Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live
အိုးပြိုင်ပွဲ
$
0
0
ရွှေမြိုတော်က သူငယ်ချင်းအပေါင်းတို့ ချစ်သူမြိုတော်မှာ..မကြုံစဖူး အိုးပြိုင်ပွဲ ကျင်းပနေကြပါတယ်..။ ပြိုင်ပွဲကျင်ပတဲ့နေရာကတော့ (ရွှေမြိုတော်ခန်းမမှာ ကျင်ပတာဖြစ်ပါတယ်)
အနယ်နယ်အရပ်ရပ်က အိုးတွေလာရောက်ယှဉ်ပြိုင်ကြပါတယ်...။ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်များအဖြစ်...
(၁)မထသမင်းသား
(၂)ကိုရင်ကျော်
(၃)အောင်ထက်
(၄)မေသဇင်
(၅)ရှင်းသန့်မေ
(၆)သိမ့်တို့ဖြစ်ပြီး
ဥက္ကဋ္ဌအဖြစ် ကိုငြိမ်းမှ တာဝန်ယူဆောင်ရွက်ထားပါတယ်...။
လာရောက်ယှဉ်ပြိုင်ကြတဲ့ အိုးတွေကလဲ များပါတယ်ခင်ဗျ။ ဒိုင်းဖြစ်သူတွေမှာလဲ အတော်လေး ခေါင်းစားအောင် အိုးကောင်း အိုးပုတ်ရွေးနေရတယ်။
ဒီလိုနဲ့ယှဉ်ပြိုင်လာလိုက်ကြတာ အိုး၂လုံးပဲကျန်ပါတော့တယ်..။အဲဒီအိုး(၂)လုံးကတော့ (၁) စဥ့်ကိုင်းအိုး၊ (၂) ရန်ကုန်အိုးတော့ဖြစ်ပါတယ်...။
အဲအချိန်မှာပဲ အဖွဲဝင်အချင်းချင်အမြင်တွေမတူကြတော့ပါဘူးခင်ဗျာ...
ယောင်္ကျားလေးအဖွဲဝင်၃ဦးကအရင် အိးုတွေကိုစစ်ဆေးပါတော့တယ် ပထမစဥ့်ကိုင်းအိုးကို ခေါက်ကြည့်တယ်ခင်ဗျ..။ .နောက်ရန်ကုန်းအိုးကို ကြတော့ ၃ယောက်သားခေါင်ချင်ဆိုင်ပီးတွတ်တွတ် တွတ်တွတ်နဲ့ အိုးကို့ပွတ်ကြည့်လိုက် ခေါက်ကြည်လိုက်နဲ့
အိုးနားကတော်တော်နဲ့ မခွာကြတော့ဘူးခင်ဗျ...။
ကျနော့်အထင်တစ်နာရီလောက်ရှိမယ်ထင်တယ်..အကဲဆုံးကအငယ်(၂) ယောက်ဖြစ်တဲ့ ကိုရင်ကျော်နဲ့ မထသပဲ အချိန်ကလဲကြာလာတော့ ရှက်လာတယ်နဲ့တူပါတယ်။( ၃)ယောက်သား အိုးနားကနေမခွာချင်ခွာချင်နဲ့ ကိုယ့်နေရာကိုပြန်ထိုင်လိုက်ကြပါတယ်။
မျက်လုံးတွေကတော့ ရန်ကုန်အိုးနားကနေ မခွာချင်ကြဘူး။ ထို့ နောက် မိန်းခလေးအဖွဲဝင်တွေအလှည့်ကြတော့ အိုး(၂)လုံးကို ယှဉ်ခေါက်ကြည့်ပီး ပြန်လာကြတယ်..။ (၆)ယောက်သားခေါင်းချင်းဆိုင်ပြီး ပလစ်ပလစ်နဲ့ပြောကြပါတယ် ။ မဲအရေအတွက်ကတော့ မိန်ခလေးအဖွဲဝင်တွေက စဥ့်ကိုင်းအိုး၃မဲ ယောင်္ကျားလေး
၃ယောက်ကတော့ ရန်ကုန်အိုးမှ ရန်ကုန်အိုးဆိုပဲ...။ မဲကတော့တူနေပီ ဆိုတော့ ချစ်သူ ဥက္ကဋ္ဌ ရဲ့ အဆုံးအဖြတ်ပဲ ခံယူကြတော့မှာပေါ့ .
ကဲ...အဲဒါဆိုလဲ သူကိုပဲဖိတ်ခေါ်လိုက်..။
မထသက ပြောလိုက်တယ်ဆိုရင်ပဲ ခပ်ကဲကဲ မေသဇင်က မိုက်ကိုဆပ်ခနဲ ဆွဲယူပြီး ထခေါ်လိုက်တယ် ဥက္ကဋ္ဌကြီးရှဉ့် အိုးတွေ ကိုဆေးဖို့ (အဲလေ)စစ်ဆေးပေးဖိုကြွပါရှင့်။
ငှက်က္ကဋ္ဌကြီးကလဲ ခပ်တည်တည်နဲ့ မျောက်မှန်ဂျီးတပ်ပီး ရောက်လာပါတယ်...ရောက်ရောက်ချင်းပဲ တန်းပီးဟောက်ပါတော့တယ် မင်းတို့ဒါလေးတောင်မျက်နှာမလွှဲရဘူး ငါအလုပ်မအားဘူးဆိုတာ သိရဲ့သားနဲ့ ( မထသမင်းသားကမပွင့်တပွင့် ဘာအလုပ်အကိုင်မှလဲမရှိပဲ ၁၀၉ /၁၁၀ ကများ လူပုံကြားထဲလာကြွားနေသေးတယ်..ဟွန်းးးးးးးးး)
ငါရွှေဘိုသားကွ အိုးအကြောင်းကောင်းကောင်းသိတာပေါ့ ... စာဆိုလဲရှိတယ် သုံးလွန်းတင်မှကြိုး ဒေါင်ဒေါင်မြည်မှအိုးကွ အောင်ထက်ကကြွားနေတာတွေနားမခံနိုင်တော့ဘူးထင်ပါတယ် ဥက္ကဋ္ဌကြီးခင်ဗျာ..အိုးတွေကိုသာ အရင်စစ်ဆေးပေးပါခင်ဗျာ..လို့ တောင်းပန်မှပဲ..ဥက္ကဋ္ဌကိုငြိမ်းစတင်စစ်ဆေးပါတော့တယ်
စဥ့်ကိုင်းအိုးဆီသို့ စပြီးသွားတယ်။ ပြီးတော့ ခေါက်ကြည်တယ် ခေါင်ရမ်းတယ်..ရန်ကုန်အိုးနားလဲရောက်ရော..မျက်လုံးကြီးပြူးပီး မျောက်မှန်ဂျီးပါကျွတ်ကြသွားတယ် အိုးကိုပွတ်ကြည့်တယ်ခင်ဗျ...။ တပတ်လှည့်ကြည့်တယ် ဖင်ပြန်ခေါင်ပြန်ကြည်တယ်။ လေဘက်ကုန်းကြည့်တယ် ဘေးစောင်းကြည့်တယ် အဲလိုဟိုဘက်ကက်ြလိုက် ဒီဘက်ကကြည်လိုက်နဲ့ သွားရေတွေလဲ
ကျနေတယ်ခင်ဗျ..။ သွားကြီးကလဲဖြီးလို့ အိုးကိုပွတ်ကြည့်တာအကြိမ် (၁၀၀၀) မကလောက်တော့ဘူး။  သူကိုသူမလုံဖြစ်ပြီး သူ့အဖွဲဝင်တွေကိုလဲလှည်ကြည့်လိုက်သေးတယ် ။ သူလူတွေက သူတို့ဥက္ကဋ္ဌအကြောင်းသိနေတော့ မမြင်ချင်ယောင်ဆောင်နေလိုက်ကြတယ်..။ သူလဲရှက်ရှက်နဲ့ နောက်ဆုံးအနေနဲ့ အိုး ကိုအားရပါးရ တအားနမ်းလိုက်ပါတယ် အဲဒါတောင်မကျေနပ်သေးလို့
ခေါ်တောကုလား တသိန်းအားနဲ့ကြည်ပီး မလွှဲချင်လွှဲချင်နဲ့လွှဲပီ. သူနေရာကိုပြန်လာပီးအခုလိုကြော်ငြာလိုက်ပါတယ်
လေးစားချင်ခင်ရပါသော ရွှေမြိုတော်သူသားအပေါင်းတို..အခုအိုးပြိုင်ပွဲမှာ..ကျွန်တော် ရန်ကုန်အိုးကို ပထမပေးလိုက်ပါပြီးခင်ဗျာ...တပြိုင်ထဲမှာပဲ ချစ်သူမြို့သားတွေရဲ့ လက်ခုပ်သံကလဲ ခန်မတခုလုံးပွင့်ထွက်မတတ်ကို ကျယ်လောင်မြည်ဟည်းသွားပါတယ် ...တဆက်ထဲမှာပဲ ကျွန်တော်တခု
ထက်ပီးကြေငြာပါ့မယ်စောစောကပြောခဲ့တာက သုံးလွန်တင်မှကြိုး ဒေါင်ဒေါင်မြည်မှအိုး နောက်တခုထပ်တိုးချင်ပါတယ် အိုးအကြောင်းနှာခေါင်းသာအသိလို့ဖြစ်ပါတယ်ခင်ဗျာ..ဒါကြောင့် ရန်ကုန်အိုးကို ပထမပေးလိုက်ပါတယ် ခင်ဗျာ..ဖြောင်း....ဖြောင်း....ဖြောင်း.......ဒါပါပဲခင်ဗျာ...
ကဲ စာဖတ်နေတဲ့ သူငယ်ချင်းတွေလဲ ပထမရတဲ့ အိုးနဲ့ ဒုတိယ ရတဲ့ အိုးကို သိချင်နေကြပီမလား ...မထသ.ကိုရင်ကျော် အောင်ထက် ဥက္ကဋ္ဌကြီးတို့နဲ့ ရွှေမြို့တော်သားတွေ သဲသဲလှုပ်ရွေးလိုက်တဲ့
အိုးကတော့ ဒီမှာကြည့်လိုက်ပါဗျာ...>
ကဲသူငယ်ချင်းတွေလဲ ကိုယ်ကြိုက်တဲ့ အိုးကို မဲပေခဲ့ကြပါနော်...
ရယ်မောခြင်းဖြင့်အာပြဲနိုင်ကြပါစေ...:P
ဘဝအမြင်(ပြိုင်ပွဲဝင်)
$
0
0
ဘဝအမြင်..
မသိရင်တော့ဘဝက ရိုးရိုးလေးပါ မိခင်ဝမ်းတွင်းကထွပ်လာပြီဆိုကတည်းက
ကလေးတိုင်းမိခင်နို့ချိုသောက်ဝမ်းတွင်းဆာလောင်မှုကိုဖြည့်စည်းကာအသက်ဆက်လာတယ်..
နောက်အရွယ်ရလာတော့ ဖခင်ရဲ့ရှာဖွေကြွေးမွေးမှုများနှင့် ဘဝကိုအရှေ့ဆက်တယ်..
အသက်အရွယ်ကြီးလာတော့ ကိုကိုယ်တိုင် ဝမ်းစာအရေးတွက်ရှာဖွေစားသောက်ရပြန်တယ်..
ဒီကြားထဲ ရယ်ရတာတွေရှိမယ် ငိုရတာတွေရှိမယ် ပျော်စရာတွေရှိမယ် စိတ်ညစ်စရာတွေရှိမယ်...
နောက်တော့ ဒီလိုစာဝတ်နေရေးအတွတ် ရှာဖွေနေရင်းသေကျရတယ်..
ကဲဒီမှာတင်ဘဝတစ်ခု ပြီးဆုံးသွားပြန်တယ်...
ကဲဒီအတိုင်းပဲ လူတိုင်းဘဝဆိုတာ ဒီလိုပဲ လား..
ဒီလိုပဲအဆုံးသက်ကျရတာလား..ဟုတ်ပါတယ်..ဘဝဆိုတာသေဆုံးချင်းနဲ့
လူတိုင်းအဆုံးသက်ကျရတာပါပဲ..ဒါပေမယ့် လူတစ်ယောက်မသေခင်သူတို့ဘဝတွေကို
အမျိုးမျိုးပုံဖော် ရေးသားခဲ့ကျတယ်..
စာအုပ်တစ်အုပ် ထူသည်ဖြစ်စေ ပါးသည်ဖြစ်စေ စာအုပ်အထူအပါး
ကိုကြည့်ပြီး တန်ဖိုးဖြတ်လို့ မရဘူး..
အဓိက စာအုပ်အတွင်းထဲက စာသားတွေရဲ့ လေးနက်တဲ့အတွေး လေးနက်တဲ့အရေး
ပညာပါတဲ့ စာသားတွေကို ကြည့်ပြီးတော့ စာအုပ်တစ်အုပ်တန်ဖိုးကိုဆုံးဖြတ်ကျရတယ်..
လူတစ်ယောက် အရမ်းချမ်းသာတယ် ဒါပေမယ့် သူလုပ်ကိုင်နေတာက တန်ဖိုးမဲ့
လုပ်ရက် တွေပိုက်ဆံချမ်းသာသော်လည်းအတွေးအခေါ်ယုက်ညံ့တဲ့အတွေးတွေနဲ့
ဘဝကိုရှေ့ဆက်နေတယ်..
သူ့ဘဝပြီးဆုံးသွားတော့ ကျန်ခဲ့တဲ့ သူ့ဘဝဇာတ်ကြောင်းစာအုပ်လေးက
ထမင်းဟင်းချက်ဖို့ မီးရှို့ခံရတဲ့ စာရွက်အလားပင် ခဏတာမီးလောင်ကာနောက်ဆုံး
ဆက်လက်သုံးလို့မရတဲ့ ပြာပုံသဖွယ်ကျန်ခဲ့ရတာပါပဲ...
လူတစ်ယောက်ဆင်းရဲတယ် ဒါပေမယ့် သူလုပ်ကိုင်နေတဲ့ အလုပ်
သူ့ရဲ့အတွေးအခေါ် စမ်းသစ်မှုတည်ထွင်မှုတွေ နောက်ဆုံး သူတည်ထွင်မှုတွေများစွာရတယ်
သူ့အသက်ဆုံးရှုံးသွားတယ်...
ဒီလူတစ်ယောက်ဟာတန်ဖိုးမဖြတ်နိုင်တဲ့ သူ့ဘဝစာအုပ်တစ်အုပ်ကို
သူကိုတိုင်ရေးသားခဲ့တာပဲ ခဏတာပဲအသက်ရှင်ရင်ရှင်ရပါစေ..
ဒီခဏတာအတွင်းမှာ သူ့လုပ်ရက်က ဆန်းပြားတည်ထွင်နိုင်မှုတွေလုပ်နိုင်ခဲ့တယ်
ဒါမှမဟုတ် လူသားအကျိုးပြု လုပ်ရက်တစ်ခု လုပ်နိုင်ခဲ့တယ်..
ဒီလိုလုပ်ရက်တွေဟာ ပုထုဇဉ် လူသားတစ်ယောက်အနေနဲ့
ကြည့်ရင်စာရွက်အရေအတွတ်ပါးပေမယ့်
စာရွက်ပေါ်မှာရေးသားတဲ့သူ့ဘဝက တန်ဖိုးရှိနေတယ်..
ကျနော်တို့  ကိုးကွယ်ဆည်းကပ် ယုံကြည်ကိုးကွယ်ပါသော မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်၏ သာသနာအရပြောရမယ်ဆိုရင်တော့
လူသားတစ်ယောက်အသက် တစ်ရာကျော် အသက်ရှည်ရှည်နေရသော်လည်း
ဘုရားအသိတရားအသိတစ်လုံးမှမရှိပဲ နေရရင် ထိုလူသားတစ်ယောက်ရဲ့  ဘဝဟာ
ဗလာစာရွက်အလွတ် တစ်ခုလိုပါပဲ..
အသက် တိုတိုနေခဲ့ရပေမယ့် ဘုရားအသိတရားအသိခဏတာသိခွင့်ရ
ပြီးနေခဲ့ရတယ်ဆိုရင်ပဲ ထိုလူသားတစ်ယောက်ရဲ့ ဘဝဟာ
စာအုပ်ပါးပေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်တစ်အုပ်ပါပဲ..
သူငယ်ချင်းကော သင့်ဘဝစာရွက်ပေါ်မှာ
တန်ဖိုးရှိတဲ့စာလုံးတွေ  ရေးကာ ဗလာစာရွက်အဖြူလေးတွေကို
အရောင်တင်ပါ..
တန်ဖိုးမဲ့စာလုံးတွေကိုသင့်ဘဝ ဗလာစာရွက်အဖြါ်လေးတွေအပေါ်မှာ
အညစ်ညမ်းခံကာမရေးသားမိပါစေနဲ့....သင့်ဘဝဟာနောက်ဆုံးသေဆုံးသွားရပေမယ့်
တန်ဖိုးရှိတဲ့စာအုပ်လေးတစ်အုပ်လို..သိမ်းဆည်းခံစေချင်လား...
