ဆက်ပြောမယ်နော်...
ဒီလိုနဲ့ မွေးနေ့ရှင်မရှိတဲ့ဧည့်ခံပွဲလေးလုပ်ပြီးတော့ သူငယ်ချင်းသုံးယောက်ဗိုက်တင်းတင်းနဲ့ အိမ်ကိုလမ်းလျှောက်မယ်ဆိုပြီး အကြံတူလမ်းလျှောက်ကြပါရော
သူငယ်ချင်းတွေ နဲ့အတူတူဆိုတော့စစနောက်နောက်နဲ့သွားကြတာပေါ့နော် သွားနေတုန်းတစ်နေရာမှာ “၀ုတ်...၀ုတ်“ “ဟဲ့..ဟဲ့..ဟဲ့ခွေး ခွေးလိုက်ဆွဲပြီးပြေးဟ ပြေး“ ဆိုပြီးပြေးလိုက်ကြတာ အိမ်ကိုနားကိုတန်းရောက်သွားလေရောလေ သူတို့အိမ်နားကလမ်းက လမ်းဆုံလေးလေ အရှေ့ အနောက် တောင် မြောက် လေးလမ်းပေါ့ သူတို့ကအနောက်လမ်းပေါ့နော်အဲ့ကနေပြေးလာတာ ခွေးကလည်းအမြင်ကပ်ကပ်နဲ့အဲ့အထိတောင်လိုက်ကိုက်တာလေ ဇင်လေးက အရှေ့လမ်းမှာနေတာ ၀င်းမမက မြောက်လမ်းမှာနေတာ ခင်လေးမေကတောင်လမ်းမှာနေတာပေါ့ လမ်းဆုံလဲရောက်ကောသုံးယောက်ခွဲပြေးတာပေါ့နော် (ကိုယ့်အိမ်ကိုပြေးတာလေ) အဲ့မှာခွေးလည်းဇဝေဇ၀ါဖြစ်သွားတာပေါ့လေ ဘယ်သူ့နောက်ကို လိုက်ရမလဲစဉ်းစားတာလားမသိပါဘူး ခဏတော့ရပ်လိုက်တယ် တကယ်ကိုခဏလေးပါပဲ ချက်ခြင်း ဇင်လေးနောက်ကိုလိုက်သွားတယ်လေ ဘယ်လိုစိတ်ကူးပေါက်ပြီးလိုက်သွားတာလည်းဆိုတော့(ဟဲဟဲ ခွေးကိုအင်တာဗျူးထားတာနော်) ၀င်းမမနဲ့ ခင်လေးမေကကွေ့ရမှာလေ ပြီးတော့သူတို့ကအရိုးလောက်ပဲကိုက်မိမှာပဲ ပိန်ပိန်လေးတွေ ပိန်တာမှအရိုးပဲရှိတာလေ ဇင်လေးကတော့မ၀ပါဘူးဒါပေမဲ့ပြည့်ပြည့်လေးလေ ချောလည်းချောတယ်နော် ချောတာမှ ကမ္ဘာ့အလှဆုံးမယ်တွေတောင်အရှုံးပေးရတယ်(ဟဲဟဲ နည်းနည်းမြှောက်ပြောတာ) ဆက်ပြောမယ်နော် ဒါကြောင့်တစ်ဆက်ထဲဖြစ်တဲ့ဇင်လေးနောက်ကိုလိုက်တာလေ ကိုက်မိရင်သွားမကျိုးလောက်ဘူးလေ ဒါကြောင့်မေလေးနောက်ကိုလိုက်တာပါ ဒါနဲ့မေလေးလည်းခွေးကဆက်လိုက်လာတော့ အိမ်နားရောက်တော့ဖြူတုတ်ရေဖြူတုတ်ရေကယ်ပါဦးလို့ အော်တာပေါ့ အဲ့မှာဖြူတုတ်ကထွက်လာတာပေါ့ “ဖြူတုတ်ငါ့အနောက်ကိုခွေးလိုက်လာလို့လုပ်ပါအုံးဟ“ လို့အော်တာပေါ့နော် အဲ့မှာဖြူတုတ်က “၀ုတ်..၀ုတ်“ လို့ပြန်ပြောပြီးအနောက်ကလိုက်လာတဲ့ခွေးကိုဟောင်တာပေါ့ အနောက်ကလိုက်တဲ့ခွေးကကြီးပါတယ် ဒါပေမဲ့ဖြူတုတ်ကပိုကြီးတော့ ဟိုခွေးကလည်းအခြေအနေမဟန်မှန်းသိပြီး ပြေးပါလေရောလေ “ကျေးဇူးပဲ ဖြူတုတ်ရယ် နင်သာမကယ်ရင်ငါသေဖွယ်ရာပဲ“ အဲ့အချိန်မှာ “ဟဲ့ အိမ်ရှေ့မှာဘာဖြစ်နေတာလည်း ဇင်လေးအိမ်ထဲဝင်လာခဲ့စမ်း“(ဖေဖေကြီးအော်သံ) “ဟုတ်ဖေဖေကြီးလာပြီ“အော်ပြီ “ဖြူတုတ်ခဏနေအုံးနော် ငါကိစ္စလေးရှင်းလိုက်အုံးမယ်နော် ပြီးမှကျေးဇူးဆပ်မယ်နော်“ ဆိုပြီးအိမ်ထဲကိုပြေးဝင်သွားတာပေါ့။ “ပြောစမ်း စပ်စလူးစန် ဘာဖြစ်လာတာလည်း“ “ဟို... ဟိုလေ ဖေဖေကြီး ခွေးလိုက်ဆွဲလို့ပါ“ “ခွေးလိုက်ဆွဲရအောင် ညည်းကခွေးကိုဘာတွေသွားလုပ်လို့တုန်း“ “ဘာမှမလုပ်ပါဘူး ဇင်လေးတို့ လမ်းလျှောက်ပြီးပြန်လာတာကို အဲ့ခွေးကကြောင်တောင်တောင်လိုက်ဆွဲလို့ပါ“ “ခွေးကပဲကြောင်တောင်တောင်လိုက်ဆွဲရတယ်ရှိသေးတယ်သူ့ကြမှ ညည်းနော်ကိုယ့်အပြစ်ကိုယ်မဖုံးနဲ့ ကျန်တဲ့လူနောက်မလိုက်ဘဲဒါဆိုဘာလို့ညည်းတစ်ယောက်နောက်ပဲလိုက်တာလည်း“ “ဒါကတော့ ဖေဖေကြီး အဲ့ခွေးကိုလိုက်မေးပေါ့“ “အေး ငါမေးမယ်.. ဟာ ညည်းနော် နောက်တောက်တောက်နဲ ကဲသွားသွား နောက်မဖြစ်စေနဲ့“ “ဟုတ်ကဲ့ဖေကြီး“ ဆိုပြီး မီးဖိုခန်းထဲဝင်သွားပါလေရောလေ။ မီးဖိုခန်းထဲရောက်တော့“ မေမေ ဒီနေ့ဘာဟင်းချက်လည်းဟင် “ “ဘဲဥဟင်းချက်တယ်လေ“ “ဟာ မီးမီးကြိုက်ကြိုက်ဒါမှာဒို့မေမေကွ ဟီးဟီး“ “မိဇင်နော် အနေအထိုင်ဆင်ခြင်တော့အပျိုလေးဖြစ်နေပြီ “ “သမီးဘာလုပ်လို့လည်း“ “ဘာမှမလုပ်လို့ပဲ ခွေးလိုက်ဆွဲ ပြီး မရှက်ဘူးလား“ “ဟာ မေမေကလည်း နောက်မဖြစ်ရင်ပြီးရောမှလား ဖေဖေရော ပြန်မလာသေးဘူးလား“ “နင့်အဖေပြန်မလာသေးဘူး “ “ဟုတ်မေမေ သမီးရေသွားချိုးတော့မယ်နော်“ “အေးအေး ထပ်ပြီး တလွဲတချော်တွေမလုပ်နဲ့နော်“ “ဟုတ်ကဲ့ပါမေမေကလည်း ဒါပဲပြောနေတာပဲ“ ဒါနဲ့ရေသွားချိုးရော ရေချိုးပြီးတော့ အိမ်ရှေ့ထွက်ပြီးသူ့ကတိအတိုင်း ဖြူတုတ်ကိုကျေးဇူးဆပ်တယ်လေ ဘယ်လိုဆပ်လည်းဆိုတော့ “ဖြူတုတ် ငါ့ကိုညနေကကယ်တာကျေးဇူးပဲ ဒါကြောင့်နင့်ကိုကျေးဇူးတင်တဲ့အနေနဲ့ နင်ပိုးပိုးနေတဲ့ခွေးမလေး ကွိကွိနဲ့ညားအောင်ကူညီမယ်“ “၀ုတ်..၀ုတ်“ (ဘယ်လိုကူညီမှာလည်း) “ဒီလိုလေဟာ နင့်ကိုငါညနေတိုင်းအဲ့အိမ်ကိုခေါ်ခေါ်သွားမယ်လေ နင်ပိုးပေါ့တစ်ခြားကောင်တွေထက်အခွင့်အရေးပိုရတာပေါ့“ “ကြိုးစားတာတော့နင် အပိုင်းပေါ့ဟာ“ “၀ုတ်..၀ုတ်“ (ထောက်ခံတဲ့အသံ) ဒါနဲ့ ကျေးဇူးဆပ်ဖို့ လမ်းထိပ်က ခွေးမလေးကွိကွိ ရဲ့ပိုင်ရှင်အိမ် ညိုချောလေးရဲ့အိမ်ကိုသွားတာပေါ့လေ သူ့မှာလည်းရည်ရွယ်ချက်နဲ့လေ သူ့သူငယ်ချင်းညိုချောလေးရဲ့ အကို မြတ်လင်းမောင် ကိုပိုးဖို့လည်းပါတာပေါ့ မိန်းကလေးဆိုပြီးအရှက်မရှိပိုးတာမဟုတ်ဘူးနော် နီးစပ်အောင်လုပ်နေတာလေ အနေနီးရင် ချစ်သူဖြစ်ဖို့ရာခိုင်နှုန်းများမှာပဲဆိုပြီးတော့လေ ဒါနဲ့ ညိုချောလေးတို့အိမ်ကိုသွားတာပေါ့လေ
ဘာတွေဆက်ဖြစ်မှာဘာတွေဆက်လွဲမယ်ဆိုတာကို ကိုရီးယားဇာတ်လမ်းတွဲကိုစောင့်သလိုထပ်စောင့်ကြပါနော်
ရေးရတာလက်ညောင်းသွားပြီ အကြံလည်းဆက်ထုတ်ရအုံးမှာလေ ဟဲဟဲ အကြံကတော့မလိုပါဘူး လျှပ်တပြတ်ရိုက်ချက်လေထွက်တာကိုရေးတာ တစ်ခါမှမရေးဘူးပါဘူး ဒါပထမဆုံးပါ ဇာတ်လမ်းတွဲလေးကိုဘယ်လိုအဆုံးသတ်မလဲဆိုတာစောင့်စားကြပါနော်
လေးစားစွာဖြင့်
VENUS