ပထမ ကမ္ဘာစစ်တဲ့ … … ။
ဒုတိယ ကမ္ဘာစစ် တဲ့ … … ။
ကျွန်တော်တို့ အိပ်မက်တွေက ခြောက်ကပ်နေသလား ။
ဘ၀ဆိုတာ ခြောက်ကပ်ကပ်နဲ့ ။
မျှော်မှန်းချက်တွေကဖြစ်မလာတဲ့အခါ … …
ကိုယ်ချင်းစာတရားတွေခေါင်းပါးလွန်းလို့။
ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်တွေက မပြီးဆုံးနိုင်တော့ဘူးလား။
ကျွန်တော်တို့ရဲ့ညီတွေ ၊ ညီမတွေ ၊မောင်တွေ ၊ နှမတွေ
ဒီဖြစ်ရပ်တွေအတွက် ဘယ်လောက်စတေးခံရမှာလဲ။
မိဘတွေရဲ့ ပူလောင်သောကမီးတွေကရော ဘယ်တော့မှ ငြိမ်းနိုင်မှာလဲ။
ကမ္ဘာကြီးငြိမ်းချမ်းပါစေ … ။
ငြိမ်းချမ်းရေးချိုးငှက်ကလေးတွေ အမြဲတမ်းပျံသန်းနိုင်ပါစေ … ။
ကောင်းကင်ပြာကြီးအောက်မှာ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ပါစေ … ။
ပျော်ရွှင် သာယာတဲ့ မိသားစုတွေဖြစ်ကြပါစေ … ။
ကျွန်တော်တို့ရဲ့သစ္စာနဲ့ ဒီကမ္ဘာ ကို တည်ဆောက်ကြမယ် … ။
စစ်ပွဲတွေ၊အမုန်းတရားတွေ၊အတ္တတွေမရှိတော့မယ့်ကမ္ဘာကြီးကိုမျှော်လင့်လို့စောင့်နေမယ်။
အိပ်မက်တစ်ခုကိုအတူတူမက်ကြတာပေါ့။
တစ်ယောက်တည်းတစ်ကိုယ်ကောင်းဆန်ပြီး
နိဗ္ဗာန်ရောက်ရမည့်အစား
အများအကျိုးဆောင်ပြီးသံသရာမှာကျင်လည်ရပါလို၏ တဲ့။
ကျွန်တော်တို့ရောအဲဒီလိုမရဲရင့်နိုင်ဘူးလားလို့မေးချင်တယ်။
ဘာမှမခက်ပါဘူး။
မေတ္တာတရားတစ်ခုပဲလိုတာပါ။
စိတ်ကူးယဉ်တာမဟုတ်ပါဘူး။
မဖြစ်နိုင်တဲ့အရာကိုကြံစည်တာလည်းမဟုတ်ပါဘူး။
စိတ်ဓာတ်တွေကိုသန့်စင်လို့အကြင်နာတရားတွေထားကြရအောင်။
နေရောင်ခြည်နွေးနွေးအောက်မှာကျွန်တော်တို့ရဲ့ကမ္ဘာကို မျှော်လင့်နိုင်ပါရဲ့ … ။
ကြိုးကြာနီ