ထမင်းဟင်းချက်ဖို့...မီးရှို့ခံရပြီးပြာပုံအဖြစ်ကိုရောက်သွားချင်လား..
ကိုယ်ကိုတိုင်  စဉ်းစားဆုံးဖြတ်ကာ..ကိုယ့်ဘဝကိုတန်ဖိုးရှိသောစာအုပ်တစ်အုပ်ဖြစ်အောင်ရေးသားကျပါတော့..။
(ချစ်ဦးမောင်)**##ခံစားရေးသားသည်..။
တစ်နာရီအတွင်းတွေးတဲ့ကျနော့်အတွေး..သူငယ်ချင်း
ဘဝအတွတ် ..တစ်ခဏနလောက်..တွေးတော့
ဆင်ချင်မိမယ်ဆိုရင်ပဲကျေနပ်ပါပြီ..
ည 10:10ကတွေးတော့ကာ...11:10မှာ ဆောင်းပါးပြီးဆုံးသည်..။
ကျေးဇူးတင်ပါသည်..။
မြန်မာ ဆန်ဆန် ၀တ်ဆင်နေထိုင်ခြင်းရဲ့ အကျိုးများ
$
0
0
မြန်မာ ဆန်ဆန် ၀တ်ဆင်နေထိုင်ခြင်းရဲ့ အကျိုးများ ********************************
၁။မြင်သူတကာ စိတ်ကြည်နူးမှုရရှိခြင်း .
၂။လူကြီးလူကောင်းဆန်ကာ လေးစားစရာ ကောင်းခြင်း...
၃။အထင်သေး အမြင်သေးမခံရခြင်း
၎။မည်သည့်နေရာမဆို ရဲရဲဝံ့ဝံ့ ၀င်ထွက်သွားလာနိုင်ခြင်း
၅။သိမ်ငယ် စိုးရွံ့နေရမှုမှ ကင်းဝေးခြင်း
၆။ညစ်ညမ်းသော စကားလုံးများဖြင့် နောက်ပြောင်မခံရခြင်း
၇။စိတ်လက်ပေါ့ပါးစွာ နေထိုင်ခွင့်ရခြင်း
၈။ပစ်မှားလိုသော စိတ်ယုတ်မာများ ဖြစ်ပွါးစေမှု နည်းပါခြင်း
၉။လူကြီးလူကောင်း နှင့် ပညာရှိများ ချီးမွမ်းခံရခြင်း
၁၀။ဂုဏ်သိက္ခာ တိုးတက်ခြင်း
၁၁။ရိုးသားမြင့်မြတ်သော အမျိုးသားကို ရနိုင်ခြင်း
၁၂။လူကုန်ကူးလိုသူတို့၏ အန္တရာယ်မှ ကင်းဝေးခြင်း အခြားအန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးခြင်း..တို့ ဖြစ်ပါသတဲ့ ၊ ကဲ ကိုယ်ပိုင်ညာဏ်ဖြင့် စဉ်းစား ဝေဖန် သုံးသပ် ဆုံးဖြတ်ကာ ၀တ်ဆင်ကြပါကုန်ကြပါကုန်.....
ကောင်လေးတစ်ယောက်ရွေးချယ်သင့်သည့်ချစ်သူမျိုးက
$
0
0
၁)ကိုယ်စိတ်ညစ်လို့ စိတ်ဓါတ်ကျနေချိန်မှာ ကိုယ့်အတွက် တစုံတခုကို ဖန်ဆင်းပေးချင်သူ ... (ဖြစ်နိုင်ရင် ကိုယ်ရဲ့ ဝေဒနာတွေကို ဟိုးအဝေးကိုမောင်းထုတ်ပြစ်ပေးချင်သူ ... အာလာဒင်သာဖြစ်ရင်ဆိုတဲ့ အတွေးမျိုးတခါတရံမှာ ၀င်တတ်သူ...)
၂)သိပ်ချစ်တာကိုသိသော်လဲ ခဏခဏကြားချင်လို့ နင်ငါ့ကိုယ်ဘာလို့ ချစ်တာလဲလို့ မေးတတ်သူ ...
၃)ကိုယ်ဟာလူတကာအမြင်မှာ ချွတ်တားလေးဖြစ်နေပေမယ့် သူ့ စိတ်အစဉ်ထဲမှာ ဟီးရိုးလို့ မှတ်ယူပေးထားတတ်သူ ...
၎)သာမာန်ထက်မထူးခြားတဲ့ကိုယ့်ကို ချစ်ဖို့ အရမ်းကောင်းတယ် ၊ချစ်ဖို့ အရမ်းကောင်းတယ်ဟုပြောကာ အူတိုနေတတ်သူ ...
၅)ဘာတွေဖြစ်လာဖြစ်လာ ကိုယ့်ကိုဦးဆုံးစဉ်းစား၊သတိရတတ်သူ ...(ဥပမာ-အစားအသောက်ကောင်းလေးများ၊ ဇာတ်လမ်းကောင်းလေးများနဲ့ ကြုံကြိုက်လာတာမျိုးကအစ...)
၆)ဖယောင်းတိုင်လို ကိုယ့်အပူကိုသူ့ ကိုယ်မပေးချင်ပဲ ...သူပျော်နေတာတွေကိုပဲ ဝေမျှခံစားပေးချင်သူ ...
၇)ဗေဒင် လက္ခဏာတွေကိုမယုံပါနဲ့ ...အနာဂတ်ကငါတို့ ရဲ့ လက်ထဲမှာပါလို့  ရဲဝင့်စွာကြွေးကြော်တတ်သူ ...
၈)ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ ... (သူ့ အတွက်ကိုယ်ဟာ necessary ဟုလို့ ပင်မှတ်ယူထားတတ်သူ...)
၉)မောပန်းနွမ်းလျလို့ အားအင်ချိနဲ့ ပင်ပန်းနေတဲ့အခိုက် လိမ္မော်ရည်လေးတစ်ခွက်လောက်နဲ့ အသင့်ပြင်ဆင်ထားတတ်သူ ... (အနည်းဆုံးရေအေးအေးလေးလောက်တော့ တိုက်ပေးတတ်သူ..)
၁၀)ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့အတွက် ကျေးဇူးပါလို့ ခဏခဏပြောကာ... ( နင့်ကြောင့် ငါပျော်ခဲ့ရတာလေ ဆိုပြီး ချစ်သူကို ဂုဏ်ယူစရာမရှိ ကြံဖန်ဂုဏ်ယူပေးတတ်သူ ...)
ကောင်မလေးတစ်ယောက် ရွေးချယ်သင့်တဲ့ချစ်သူဆိုတာ
$
0
0
၁)မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာ စိုးလို့  အကာအကွယ်ပေးပြီးလိုက်မိုးပေးသူ... (လိုအပ်ရင် အကျီင်္လေးပါချွတ်ပေးလို့ ကာမိုးပေးသူ...) ၂)သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ အဝေးကို ပြေးစေသူ... (ဘယ်လောက်ပဲ ဇောချွေးပူလို့ သူ့ မှာသောကတွေများနေပါစေ သူ့ လက်တစ်စုံနဲ့ ကိုယ့်ကိုအင်အားတွေပေးစေသူ ...)၃)ချမ်းအေးတဲ့  ဆောင်းမနက်ခင်းမျိုးမှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ... (လိုအပ်ရင် ရင်ခွင်ထဲ ဆွဲပွေ့ ပေးထားတတ်သူ...) ၄)ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံအဖြစ် အသင့်ရှိနေသူ... (မင်းမျက်ရည်ကျတာကိုယ်မမြင်ချင်ဘူးကွာဟုတားမည် ။...သို့ သော်လိုအပ်လာလျှင် သူ့ ပုခုံးနှစ်ဘက်ကိုအသင့်ပြင်ပေးထားသူ... Cry on my shoulder...လို့ ပြောတတ်သူ...) ၅)Avril lavigne မဟုတ်ပေမယ်လဲ မင်းသီချင်းဆိုတာလေးက အရမ်းနားထောင်လို့  ကောင်းတယ်လို့ ကိုယ့်ကိုကျေနပ်အောင်ပြောပေးတတ်သူ ... ၆)Romance moviesတွေကိုကြိုက်သော်လည်း ကိုယ်နှစ်သက်တဲ့  harry potter ကားမျိုးကို မပျင်းမရိလိုက်ကြည့်ပေးတတ်သူ ... ၇)ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည် လိုက်ရေတွက်တတ်သူ... (တခါတရံကောင်းကင်ယံက ဒဏ္ဍာရီချစ်မောင်နှံ ခွန်စံလောနဲ့ နန်းဦးပြင်ကြယ်လေးအကြောင်းပါ စိတ်ဝင်စားဖို့ ကောင်းအောင် ပြောပြပေးတတ်သူ ...) ၈)ကိုယ်မွေးနေ့ ကိုမှတ်မိပြီး မှတ်မှတ်ရရ အမှတ်တရတွေဖန်တီးပေးတတ်သူ... (သူများနဲ့ မတူပဲ ကိုယ့်ရင်ကို လှုပ်ခတ်နိုင်မဲ့ လက်ဆောင်မျိုးပေးနိုင်အောင် ဖန်တီးတတ်သူ ...) ၉)ငါဒီလောက်ဆိုးတာနင်ဘာလို့ ချစ်တာလဲလို့ မေးတိုင်း..ဆိုးတာလေးကိုပဲချစ်တာဟု ပြုံးကာဖြေတတ်သူ... ၁၀)မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ... (ဆွေးမျိုးမေ့အောင်ကောင်းပါတယ်ဟေ့ လို့ ...တခါတခါ ၀မ်းသာအောင်ပြောပေးတတ်သူ ...)
ဘဝအမြင် ပြိုင်ပွဲဝင်ပို့စ်များ
$
0
0
မင်္ဂလာပါရှင်...........
ယခု လက်ရှိ တင်ပြလာသော ဘဝအမြင် (ပြိုင်ပွဲဝင်)ပို့စ်များကို လွယ်ကူစွာ ဖတ်ရှုနိုင်စေရန် တစ်စုတစ်ဝေးတည်း တင်ပြထားပေးပါသည်ရှင်။
ယခုလက်ရှိတွင် ချစ်လှစွာသော ကိုကိုဗိုင်းရပ်စ်မှ မေသဇင်၏ စက်ကို ကျီစယ်ကာ ကိုက်သွားပါသဖြစ် ယခင်စုဆောင်းထားသော လင့်များနှင့် စာပေများ အနည်းငယ် ပျောက်ဆုံးသွားခြင်း ၊ယခုလက်ရှိအသုံးပြုနေသော စက်မှာ မြန်မာဖောင့်မရခြင်း(ဒါလေးက အခြားစက်မှာ သွားရေးလာတာ)စသည့် အခက်အခဲများကြောင့် မိမိတို့ ရေးသားတင်ပြလာသော ဘဝအမြင်(ပြိုင်ပွဲဝင်)ပို့စ်များ ယခု တစ်စုတစ်ဝေးတည်း တင်ပြလာသော စာမျက်နှာတွင် မပါဝင်ပဲ ကျန်ရစ်ခဲ့သည် ရှိပါက မေ့၏ အားနည်းချက်ကြောင့်သာ ဖြစ်ပါကြောင်းနှင့် ကျေးဇူးပြုပြီး မိမိတို့ရေးသားထားသော ပို့စ်များ၏ လင့်များကို ကွန်မန့်ဘောက်စ်တွင် ထားပေးခဲ့ပါရန် အနူးအညွတ်ပန်ကြားတောင်းပန်ပါသည်ရှင်။စက်အခြေအနေကြောင့် အကယ်၍များ ဆိုဒ်ထဲမဝင်ဖြစ်ခဲ့ပါက အက်မင်၊မန်ဘာအပေါင်း နားလည်ပေးပါရန်နှင့် ဆုကြေငြာရက်ကို သတ်မှတ်ရက်ထက် အနည်းကျော်လွန်ခဲ့ပါက ခွင့်လွတ်နားလည်ပေးပါရန် တောင်ပန်ပြောကြားခဲ့ပါသည်ရှင်။
ယခုလက်ရှိ ပါဝင်ရေးသားထားသော ဘဝအမြင်(ပြိုင်ပွဲဝင်)ပို့စ်များကို တစ်ခုချင်းစီ ကလစ်ပြီး ၎င်းတို့ ရေးသားထားသည်များကို ဖတ်ရှုနိုင်ပါသည်ရှင် ။
၁။ ဆြာပြည့်မှ တင်ပြလာသော ဘဝအမြင်
၂။ kaunghtet မှတင်ပြသော ဘဝအမြင်
၃။ khay Hay Thar မှ တင်ပြသော ဘဝအမြင်
၎။ မိန်နွေမှ တင်ပြသော ဘဝအမြင်
၅။ ကိုဇော်(pku)မှ တင်ပြသော ဘဝအမြင်
၆။ moemakaမှ တင်ပြသော ဘဝအမြင်
၇။ သန့်ဇင်ဦး(နတ်ဆိုး) မှ တင်ပြေသော ဘဝအမြင်
၈။ မိုးတိမ်မှ တင်ပြေသော ဘဝအမြင်
၉။ Ashin Htavara မှ တင်ပြသော ဘဝအမြင်
၁၀။ ကိုအောင်အောင် ပခုက္ကူ မှတင်ပြသော ဘဝအမြင်
၁၁။ Myint Soe မှ တင်ပြသော ဘဝအမြင်
၁၂။ ဇော်ကိုကိုထက် မှ တင်ပြေသော ဘဝအမြင်
၁၃။ ဖိုးအောင်နည်းပညာမှ တင်ပြလာသော ဘဝအမြင်
၁၄။ April မှ တင်ပြလာသော ဘဝအမြင်
၁၅။ လမင်းမောင်(လမင်း) (**m**c**)မှ တင်ပြလာသော ဘဝအမြင်
၁၆။ ko mg mg မှ တင်ပြလာသော ဘဝအမြင်
၁၇။ အကြွေပန်းလေး (အဝေးရောက်ပရဟိတ) မှ တင်ပြလာသော ဘဝအမြင်
၁၈။ ခေတ်သစ်မင်းနန္ဒာမှ တင်ပြလာသော ဘဝအမြင်
၁၉။ ကိုရင်မောင်( ဖောင်သမား) မှ တင်ပြလာသော ဘဝအမြင်
၂၀။ ချစ်ညီမလေးမှ တင်ပြလာသော ဘဝအမြင်
၂၁။ နေခြည်သစ်နွယ်(ပြည်)မှ တင်ပြလာသော ဘဝအမြင်
၂၂။ဘာကိုမှ မသိချင်သူမှ တင်ပြလာသော ဘဝအမြင်
၂၃။စိုးပိုင်=စေပိုင်ထွဋ်(ပုသိမ်)မှ တင်ပြလာသော ဘဝအမြင်
၂၄။ aa မှ တင်ပြလာသော ဘလော့စ်ပို့များ
၂၅။ အောင်စူးရှ မှ တင်ပြလာသော ဘဝအမြင်
၂၆။ တွယ်ရာမဲ့ ဆောင်းချစ်သူမှ တင်ပြလာသော ဘဝအမြင်
၂၇။ ရင်ခုန်ရသူမှ တင်ပြလာသော ဘဝအမြင်
၂၈။ မင်းဝဿန်မှ တင်ပြလာသော ဘဝအမြင်
၂၉။ မြှားနတ်မောင် မှ တင်ပြလာသော ဘဝအမြင်
၃၀။ ချစ်ဦးမောင်မှ တင်ပြလာသော ဘဝအမြင်
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
ဟန်မဆောင်နိုင်တဲ့ တန်ဆောင်တိုင်
$
0
0
မောင်မောင်။ ငါ စိတ်ချမယ်နော် ”။
