Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သတိရတယ် ချစ်သူ.....

$
0
0

မင်းလေးကိုအရမ်းသတိရတယ် ငါဘီယာတွေသောက်နေတဲ့အချိန်တိုင်းသတိရတယ် ဘာလို့လဲဆိုတော့ ဘီယာဆိုတာမကောင်းဖူးလို့မင်းငါ့ကိုပြောဖူးတယ် ဘီယာသောက်ရင်မူးတယ်တဲ့ ကျမနဲ့မာင်ချိန်းတွေ့ရင်မောင်ကဘီယာတွေမူးလာပြီးကျမကိုမောင်တခုခုလုပ်မှာကြောက်တယ်တဲ့.. အဲလိုအသံတုန်တုန်လေးနဲ့ပြောတဲ့မင်းကိုသတိရတယ် ဆေးလိပ်လေးဖွာရှိုက်ပြီး မီးခိုးလေးတွေမှုတ်ထုပ်လိုက် တဲ့အချိန်တိုင်းမင်းကိုသတိရတယ် ဆေးလိပ်သောက်ရင်အသက်တိုတယ်တဲ့ မောင်ဆေးလိပ်တွေမသောက်ရဖူးနော်တဲ့ ဆေးလိပ်တွေမောင်အရမ်းသောက်ရင် အသက်တိုပြီးမောင်စောစောရှောသွားရင်ကျမသေလိမ့်မယ်လို့အားငယ်နေတဲ့ အသံလေးနဲ့ပြောခဲ့ဖူးတဲ့မင်းကိုသတိရတယ် အလောင်းကစားဝိုင်းတွေမှာငါ အချိန်ဖြုန်းနေတဲ့အချိန်တိုင်း မင်းကိုသတိရတယ် ကျမနဲ့မောင်လပ်ထပ်ပြီးသွားလို့မောင်က အလောင်းကစားတွေလုပ်ရင်း မိဘတွေလပ်ဖွဲ့ထားတဲ့ပစ္စည်းလေးတွေကိုမောင်က ပေါင်ပြီး ကစားပစ်လိုက်ရင် ကျမတို့ပဲဒုက္ခရောက်ရလိမ့်မယ်တဲ့ အော်...အဲတုန်းကရှေးရေးကိုကြိုတွေးပြီးအလောင်းကစားတွေ မလုပ်ဖို့ တားဆီးဆုံးမပေးတဲ့မင်းလေးကိုသတိရတယ် ညညဘုရားရှိခိုးတဲ့အချိန်တိုင်းလည်းမင်းလေးကိုသတိရမိတယ်ချစ်သူ တခါတုန်းကမင်းကို ငါပြောခဲ့ဖူးတယ် မင်းလေးရဲ့အိမ်မှာငါညအိပ်အလည်လာခဲ့မယ်လို့ အဲဒိအချိန်ကျရင်မင်းလေးရဲ့အခန်းထဲမှာ ငါအိပ်ရမှာလားလို့မေးတော့ မင်းလေးကပြောတယ်မောင်ကလည်း ကျမအခန်းထဲဘယ်လိုလုပ်အိပ်လို့ရမှာလဲတဲ့ မောင်နဲ့ကျမက လပ်မထပ်ကသေးဖူးလေတဲ့.... မောင်ကိုဘုရားခန်းမှာသိပ်မယ်လို့ ရှက်စနိုးနဲ့ပြောခဲ့တဲ့မင်းလေးရဲ့အသံလေးတွေကိုသတိရမိတယ်ချစ်သူ အခုမင်းမကြိုက်တဲ့မကောင်းမှုတွေမှန်သမျှငါလုပ်မိနေပြီချစ်သူ မကောင်းမှုတွေထဲမှာပဲငါသာယာနေမိပြီချစ်သူ မင်းကြောင့်ပါလို့ငါမပြောရက်ပေမဲ့ ကံကြမ္မာကြောင့်မင်းငါ့ကိုထားသွာတာပဲလို့ငါတွေးနေမိတယ်ချစ်သူ...မင်းငါ့ဆီကိုပြန်လာစေချင်တယ်လို့တော့ငါတောင်းဆိုချင်ပါတယ်.... ဒါပေမဲ့ ဆုတ်ပြတ်သတ်နေတဲ့ငါ့ဘ၀ထဲမှာမင်း နေနိုင်မှာမဟုတ်တော့သလိုလူ့လောကမှာလည်းငါကြာကြာမနေိုင်တော့ပါဖူး မကောင်းမှုတွေထဲမှာပျော်နေမိတဲ့အချိန်တိုင်းမင်းကိုသတိရတယ် မင်းကိုသတိမရတဲ့တစ်ချိန်တော့ရှိပါတယ် ငါ ညညဘုရားမရှိခိုးဖြစ်တော့ဖူးလေ ဘာလို့လဲဆိုတော့ညတိုင်းငါမူးပြီး အိပ်ပျော်သွားလို့ပဲ....


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>