မင်း ဘာမှ မပူနဲ့
တစ်ခါက မြို့ကြီးသားတစ်ယောက် တောရွာ တစ်ရွာသို့ အလည်တစ်ခေါက် ရောက်လာ၏။ တောမှ ပုဂ္ဂိုလ်များက ထိုမြို့ကြီးသားကို လိုလေသေးမရှိရအောင် ဧည့်ခံကျွေးမွေးကြသည်။ ဧည့်ဝတ်ကျေပွန်ကြသည်။ ဒါ တောသူ တောသားများရဲ့ ပင်ကိုယ်စိတ်ထားတွေပေါ့။ ဒါနဲ့ မြို့ကြီးသားက…. ကျနော်ကို အခုလို လိုလေသေးမရှိအောင် ဧည့်ခံတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ ကျေးဇူးကိုလည်း တဖန်ပြန်ဆပ်ချင်ပါတယ်။ ကျနော်တို့ မြို့ကို လိုက်ခဲ့ပါလား။ မြို့မှာဆိုရင် ဘာမှ မပူရဘူး၊ သွားဖို့ ကားတွေ အဆင်သင့်ရှိတယ်။ နေဖို့ အဲယားကွန်းအခန်းတွေနဲ့ ၊ စားဖို့ဆိုလည်း တောအစားအစာ၊ မြို့အစားစာ၊ နိုင်ငံခြားကလာတဲ့ အစားအစာတွေ၊ တောင်ပေါ်မြေပြန့် က ထွက်တဲ့ အစားအစာ စုံလို့ပါပဲဗျာ။ လိုက်လာရင် ဘာဆို ဘာမှ ပူစရာမလိုပါဘူးဟု ပြောဆိုသည်။ မြို့ကြီးသားက လိုက်ခဲ့ဖို့ အတွင်ခေါ်နေတော့ တောသားလေးသည် မြို့ကြီးသားနှင့်အတူ မြို့သို့ လိုက်ခဲ့ပါတော့သည်။ ကိုရွှေတောသားခမျာ လမ်းတောက်လျှောက် စိတ်ကူးလာခဲ့ပုံက….
ငါမြို့ရောက်ရင် အရင်ဆုံး ရွှေတိဂုံဘုရားကို ပို့ခိုင်းမယ်၊ ပြီးရင် အဆင့်မြင့်ဟော်တယ်မှာ နေ့လည်စာ စားမယ်၊ ညကျရင် တို့တောမှာ မရှိတဲ့ နိုင်ကလပ်တက်မယ်၊ စသဖြင့် စိတ်ကူယဉ်လာခဲ့တယ်။ ဒါနဲ့ မြို့ရောက်ခါနီးတော့ မြို့သားကြီးကို … အကို မြို့ရောက်ရင် အရင်ဆုံး ရွှေတိဂုံဘုရားလိုက်ပို့ရမယ်နော်။ မြို့သားက မင်းဘာမှ မပူနဲ့ .... ဟု တိုတိုတိတိ ပြောသည်။ ကိုရွှေတောသား သဘောမပေါက်ပါ။ ပျော်သွားရှာပါသည်။ အဲဒါပြီးရင် အကောင်းဆုံးဟော်တယ်တစ်ခုမှာ နေ့လည်စာ ကျွေးရမယ်နော်။ မပူပါနဲ့ ....ဆို…. ။ ဒါလဲ သဘောမပေါက်သေး။ ဆက်ပြီး ကိုရွှေတောသားက ညကျရင်လည်း နိုက်ကလပ်ကို လိုက်ပို့ပေးဦးနော်…. လို့ ပြောလို့ မဆုံးခင်မှာ…. ဟေ့ကောင် မင်းကို ငါရွာကတည်းက မင်းကို ပြောထားခဲ့တယ်နော်။ မြို့ရောက်ရင် ဘာမှ မပူပါနဲ့ .... လို့ ၊ အခုဟာ မင်း…. မြို့မရောက်သေးဘူး။ တစ်ခုပြီးတစ်ခု ပူနေတော့တာပဲ…။ တော်…ခက်တဲ့ကောင်ပဲ။ ဒီတော့မှ ကိုရွှေတောသားလေး သဘောပေါက်သွားပါတော့တယ်။ ဘာမှမပူနဲ့…. ဆိုတဲ့ စကားကို…
အော်… ဘာမှ မပူနဲ့…. တဲ့
ကြိုးစားပါဦးမည်
ဧပရယ်စံ