ထိန်းလင်းနေတဲ့ ဆီမီးရောင်တွေ ကြားမှာ ဆူး ပြောခဲ့တဲ့ စကားပါ။ သီတင်းကျွတ်လ ဆီမီးပူဇော်ပွဲမှာ ဆူးနဲ့အတူ ဆီမီးပူဇော်ခဲ့တယ်။ နောက်ဆို သူနဲ့အတူတူ သွားရဘို့ ခုလို စကားတွေ ပြောခွင့်ရဘို့ဆိုတာ မလွယ်ဘူးလေ။ သူတို့က ခေတ်မီ တိုးတက် ဆန်းကြယ်တဲ့ အသုံးအဆောင် အသုံးအနှုန်းတွေနဲ့ ပြီးပြည့်စုံတဲ့ မြို့ပြကို ပြောင်းကြတော့မှာ။ ဆူးရဲ့ ဦးလေးက စီးပွားရေးအဆင်ပြေလို့ လှန်းခေါ်လိုက်တာလေ။ သူတို့ တစ်မိသားစုလုံး ပြောင်းကြတော့မှာ။ ဆူးဆိုတာ ကျွန်တော်နဲ့ ငယ်ငယ်ကတည်းက သွားအတူ ဆော့အတူ နေလာခဲ့တဲ့ သူငယ်ချင်းပါ။ တစ်ယောက်နဲ့ တစ်ယောက် ရင်ထဲမှာ သံယောဇဉ်ကြိုးတွေ တနင့် တပိုး ချည်နှောင်ထားကြသူတွေပေါ့။ သူ့ရင်ထဲမှာတော့ မသိဘူး။ ကျွန်တော့်ရင်ထဲမှာတော့ အရမ်းကိုသေချာနေတဲ့ အဖြေတစ်ခု ရှိနေခဲ့ပါတယ်။ သူငယ်ချင်းဆိုတဲ့ စည်းလေးကို ကျွန်တော် ဖျက်သိမ်းချင်နေခဲ့တာလေ။ ဒါကို သူက သိမှာ မဟုတ်ဘူး။ ကျွန်တော် သူ့ကို ဘာမှ ပြန်ပြောဖြစ်ခဲ့ပါဘူး။ ပြန် မပြောဖြစ်ဘူးဆိုတာထက် ပြန်ပြောနိုင်တဲ့ အင်အားမရှိဘူးဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူ့မျက်နှာလေးကိုပဲ တစိမ့်စိမ့် ကြည့်နေမိခဲ့တယ်။ ရက်စက်လိုက်တာ ကံကြမ္မာရယ်။ သူနဲ့ ဝေးရမယ့်အကြောင်းကို သိတဲ့အချိန်ကစပြီး ငိုနေမိခဲ့တာကိုတော့ သူ မသိပါစေနဲ့လေ။ ကျွန်တော် တစ်ယောက်တည်းပဲ ခံစားပါရစေတော့။ သူ့ကို မကူးစက်စေချင်ပါဘူး။ ကျွန်တော်လိုသာ ခံစားရရင် သူမလွယ်ဘူး။ ယောက်ျားရင့်မာကြီး ဖြစ်တဲ့ ကျွန်တော်တောင် ရူကြောင်ကြောင်ဖြစ်အောင် ခံစားရသေးရင် သူဆို ဘယ်လိုနေမလဲ။ တွေးကြည့်လိုက်တာနဲ့ မျက်ရည်တွေ စီးကျလာခဲ့တာလေ။ ကျွန်တော့်ဘ၀က ထွန်းညှိထားတဲ့ ဆီမီးရောင်လေးလိုပါပဲ။ မီးရောင်တွေက တက်လာလိုက် ပြန်ကျသွားလိုက်ပေါ့။ ပျော်စရာလေးနဲ့ ကြုံလိုက် ပြုံးရယ်လိုက် ၀မ်းနည်းစရာတွေနဲ့ ကြုံလိုက် ငိုလိုက်ပါပဲ။ သူကတော့ မြူတိမ်ကင်းတဲ့ ကောင်းကင်က လမင်းလေးလိုပေါ့။ သူ့အလင်း သူ့အစွမ်း သူ့ကံကို ကျွန်တော်လို ဆီမီးရောင်က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ သူများထွန်းမှ လင်းရတဲ့ဘ၀။ လမင်းရဲ့ လှပမှု့ကို ကြည့်နေရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ခဲ့ဘူးလေ။ လမင်းရေ ဆူးရဲ့ မျက်နှာလေးကို အပိုင်ယူထားပေးပါ။ ငါ ဆူးကို သတိရတိုင်း လွမ်းမိတိုင်း မင်းကို မော့ကြည့်ချင်လို့ပါ။ ထိန်ထိန်သာနေတဲ့ လရောင်အောက်က ဆီမီးရောင်ကြားမှာ ၀မ်းနည်းမှု့တွေနဲ့အတူ သူ့မျက်နှာလေးကို ကြည့်နေခဲ့မိတာပါ။ ကြည့်လို့ မ၀ခဲ့တဲ့ မျက်နှာ။ ထိလို့ မရခဲ့တဲ့ မျက်နှာ။ ယူလို့ မရခဲ့တဲ့ မျက်နှာ။ ပိုင်ရှင် ပေါ်မလာ ပါစေနဲ့လို့ ----------
“ မောင်မောင် မောင်မောင် ” ။ ခေါ်သံကြားလို့ ကြည့်လိုက်တော့ မောဟိုက်နေတဲ့ ဆူး။ ကျွန်တော့်ကို အပြစ်တင်ဘို့ စိတ်ကူးထားတဲ့ မျက်နှာနဲ့။ ကျွန်တော့်မျက်ဝန်းတွေ မြင်လိုက်တော့ သူ့စိတ်ကူးတွေ ပြောင်းသွားသည် ထင်ပါရဲ့။ သူ ဘာမှ မပြောတော့ဘူး။ ကျွန်တော့်ဘေးမှာ ငိုနေရှာတယ်။ “ ငါ ဘယ်လို လုပ်ရမလဲ မောင်မောင်ရယ်။ ငါ သွားရတော့မယ်။ အားလုံး အဆင့်သင်ဖြစ်နေပြီ။ နင့်ကို နှုတ်ဆက်ချင်လို့ ငါ စောင့်ခိုင်းထားတာ။ နင် လုပ်ရက်တယ်နော်။ ငါ့ကို နှုတ်ဆက်ဘို့တောင် သတိရဘူး။ ငါ့မှာတော့ နင့်ကို မျှော်လိုက်တာ ”။ ဒါ သူ့ရင်ထဲက ခံစားချက်တွေ ထင်ပါရဲ့။ သူပြောချင်တွေ ပြောနေခဲ့တယ်။ ပြီးတော့ သူ့ပါးပြင်မှာလည်း မျက်ရည်တွေ ရွဲစိုလို့။ သူငိုတော့ ကျွန်တော် မနေတတ်ဘူးလေ။ သူ့မျက်ရည်လေးတွေကို သုတ်ပေးရင်း မငိုဘို့ ပြောရတာပေါ့။ မချော့တတ် ချော့တတ်နဲ့ ချော့ရတာလေ။ ချော့နေတဲ့ ကျွန်တော့်စကားကိုလည်း ကြည့်လိုက်ပါအုံး။ မငိုနဲ့  မငိုနဲ့ မငိုပါနဲ့ ဆိုတဲ့ စကားတစ်လုံးတည်း။ ကျွန်တော့်ရင်ထဲက ခံစားချက်တွေကို ခဏမေ့ထားပြီး သူ့ကို ပျော်အောင် ပြောခဲ့ရတာပါ။ အငိုမျက်လုံးတွေကို ခဏသိမ်းထားပြီး အပြုံးမျက်နှာလေးနဲ့ သူ့ကို ပျော်စေချင်ခဲ့တာပါ။ သူ တော်တော်လေး မောလာတယ် ထင်ပါရဲ့။ စိတ်ညစ်တဲ့အခါတိုင်း ရွာရဲ့ အရှေ့ထိပ်က ညောင်းပင်ခြေရင်းမှာ ကျွန်တော် သွားနေတတ်တာကို သူသိတယ်လေ။ ဒါကြောင့် ကျွန်တော့်ရှိတဲ့နေရာကို သူပြေးလာခဲ့တာ နေမှာပေါ့။ မငိုနဲ့ မငိုပါနဲ့ဆိုတဲ့ စကားကလွဲရင် ကျွန်တော်မပြောချင်ဘူး။ တစ်ခုခု ပြောမယ်လို့ ကြံလိုက်တိုင်း ငိုချင်လာတယ်။ ကျွန်တော် သူ့ကို နှုတ်မဆက်ချင်ပါဘူး။ ကျွန်တော့်ကိုလည်း နှုတ်မဆက်စေချင်ဘူး။ နှုတ်ဆက်တယ်ဆိုတဲ့ စကားကို ကျွန်တော် မကြိုက်ဘူးလေ။ စကားမပြောတဲ့ ကျွန်တော်ကို စိမ်းလိုက်တာလို့ ထင်ချင်ထင်မှာပေါ့။ အဲဒီအချိန်က ကျွန်တော့်ရင်ထဲမှာ မျက်ရည်တွေပဲ ရှိခဲ့တာပါ။ ကျွန်တော့်ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကိုပဲ ဖောက်ထုတ်ထုတ် သွေးထွက်မယ် မထင်ဘူး။ မျက်ရည်တွေပဲ ထွက်လာလိမ့်မယ် ထင်တယ်။ ကျွန်တော့်မျက်ရည်တွေက နှလုံးသားအစိုင်အခဲတွေကတိုင် ပျော်စီး ကျလာတဲ့ နှလုံးသားအရည်စက်လေးတွေပါ။ ကျွန်တော့်မျက်ရည်ကို မြင်ရင် သိနိုင်မယ်ဆိုရင်ပေါ့ ကျွန်တော့် နှလုံးသားတွေ ဘယ်လောက်တောင် ကြေမွနေတယ်ဆိုတာ သိနိုင်မှာပါ။ နောက်ကျနေမှာ စိုးလို့ သူ့ကို ရွာထိပ်အထိ ပြန်လိုက်ပို့လိုက်တယ်။ သူနှုတ်ဆက် သွားပေမဲ့ ကျွန်တော် ဘာမှ မတုန့်ပြန်လိုက်ပါဘူး။ အဲဒီရွာထိပ်က နေရာလေးမှာ ထိုင်ချလိုက်တယ်။ ဘယ်လောက်တောင် ကြာသွားတယ် မသိဘူး။ အစ်ကိုလာခေါ်မှပဲ အိမ်ပြန်လာခဲ့မိတာလေ။ ဖြစ်နိုင်ရင်တော့ အဲဒီအချိန်မှာ လောကကြီးကို ------------
“မောင်မောင်ရေ ဖုန်းလာတယ်ဟေ့။ ဆူး ဆီက” ။ ဒေါ်လေး အော်သံကြောင့် မပြီးသေးတဲ့ ထမင်းဇလုံကို ပစ်ချထားခဲ့ပြီး ဆင်းပြေးခဲ့တယ်။ ကျွန်တော် ထမင်းစားနေတာလေ။ သူသွားတာ ၁၅ ရက်လောက် ရှိသွားပြီ။ ခုမှ ဖုန်းဆက်တာ။ နေနိုင်လိုက်တာ ဆူးရယ်။ ဒါပေမဲ့ ခုလို ဖုန်းဆက်ပေးတာကိုပဲ ကျေးဇူးတင်လွန်းလို့။ ဟလို လုပ်လိုက်တဲ့အချိန်မှာပဲ အရမ်းပျော်နေတဲ့ ဆူး။ ပြောလိုက်တဲ့ စကားတွေလည်း အများကြီးပဲ။ သူ အရမ်းပျော်နေပုံ ပါပဲ။ သူ့ဆီဖုန်းခေါ်ဘို့ ဖုန်းနံပါတ်တွေ ပေးတယ်။ တန်ဆောင်တိုင်မှာ လာခဲ့မယ်လို့လည်း ပြောတယ်။ တန်ဆောင်တိုင် လာခဲ့မယ်လို့ ကြားရတော့ ၀မ်းသာလိုက်တာ။ ငြိမ်နေတဲ့ ကျွန်တော့်ကို စကားပြောဘို့ ပူဆာတယ်။ ကျွန်တော်က နင် အရမ်း နေနိုင်တာပဲ လို့ ပြောလိုက်တယ်။ ဘ၀တွေက ကွာလိုက်တာနော်။ သူ အရမ်းပျော်နေသလောက် ကျွန်တော့်နှလုံးသားမှာတော့ အရမ်းကို ခြောက်သွေ့နေခဲ့တာပါ။ တန်ဆောင်တိုင်မှာ သူနဲ့ အတူတူ ဆီမီးပူဇော်ဘို့ အတွေးတွေနဲ့ ကြိုတင်ပြင်ဆင်ထားတွေ အများကြီးပဲ။ သူလာရင် အရမ်းပျော်စေချင်တယ်။ အမှတ်တရတွေ ဖြစ်နေစေချင်တယ်လေ။ ဒါပေမဲ့ ပြင်ဆင်မှု့တွေနဲ့ အတူ အားလုံးက သဲထဲ ရေသွန်လိုက်သလိုပါပဲ။ သူ ရောက်မလာခဲ့ပါဘူး။ ကျွန်တော့် အစီအစဉ်တွေ အတွေးတွေကို အကောင်အထည်ဖော်ပေးမယ့်နိုင်သူဟာ သူပဲ ရှိတယ်ဆိုတာကို မေ့နေခဲ့တယ်ထင်ပါရဲ့။ ဘာကြောင့် ရောက်မလာခဲ့တာလဲ ဆိုတာကို ကျွန်တော် မမေးချင်ဘူး။ သူ့ဖုန်းနံပါတ်တွေကိုလည်း  မှတ်မထားခဲ့ဘူး။ ဖုန်းဆက်ဘို့လည်း စိတ်ကူး မရှိဘူးလေ။ သူလည်း အလုပ်တွေ ရှုပ်နေလို့ ထင်ပါရဲ့။ ကျွန်တော့်ဆီကို ဖုန်းမဆက်တော့ဘူး။ ဖုန်းဆက်ဘို့ အချိန်မရလို့ပဲ ဖြစ်မှာပါ။ ကျွန်တော့်ကို မေ့သွားလို့တော့ မဟုတ်လောက်ပါဘူး။ ရွှေလသာတဲ့ နေ့တိုင်း သူ့ကို ကျွန်တော်တွေ့မြင်နေရတာပဲ။ သူနဲ့ စကားတွေ ပြောဖြစ်နေတာပဲ။ ဖုန်းဆက်စရာမှ မလိုတာ။ ဒီလိုနဲ့ နှစ်တွေ တော်တော်ကြာသွားတဲ့ အခါမှာတော့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူတစ်ယောက်တည်း မဟုတ်ဘူး။ ကိုအောင်ဆိုတဲ့ လူတစ်ယောက်နဲ့ အတူတူလေ။ ကျွန်တော့်ကို ရှာသည်တဲ့။ တွေ့ချင်သည်တဲ့။ ကျွန်တော် သွားတတ်တဲ့ ညောင်ပင်ကြီးဆီကို သူသွားသည်တဲ့။ ဟားးးးးးးးးးးးးး ကျွန်တော့်ကို ဘယ်တွေ့မလဲ။ တောမှာ နေတာတောင် တော်တော် ကြာသွားပြီပဲ။ တစ်နေ့တော့ သူတစ်ယောက်တည်း ကျွန်တော်နေတဲ့ တောက သရက်ပင်ကြီးဆီ ရောက်လာခဲ့ပါတယ်။ ကျွန်တော့်ပုံစံကို မြင်တော့ တော်တော်လေး အံ့သြနေပုံပါပဲ။ ဟိုအရင်က သပ်သပ်ရပ်ရပ်နေတတ်တဲ့ ကျွန်တော်။ ခုတော့ ဖြစ်သလို ဘ၀နဲ့။ ဆံပင်ရှည်ရှည် မုတ်ဆိတ်များများ နဲ့။ သူက အောက်ကို ဆင်းခဲ့ဘို့ ပြောလို့ ကျွန်တော် ဆင်းသွားလိုက်ပါတယ်။ ကျွန်တော်က သရက်ပင်ကြီးပေါ်မှာ အိမ်ဆောင်နေခဲ့တာလေ။ ကျွန်တော်နေတဲ့ နေရာလေးက အရမ်းမိုက်တယ်။ လူတွေကို အပေါ်စီးက ကြည့်ရတဲ့ ဘ၀လေ။ ဟီးးးးးးး။ သူ့ကိုလည်း ကျွန်တော် မကြည့်မိပါဘူး။ သူ စကားတွေ အများကြီးပြောနေတယ်။ ကျွန်တော် ဘာမှ ပြန်မပြောခဲ့ဘူး။ နောက်တော့ သူက ကျွန်တော့် မျက်နှာကို ဆွဲယူလိုက်တယ်။ ပြီးတော့ ကျွန်တော့် ပြောတယ်။ “နင် ဘာလို့ ခုလို ပြောင်းလဲ သွားတာလဲ” တဲ့။ ရယ်ပစ်လိုက်ချင်သည်။ ပစ်ပစ်စက်စက်ကို ဟားတိုက် ရယ်မောပစ်လိုက်ချင်သည်။ ဒါပေမဲ့ မရယ်နိုင်ခဲ့ပါဘူး။ ၀မ်းနည်းမှု့တွေနဲ့ အတူ နင့်ကြောင့် ဆိုတဲ့ စကားတစ်လုံးကိုပဲ ရင်ထဲမှာ ပြောဖြစ်လိုက်တာပါ။ သူကတော့ ကြားမယ် မထင်ဘူး။ ကျွန်တော့်မျက်ဝန်းတွေ ကျွန်တော့်ဆံပင်တွေဟာ သူနဲ့ ခွဲရတဲ့အချိန်ကအတိုင်း ရှိနေတုန်းဆိုတာကို သူ့ကို သိစေချင်လိုက်တာ။ ကျွန်တော့်ရဲ့ အပြင်က ဟန်ပန်တွေဟာ တစ်မျိုးပြောင်ချင် ပြောင်းလဲ နေမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲက အရာရာတိုင်းဟာ သူထားခဲ့တဲ့ ဒဏ်ရာအတိုင်းဆိုတာ ---------------
