ပြိုင်...ပြိုင်ဆိုလို့ သာ...ပြိုင်ရတာ...တကယ်တော့ ..ကျနော်မှာ..ချစ်ရမယ်သူမရှိသေးဘူးဗျ..(ခိခိ..ကြော်ညာတာ)
ဒီတော့ ...ဘယ်သူ့ ကိုခံစားပီးရေးရမှန်းမသိဘူး......လူကလဲ..ရေးချင်တာ နန့် နန့် တတ်..
ဒီလိုဆိုတော့ ..ချစ်သူရှာရတာပေါ့....ဘယ်သူပါလိမ့်...ဘယ်သုပါလိမ့်....
ထူးပါဘူးလေ.....ပြိုင်ပွဲကို...စတဲ့ မမှုံနံသာဖြူကိုပဲပြောမယ်..ဒါဗြဲ...စိတ်ဆိုးရဘူးနော်...ခိခိ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိုးမြတ် ချစ်ရသော မှုံနံ့ သာဖြူလေးရယ်
သို့ ..........
မှုံနံ့ သာဖြူ လေးရယ် .... မှုံနံ့ သာရယ်... မရင်းနှီးခင်ကတည်းက နာမည်လေးမြင်ပြီး ရင်ခုန်နေတာ ဒီက မိုးမြတ် ပါဗျာ ...... မဖြစ်နိုင်ဘူးလို့တော့ မပြောပါနဲ့နော် ..... ဟောဒီ အပြာရောင်မိုးကောင်းကင်ကြီးအောက်မှာ မဖြစ်နိုင်ဘူး ဆိုတာ ဘာမှ မရှိပါဘူး .....နံ့ သာရယ်....
နံ့ သာလေးရဲ့ ..ပြိုင်ပွဲအကြောင်းဖတ်ပြီးကတည်းက.. နံ့ သာလေး၇ဲ့  အကြောင်းကို မတွေးပဲ မနေနိုင်တော့ဘူး နံ့ သာရယ် ..... သူများတွေလို အချိန်တိုင်း သတိရတယ်လို့တော့ မပြောချင်ပါဘူး မှုံနံ့ သာရယ် .... ဒါပေမယ့် ဟော့ဒီက မိုးမြတ်က မှုံနံ့ သာကို သတိရတဲ့အချိန်က အသက်ရှုတဲ့ အချိန်ရယ် အသက်ထွက်တဲ့ အချိန်ရယ် ....( အဲ့ ... ဟုတ်ပါဘူး .... ) ရှုတဲ့လေပြန်ထုတ်တဲ့ အချိန် ပဲ သတိရပါတယ် .....
အပိုပြောတာ မဟုတ်ပါဘူးမှုံနံ့ သာရယ် .... မှုံနံသာလေး အွန်လိုင်းလာမယ့် အချိန်ကို မျှော်တော်ယောင် ဖြစ်နေတာလဲ ဟောဒီက မိုးမြတ် ပါပဲကွယ် ...
နောက်ပိုင်း.... မှုံနံသာရဲ့ ဓာတ်ပုံလေးတွေကို မြင်လိုက်ရတော့ ...... အူတွေ သည်းတွေ ဗြောင်းဆန်သွားသလား အောက်မေ့ရပါတယ် နံ့ သာရယ် ..... နံသာ၇ဲ့ ရဲ့ ဗီးနပ်စ် နတ်သမီးရှုံးတဲ့ အလှက.. မိုးမြတ် ကို ညှို့ယူ ဖမ်းစားသွားပြီလေကွယ် ...... အတော်ဆုံးပန်းပုဆရာ ထုတဲ့ ပန်းပုရုပ်လို့တော့ မပြောချင်ပါဘူး ဘာလို့ဆိုတော့ အဲ့ပန်းပုဆရာတွေ ထုလဲ မှုံနံသာရဲ့ အလှကို ဘယ်သူမှ မှီအောင် ထုနိုင်မယ် မထင်လို့ပါပဲကွယ် ......
.
အခု မိုးမြတ်ရင်မှာလေ နံ့ သာနဲ့ပတ်သတ်တဲ့ ခံစားချက်တွေက ဗလောင်ဆူနေတာ နံ့ သာ သိပါ့မလား ......... ဒီစာတွေကို ဖတ်ပြီး လှောင်ရယ်တော့ မရယ်ပါနဲ့နော် ......
မိုးမြတ်ရဲ့ ခံစားချက်တွေက နံ့ သာအတွက် ရီစရာ တွေဖြစ်သွားမှာ မခံစားနိုင်လို့ပါကွယ် ......
နံ့ သာအတွက်ဆိုရင်လေ ဟို ဓူဝံကြယ်ကြီးကို တောင်ဖက်ရွှေ့မယ်.......... ဘာညာ ဆိုပြီး မဖြစ်နိုင်တာမပြောပါဘူး ... ...... ဖြစ်နိုင်တာပဲ ပြောပါ့မယ် .... နံ့ သာကို ထမ်းပြီး ကန်တော်ကြီး တစ်ပတ် ပြေးဆိုလဲ ပြေးပါ့မယ် .....
ဒါနဲ့တောင်မကျေနပ်လို....့နံ့ သာက .."မိုးမြတ်ရေ" .... ဆိုရင် ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းလောက်ကွာဝေးပါစေ ... မိုးမြတ် က ရေခွက်လေး ကိုင်ပြီး ရောက်အောင်လာမယ့်သူပါ .....
မိုးမြတ်ရဲ့ မျက်စိတွေ မှိတ်ထားရင်တောင် နံ့ သာရဲ့ ပုံရိပ်တွေက ဖျောက်ဖျက်လို့မရဘူးကွယ် ..... ဘာလို့များ ဒီလောက်တောင် လူကို အရူးတစ်ပိုင်းဖြစ်အောင် လုပ်ရက်ရတာလဲ နံ့ သာရယ် ......
မှုံနံ့ သာဟာ .........
မိုးမြတ်ရဲ့ နတ်ဖုရားမလေးပါ ....
မိုးမြတ်ရဲ့ မျက်ဝန်းတစ်စုံပါ ...
မိုးမြတ်ရဲ့ လမ်းပြကြယ်ပါ .....
မိုးမြတ်ရဲ့ နှလုံးသားပါ ....နံ့ သာရယ် .....
နံ့ သာသာ မရှိရင် မိုးမြတ် အတွက်ကတော့ အရာရာ ဘာမှ မရှိတဲ့ ဗလာနတ္ထိ ဘဝ ပါပဲကွယ် ...... နံ့ သာရဲ့ ချစ်ခြင်းကလွဲပြီး ဘာမှ မမျှော်လင့်ပါဘူး ... ...... ဟော့ဒီက မိုးမြတ် ရဲ့ဝေဒနာတွေ အဆုံးသတ်ဖို့ မှုံနံ့ သာလေးရဲ့ ချစ်ခြင်းတွေနဲ့ ကုစားပေးပါလားကွယ် .......
နံ့ သာကိုအရမ်းချစ်တဲ့ 
**မိုးမြတ်**