နေပြည်တော်၊ပျဉ်းမနားမြို့ "တောင်လှေကား အဆင့်မြင့် စာအုပ်အမျိုးမျိုး နှင့် ....." ဆိုင်တွင် ကုပ္မဏီတစ်ခုမှ စာအုပ်များ အပ်ပြီး....
ငွေချေသောအခါတွင် တစ်ထောင်တန်အုပ် 10 အုပ်ကို စက်ဖြင့် ရေတွက်ရာတွင် အမှတ်တမဲ့ တစ်ထောင်တန်တစ်ရွက်ကို တွေ့ မိလို့ 
ကြည့်မိသောအခါတွင် ပိုက်ဆံအတု ဖြစ်နေကြောင်း....တစ်ထောင်တန် နောက်တစ်ရွက်ဖြင့် တိုက်ပြီး သေချာစစ်ဆေးကြည့်တော့ တစ်ထောင်တန် မှာ ဆေးအရောင်များဟာ နှစ်ထပ်ဖြစ်နေပြီး ပိုက်ဆံနံပါတ်မှာလည်း စာလုံးပါးနေတယ်...ပိုက်ဆံအစစ်က စာလုံးက
ထူနေတာကိုတွေ့ ရတယ်.....နောက်ပြီး ရေစာလို့ ခေါ်တဲ့ ပိုက်ဆံကြားထဲက ခြင်္သေ့ခေါင်းဟာလည်း မသဲကွဲဘူး..(အရောင်တွေ စွန်းနေ)
နောက်ပြီး ပိုက်ဆံ အစစ်က အောက်နားမှာ စဆုံး တော်ရုံနဲ့ မမြင်နိုင်တဲ့ စာတန်းလေး ပါတယ်...အတုမှာ မပါဘူး...တော်တော်များများက
သေချာစစ်ကြည့်ရင် လုံးဝမတူဘူး တူတာပါနေရင်တောင် အရောင်က ကွဲနေတာကို ကျွန်တော်မျက်မြင်ကိုယ်တိုင်တွေ့ ရပါတယ်...
ပေးတဲ့သူကလည်း ဘယ်ကရမှန်း သူကိုယ်တိုင်မသိဘူး....အဲ့ဒါကြောင့်မို့  ကျွန်တော့်ရဲ့ ညီအကို မောင်နှမများ ပိုက်ဆံလက်ခံရာတွင်
သေချာစစ်ကြည့်ပါ ... အဲ့လောက်ကြီးထိ မလုပ်နိုင်မှန်းတော့သိပါတယ်...ဒါပေမဲ့ ဒါဟာ မကောင်းတဲ့ သတင်းဖြစ်နေလို့ ပါ....
ကျေးဇူးတင်ပါတယ်....