သူ့ စေတနာ၊
သူ့မေတ္တာ နဲ့၊
ကြင်နာ ပြုစု၊
အယု အယ၊
ရရှိမှ သာ၊
ပန်းရဲ့ ဘ၀၊
ရွှင်လန်း ရမို့၊
မှန်းလို့ မျှော်သည်၊
ဥယျာဉ် မှူးလေး၊
သိစေ ချင်။
အလွမ်းများစွာနဲ့
အားလုံးကို
ခင်တဲ့
စံလင်း
ဘ၀ကပေးတဲ့ နောင်တ
$
0
0
ငယ်၇ွယ်တဲ့ အချိန်ကာလတစ်ခု အမေနဲ့ အဖေကျွေးတာကိုစားတယ်။အပြောအဆိုယဉ်ကျေးတဲ့ သားတစ်ယောက် သမီးတစ်ယောက်အနေနဲ့ နေလာခဲ့ တယ်။မိဘကဘာပြောပြောဟုတ်ကဲ့ ဆိုတဲ့ စကားတစ်လုံးနဲ့ တင်ဘ၀ကိုကျေနပ်ခဲ့ တယ်။တကယ်တော့ အဲဒီအဖြစ်အပျက်မိဘရဲ့ သွန်သင်ဆုံးမမူတွေကသားသမီးတွေအားလုံးအတွေလမ်းမှန်ပြောညွှန်ပြပေးတာဆိုတာကိုမသိသေးပါဘူး။အရွယ်လေးလဲေ၇ာက်မြီးကောက်ပေါက်စအရွယ်လဲေ၇ာက်ေ၇ာအမေကလဲဗျာ။အဖေကလဲဗျာနဲ့ ပတ်ဝန်းကျင်မိသားစုအသိုင်းအ၀ိုင်းမှာလူဆိုးတစ်ယောက်ဖြစ်လာခဲ့ တယ်။ဒါပေမယ့် လဲသူငယ်ချင်းတွေကြားထဲမှာတော့ အိမ်ပိုင်လို့ ဂေါ်လီလုပ်တာဆိုပြီးဂုဏ်ယူနေတတ်တယ်။သူငယ်ချင်းတွေကလဲမင်းကိုအားကျတယ်ကွာဆိုတဲ့ စကားတစ်ခွန်းနဲ့ ဘ၀င်လေဟက်နေတဲ့ ကျွန်တော်ပေါ့ ။မိဘရဲ့ သွန်သင်ဆံးမမူကိုနားထောင်လာခဲ့ တဲ့ အချိန်တွေတုန်းကတော့ အမြဲတမ်းအဆင်ပြေချောမွတ်တယ်။မိဘရဲ့ သွန်သင်မူတွေလဲနားမထောင်တော့ ရော  ပိုက်ဆံခိုးတတ်လာတယ်။ဆေးလိပ်သောက်တတ်လာတယ်။တစ်ခါတစ်လေအရက်တောင်ပါလိုက်သေးတယ်။မှတ်မှတ်ရရအဖြစ်ဆုံးကတော့ လွန်ခဲ့ တဲ့ ၉နှစ်လောက်က၁၀တန်းကျောင်းသားဘ၀ပေါ့ ။ပိုက်ဆ့မ၇ှိတော့ ရင်တောင်းတယ်တောင်းလို့ မရရင်အမေဆီကခိုးတယ်။ကျူ၇ှင်လခတွေဘုန်းတယ်။ပိုက်ဆံကိုရေလိုသုံးရင်ဘ၀ကိုပျော်နေခဲ့ တယ်။မကောင်းတာတွေအကုန်လဲတတ်ခဲ့ ပါပြီ။ပညာတွေလဲစုံခဲ့ ပါပြီးပေါ့ ။စာကျက်ရမှန်းမသိဘူးအမေကပြောတယ်၁၀တန်းမအောင်ရင်သားတစ်သက်လုံးသူနောက်လိုက်ဘ၀နဲ့ နေရင်းနဲ့ ဘ၀ကိုခွန်းအားနဲ့ ပင်ပင်ပန်းပန်း၇ုန်းကန်ရမယ်။၁၀တန်းအောင်ရင်သားဘောပင်လေးကိုင်ပြီးသက်သက်သာသာနဲ့ သားဘ၀ကိုဖြတ်သန်းရမယ်။နားမ၀င်ခဲ့ ပါဘူးအမေစကားတွေအဖေစကားတွေကဒီဖက်က၀င်ပြီးဒီဖက်ကထွက်သွားတာပါပဲ။နောက်ဆုံးတော့ ကျောင်းကဆရာတွေလဲဆုံးမပါတယ်။ဆရာတစ်ယောက်ပြောတာဆိုရင်နားထဲကမထွက်ခဲ့ ဘူး။ငါ့ တပည့် မင်း၁၀တန်းလေးတောင်မအောင်ရင်ရန်ကုန်ဆိပ်ကမ်းကူလီထမ်းရမယ်တဲ့ အခုတော့ ကျွန်တော်ကူလီဘ၀တော့ မေ၇ာက်ခဲ့ ပါဘူး။ဒါပေမယ့် သူများတွေလိုမဟုတ်ပဲဘ၀ကိုပင်ပန်းကြီးစွာရုန်းကန်ရတယ်။၁၀တန်းကတော့ မလေး၇ှားသွားတယ်။သူများတွေလိုပညာတွေတတ်လို့ သွားတာမှမဟုတ်တာဘာမှမတတ်တဲ့ ကောင်ပန်းကန်ဆေးကြမ်းတိုက်ပေါ့ ။အိပ်ပြန်တော့ လဲဖြစ်သလိုအိပ်ရတယ်အိမ်သာေ၇ှ့လဲဖြစ်ချင်ဖြစ်မယ်။မင်းမအိပ်ရင်မင်းနောက်နေ့ အလုပ်မဆင်းနိုင်းဘူးလေ။ဘ၀ကိုပင်ပန်းကြီးစွာရုန်းကန်၇တယ်။နောက်ဆုံးရန်ကုန်ပြန်ေ၇ာက်တယ်အဲအချိန်မှသိလိုက်တာကတစ်ချိန်ကမင်းကတော့ အိမ်ပိုင်တယ်ကွာငါတို့ ကအိမ်မပိုင်ဘူးလို့ ပြောတဲ့ သူငယ်ချင်းတွေကအရာ၇ှိတို့ စစ်ဗိုလ်တို့  မန်နေဂျာတို့ အဖြစ်နဲ့ သူတို့ ရဲ့ ဘ၀အာမခံချက်ကိုစီ၇ှိနေကြပြီလေ။အဲချိန်မှာသိလိုက်တဲ့ ကျွန်တော်အတွေးကငါကရောဘာလဲဟင်ဆိုတာပေါ့ ဗျာ။တစ်နေ့ လုပ်မှတစ်စားရတယ်ဘ၀ ဘ၀ကိုရုန်းကန်နေရတယ်လူတကာအပြောကိုခံ၇တယ်။ကိုကအောက်ခြေ၀န်းထမ်းဖြစ်နေတာကို နောက်ဆုံးဗျာပိုက်ဆံတွေဘာတွေဘဏ်မှာထုတ်မယ်ဆိုရင်တောင်မှဒီကောင်သိမှမြဟုတ်ပါဘူးကွာဆိုတာမျိုးအပြောခံရပြီးသူများနောက်ကပိုက်ဆံထုတ်လိုက်ထမ်းရတဲ့ ဘ၀ပေါ့ ။ငါညီလေးတို့ ညီမလေးတို့ ရောအကိုလိုအဖြစ်မျိုးနဲ့ နေချင်ကြလားသူများကိုပြောတာလို့ ချင်လားသူများပြောတာခံချင်ကြလားကြိုးစားကြပါ။၁၀တန်းအောင်တာနဲ့ တင်မင်းတို့ ဘ၀မှာမှတ်တိုင်တစ်ခုအဖြစ်နဲ့ ၇ှိနေပြီး။မိဘတွေပြောသလိုမျိုးမင်းတို့ တစ်နှစ်ပဲကြီုးစားယုံနဲ့ တင်မင်းတို့ ဘ၀လေးတင်လှပသွားမှာပါငယ်၇ွယ်တဲ့ အချိန်မှာအကိုလိုအမှားလို့ မျိုးတွေကျူးလွန်တတ်ကြလို့ သတိပေးရင်အဆုံးသတ်လိုက်ပါတယ်။
အမှားများပါသွားခဲ့ ရင်တောင်းပန်ပါတယ်။
ရွှေမြို့ တော်မှသူငယ်ချင်းများကိုခင်မင်လျှက်
ဘ၀ထဲကလူ
မိုးတိမ်
ခုတော့ ကျွန်တော်လဲဘ၀ကပေးတဲ့ နောင်တတွေကိုထွေးပိုက်ရင်ဘ၀ရဲ့ အာမခံချက်တစ်ခု၇ဖိုးကြီုးစားနေရအုန်းမှာပေါ့ ဗျာ။
နောင်တစ်ခေတ်ရဲ့ ကြယ်ပွင့်လေးတွေဖြစ်တဲ့ ညီလေးညီမလေးတွေအောင်လုံးကျန်းမာပြီးဘ၀ပန်းတိုင်းကိုအေ၇ာက်လှမ်းနိုင်ပါစေ
“အိပ်မက်တစ်ခုအစပြုခြင်း”
$
0
0
“အိပ်မက်တစ်ခုအစပြုခြင်း”
ဘ၀တွေမှာ လျှောက်လှမ်းခဲ့ရတဲ့အချိန်ကာလတွေက များလွန်းနေခဲ့ပါပြီ၊ သာယာလှပတဲ့နေ့ရက်လေးတွေနဲ့ ကြုံတွေ့နိုင်ကြသလို၊ ၀မ်းနဲစရာကောင်းတဲ့ နေ့ရက်လေးတွေကလည်း အများအပြားပါပဲ၊ မည်သို့ပင်အကြောင်းတရားမျိုးစုံတွေ ရှိနေခဲ့ကြပါစေ၊ ရရှိလာမှုရဲ့ အကျိုးတရားတွေကတော့ အတူတူပင်ဖြစ်နေပါလိမ့်မည်။ ဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ အေးချမ်းခြင်းတွေ၊ ပူလောင်ခြင်းတွေဟာ နောက်ဆုံးရှင်သန်နေချိန်ထိတိုင် ဆက်ကာဆက်ကာ ဖြစ်နေ၊ ကြုံနေကြရအုံးမှာပါ၊ ပြောင်းလဲလာခဲ့တဲ့..ပြောင်းလဲခြင်းတရားတွေနဲ့ထပ်တူ၊ အသိဥာဏ်တွေကလည်း ရင့်ကျက်လာချိန်တန်ပြီထင်ကြပါရဲ့…။
ထိုနည်းတူပါပဲ…ဘ၀ဆိုတဲ့ လောကဓံအဆိုးအကောင်းတွေရဲ့ကြားမှာ အထွေထွေသော လူတို့၏ နှုတ်မှု၊ ကိုယ်မှုတို့သည်လည်း အကျင့်စရိုက်မျိုးစုံတို့နှင့် တွေ့ထိနေကြရအုံးမှာပါ၊ မည်သို့ပင်ဖြစ်ပါစေ…လူတို့၏ အားသာချက်တစ်ခုသည် အသိဥာဏ်ရှိနေ သည်သာပင်၊ မတူညီသောဘ၀တွေမျိုးစုံမှာ..မတူညီသောလူတို့၏ ပေါင်းစပ်ဖန်တီးရမှုတို့သည်လည်း သဘာဝ အတိုင်းသာလျှင် ဖြစ်သည်၊ မေတ္တာတရားများနှင့် နှောင်ဖွဲ့နေကြသော လူသားတို့ အဘယ်သို့များဖြစ်ကုန်ကြသနည်း…။
မေတ္တာတရားဟူသည် အအေးမြဆုံးသောလက်နက်တစ်ခုပင်ဖြစ်သည်မဟုတ်ပါလား၊ သူတစ်ပါးအတွက်ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ဆိုသည့် ဒါနဟူရယ်မှမဟုတ်ပေ၊ မိမိတို့တွင်ပိုင်ဆိုင်ထားကြကုန်သော အစိုးမရနိုင်သောစိတ်နှလုံး၏ မေတ္တာတရားကို ထားနိုင်ခြင်းသည်ကပင် အမွန်မြတ်ဆုံးသောဒါနဟုပင်ဆိုနိုင်ပါသည်။ မေတ္တာတရားဆိုသည်ကား ထားရှိနိုင်ဖို့ရန်ဆိုသော်ငြား လည်း အမှန်တကယ် သူတစ်ပါးအပေါ်တွင် ထားရှိနိုင်စေဖို့ရာ အလွန်တစ်ရာမှပင် ခက်ခဲလွန်းလှပါသည်။
မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပို့နည်းမှာ လူသားအားလုံးကို ငြိမ်းချမ်းစေသော မေတ္တာတရားပင်ဖြစ်ပါသည်၊ မေတ္တာဆိုသည် တစ်ဦးတစ်ယောက်တည်းအပေါ်တွင် ထားရှိခြင်းမျိုးမဟုတ်ဘဲ…လူသားအားလုံးတို့အပေါ်တွင်….ခန္တီ၏ပါရမီ သည်းခံခြင်းဆိုသည့် တရားနှင့်ယှဉ်တွဲ၍ ဖြစ်ပေါ်လာသောစေတဿိတ်တစ်ခုပင်ဖြစ်ပါသည်။ လူသားတွေရဲ့ပင်ကိုယ်စိတ်ကလေး ဟာ လှပပါတယ်၊ နူးညံ့သိမ်မွေ့မှုတွေရှိကြပါတယ်၊ အဘယ်ကြောင့် ဤတရားတွေမထား နိုင်ကြသနည်း၊
ရှင်သန်ခြင်းဆိုသည့်အချိန်ကာလနှင့် သေဆုံးခြင်းဆိုသည့်အချိန်ကာလတွေကြားမှာပင် ဖြစ်ပျက်ပြောင်းလဲမှုတရားတွေက မြန်ဆန်လွန်းလှသည်၊ မေတ္တာတွေပေးဝေငှလိုက်လို့ ကုန်သည်ရယ်လို့ရှိနိုင်မည်မဟုတ်ပါ…ထပ်တူအကျိုးတစ်ခုသာ ခံစားရအုံး မည်သာ၊ တူညီသောအကျိုးဆက်ကို…တူညီသောလူသားတိုင်း ခံစားကြရမည်မှာ မလွဲမသွေပါ။ ဘာကြောင့်များ မပေးနိုင်ကြရ သနည်း။ လူတို့၏ချမ်းသာခြင်းအစစ်အမှန်သည်…ရောင့်ရဲကျေနပ်နေခြင်းသာဖြစ်ပေသည်၊ အရာဝတ္ထုတစ်ခုကို လိုချင်လျှင် တစ်ခုတော့ သောကရတတ်ရကြစမြဲသာဖြစ်သည်၊ ထိုသို့သောကတွေသည် လိုချင်သောအရာနှင့် အားပြိုင်ညီမျှမှုမရှိပါက ဆင်းရဲခြင်းဆိုသော ဒုက္ခတရားတွေသာ ရလာမည်မှာ မလွဲနိုင်ပေ။ ၀ဋ်မှာအမြဲ…ငရဲမှာအပဆိုသော စကားသည် အမှန်ဆိုသည် စကားတစ်ခုအဖြစ်ရယ်သာမဟုတ် လက်တွေ့သဘောမျှသာဖြစ်ပါသည်။ ကိုယ်ပြုသောကံကိုယ့်ထံပြန်စမြဲသာဖြစ်ပေသည်။ အကုသိုလ်၏ အစုအဝေးသည် ကြီးထွားလာလေလေ အကျိုးပေးလည်းနည်းသောတရားမဟုတ်နိုင်ပေ။ ကုသိုလ်၏အစုအဝေး သည် သေးငယ်သော်ငြားလည်း အကျိုးပေးကြီးထွားစေနိုင်သော မျိုးစေ့တစ်ခုမျှသာဖြစ်ပါသည်။
