ကမ္ဘာ့ပညာရှင်များ၏ ဗုဒ္ဓဘာသာအပေါ်အမြင်
မူဝါဒဖြင့်နေရသောဘဝ
ဗုဒ္ဓဘာသာသည် စည်းမျဉ်းဥပဒေဖြင့် နေထိုင်ရသော ဘ၀ မဟုတ်၊
မူဝါဒဖြင့်နေထိုင်ရသော ဘ၀ ဖြစ်၏။ အကျိုးဆက်အားဖြင့် သည်းခံရေးဘာသာတရားဖြစ်၏။
ယင်းသည် နေမင်းကြီးအောက်ရှိ စိတ်ကောင်းစေတနာအရှိဆုံးတစ်ခု ဖြစ်ပါသည်။
(ခရစ်ယာန်ဘုန်းတော်ကြီး ဂျိုးဇက်ဝိန်း)
အမြင့်မြတ်ဆုံးလူသား
သင်သည် အကယ်၍ အမြင့်ဆုံးလူသားတစ်ယောက်ကိုတွေ့ မြင်လိုပါက သူပုန်းစားတို့ အ၀တ်သင်္ကန်းကို
ဝတ်ရုံဆင်မြန်းထားသော (သာကီဝင်မင်းသား) ဘုရင်တစ်ပါးကိုကြည့်လိုက်ပါ။
သူ၏ ကြည်ညိုလေးစားဖွယ် စင်ကြယ်သန့် ရှင်းမှုသည် လူ့ လောကတွင် ကြီးမြတ်လှပေ၏။
(မူစလင်ကဗျာဆရာ အပ္ပဒူလ်အတာဟီယ)
မြတ်ဗုဒ္ဓ၏ ပဋိသေဓ၀ိဿဇ္ဇနာ
ဥပမာအားဖြင့်ဆိုရသော် အီလက်ထရွန်၏ အနေအထားသည် တစ်မျိုးတစ်စားတည်းလောဟု မေးလာခဲ့သော်
မဟုတ်ပါဟု ဆိုရပါမည်။အီလက်ထရွန်၏ အနေအထားသည် အချိန်နှင့်အတူ ပြောင်းလဲနေပါသလောဟုမေးသော်
မဟုတ်ပါဟုဘဲဆိုရပါမည်။ ယင်းသည် လှုပ်ရှားနေသည့် အခြေအနေမှာ ရှိပါသလောဟုမေးလာခဲ့သော်
မဟုတ်ပါဟုဆိုရပါဦးမည်။ သေသည့်နောက်ကာလရှိ အတ္တ၏ အခြေအနေနှင့်ပတ်သတ်၍ အမေးခံရလာသည့်အခါ
အထက်ပါ အဖြေမျိုးကို မြတ်ဗုဒ္ဓက ပေးတော်မူခဲ့၏။
သို့ သော် ယင်းအဖြေမျိုးသည် (၁၇-၁၈) ရာစုနှစ် သိပ္ပံပညာ၏ အစဉ်အလာနှင့် ယဉ်ပါးခြင်းမရှိသေးပါချေ။
(ဂျေရောဘတ်အိုပင်ဟိုးမား)
ဘာသာကူးပြောင်းဖို့ မဟုတ်ပါ၊ စိတ်ထားဖြူစင်ဖို့ သာဖြစ်၏
မေတ္တာအလင်းရောင်တောက်ပခြင်းဟာ
ကမ္ဘာမိသားစုကြီးတစ်ခုလုံး
ထာဝစဉ်အားထားမြတ်နိုးရမည့်
လျှို့ ဝှက်ကယ်တင်ရှင်ဖြစ်ပေမယ့်
မေတ္တာတရားခေါင်းပါးမှုနတ်ဆိုးက
ကမ္ဘာမိသားစုကြီးတခုလုံးအတွက်
ယနေ့ မျက်ရည်နဲ့ သွေးများ
စနစ်တကျ ဖန်တီးပေနေတယ်
သစ္စာအလင်းပျံနှံခြင်းဟာ
ကမ္ဘာမိသားစုတစ်ခုလုံးအတွက်
ထာဝစဉ်ဆောင်ရွက်ရမယ့်
လျှို့ ဝှက်အင်းအားဖြစ်ပေမယ့်
သစ္စာတရား ခေါင်းပါးမှုနတ်ဆိုးက
ကမ္ဘာ့မိသားစုတစ်ခုလုံးအတွက်
ယနေ့ သဘာဝဘေး အန္တရာယ်ဆိုးများ
စနစ်တကျ ဆောင်ကြဉ်းပေးနေတယ်
မေတ္တာသစ္စာရောင်ခြည်တို့ သည်သာ
ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်
ငြိမ်းချမ်းရေး နိဗ္ဗာန်ဘုံများ
ဖန်ဆင်းပေးနိုင်ပေမယ့်
“ စစ် ” ဆိုတဲ့  စစ်ပွဲဆင်နွှဲမှုတွေက
ကမ္ဘာ့မိသားစုကြီးတစ်ခုလုံးအတွက်
ကြေကွဲဖွယ် ငရဲခန်းအလားပမာ
စနစ်တကျ ဖန်တီးပေးနေတယ်။ ။
မည်သို့ သော အကြောင်းအရာ... ကိစ္စများနဲ့ မှ... ပတ်သတ်ဆက်နွယ်မှုမရှိပါ
မိမိ လေ့လာဖူးသော အကြောင်းအရာများကို ပြန်လည်တင်ပြခြင်းသာဖြစ်ပါသည်
စာပေးကို ချစ်မြတ်နိုး၍ ဗဟုသုတတိုးစေချင်သော စိတ်ဆန္ဒဖြင့် တင်ပြလိုက်ရပါသည်
ပိုသွားသည်...လိုသွားသည်တို့ ရှိသော် ခွင့်လွတ်သည့်ခံ နားလည်ပေးကြပါရန်
မေတ္တာရပ်ခံ တောင်းပန်လိုက်ပါသည်။
(၇)ရက်သားသမီးအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းခြင်းများဖြင့်ပြည့်စုံကြပါစေ။
အားလုံးကိုလေးစားခင်မင်လျှက်
မောင်(ခေတ္တလူ့ ပြည်)(17.02.2012-MALAYSIA)