စာရေးဆရာကြီးတွေက …….ပြောခဲ့ကျတယ် …….ကမ္ဘာလောကကြီးက …….အချစ်ရှိလို….သာယာနေတာတဲ့
အချစ်ကိုအမျိုးမျိုးတင်စားရေးဖွဲ့ ကြပါတယ် ………
သူတို့ပြောတာလဲမှန်နေတာပါပဲ …….အချစ်နဲ…လုံးဝ …မပါတ်သက်ဖူးသူရယ်လို့ မှ မရှိတာ……
လူသားတွေ အားလုံး…..အချစ်ကြောင့်ပဲ…..ရသ …အမျိုးမျိုးကို ….ခံစားနေကြရတာပါ……
အဲ့ဒီအချစ်သာ မရှိဘူး ဆိုရင် ….တော်တော်ပျင်းဖို့ ကောင်းမှာနော် ……..
ခံစားချက်မဲ့ တဲ့ ….စက်ရုပ်လူသားတွေ ဖြစ်ကုန်ကြမှာပေါ့ ……….
မှုံကတော့ ….စက်ရုပ်ကြီးလိုတော့ မနေနိုင်ပါဘူး…….အချစ်ကို ….နဲနဲလေးတော့ မြည်းကြည့်ချင်ပါသေးတယ် ……
မှုံက ……ရှေးရိုးဆန်ဆန် …မိဘ….နှစ်ပါးက ပေါက်ဖွားလာတာမို့ လို့…….လွပ်လပ်မူမရခဲ့ပါဘူး……အကိုနှစ်ရောက်၇ဲ့ ….အုပ်ထိန်းမူကြောင့်……….ဘယ်သွားသွားအဖော်နဲ့ …….
ဘာကိုမှ တယောက်ထဲ လုပ်ခွင့်မရှိခဲ့ပါ ……….မှုံဘ၀ဟာအေးချမ်းပေမဲ့………ရေအိုင်ထဲက ဖားသူငယ်လိုပါပဲ .....ဘာကိုမှ …အမြင်ကျယ်ခွင့်မရ ခဲ့ပါ ……..
ကံကောင်းထောက်မစွာ ……..အင်တာနက်သုံးခွင့်ရခဲ့ပါတယ် ………..မှုံ…တို ……စိတ်ကူးနဲ့ ကမ္ဘာ …ပါတ်ခွင့်ရခဲ့သည်ပေါ့ ……..ပျော်လိုက်တာ ….ပြောမပြတတ်အောင်ပါပဲ ……..
အွန်လိုင်းမှာ …သူငယ်ချင်းများစွာရခဲ့ပါတယ် ………အပြင်မှာ ….သူငယ်ချင်း …မရှိတဲ့ ……….မှုံက …..အွန်လိုင်းကို …တော်တော်လေးကိုစွဲလမ်းလာပါတယ် …….အွန်လိုင်းက ….သူငယ်ချင်းတွေပြောသမျှ ….သူအတွက်အထူးအဆန်းကြီးပါပဲ ……….အွန်လိုင်းက သူငယ်ချင်းတွေက လဲ ……..ဘာမှ မသိတဲ့ …………..မှုံက ……သူတို့အတွက်အထူးအဆန်းကောင်မလေးတယောက်ပါပဲ…………
မှုံက ….ငယ်ငယ်လေးကတဲက …….စာအုပ်တွေပဲ ….အဖော်ပြုနေရတာမို့………..စာရေးဆရာမ ….အရမ်းဖြစ်ချင်တာလေ ……..ခုတော့ အွန်လိုင်းပေါ်မှာ ……..စာတွေရေးခွင့်ရ ခဲ့ပါပြီ …….
အဲ့ဒီလိုနဲ့ ….စာတွေရေးရင်း…….ညီနဲ့ ….ဆုံတွေ့ ခဲ့ပါတယ် ……..
ညီက …အရမ်းစာရေးကောင်းပါတယ် ……..သူရေးလိုက်တဲ့ …ဘလော့တွေ တိုင်းအောင်မြင်ပါတယ် …….မှုံလဲ …ညီရဲ့ …ပရိတ်သတ်တယောက်ပေါ့……..ညီကတော့ ….မှုံကိုသိတောင်မသိပါဘူး …………
မှုံရေးတဲ့ …….ဘလော့လေးတွေက ……..အားနည်းချက်တွေ ကြောင့် မအောင်မြင်ပါဘူး ………
မှုံအားမလျှော့ပါဘူး ……….ဘလော့တွေရေးဆဲပါ……….
တနေ့တော့ ညီက …မှုံကို သတိထားမိလာပါတယ် ……..မှုံရဲ့ ….လိုအပ်ချက်လေးတွေကို …….ထောက်ပြတတ်ပါတယ် …….မှုံရဲ့ …….တွယ်တာတတ်တဲ့စိတ်လေးကညီအပေါ် ….တစတစတိုးလို့သာလာပါတယ် ………….