ကျွန်ုပ်တို့လူသားတွေ မေတ္တာတရားတွေထားတတ်ဖို့ရာ မေ့နေတတ်ကြပြန်ရောလား၊ ကြမ်းကြုတ်မှုတွေရော ရှေ့ဆက်နိုင် ကြပြီလား၊ ကြောက်ရွံ့မှုမရှိသော သတ္တိများဖြင့် လောကကြီးကို အကျည်းတန်စေခဲ့ပြီလား၊ ဘယ်သောအခါမှ ဆုံးစေနိုင်အုံး တော့မည်လဲ၊ အကောင်းအဆိုးတွေကိုပျောက်ကွယ်စေနိုင်ခဲ့သော တဏှာကိုရော ပယ်သတ်နိုင်ခဲ့ကြပြီလား၊ တဏှာဆိုသည်မှာ လူတို့၏ ဖန်တီးနိုင်သမျှကို စေစားရာဖြစ်သော တပ်မက်ခြင်းတစ်ခုသာဖြစ်သည်၊ ထိုတပ်မက်ခြင်းကိုသာ နည်းပါးစွာဖြင့် လူတို့ ဆင်ခြင်နိုင်ကြလျှင်ဖြင့်….ကမ္ဘာကြီးလည်းငြိမ်းချမ်းစေမည်လော၊ ထိုသို့သောတပ်မက်ခြင်းဆိုသည့် တဏှာကိုပင် မစွန့်ပယ် နိုင်သည့်တကား…မေတ္တာဖြင့်နှလုံးသွင်း ဆင်ခြင်တုံတရားများထားရှိခဲ့နိုင်လျှင်ဖြင့်…တဏှာဆိုသည့် တပ်မက်ခြင်းကိုပင် အနိုင် ရရှိနိုင်ပေလိမ့်မည်။ ကျွန်ုတို့လူသားတွေ အိပ်မက်ရှည်ကြီးကို မက်နိုင်ဖို့ရာ…တစ်ညတာတော့ အိပ်စက်ရပေအုံးမည်၊ တစ်ညတာ အိပ်စက်နိုင်ခြင်းမရှိပါပဲလျက်..အိပ်မက်ရှည်ကြီးမက်နိုင်ဖို့ရာတော့ ဖြစ်နိုင်လိမ့်မည်မထင်မိပါ….။
နေခြည်သစ်နွယ်(ပြည်)
www.naychithitnwe.com
ရက်ရောတဲ့နှလုံးသားပိုင်ရှင်လို့အမည်ရတဲ့...စာဂဘ၀င်နဲ့အင်တာဗျုးခြင်း
$
0
0
Divider Scraps and Graphics
မင်္ဂလာပါရှင်
ချစ်သူမြို့တော်မန်ဘာများအထူးမျှော်လင့်နေတဲ့အင်တာဗျူးအစီအစဉ်လေးစတင်ပါပြီရှင်
 ချစ်သူမြို့ တော်ရဲ့   အင်တာဗျူး အစီအစဉ်လေးက စောင့်မျှော်နေသူ
မန်ဘာများအတွက်ဒီတခါအလှည့်ကျသူကရက်ရောတဲ့နှလုံးသားပိုင်ရှင်လို့အမည်ရတဲ့...စာဂဘ၀င်ပါရှင်။
♥★ ရှင်းသန့်မေမေး၍               ♥★စာဂဘ၀င်ဖြေသည်
Divider Scraps and Graphics
စာဂဘ၀င်မင်္ဂလာပါရှင့်ရွှေမြို့တော်အင်တာဗျူးကဏ္ဍလေးအတွက်  အင်တာဗျူးလေးမေးချင်လို့ပါရှင်။
မင်္ဂလာပါ ညီမလေးရှင်းသန့် မေရေ အင်း မေးပါရပါတယ် သိသလောက်ဖြေတာပေါ့နော်။
ကိုစာဂဘ၀င်ရဲ့ မွေးရပ်မြေနဲ့ယခုလက်ရှိနေထိုင်နေတဲ့ နေရပ်နဲ့ lifestyle လေးကိုလည်း သိပါရစေရှင်။
သဘာဝဘ၀နေထိုင်မူပုံစံကတော့တူတူပါပဲ။
မွေးရပ်မြေနဲ့ တိုင်းတပါးဆိုတော့ နေရာမတူဘူးလေ ဒါကြောင့် ၀တ်တာ စားတာ နေတာ
ထိုင်တာလေးတွေကတော့အခြေနေအရပြောင်းလဲပေးရတာပေါ့နော်။
ကိုစာဂဘ၀င်ဆိုတာနာမည်အရင်းလားရှင့် အဓိပ္ပါယ်လေးသိပါရစေရှင့် ။
    စာဂဘ၀င်ဆိုတာနာမည်အရင်း မဟုပ်ပါဘူး အဖြားလည်းဟုပ်ပါဘူး ဟိဟိ
ကလောင်နာမည်ပါခင်ဗျ အဓိပ္ပါယ်ကတော့ စာဂ ဆိုတာ ရက်ရောခြင်း ပေးလျှုခြင်း
 ဘ၀င် ကတော့နလုံးသားပေါ့နော် ရက်ရောတဲ့နလုံးသားပေါ့  အတ္တထက်ပရကို
ရှေ့ တန်းတင်ချင်တဲ့ရည်ရွယ်ချက်နဲ့ဒီနာမည်လေးကို ရွေးလိုက်တာပါ။ လှလား ကြိုက်လား ညီမလေး။
ကိုစာဂအသက်လေးကိုသိပါရစေရှင့်(သေမင်းမသိအောင်တိုးတိုးပြောနော်):D
ညီမ ဒီနားကိုလာခဲ့ ကျတော့်အသက် ၂၄ နစ်ပါနော်  တိတ်တိတ်လေးပြောတာနော်
သူမကြားလောက်ပါ ဘူး ဟိဟိ။
မောင်လေးရဲ့ အကြိုက်ဆုံးအရာလေးတွေ ဥပမာ-အစားအစာ၊ အရောင်နဲ  ၀ါသနာပါတာလေးတွေကိုလည်း ပြောပြပေးပါအုံးရှင်။
အစားအသောက်မှာဆို မနက်ဆိုရင် ကန်စွန်းရွက်ကြော်နဲ့ ကော်ဖီသောက်ပါတယ် ထမင်းစားချိန်ဆို
 ပန်းသီးနဲ့ ထမင်းစားပါတယ် ဟိဟိ ရက်ရက်စက်စက်ကြိုက်လို့ပါ။အရောင်ကတော့ အမဲ နဲ့ အဖြူ ကိုပိုကြိုက်ပါတယ် ။ ဘောလုံးကန်တာဝါသနာပါ
ပါတယ် ခုတော့ဝါသနာသိပ်မပါချင်တော့ဘူးဗျ ကျတော်ကန်ဖို့ တည်ထားတဲ့ဘောလုံးကို
သူများလုကန်သွားတာများလို့ ပါဒါကအားကစားဘက်ပေါ့နော်။
 စာပေအနုပညာကိုဝါသနာအရမ်းပါ ပါတယ်။ ဂီတလည်းဝါသနာပါသေး အသံမကောင်းလို
့သာညိမ်နေတာ အသံမကောင်းလည်းဆိုတာပါပဲ ကာရာအိုကေ ပေါ့နော် တွံတေးသိန်း
 တန်သီချင်းတွေကိုဆိုပါတယ် ပက်ပက်စက်စက်ကြိုက်လို့ ပါ။
မောင်လေးက အချစ်ဆိုတာကို ဘယ်လိုခံယူထားလဲ။
ရှင်းကတော့ကျတော့်ကို အကိုခေါ်လိုက် မောင်လေးခေါ်လိုက်နဲ့ 
ရင်ကခုန်လိုက်မခုန်လိုက်ဖြစ်အောင်၊ ကသိကအောက်ဖြစ်အောင်လုပ်နေသလိုပဲ ဟိဟိ။
အချစ် ဆိုတာကို ဘ၀ရဲ့တစိတ်တဒေသလို့ ပဲခံယူထားသလို  ပေးမျှခံယူခြင်းလို့ လည်း
ခံယူထားပါတယ်ခင်ဗျ
(အော်အသက်မသိခင်ကတော့အကိုပေါ့အသက်သိတော့မောင်လေးပေါ့တော်တော်နုတယ်နော် )
    အချစ်အကြောင်းများများပြောလို့ မရဲဘူးခင်ဗျ တော်ကြာကျတော့်ကောင်မလေးကဒီလူအချစ်ကျမ်း
    အဲလောက်ကျေပုံထောက်ရရင် ရည်းစားတော်တော်များလို့ ဆိုပြိးအဖြေတောင်းထားတာမပေးဘဲနေဦး  မယ် ဟိဟိ။
ချစ်သူမြို့တော်လေးကိုစရောက်ပုံလေးအကြောင်းသိပါရစေရှင့်။ဆိုဒ်ထဲကိုဘယ်သူရဲ့  ဖိတ်ခေါ်မူကြောင့် ရောက်ရှိလာပြီးမှ စတင်အသုံးပြုဖြစ်ခဲ့သလဲဆိုတာလေးကိုလည်း သိပါရစေရှင်။
အင်း ကျတော်ကစာရေး စာဖတ်ဝါသနာကြီးသူမို့  ၄လပိုင်းကျော်ကျော်လောက်ကအင်တာနက်ပေါ်
စာလိုက်ဖတ်နေရင်း  ချစ်သူမြို့တော်လို့   ရေးထားတာတွေ့ လို့  ၀င်လာခဲ့တာပါ  လမ်းမှားပြီးရောက်လာတယ်
ဆိုပေမယ့်တကယ်တော့ လမ်းအမှန်ပါဘဲ မိုးကျရွှေ ကိုယ်ပေါ်ပေ ပေါ့ဗျာဆိုဒ်ထဲကို
ဘယ်သူမျှဖိတ်ခေါ်လို့ ရောက်လာတာမဟုပ်ပါဘူး  ကံတရားက ဆွဲခေါ်လာတာပါ လို့ ပြောပါရစေ။
ကဗျာပုံစံအမျိုးမျိုးရေသားတာတွေ့ရပါတယ်ဘယ်လိုကဗျာမျိုးကိုအများဆုံးရေးဖြစ်ပါလဲမောင်လေးရေးတဲ့
ကဗျာအမျိုးအစားများကိုလည်း ကဗျာရေးသူတွေကိုမျှဝေပေးပါအုန်း။
ကဗျာပုံစံအမျိုးမျိုးရယ်တော့မဟုပ်သေးပါဘူးမမရှင်းရယ် ၎
မျိုးတည်းပါပဲ အရင်ကတော့ မော်ဒန်မဆန်  ရှေးမဆန် ကဗျာတွေအရေးများပါတယ်
 ဒီနောက်ပိုင်းမှာတော့ သံပေါက်ကဗျာ၎လုံးစပ်ကဗျာ မော်ဒန်ကဗျာ တွေ မကြာမကြာ တမျိုးစီအလှည့်ကျရေးဖြစ်ပါတယ် ။
ကဗျာတပုဒ်ရေးမယ်ဆိုဘယ်လိုဖြစ်တည်ပြီးရေးလေ့ရှိပါသလဲ။
ခုမှစရေးမယ်တက်သစ်စလူငယ်တွေကိုဝေမျှပေးပါအုန်းရှင့်။
  သေချာတာတော့ကျတော်ကဗျာဆရာမဟုပ်သေးဘူဆိုတာပါပဲ  ကဗျာဝါသနာရှင်တွေထဲက တယောက်ပါပဲ။
 စိတ်ခံစားမူကို မူတည်ပြီးရေးဖြစ်ပါတယ်ခင်ဗျ ဦးနောက်အသိဥာဏ် ရဲ့ရေသောက်မြစ်က စိတ်ပဲလို့ 
 ကျတော်ဖတ်ဖူးပါတယ် တကယ်လည်းဟုပ်ပါတယ်လေ လူတယောက်ကစိတ်မမှန်တော့ရင်
အတွေးအခေါ်တွေပါ လိုက်ပါမမှန်တော့တာ ရွာသာကြီးကသက်သေပဲပေါ့မယုံရင်သွားကြည့်ပါလား ဟိဟိ။
 ဥပမာ  ရှင်းသန့် မေ နာမည်နဲ့ ကျတော်ကဗျာရေးချင်စိတ်ဖြစ်တော့ရှင်းတယ်သန့် တယ်မေရယ်ဆို
  ပြီးခေါင်းစဉ်တပ်ကာရေးလိုက်ပါတယ်။ကျတော့်အချစ်လေး ရွှေမူံသန့် မေနာမည်နဲ့ ရေးချင်စိတ်ဖြစ်တော့
  ရေးလိုက်တာပါပဲ။ဘ၀ကဗျာရေးချင်စိတ်ဖြစ်ရင် ဘ၀အကြောင်း ကိုပေးချင်တဲ့မက်ဆေ့ နဲ့ ကိုက်ညီအောင်ရေး ချလိုက်တာပါပဲ စသဖြင့်ပေါ့နော် ကျတော်ကအဲလိုပဲရေးပါတယ် လူအမျိုးမျိုးစိတ်အထွေထွေလေ။ တယောက်နင့်တယောက်ဖြစ်တည်မူကွဲပြားမှာတော့အမှန်ပါဘဲခင်ဗျ၊ကျတော်လည်း
တက်သစ်စလူငယ်လေးတယောက်ပါပဲ ဟိဟိ။
ဘယ်သူမျှဖိတ်ခေါ်လို့ ရောက်လာတာမဟုပ်ပါဘူး
 ကံတရားက ဆွဲခေါ်လာတာပါ လို့ ပြောပါရစေ။
မောင်လေးအနေနဲ့အားကျမိတဲ့အတုမြင်အတတ်သင်ဆရာများရှိလည်းဖေါ်ပြပေးပါအုန်း။
 အင်း ရှေးစာဆိုတွေတော်တော်များကို လေးစားအားကျမိပါတယ် သူတို
့ရေးတဲ့ကဗျာတွေကိုကြည့်ပြီး တုရေးပါတယ်  ၄ လုံးစပ် သံပေါက် အဲလိုကဗျာတွေကိုပေါ့  လေ့လာရင်း
တုရင်း ရေးရင်းပေါ့။    မော်ဒန်ကဗျာဆရာတွေမှာဆို ဆရာတာရာမင်းဝေကဗျာတွေကိုဖတ်လေ့ရှိပါတယ်
ကျတော်အားကျမိတဲ့  မော်ဒန်ကဗျာဆရာပေါ့ ကျတော့်ရဲ့  မြင်ဆရာလည်းမှန်ပါတယ် ။
မောင်လေး အားကျရတဲ့ စာပေတွေနဲ့ စာရေးဆရာတွေရှိရင်လည်းပြောပြပေးပါအုံးရှင့်။
ကျတော်မြန်မာစာပေတွေကိုပဲ အဓိကထားအားကျပါတယ်။လူဘ၀အတွက်တကယ်အကျိုးပေးနိုင်တဲ့
 စာပေတွေကို တကယ်သဘောကျသလို အားလည်းကျပါတယ်။ကျတော်အားကျတဲ့စာရေးဆရာတွေက
 မနည်းပါဘူးခင်ဗျ  ဆရာဖေမြင့် သုတေသီဘုန်းမြင့်သွေး နောက်လည်းရှိပါသေးတယ်။
စာပေတွေကို ဘယ်အချိန်လောက်မှာ စတင်လေ့လာ ဖတ်ရူရေးသားဖြစ်ခဲ့လည်း   ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးရှင်။
ကျတော်မှတ်မိသလောက်ဆို ကျတော်အသက် ၃နစ်သားအရွယ်လောက်ကနေ ကျတော့်အကိုကျောင်း
  တက်ရင် လိုက်သွားလေ့ရှိပါတယ် တောမှာဆို အဲဒီအရွယ်က အ၀တ်အစားမ၀တ်သေးတာများပါတယ်
    ဟိဟိ  ဖတ်ရှု့ တာက အဲအရွယ်လောက်ကနေစပြီပေါ့ ။ရွာမှာနေချိန်တော့စာပေတွေသိပ်လေ့လာလို့ မရ
    ပါဘူး ကိုဖတ်ချင်တဲ့စာအုပ်ကို အလွယ်တကူ ၀ယ်ဖတ် ငှားဖတ်လို့မျှမရဘဲကိုး။မြို့ ကိုရောက်ရင်တော့
    လက်လှမ်းမီသလောက် လေ့လာပါတယ် ။ရေးတာကတော့ ရွှေမြို့ တော်ထဲရောက်မှမြဲမြဲစွဲစွဲရေးဖြစ်တာ
    ပါ။မြန်မာပြည်မှာတုန်းကတော့ ဟိုတပုဒ် သည်တပုဒ်လောက်သာ ရေးဖြစ်တာပါ။
မောင်လေးရေးခဲ့ပြီးသားကဗျာတွေအားလုံးထဲကမှအကြိုက်ဆုံးနဲ့  အားရကျေနပ်မူရှိတဲ့ကဗျာလေးရှိလည်းဝေမျှပေးပါအုန်းရှင့်။
ကျတော်အားရတဲ့ကဗျာလေးက ရှင်းတယ်သန့် တယ်မေရယ် ဆိုတဲ့ကဗျာလေးပါ ကျေနပ်မူရှိတဲ့
 ကဗျာလေးကတော့ မောင်နံမေးဖြေကဗျာလေးပါ။ကျတော့်ကဗျာအားလုံးကိုကျတော်အကြိုက်ဆုံးပါပဲ။
  ကျတော်အားရကျေနပ်မူရှိတဲ့ကဗျာလေးလည်းရှိသေး ဦးရဲ့ မီးလေး ကဗျာလေ ဟိဟိ။
