အားလုံးကအရေးကြီးပေမယ့် တကယ်တမ်းတော့ မိန်းကလေးတစ်ယောက်မှာ ဣနြေ္ဒအရှက်သိက္ခာဆိုတာ အရေးအကြီးဆုံးအရာပါ။ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို ဣနြေ္ဒအရှက်သိက္ခာဆိုတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့အရာနဲ့မိန်းကလေးတယောက်တန်းဖိုးကိုလူတွေကတိုင်းတာကြတာပါ။
ဘယ်နိုင်ငံမှာဖြစ်ဖြစ်၊ ဘယ်ယဉ်ကျေးမှုမှာဖြစ်ဖြစ် ဣနြေ္ဒအရှက်သိက္ခာဆိုတာ
တန်ဖိုးထားနေကြတဲ့အရာပါ။ ယခုခေတ်စားနေတဲ့ကိုရီးယားနိုင်ငံခြားဇာတ်လမ်းတွဲတွေ
ကိုကြည့်အားကျပြီးတော့
အတုလိုက်ခိုးကြတယ်ဆိုရင် သူတို့တွေရဲ့ အချစ်ဇာတ်လမ်းတွေ၊ဘယ်လိုဝတ်တာဘယ်လိုစားသောက်တာအဲဒါတွေကိုပဲကြည့်နေမယ့်
အစားသူတို့အပြုအမူ၊သူတို့အနေအထိုင်၊သူတို့အပြောအဆို၊
သူတို့ယဉ်ကျေးမူဓလေ့ထုံးစံတွေကိုအတုယူသင့်တယ်။
သူတို့ဘာကြောင့်တိုးတတ်နေလည်း၊သူတို့ပညာကငါတို့ထက်သာနေလည်းအတုယူသင့်တယ်။
အခုခောတ်မိန်းကလေးတွေ တော်တော်များများဟာ အဲဒါတွေကိုလျစ်လျူရှုထားတတ်နေကြပါတယ်။
အခုခောတ် ရည်းစားရှိတဲ့ မိန်းကလေးတော်တော်များများကတော့
သူတို့ရဲ့ရည်းစားတွေကို ချစ်လို့အလွယ်တကူ လိုက်လျောတတ်ကြပါတယ်။
လိုက်လျောတယ်ဆိုတာချစ်တာနဲ့တစ်ခြားစီပါ။ ချစ်လို့လိုက်လျောမိတယ်ဆိုတာမှန်ပေမယ့်
ကိုယ့်ရဲ့ဣနြေ္ဒအရှက်သိက္ခာအတွက် ထိန်းသိမ်းရမယ့်တာဝန်က ကိုယ့်မှာပဲရှိတာပါ။
တကယ်လို့ ကိုယ်ချစ်သူနဲ့ကိုယ် လက်မထပ်ဖြစ်ခဲ့ရင်တကယ်လို့အကြောင်းအမျိုးမျိုးကြောင့်
လက်မထက်ဖြစ်ခဲ့ရင်မိန်းကလေးတစ်ယောက်အတွက်တော့ ဘ၀ပျက်တာပါပဲ။ မိန်းကလေးတော်တော်များများကအခုခောတ်မှာဆေးဝါးတွေပေါတာပဲဘာဖြစ်လည်း
ဒါဟာလူကျင့်ဝတ်ဖေါက်ဖျက်တာပါပဲ။ ကိုယ်သာဒီလူနဲ့ ပြတ်သွားလို့ နောက်တစ်ယောက်နဲ့
ကိုယ်တကယ်လက်ထပ်ရတော့မယ်ဆိုတဲ့လူနဲ့တွေ့အခါ ကိုယ်လိပ်ပြာကိုယ်သန့်ပြီး နေနိုင်ပါ့မလား။
ကိုယ့်ကိုကိုယ် အသိဆုံးပဲနေမှာပါ။
ဒါကြောင့် မိန်းကလေးတစ်ယောက်အတွက် ဘယ်အရာကကိုယ့်တန်ဖိုးဆိုတာ
နားလည်နေဖို့ လိုအပ်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့အပြုအမူကြောင့်ကိုယ်သာမကကိုယ့်မိဘကောအရှက်မရလေအောင်
လူတွေပါးစပ်မှာမကဲ့ရဲ့ရအောင် တန်ဖိုးဆိုတာ ရှိနေတုန်းမှာ ထိန်းသိမ်းထားတတ်ဖို့လိုပါတယ်။
နောင်တဆိုတာ အမျိုးမျိုးရှိတာမှန်ပေမယ်တချို့နောင်တတရားကတော့ပြန်လည်ပြုပြင်လို့ရနိုင်တယ်။
ဒီလိုအဖြစ်မျိုးကတော့ဘယ်တော့မှပြန်လည်ပြုပြင်လိုမရတဲ့အရိပ်မည်းကြီးပါပဲ။
ဖြစ်ပျက်ပြီးတော့မှ ကိုယ်ပြန်လိုချင်လို့မရတဲ့အရာဟာဣနြေ္ဒအရှက်သိက္ခာပါပဲ။
မိန်းကလေးတယောက်အတွက်တန်းဖိုးဆိုတာ အရမ်းကိုအရေးကြီးပါတယ်။
ကိုယ်တန်ဖိုးကြောင့်ကိုယ့်မိဘအသိုင်းအ၀ိုင်းကိုယ့်ကြောင့်ဂုဏ်မငယ်ရအောင်
ကိုယ်တန်ဖိုးကိုထိန်းသိမ်းကြပါစို့။
မြန်မာမိန်းကလေးများ
သဇင်လိုပင်ယံထက်တင့်တယ်ပြီး
နှင်းဆီလိုကိုယ့်ကိုကိုယ်ထိန်းသိမ်း
စံပယ်လိုစိတ်ကိုဖြူစင်အောင်ထားပြီး
ခရေလိုလောကဓံကိုကြံ့ကြံ့ခိုင်နိုင်ပါစေ။
ရှင်းလည်းကြိုးစားနေဆဲပါ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