နောက်ပိုင်း …ညီနဲ့ ဂျီတော့မှာ စကားတွေ အမြဲပြောဖြစ်ပါတယ် ………..ညီကအရမ်းခင်ဖို့ကောင်းတဲ့ကောင်လေးတယောက်ပါ ………..
ညီကတော့မသိ ….မှုံရဲ့ …….အသဲနုနုလေးက ……….ညီ….နဲ့တင်ပြည့်လျှံ လို့နေပါပြီ …….
အချစ်ဆိုတာ …….ဒီလိုမျိုးကြီးလား……..သူ့ဂျီတော့လေး ….စိမ်းနေရင်ပဲ ………၀မ်းသာပီတိဖြစ်လို့ ……
လူကိုလဲ မမြင်ဘူး …….အသံလဲ …မကြားဘူးပါပဲ ……..ရင်ခုန်နေတတ်တာကိုကထူးဆန်းနေတာပါ …..
ညီရယ် ……မှုံတော့……… ဒုက္ခပါပဲ ………မမြင်ဘူးတဲ့ လူတယောက်ကို …ချစ်နေတာ…..အလွန်ပဲ အန္တရာယ်ကြီးလှပါတယ် ………အသိဥာဏ်က ဆင်ချင်နိုင်ပေမဲ့ ………နှလုံးသားက ……လက်မခံနိုင်ပါ…..
…….ဖြစ်ချင်တာကို …ထား………….ဖြစ်သင့်တာကိုရှေးတန်းတင်….ပြီး …..ဂျီတော့ကို ……invisible ……နဲ့ သုံးဖို့ ……………….ဆုံးဖြတ်လိုက်ပါတယ် ……..
မှုံတစ်ယောက်တော်တော် ကို ….၀တ်ကြီးပါတယ် ……….ညီကိုမြင်နေရဲ့သားနဲ့ ခေါ်ခွင့်မရှိ…..
ချစ်သူရဲ့ အကောင့်လေးကို ထိုင်ကြည့်ရင်း…….ကျိတ်ငိုခဲ့ရ တဲ့ ….ရက်တွေ မနဲတော့ပါဘူး ……….
ညီရယ် ……..တိတ်တိတ်လေးပဲ ……ချစ်နေရ ရုံနဲ့တင်ကျေနပ်ပါတယ် …….မှုံက …မိန်းခလေးမို ….ပွင့်လင်းခွင့်မရှိပါဘူး ……….အသိဥာဏ်ရှိတဲ့ မိန်းခလေးတယာက်ရဲ့ ……..ဆုံးဖြတ်ချက်ကို …….
သူငယ်ချင်းတို့ ……..ထောက်ခံကြမယ်လို့ယုံကြည်ပါတယ် ……..
ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်တာ ….သူရဲကောင်းမဟုတ်ပါဘူး………
ဖြစ်ချင်တာတဲ့ …..ဖြစ်သင့်တာကို ……လုပ်နိုင်တဲ့ လူသာလျှင်……သူရဲကောင်းပါ ……
ကိုယ့်အသဲ ……ကိုယ်ခွဲ …………ခံနိုင်ရည်စမ်းတဲ့ ………..မှုံတယောက် …….
အချစ်တခုကို …မေ့ဖျောက်နိုင်ဖို့ ……………မနဲကြီးကြိုးစားခဲ့ရပါတယ် ……..
.မျက်ရည်ကို …အဖော်ပြု ………အလွမ်းကို တစိမ့်စိမ့် ….ခံစားရင်း…….အချိန်ရဲ့ ကုစားမူကြောင့် ……..
မှုံ………………………ရင့်ကျက်လို့ လာပါပြီ…….
ညီတယောက်လဲ …….နိုင်ငံကျော်စာရေးဆရာကြီး ….တယောက်ဖြစ်သွားပါပြီ……
မှုံကိုလဲ …….သိတောင်သိတော့မှာမဟုတ်ပါဘူး …….
သူ. အကောင့်လေးလဲ …..ထာဝရ …မီးမှိတ်လို့ သွားပါပြီ…….
မှုံကတော့…သူ့အကောင့်လေးကိုကြည့်ရင်း……..တချိန်က ရူးခဲ့တာလို့ သေချာသွားပါပြီ……….
မှုံ လိုပဲ……ချစ်သူမ၇ှိလိုက်ရပဲ …….တိတ်တိတ်လေး …အသဲကွဲဘူးတဲ့ ……မိန်းခလေးတွေ …ရှိခဲ့ ဘူးမှာပါ …. …..နောင်ကိုလဲ …..ရှိလာအုံးမှာပါ …..
စိတ်အလိုကို မလိုက်ပဲ ………..ဖြစ်ချင်တာတဲ့ ……..ဖြစ်သင့်တာကို ….ဆုံးဖြတ်နိုင်ပါစေ…ဆန္ဒပြုပါတယ် ….
ခင်မင်လေးစားလျှက်…
မှုံနံ.သာဖြူ….