မောင်လေးက ကဗျာဥယျာဉ်အဖွဲတည်ထောင်ထားတယ်နော်ဘယ်လိုရည်ရွယ်ချက်နဲတည်ထောင်ခဲ့တာလဲ ကဗျာဥယျာဉ်ထဲမှာကဗျာအရေးကောင်းတဲ့လူများရှိလည်းဖေါ်ပြပေးပါဦး
အင်း ကဗျာဥယျာဉ် မဖွဲ့ ခင်လေးမှာ တချို့ ကမော်ဒန်ကဗျာကို
ဝေဖန်ကြတဲ့အပေါ်မှာ တော်တော်    များများကဗျာမရေးကြတော့တာတွေ့ ရတယ်လေ ဒါကြောင့်ကျတော်က
မော်ဒန်ကဗျာရော ရှေးကဗျာရော စုရေးမယ့်အဖွဲ့ တဖွဲ့   ဖွဲ့မယ့်စိတ်ကူးရတာနဲ့  ကိုတတိုင်းမွေး ခေတ်သစ်မင်းနန္ဒာ တို့ နင့်တိုင်ပင်ပြီးဖွဲ
့လိုက်တာပါ။ကဗျာဥယျာဉ်ထဲဝင်တာနဲ့  ကဗျာ  ဥယျာဉ်ရဲ့ ရွယ်ချက်နင့် ခလုတ်တိုက်မိမှာပါ မယုံရင်ဝင်ကြည့်လေ
ဟိဟိ။ပြီးတော့ ယနေ့ ခေတ်က မော်ဒန်ခေတ်ဆိုပေမယ့်မော်ဒန်ဘက်ကိုသာအပြီးသတ်လှည့်နေပြီ ရှေးစာပေအမွေနစ်
    တွေကို ကျောပေးထားတာမျိုးကိုလည်းကျတော်သဘောမကျပါဘူး အညမညရှိရှိဖြစ်စေချင်တဲ့ရည်ရွယ်  ချက်လည်းပါ ပါတယ်ခင်ဗျ။
လူ့ဘ၀မှာ တစ်ခါတစ်လေ လောကဓံတရားတွေကို ရင်ဆိုင်ကြရတဲ့အခါ  ဘယ်လိုအသိစိတ်ကလေးနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲ ဆိုတာလေးကိုလည်း  ရွှေမြို့တော်သူငယ်ချင်းများအတွက် မှတ်သားစရာစကားလက်ဆောင်လေးအဖြစ်   ပြောပေးပါအုံးရှင်။
လူ့ လောကကြီးကို ဆန့် ကျင်ဘက်အရာတွေ နဲ့ ဖန်တီးထားတယ်ဆိုတာ အားလုံးအသိပါပဲပေါ့
  ဒီတော့ သုခနင့်ကြုံရတတ်သလို ဒုက္ခနင့်လည်းဆုံရမှာပါဘဲသုခနင့်ပဲကြုံကြုံ ဒုက္ခနင့်ပဲဆုံဆုံ
    ကျတော်ကတော့ တရားသဘောအသိတွေနင့်ပဲ ဖြတ်ကျော်သွားပါတယ်ခင်ဗျ။
 မောင်လေးဘ၀အတွက်အမြဲလက်ကိုင်ထား ကျင့်သုံးခဲ့တဲ့ဆောင်ပုဒ်လေးများရှိရင်
   ရွှေမြို့တော်သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးပါအုံးရှင်။
  မုသားဝါဒနင့်ရှင်သန်နေခြင်းထက် အမှန်တရားနင့်သေခြင်းက ပိုကောင်းပါတယ်။
    ပြီးတော့ အမြဲလက်ကိုင်ကျင့်သုံးသင့်တဲ့ ဆောင်းပုဒ်တွေကိုလည်း
ကျင့်သုံးသင့်လို့  ကျင့်သုံးပါတယ်။
အွန်လိုင်းအသုံးပြုနေကြတဲ့ညီအစ်ကိုမောင်နှမတွေအပေါ်မှာ မောင်လေးအနေနဲ့
  ပြောချင်တဲ့ စကားလက်ဆောင်လေးများရှိရင်ပြောပြပေးပါအုန်း။
ကျတော်ကတော့ အွန်လိုင်းပေါ်တက်ရင် ကို့အတွက်အကျီုးရှိမယ့်စာတွေလိုက်ဖတ်လေ့ရှိသလို
 လူတွေအတွက်အကျိုးရှိမယ့်စာတွေလည်းရေးပါတယ် အွန်လိုင်းအသုံးပြုနေတဲ့လူတွေရော
  ကျတော့်လိုပဲလုပ်ပါလို့  မပြောရဲပါဘူး တော်ကြာ မင်းငါတို့ကိုဆရာကြီးလုပ်နေသလားကွ ဆိုပြီး
    မန်ဘာတသိန်းကျော်က တယောက်တချက် ထုလို့ ကတော့ ကျတော့်အဖြစ်က ဆယ်ဘီးကားကြိတ်
    ထားတဲ့ သတ္တုခွက်လေးထက်ကိုဆိုးနေပါဦးမယ် ဟိဟိ။
မောင်လေးအနေနဲ့ခုမှကဗျာစရေးဖို့ကြိုးစားနေတဲ့လူငယ်တွေကိုဘယ်လိုအကြံပေးချင်လဲ။
မမရှင်းကတော့ မျက်ကန်းကိုလမ်းပြခိုင်းနေပါပြီ။ကျတော်ကတော့
ကျတော်ကဗျာအကြောင်းကို  လေ့လာရင်းရေးရင်းပါပဲ ခုမှစရေးမယ့်သူတွေလည်း
ဒီလိုပဲဖြစ်နိုင်လောက်ပါတယ်ထင်ပါတယ်ခင်ဗျ။
ဒီရွှေမြို့တော်ဆိုဒ်မှာ မောင်လေးအနေနဲ့ အခင်ရဆုံးသူငယ်ချင်းများရှိရင်  မိတ်ဆက်ပေးပါအုံးရှင်။
ကျတော့်ကိုခင်တဲ့သူအားလုံးဟာ ကျတော်အခင်ရဆုံးသူတွေပါပဲခင်ဗျ။
မောင်လေး က အထူး ဘလော့ဂါနော် အထူးဘလော့ဂါတယောက်အနေနဲ
စိတ်ထဲဘယ်လိုခံစားရလည်း ဆိုတာ စာရေးသူတွေသိအောင်မျှပေးပါအုန်း။
    ကျတော့်စိတ်ထဲမှာ ရွှေမြို့ တော်က မန်ဘာတွေအားလုံးနင့်တူတူပဲလို
့ခံစားရပါတယ် ဘာမျှမကွာလှပါဘူး
ရွှေမြိုတော်အွန်လိုင်းပရဟိတအသင်းတည်ထောင်ထားခြင်းအပေါ်ဘယ်လိုမြင်ပါသလဲ။
ရွှေမြို့ တော်ဆိုဒ်နည်းတူ ဆိုဒ်တွေအားလုံးက ပရဟိတဆိုဒ်လို့ ပဲ ကျတော်ယူဆပါတယ်
    ဆိုဒ်ထဲဝင်ရင် ၀င်ကြေးဆိုပြီးသတ်မှတ်ထားတာမျှမဟုပ်ဘဲ။ဆိုဒ်ထဲမှာ
စာဖတ်ချင်ရင် ဖတ်၊ရေးချင်ရေး နည်းပညာလေ့လာချင်သလား လေ့လာ ၊
စာအုပ်တွေဖတ်ချင်သလားဖတ် အားလုံးအခမဲ့ဘဲလေ ဒီတော့ ဒါဟာလည်းပရဟိတဆိုတာရှင်းနေတာပဲပေါ့
ကိုငြိမ်းနင့်ဆိုဒ်တာဝန်ခံတွေအားလုံးက သူတို့ တတ်နိုင်သလောက်ပရဟိတလုပ်နေကြတာပဲလို့ 
   ကျတော်ယူဆပါတယ်။အွန်လိုင်းပရဟိတအသင်းတည်ထောင်ထားတာအရမ်းကောင်းတယ်လို့ မြင်ပါတယ်
ဘာသာရေးအရပဲကြည့်ကြည့် လူမူရေးအရဘဲကြည့်ကြည့်ပေါ့နော် ။
ရွှေမြို့တော်ဆိုဒ်အသုံးပြုနေတဲ့မန်ဘာတယောက်အနေနဲ့ ဆိုဒ်လေးအပေါ်မှာ လိုအပ်ချက်လေးတွေရှိမယ်ဆိုရင်လည်းပြောပြပေးပါအုံးရှင်။
ပြီးပြည့်စုံတယ်ဆိုတာ မရှိတဲ့လောကကြီးမှာအရာရာမှာလိုအပ်ချက်တော့ရှိနေမှာပါဘဲပေါ့။
  ဆိုဒ်ထဲမှာ အပျိုကြီးတွေ နည်းနေသလိုပါပဲ ဟိဟိ လိုအပ်ချက်လေးတခုပါ။
အွန်လိုင်းပေါ်မှာ အွန်လိုင်းသူငယ်ချင်းတွေရဲ့ခင်မင်မူအပေါ်မှာ  ဘယ်လိုမြင်လဲ၊ အွန်လိုင်းခင်မင်မူကိုရော
မောင်လေးအနေနဲ့ ယုံကြည်မူရှိလားရှင့်။
ခင်မင်မူဆိုတာ ရုပ်ခန္ဒာမြင်တွေ့ မူပေါ်မှာဘဲမူတည်မယ်ဆိုရင်တော့အွန်လိုင်းခင်မင်မူက အချည်းနီး
    ပဲပေါ့  အကယ်၍ နာမ်ပိုင်းဆိုင်ရာမှာမူတည်မယ်ဆိုရင်တော့ခင်မင်မူချင်းကသိပ်မကွာလှပါဘူးအပြင်
    မှာခင်မင်တာနဲ့ ပေါ့နော် ကျတော်ကတော့အွန်လိုင်းခင်မင်မူကိုယုံကြည်ပါတယ်။ရည်းစားတောင်ထား  မှာပါ ဟိဟိ။
ရှင်းမေးတာတွေလည်းတော်တော်လေးများနေပြီးဆိုတော့ နောက်ဆုံးမေးခွန်းလေးအနေနဲ့
ဆိုဒ်တည်ထောင်သူနဲ့ အက်မင်တွေနဲ့ပတ်သက်လို့အကြံပြုစကားလေးများရှိမယ်ဆိုရင် ပြောပြပေးပါအုံးရှင်။
ကမ်းတွေများနေတဲ့အပေါ်မှာ ဟိုဘက်ကမ်းတွေက မီးဘယ်လောက်လင်းလဲဆိုတာ
ကိုယ့်ဘက်ကမ်းက မီးကိုမကြာခဏ ညိမ်းပြီးကြည့်စေလိုပါတယ်။
(ဟုတ်ကဲ့ခုလိုအကြံပေးတာကျေးဇူးပါ)
 အခုလို အင်တာဗျူးအစီအစဉ်လေးဖြစ်မြောက်လာအောင်ရှင်းမေးမြန်းသမျှကို
  စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးပြီးဖြေကြားပေးခဲ့တဲ့မောင်လေးစာဂဘ၀င်ကို   ရွှေမြို့တော်မှအားလုံးကိုယ်စားရှင်းက  ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
ဟုတ်ကဲ့ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်
ရွှေမြို့တော်ကတိုက်တဲ့အအေးသောက်လိုက်ဦးနော်
စာဂဘ၀င်အိမ်လေးကိုသွားလည်ချင်လျှင်
ချစ်သူမြို့ တော်ရဲ့  ဒီတစ်ပတ်အင်တာဗျူး အစီအစဉ် ဒီမှာတွင် ရပ်နားပါရစေရှင်။
နောက်တစ်ပတ် အင်တာဗျူးအစီအစဉ်တွင် မည်သူဖြစ်မည်ဆိုတာကို
မန်ဘာများသည်းခံ စောင့်မျှော်ပေးကြပါလို့  မေတ္တာ ရပ်ခံပါတယ်ရှင်
မန်ဘာများအနေနှင့် မိမိတို့  ချစ်ခင်လေးစားရသော ဘလော့ဂါများကို မေးချင်တယ်ဆိုလျှင်
နာမည်လေးပေးထားခဲ့ပါရှင် အလျင်းသင့်သလို မေးပေးပါမယ်ရှင့်။
ဘလော့ဂါများအနေနှင့်လဲ မန်ဘာများရဲ့  တောင်းဆိုမှုကို
အလေးးထားဖြေကြားပေးရန် မေတ္တာရပ်ခံရင်း
အင်တာဗျုးအစီအစဉ်ပြီး၏။
♥★ ချစ်ခင်လေးစားလျှက်
♥★ ရှင်းသန့်မေ
***ဘ၀အမြင်(ပြိုင်ပွဲဝင်)***
$
0
0
***ဘ၀အမြင်(ပြိုင်ပွဲဝင်)***
*****************************
ဘ၀ဆိုတာဖြစ်တည်ခြင်း။ကံဆိုတာကလုပ်ယူခြင်းလို့ အဆိုပြုထားကြပါတယ်…။
လုပ်ယူခြင်းတွေနဲ့ ဘ၀တစ်ခုဖြစ်တည်လာကြတယ်။ဖြစ်တည်လာရတဲ့ ဘ၀ရပ်တည်မူတွေကတော့.မတူညီကြဘူးပေါ့ ………။
ဘ၀တွေ….ဘ၀တွေရဲ့ခံယူချက်၊ယုံကြည်မူတွေလည်းကွဲလွဲနေကြတယ်ဆိုရင်ရော်လက်ခံကြပါ့ မလား…..။
ဘ၀ဆိုတာတိုက်ပွဲတစ်ခုပါ။ပြောကြတာပဲလေ…။ဘ၀တစ်ခုရပ်တည်မှူအောင်မြင်ရမယ်။
မှန်ကန်ရမယ်။အရှည်တည်တံ့ ရမယ်။ခိုင်မြဲရမယ်။ဒါပေမဲ့အဲဒီဲလိုတွေဖြစ်လာအောင်လူတိုင်းကြိုးစားနေကြတယ်။
လုပ်ယူနေကြတယ်။ဒါပေမဲ့ ………ဖြစ်လာကြလား။….လူတိုင်းဖြစ်မလာကြပါဘူး။တကယ်ဖြစ်ချင်တကယ်လုပ်ဆိုသော်လည်း……
ကြိုးစားလုပ်ယူတိုင်းမရဘူးဆိုတာကိုပြတာပဲလေ….။တနည်းအားဖြင့်ပြောရရင်တော့ဘ၀ဆိုတာက...
မတည်မြဲခြင်းကိုဆောင်နေတာပဲလေ……….။
ဘ၀ရဲ့ အနိမ့်အမြင့်ရေလိုင်းတွေဆိုတာကတော့…….
၁။ဆင်းရဲသောဘ၀၊ချမ်းသာသာဘဝ
၂။ရပ်တည်နိုင်ရုံဘ၀၊ရပ်တည်မှူမရှိတဲ့ဘဝ
၃။မကောင်းသောဘ၀၊ကောင်းသောဘဝ
၎။ရပ်တည်မူမှန်သောဘ၀၊ရပ်တည်မူမမှန်ကန်သောဘဝ
၅။အောင်မြင်သူဘ၀၊ကျရူံးသောဘဝ
၆။အရက်သမားဘ၀၊ဖဲသမားဘဝ
၇။အေးချမ်းသောဘ၀၊ပူလောင်သောဘဝ
ဘ၀တွေ….ဘ၀တွေအမျိုးမျိုးပါလား…………
ဘ၀ဆိုတဲ့အမြင်ကိုသိရသလောက်မြင်နိုင်သလောက်လေးဆိုရင်တော့ ဖြစ်စဉ်တွေရဲ.အမြင်ကိုရေးရမလား……..။
ဘ၀ကိုအနက်ဖွင့်ဆိုရင်တော.များပြားနက်ရိုင်းလွန်းလှပါတယ်….ဘ၀ဆိုတဲ့ အနက်ကိုအမျိုးမျိုးဖွင့်ဆိုကြပါတယ်……
ဘ၀ဆိုတာတတိုက်ပွဲ
ဘ၀ဆိုတာတည်မြဲခြင်းမရှိ
ဘ၀ဆိုတာဗလာနထ္ထိ
ဘ၀ဆိုတာမရေရာဘူးစတဲ့….စတဲ.အရာတွေပေါ့……..။
ရှည်လျားပြီးထွေပြားလှတဲ့ဘ၀ဆိုတဲ့သံသရာကြီးထဲမှာလူတွေအားလုံးဘ၀တစ်ခုဖြစ်လာဖို့ အရေးလောဘ၊မောဟ၊ဒေါသဆိုတဲ့
အလွှာတွေကိုဖုံးအုပ်ထားပြီးကျင်လည်နေကြရတာပါပဲ။
သူ့ အကြောင်း၊ကိုယ့် အကြောင်း၊ပျော်လိုက်ရွှင်လိုက်နှင့်ရယ်ကာမောကာ၊၀မ်းနည်းပူဆွေးမူတွေနဲ့ 
ဘ၀ရေလိုင်းတွေအကြားမှာစီးမြောနေရတယ်…။ဒါတွေအားလုံးဘယ်သောအခါမှမတည်မြဲတဲ့ကံဖြစ်သောကံမသက္ကာဆိုတဲ့...
