ချစ်သ၀ဏ်လွှာပြိုင်ပွဲ
ချစ်သူ့မြို့တော်မှ သူငယ်ချင်းများအာလုံးမင်္ဂလာအပေါင်းနှင့်ခညောင်းသောနေ့တစ်နေ့ဖြစ်ပါစေလို့
ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်
မြို့တော်မှ သူငယ်ချင်းများအတွက် ပျော်ပွဲရွှင်ပွဲလေးတစ်ခု ကျင်းပပေးဖို့ Admin Group မှ စီစဉ်ထားပါတယ်ရှင်
ပြိုင်ပွဲနာမည်လေးကိုတော့ ချစ်သ၀ဏ်လွှာပြိုင်ပွဲလို့ ပေးထားပါတယ်
အဝေးမှာရှိနေတဲ့ချစ်သူဆီကို လွမ်းလို့ရေးတဲ့ မေတ္တာစာမျိုးပေါ့နော်
စာပေကလောင်အစွမ်းထက်လှတဲ့ ဘလော့ဂါတွေပေါများတဲ့ ချစ်သူ့မြို့တော်မှာ ဘယ်သူက အချစ်အကြောင်းအကောင်းဆုံးဖွဲ့နွဲ့ပြီး ရေးနိုင်သလဲဆိုတာကိုကြည့်ကြရအောင်နော်
ပြိုင်ပွဲလေးရဲ့ရည်ရွယ်ချက်ကတော့ မန်ဘာအပေါင်းဝင်ရောက်ပါဝင်ရေးသားပြီး ပျော်ရွှင်စေဖို့ဖြစ်ပါတယ်
ပြိုင်ပွဲအစီအစဉ်ကတော့
ပြိုင်ပွဲဝင်မယ့်သူငယ်ချင်းတွေက မိမိတို့ရေးသားထားတဲ့စာကို ပုံမှန်ဘလော့တင်နေကြနေရာမှာပဲတင်ပြီး ဘလော့ခေါင်းစဉ်ကိုတော့ ချစ်သ၀ဏ်လွှာလို့ နာမည်ရေးပေးရမှာဖြစ်ပါတယ်
စာများကိုတင်ပေးရမယ့်ရက်က 16.02.2012 ကနေ 26.02.2012 ထိဖြစ်ပါတယ်
ပြိုင်ပွဲဝင်စာလွှာများကို မန်ဘာများနှင့် အက်မင်တို့၏ မဲပေးစနစ်နဲ့ ရွှေးချယ်ပါမယ်
ပြိုင်ပွဲဝင်တွေတင်ပို့တဲ့အရေးအသားတွေဟာ ကိုယ်တိုင်ရေးထားတဲ့အရေးအသားတွေ ဖြစ်ရပါမယ်
ညစ်ညမ်းတဲ့အရေးအသားပါတဲ့ စာမျိုးကို အက်မင်အဖွဲ့မှ လုံးဝ(လုံးဝ) ထည့်သွင်းစဉ်းစားပေးမှာ မဟုတ်ပါဘူး
ဒီပြိုင်ပွဲမှာ အက်မင်များ ပါဝင်ခွင့်မရှိပါရှင်
ပြိုင်ပွဲဝင်တွေရဲ့ စာများကို စီစစ်ပြီး အက်မင်များက ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်
ပထမဆု ။ ဒုတိယဆု ။ တတိယဆု ဆိုပြီး သုံးဆုပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်
အားလုံးပျော်ရွှင်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါစေလို့ ဆန္ဒပြုရင်း
.
အက်မင်အဖွဲ့ရဲ့ကိုယ်စား
မှုံနံသာဖြူ နှင့် ရွှေပေလွှာ