ဘ၀ပေးအချက်နဲ့ ပညာတွေပါပဲ……။
ဘ၀မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားသော်လည်းအဆိုးဆုံးတွေဖြစ်လာတာတွေကလည်းရှိနေခဲ.ပြန်တယ်….။.
ဘယ်လောက်ပဲံဆိုးဆိုးခံနိုင်ရည်ရှိစွာနဲ့ကြိုးစားရမှာကစိတ်ဓါတ်နဲ့ ပဲသက်ဆိုင်တယ်လို့ ထင်မြင်မ်ပါတယ်။
ဖြစ်ချင်တိုင်းဖြစ်လို့ မရတဲ.လူ့ စိတ်တွေကြောင့်ဘ၀ပျက်တက်တာတွေလည်းရှိကြတာပါပဲ။……ဒါကိုအလိုမကျဖြစ်ပြီး
”ငါ.ဘ၀ကြီးကဆိုးလိုက်တာကွာ”လို.ငြည်းတွားနေမယ်ဆိုရင်တော့ဘ၀ကိုကောင်းစွာမမြင်တက်တဲ့သူတစ်ယောက်အဖြစ်
ဖြစ်နေပါလိမ်.မယ်…….။
သာယာပြီးပြည်.စုံချမ်းသာသူတွေရဲ.ဘ၀သမိုင်းကိုလေ့လာကြည့်မယ်ဆိုရင်တော့သူတို့
ဟာသူမတူစွာနဲ့ ဘ၀ကိုကျင်လည်ဖြတ်သန်းခဲ.ကြရတယ်…။သာဓကတွေကလည်းမြောက်များစွာရှိခဲ့ ကြတာမဟုတ်ပါလား..။
ဘ၀နာမှဘ၀သာယာနိုင်မယ်ဆိုတာကလည်းတကယ်ကိုနာကြည်းခံပျင်းစွာနဲ.ကြိုးစားရုန်းကန်နိုင်မှပဲဘ၀လေးကတကယ်ကို
လှပသာယာလာမှာပါအမှန်ပါပဲမဟုတ်ပါလား....။
ဘ၀ကပေးသောဘ၀ပေးအသိပညာတွေနဲ.ဘ၀ကိုအမြင်မှန်စွာမြင်နိုင်မယ်ဆိုရင်တော့ကောင်းမွန်လှပသောဘ၀တစ်ခုကို
ရနိုင်ပါမယ်ဆိုတာကမလွဲပါဘူး။………ဒီလောက်နှင့် သာပဲတက်သလောက်မှတ်သလောက်ပမာပြလို့ ...
ဆောင်းပါးတစ်ပုဒ်ပြုစုလိုက်ရပါတယ်။
သက္ကစ္စကာရီ
ဆက်လက်ကြိုးစားပါမည်။
အမရာဒေ၀ီ(ပညာရေး)
အချစ်သည်...တစ်ခါတစ်ရံတွင်..အပိုင်း( ၆ )
$
0
0
နှလုံးသားစာစုများ( ၆ )
ကျော်စွာ၏မိဘတွေပြာယာခတ်နေသည်……သတင်းလာပေးသည့်သူကကျော်စွာ….ကန်သုံးဆင့်တွင်သစ်ပင်ကို
ဆိုင်ကယ်နှင့်ဝင်တိုက်မိပြီး…ပုသိမ်ဆေးရုံတွင်ရောက်နေကြောင်းပြောသည်….ရွှေဆိုင်ကိုပိတ်၍မိဘနှစ်ဦးစလုံး
ဆေးရုံကိုသုတ်ခြေတင်တော့သည်…..ဆေးရုံရောက်တော့ကျော်စွာသတိရနေပြီဖြစ်သည်……..။
ဘယ်လိုဖြစ်ရတာလည်းသားလေးရယ်…မေမေ့မှာစိတ်ပူလိုက်ရတာ….Helmet ပါလို့တော်တော့တယ်….
မေမေ့ကိုတွေ့တော့ကျော်စွာမျက်ရည်တွေဝဲလာသည်….သေသွားလည်းကောင်းပါတယ်မေမေ…….။
မပြောကောင်းမဆိုကောင်းကွယ်….ဘာတွေစိတ်ညစ်စရာရှိလည်း…။ဖေဖေက…ကျနော့ကိုကြင်နာစွာကြည့်ရင်း
ပြောသည်…..ငါ့သားဖြစ်ချင်တာတွေဖေဖေ့ကိုပြော….သားအလိုကျဖြစ်စေရမယ်….
ကျနော်ဖေဖေ့ကိုအားကိုးတကြီးကြည့်၍ပြောပြလိုက်သည်….ယုယနှင့်ဖြစ်ခဲ့သည့်ကိစ္စအားလုံး…တိတ်တဆိတ်
လက်ထပ်ထားတာကိုကျနော်မပြော….ကျန်တာအကုန်ပြောပြသည်…..လရိပ်စားသောက်ဆိုင်တွင်ဘီယာ…….
သောက်ပြီးကန်သာယာဖက်သို့အသွားသစ်ပင်နှင့်ဝင်တိုက်မိပြီးသတိလစ်သွားကြောင်းကိုပြောပြသည်…………
ဖေဖေက…ယုယမွန်နှင့်ကိစ္စကိုအမြန်စီစဉ်မည်ဖြစ်ကြောင်း….သူမမိဘများနှင့်အမြန်ဆွေးနွေးတိုက်တွန်းမည်
ဖြစ်ကြောင်းကိုကတိပေးသလိုပြောသည်…..။အမေကြီးရေသားနှင့်နေလိုက်ဦး…..ကိုယ်..ယာဉ်ထိန်းရုံးမှာဆိုင်
ကယ်ကိစ္စသွားရှင်းလိုက်ဦးမယ်….ဒုရဲမှူး…ကိုဇော်ဝင်းကကိုနဲ့ရင်းနှီးပါတယ်ဟုပြော၍ထွက်သွားသည်…..
ကျနော့ဘေးနားမှာမေမေကျန်နေသည်…..နာကျင်ခံစားနေရသောဝေဒနာတွေကိုမေ့သွားသည်….ယုယမျက်နှာ
လေးအတွေးထဲမှာပေါ်လာသည်…….ယုယမွန်ရယ်ဘယ်လိုနည်းနဲ့ရရ…နင့်ကိုငါပိုင်ဆိုင်ရချင်ပါတယ်ဟုစိတ်ထဲ
မှာပြောဖြစ်သည်………..။
ကျော်စွာ့ဖေဖေဦးတိုးကျော်….ယုယမွန်၏ဖခင်ဦးအောင်မွန်ကိုတောင်းပန်ဆွေးနွေးသည်…ကျော်စွာဖြစ်ပျက်ရ
သမျှတွေကိုပြောပြသည်……ဦးအောင်မွန်ထံမှကတိတစ်ခုပေးသည်…..ယုယမွန်နှင့်ကျော်စွာတို့၏စေ့စပ်…….
ကြောင်းလမ်းခြင်းသတင်းကိုဒီရက်ပိုင်းအတွင်းထည့်ပေးမည်…မောင်ကျော်စွာကိုသဘောမတူစရာမရှိဟု……..
ပြောပြသည်မိဘကဆင်စီးပြီးမြင်းရံစေသည့်ကိစ္စကိုသူ့သမီးလိုက်နာစေရမည်ဟုဆိုသည်….။
နောက်(၃)ရက်အကြာမှာ..ကျော်စွာနှင့်ယုယမွန်တို့၏စေ့စပ်ကြောင်းကြောင်းလမ်းပြီးစီးခြင်းဖေါ်ပြသည့်သတင်း
သတင်းစာမှာပါလာသည်…..ယုယမွန်တစ်ယောက်…မိဘတွေနှင့်အခြေအတင်စကားပြောသည်………………..
မောင်နှင့်လက်ထပ်ထားသောစာချုပ်မိတ္တူကိုထုတ်ပြသည်…….မေမေက….မဆင်မခြင်လုပ်ရက်လိုက်တာသမီး
ရယ်ဟုအပစ်တင်သံနှင့်ကျမကိုပြောသည်…….ဖေဖေ့မျက်နှာကတင်းမာနေသည်…..ကိုယ့်ကြမ္မာကိုယ်ဖန်တည်း
ချင်မှတော့မိဘအုပ်ထိန်းမှုအောက်မှာမနေဘဲ…ကိုယ့်ခြေထောက်ပေါ်မှာကိုယ်ရပ်တည်နိုင်အောင်….အရင်ဆုံး
ကြိုးစားသင့်တယ်ဟုပြောလာသည်…….ဖေဖေအတန်ငယ်တိတ်ဆိတ်နေသည်….တစ်ခုခုကိုစဉ်းစားနေပုံရသည်
ပြီးမှတင်းနေသော..ဖေဖေ့မျက်နှာအနည်းငယ်ပြုံးလာသည်….အေးလေလွန်ခဲ့ပြီးပြီဆိုတော့လည်းဘာတတ်နိုင်
မှာလည်း….မောင်ကျော်စွာမိဘတွေနဲ့ပြန်ပြီးညှိယူရတော့မှာပေါ့ဟုဖေဖေပြောလာတော့ကျမစိတ်တစ်ဝက်အေး
ရသည်……ဖေဖေက…ကျမကိုအပစ်မတင်ရန်….စိတ်ညစ်အောင်မဆူရန်မှာသည်….ဆိုင်ဖွင့်ဖို့သွားရအောင်ဟု
မေမေ့ကိုပြောသည်…..မကြာခင်မှာဖေဖေနှင့်မေမေအိမ်ကထွက်သွားသည်…..ကျမလည်းအခန်းထဲပြန်ဝင်ပြီး…
အိပ်ယာပေါ်မှာထိုင်ရင်းစဉ်းစားသည်ရုတ်တရက်ပြောင်းလဲသွားသောဖေဖေ့မျက်နှာသွင်ပြင်ကိုကျမသံသယရှိ
သည်ဒီအကြောင်း….မောင့်ဆီကို Email ကြိုတင်ပို့ထားမှကောင်းမည်….ကျမ…..စာကြည့်ခန်းရှိရာသို့သွားသည်
အွန်လိုင်းတက်ရန် laptop ကိုဖွင့်ရန်ကြည့်သည်…ကျမသုံးနေကျ laptop စားပွဲပေါ်မရှိတော့…..မေမေ့ဆီကိုဖုံး
ဆက်ပြီးလက်တော့ပ်ဘယ်မှာသိမ်းထားလည်းမေးတော့….သမီးဖေဖေ…ငွေစာရင်းတွေသွင်းနေသည်ဟု……….
အကြောင်းပြန်သည်…..ကျမရိပ်မိပါပြီ…မောင်နှင့်ဆက်သွယ်လို့ရနိုင်မည့်လမ်းကြောင်းတစ်ခုကိုစတင်ကန့်သတ်
တော့မည်ကိုသိလာသည်…..ကျမအဝတ်အစားလဲသည်…ပိုက်ဆံအိတ်ကိုယူ၍ဆိုင်ကယ်နှင့်အပြင်ထွက်ခဲ့သည်
ပြင်ပအင်တာနက်ဆိုင်တစ်ခုမှမောင့်ဆီကိုအမြန်ဆက်သွယ်ရပါတော့မည်…..အိုးဘိုတန်းရှိ Winn Internet Café ရောက်တော့ကျမအကောင့်ကိုဖွင့်သည်…. မောင့်အကောင့်လေးက..offline ဖြစ်နေသည်….မောင်ဟာအ
မြဲလိုလိုလိုင်းပေါ်မှာရှိနေတတ်သည်….ယခုဘာလို့မရှိနေလည်း…မောင်ရယ်..အရေးကြီးကာမှမောင်ကလိုင်းပေါ်
မှာအဆင်သင့်မရှိ…ဒါမှမဟုတ်မောင်သူ့မေးလ်ကို invisible လုပ်ပြီးငြိမ်နေသလား…ကျမစာရိုက်လိုက်သည်…..
“မောင်….လိုင်းပေါ်မှာရှိနေတာ…မွန်သိတယ်…အရေးကြီးလို့..မွန့်ကိုအမြန်ဆက်သွယ်ပါ……
ကျနော်မနက်ကတည်းက..စိတ်ထဲမှာတစ်မျိုးခံစားနေရသည်….ထုံးစံအတိုင်းစက်ဖွင့်ပြီးအွန်လိုင်းကိုဆက်သွယ်
သည်….ကျနော့မေးလ်းကိုဝင်လာနေသောဆိုက်မှစာတွေဖတ်နေစဉ်…မွန့်ဖေဖေဦးအောင်မွန်၏ hkitpyaing…
accountမှမေးလ်တစ်စောင်ဝင်နေကြောင်းmessageပေါ်လာသဖြင့်ကျနော်ကလစ်ပြီးဖတ်သည်…………………
စာပါအကြောင်းအရာတွေကိုဖတ်ပြီး….ကျနော်အံ့အားသင့်သည်…..ကျနော်နှင့်မွန်..ချစ်သူနှစ်ဦး၏ဘဝကြားတွင်
ဆိုးရွားသောကြမ္မာရိုင်းက…အင်အားသုံး၍စတင်ဝင်ရောက်လာပြီဖြစ်သည်…ဦးအောင်မွန်၏စာထဲတွင်…………
ကျနော်နှင့်မွန်လျှို့ဝှက်စွာတရားဝင်လက်ထပ်ထားသည်ကိုမသိ၍ ကျော်စွာနှင့်တရားဝင်စေ့စပ်ကြောင်းလမ်းခြင်း
သတင်းကိုသတင်းစာမှထည့်လိုက်မိကြောင်း…ကျောင်းပြီးပါကသမီးဖြစ်သူနှင့်ကျော်စွာကိုလက်ထပ်ထိမ်းမြား..
ပေးရန်ယခင်ကတည်းကလူကြီးချင်းသဘောတူထားတာဖြစ်ကြောင်း….စေ့စပ်ကြောင်းလမ်းခြင်းသတင်း……..
သတင်းစာတွင်ပါလာပြီးမှ….သမီးဖြစ်သူကနှစ်ဦးသဘောတူလက်ထပ်စာချုပ်ကိုထုတ်ပြကြောင်း…အခြေအနေ
အားလုံးရှုပ်ထွေးကုန်ကြောင်း….ကျနော်တို့နှစ်ဦး၏အချစ်ကိုစာနာပါသော်လည်း ….ကျော်စွာနှင့်သူတို့မိသားစု၏
နှစ်ဖက်ဂုဏ်သိက္ခာအပြင်…သမီးဖြစ်သူ၏သိက္ခာကိုပါစာနာပေးခြင်းဖြင့်လက်ထပ်စာချုပ်ကိုပိုင်ဆိုင်မှုတစ်ရပ်အ
တွက်…အသုံးမပြုပါရန်…အနူးအညွတ်တောင်းပန်ပါကြောင်း……မောင်မြင့်မြတ်သူ….၏နစ်နာမှုဖြစ်ပါကလည်း
တစ်ဦးတစ်ယောက်တည်းသာနစ်နာနိုင်ကြောင်း….ဦးတို့အနေဖြင့်မူနှစ်ဖက်မိဘဆွေမျိုးအသိုင်းအဝိုင်းကြားတွင်
မျက်နှာပျက်စရာ…အရှက်ရစရာဖြစ်မည်ဖြစ်၍သမီး…မွန်၏ရှေ့ရေးကိုပါထည့်တွက်ပေးခြင်းဖြင့်ကျနော်က..မွန့်ကို
စွန့်လွှတ်ပေးပါရန်ထပ်၍တောင်းပန်လိုကြောင်း….မောင်မြင့်မြတ်သူအနေဖြင့်လူမှုရေးအသိရှိသော…စာနာတတ်
သော…မြင့်မြတ်သောစိတ်ထားရှိသောလူငယ်တစ်ဦးဖြစ်မည်ဟုယုံကြည်ထားပါကြောင်းဖြင့်စာကိုအဆုံးသတ်
ထားသည်…..
ကျနော်…အလွန်စိတ်ထိခိုက်သည်….ပြိုင်ဖက်မရှိသောချစ်ရသူမိန်းခလေးတစ်ယောက်၏ချစ်သူဖြစ်ရသော်……..
ကောင်းလေစွဟု….ကျနော်အတွေးဝင်သည်…..ကျနော်တို့ချစ်သူနှစ်ဦးပေါင်းဆုံရန်အတွက်….ကျနော်၏ရှေ့…
ရင်ဆိုင်ရမည့်အခြေအနေများသည်….လူ့အသိုင်းအဝိုင်းနှစ်ခု၏ဂုဏ်သိက္ခာများကိုထိခိုက်စေနိုင်သည်ဆိုလျင်
ချစ်သူကိုရယူပိုင်ဆိုင်လိုမှုအတွက်ကျနော့ဆန္ဒတစ်ခုသည်မျှတမှုရှိနိုင်မည်လား….
လူမှုရေးကိုငဲ့ညှာပေးခြင်းဖြင့်…ချစ်သူကို…မချစ်မနှစ်သက်သောသူ၏…ရင်ခွင်တွင်းကိုဥပေက္ခာတရားသုံး၍
သက်ဆင်းစေခဲ့ပြီး…ချစ်သူ၏စိတ်ကိုနာကျင်အောင်ကျနော်ပြုခဲ့လျင်…ချစ်သူအပေါ်တွင်စာနာမှုတရားကင်း
သောသူတစ်ယောက်ဖြစ်ခဲ့လျင်…ကျနော်..မွန့်ဖက်က..စာနာစွာဝင်တွေးမိပြန်တော့သည်……………………
သူမ၏ခန္စာကိုယ်ကိုနာကျည်းစွာမချစ်မနှစ်သက်သောသူကိုပေးဆပ်ရင်း..နာကျည်းစိတ်တစ်ဝက်……….တွယ်
တာစိတ်ကတစ်ဝက်ဖြင့်ကျနော့အပေါ်သူမသတိရနေခဲ့ပါလျင်…သူမကျရောက်နေသောအိမ်ထောင်ရေးဒုက္ခ
ကတစ်ဖက်….မနောကံဖြင့်ကာမေသူမိစ္ဆာစာရကံကိုကျူးလွန်နေမှုကတစ်ဖက်….နောင်သံသရာအတွက်လည်း
ချစ်ရသူကို…အကုသိုလ်စိတ်ဖြင့်အဆုံးမသတ်စေချင်…..လူမှုရေးအတွက်စာနာမှုက၅၀%....ချစ်သူအတွက်
စာနာမှုက၅၀%.....ကျနော့ကိုစာနာပေးမည့်သူက…၀%....တရားလိုကနေတရားခံဖြစ်ရမည့်ကိန်းသို့………….
ရောက်မှန်းမသိကျနော်ရောက်နေခဲ့ပြီ….သစ္စာတရားကိုသာကျနော်တိုင်တည်နေမိသည်……………………
ရေကြည်ဦး..ဘုရားတွင်ကျနော်နှင့်မွန်နှစ်ဦးတိုင်တည်ခဲ့သော သစ္စာစကားများမှန်ကန်ခဲ့ပါက…..အနှောက်
အရှက်ကင်းစွာဖြင့်ချစ်သူနှစ်ဦးပေါင်းဖက်ရလိုကြောင်းတမ်းတစိတ်ဖြစ်ပေါ်သည်…ဒါတောင်မှစိတ်မချရသေး
အတိတ်ဘဝက…ကျနော်တို့နှစ်ဦးပြုခဲ့သည့်ကံအကျိုးပေးတွေကရှိနေဦးမှာသေချာသည်….မမြင်နိုင်သော..
အတိတ်ဘဝတွင်ကျနော်တို့ချစ်သူနှစ်ဦးစလုံးကောင်းသောကံများကိုသာပြုခဲ့သူများဖြစ်ပါစေဟုဆုတောင်း
မိသည်….ကျနော်၏အသိစိတ်သည်ခန္စာကိုယ်နှင့်နေတစ်ခါ…ခွာတစ်လှည့်ဖြစ်နေရပြီ…………………………။
ကျနော့ Gmail ကိုအကြည့်ရောက်စဉ်…မွန့်..အကောင့်လေးစိမ်းတက်လာတာကိုမြင်သည်…မွန်…လိုင်းပေါ်
ကိုရောက်လာပြီ…ကျနော်…invisible လုပ်ထား၍ မွန်ကျနော့ကိုမမြင်နိုင်…….ကျနော်ရှိနေနိုင်သည်ဟုယူဆ
ကာစာရိုက်လိုက်ပုံရသည်….ပထမတော့မပြောဘဲနေရန်ကြံမိသေးသည်…အကြပ်အတည်းရောက်နေမည့်..
ချစ်သူ၏မျက်နှာကိုမြင်ယောင်ကာသနားစိတ်ဝင်သဖြင့်Gtalkကိုကျနော်ဖွင့်လိုက်သည်နှင့်ဖုန်းခေါ်တော့သည်
ဟက်စက်မှချစ်သူ၏အသံလေးကိုကြားလိုက်ရသည်နှင့်စိတ်အကျပ်အတည်းကြားမှ…ခေတ္တသက်သာသလို
ခံစားရသည်….စေ့စပ်ကြောင်းလမ်းသည့်ကိစ္စကိုသူမလုံးဝမသိလိုက်ရကြောင်းသတင်းစာမှာပါလာမှသိရ…
ကြောင်းယုံကြည်ပါရန်ပြောသည်….သူမအနေဖြင့်ကျနော့ဖက်မှသာပြတ်သားစွာရပ်တည်မည်ဖြစ်ကြောင်းကို
ကတိပေးသည်….သစ္စာထားခဲ့ကြပြီဖြစ်၍ကတိပေးစရာမလိုတော့ကြောင်းကျနော်ပြန်ပြောသည်……………..
ကံတရားကြောင့်သစ္စာပျက်ခဲ့ရသော်ချစ်သူကို…..သစ္စာမစူးစေလိုသည်မှာကျနော့ဆန္ဒအမှန်ပင်ဖြစ်သည်..။
မောင်ပြုခဲ့တဲ့သစ္စာကိုအပြည့်ယုံတယ်မောင်…မွန့်အပေါ်မှာလည်းထပ်တူယုံကြည်ပေးပါ…အတင်းအကြပ်လုပ်
ခဲ့ရင်မမျှော်မှန်းနိုင်တဲ့တုန့်ပြန်မှုအထိလုပ်ဖို့စဉ်းစားထားပါတယ်….မောင့်စကားကလွဲလို့ဘယ်သူ့စကားမှနား
ထောင်မှာမဟုတ်ဘူးမောင်…..။
ကျနော်စိတ်ချမ်းသာရလေသည်…..ဒီကိစ္စကအလွယ်တကူပြီးမည့်ကိစ္စမဟုတ်မှန်းတော့ကျနော့စိတ်မှာအလိုလို
သိနေသည်…..ချစ်ရသူမွန်…တစ်ယောက်လွမ်းလို့မကျန်ရစ်ပါစေနဲ့ဟုသာဆုတောင်းပေးမိသည်…ချစ်သူကိုအား
ပေးစကားကျနော်ပြောသည်…အရာရာကိုသတိဖြင့်ရင်ဆိုင်ရန်ကျနော်သတိပေးသည်…..၂၀၁၂ ၊မတ်လတွင်….
မြန်မာပြည်ကိုခေတ္တပြန်လာရန်ရှိကြောင်းနှင့်မည်သူ့ကိုမျှအသိမပေးရန်ကျနော်မှာသည်…….။
အချစ်သည်တစ်ခါတစ်ရံတွင်…….မည်ကဲ့သို့ဖြစ်လာမည်ကို….အစွမ်းရှိလျင်…ကျနော်ကြိုသိချင်လှသည်…..။
အားလုံးကိုခင်မင်လေးစားစွာ………..ဆက်လက်ရေးသားပါဦးမည်…
ကိုယ်တိုင်ရေးအခန်းဆက်ဝတ္ထုရှည်…..kaunghtet……………
အမေ ကြားနိုင်ပါစေ ~~!
$
0
0
အမေ
အမေ.. လွမ်းလိုက်တာ..
ပျော်စရာတွေကြားမှာ  အမေ့မျက်နှာ သာယာနေပါစေ..။။
သမီးတွေကို ချစ်တဲ့အမေ မရေရာတဲ့ ဘ၀တွေအတွက်
အခက်ခဲတွေကို  ကျော်ဖြတ် အချစ်အတွက် သက်သေပြ
'ဒါ ငါ့သမီးစာတတ်ဖို့' တဲ့လား..!
သမီးအတွက် ဂုဏ်ယူချင်တဲ့အမေ ဝေဒနာတွေကြားက
မရပ်မနား ကြိုးစားရှာဖွေနေတဲ့ငွေ' ဒါငါ့သမီးတွေအတွက်
မျက်နှာမငယ်စေဖို့' တဲ့လား..!
အဆင်မပြေမှုတွေနဲ့အမေ ရင်နာတာတွေ မျိုသိပ်..
နှိပ်စက်နေတဲ့ လောကဓံကြား ' ဒါ ငါ့သမီးအတွက် ငါ
ပေးဆပ်ရမယ်"ဆိုတဲ့ အမေ့ စိတ် တိတ်တိတ်လေး စိုးထိတ်ရင်း
'ငါ့သမီးကြီး စာကြိုးစား'တဲ့...!!အမေ လွမ်းလိုက်တာ..
မကုန်နိုင်တဲ့ ကျေးဇူးတွေအတွက် သမီးဘယ်လိုပြန်ဆပ်ရမလဲ..
ဆိုးခဲ့မိတဲ့အတိတ်တွေအတွက် နောင်တရလို့အမေ့မေတ္တာတွေ အတွက်
 ကြိုးစားနေမိတယ်..သိနိုင်ပါစေအမေ..။
အရာရာတိုင်းကိုအမေ့စိတ်တိုင်းကျ ကြိုးစားနေတဲ့ အမေ့သမီးအတွက် ဂုဏ်ယူကြွေးကြော်လိုက်စမ်းပါ
ဝေဒနာတွေနဲ့အမေအတွက် သမီးရဲ့ခံယူချက်ဟာ အားဆေးတစ်ခွက် ဖြစ်ခဲ့မယ်ဆိုရင်
သိမ်ငယ်မှုတွေကြားက အမေ့မျက်နှာ သာယာပါစေ.အမေ  လွမ်းလိုက်တာ~~
လူငယ်မောင်မယ်များနှင့် သီလစောင့်ထိန်းခြင်း(၁။သူ့အသက်သတ်ခြင်း)
$
0
0
လူငယ်မောင်မယ်များနှင့်သီလစောင့်ထိန်းခြင်း
(၁)သူ့အသက်သတ်ခြင်း
                                                                   ပီတီ(ပေကြီး)
လူငယ်မောင်မယ်တို့ရေ ဒီတစ်လတော့ငါးဟင်းကြီးများအမြဲစားအကြောင်းလေးပြောကြရအောင်။ မင်းတို့
လေးတွေ ဘ၀မှာလူချွန်လူကောင်းလေးတွေဖြစ်ချင်ကြရင်၊ အသားအရေလှပပြီး ပြုံးရွှင်သောမျက်နှာလေးကို
အမြဲပိုင်ဆိုင်လိုကြရင် အများသူငါ ချစ်ခင်ပြီး အရာရာတက်ကြွနေလိုကြရင်ငါးဟင်းတွေကိုအမြဲစားဖို့မမေ့နဲ့ကွ။
          ငါဟင်းဆိုလို့သာမာန်ငါးတွေကိုဝယ်ပြီးလည်းနေ့တိုင်းချက်စားမနေနဲ့ဦးအဲလိုချက်စားလို့သာဒီလိုအကျိုး
တရားတွေရကြေးဆိုရင်လေ နေ့စဉ်စားပြီး ကိုယ်လုပ်ချင်ရာလုပ်နေတော့မှာပေါ့။သာမာန်ငါးဟင်းတို့ငါးကြီးဆီ
တို့စားရင်အသားအရေလှပပြီးအားအင်ပြည့်ဖြိုးစေတယ်။မျက်စိကိုကြည်စေတယ်။ဒါပေမယ့်မျက်နှာကြည်
လင်ပွင့်လန်းပြီးအရာရာအောင်မြင် လူချစ်လူခင်ပေါအောင်တော့လုပ်မပေးနိုင်ဘူး။
ဒီတော့အရာရာအဆင်ပြေစွာနဲ့ဘ၀ကိုလျှောက်လှမ်းနိုင်မဲ့ငါးဟင်းကိုပဲမင်းတို့တွေရွေးစားဖို့တော့လိုလိမ့်မယ်။
မင်းတို့လေးတွေလည်း ညာဏ်ပညာရှိသူတွေပါ။ ငါးဟင်းကိုစားရမယ်လို့ပြောလိုက်ကတည်းကဘာ
ကိုဆိုလိုတယ်ဆိုတာသိပြီးသားဖြစ်မှာပါ။ ငါးပါးသီလကိုတင်စားပြီးပြောထားတာသိတယ်နော်။ကဲဒီတော့အရာ
ရာ အဆင်ပြေဖို့ သီလကိုစောင့်ထိန်းဖို့လည်းအရေးကြီးတယ်ဆိုတာသိရလိမ့်မယ်ကွ။ သီလဆိုတာမျိုးကလည်း 
ခုလုပ်ရင်ခု အကျိုးရစေနိုင်တဲ့စွမ်းအားတွေအများကြီးပေးတယ်။ ရှေးရှေးကဇာတ်တော်များစွာမှာ
ခုသီထိန်းလို့ခုအကျိုးတမ်းရတာကိုမင်းတို့တွေ ဖတ်ဖူးလိမ့်မယ်ထင်တယ်။
ယနေ့လူငယ်လေးတွေက သီလတရားတွေနဲ့အတော်အလှမ်းဝေးနေတတ်ကြတယ်ကွ။ ခေတ်ရဲ့တိုးတက်
မှုနောက်မှာတစ်စိုက်မက်မက်လိုက်ရင်းမရရင်အရယူမယ်ဆိုတဲ့စိတ်တွေမွေးလာတတ်တယ်။အဲဒီစိတ်ကိုမွေးတာ
ကောင်းပေမယ့်၊စိတ်ရဲ့နောက်မှာလိုက်ပါလာတဲ့၊လောဘကြောင့်တရားမျှတသည်။
မမျှတသည်ကိုမသိပဲဇွတ်အတင်းလုပ်ယူတာမျိုးတွေတော့မဖြစ်ဖို့သိပ်အရေးကြီးတယ်ကွာ။လောကထဲမှာကအဲလို
လူမျိုးတွေကသိပ်များနေတယ်။မင်းတို့တွေရဲ့အသက်တွေငယ်သေးတော့ဒီလိုသူများလုပ်တာကိုအဟုတ်ထင်ပြီး
နောက်ကလိုက်လုပ်ကြမိမှာကိုစိုးရိမ်နေမိတယ်။
စိတ်မှာတရားမမျှတတဲ့အဓမ္မတွေစိုးမိုးလာရင်ကိုယ်ကလိုက်လုပ်လို့အမှားများစွာ တွေ့နိုင်တယ်။ကိုယ်ကျင့်သီလတွေပျက်ပြားလာတတ်တယ်။ဒီလိုအဓမ္မမှုတွေဟာ
လတ်တလောကိုယ့်အတွက်ခဏတာအဆင်ပြေ
စေနိုင်ပေမယ်လို့ခံရတဲ့တစ်ဘက်ကအများစုအတွက်တော့အမြဲဒုက္ခနဲ့ကြုံတွေ့သွားနိုင်တယ်နော်။ကိုယ့်အတွက်
အဆင်ပြေစေတယ်ဆိုတာကလဲ ခွေးရူးကောင်းစားတစ်မွန်းတည့်ဆိုသလိုတဒင်္ဂလေးမှတကယ့်တဒင်္ဂလေးပါ၊
နောက်ပိုင်းဒီအဓမ္မ မမျှတတာတွေ လုပ်ခဲ့တဲ့ကိုယ့်ရဲ့လုပ်ရပ်တွေကပဲ ကိုယ့်ကိုယ်နှိပ်စက်ပြီး ဘ၀နိဂုံးမလှဖြစ်သွား
နိုင်တယ်။ `အဓမ္မနဲ့အောင်မြင်လာတဲ့ကိုယ့်ဘ၀ကိုဒီအဓမ္မတွေကပဲ ပြန်လည်ရိုက်ချိုးတာခံရလိမ့်မယ်´ဆိုတာသ
ဘောပေါက်ထားပြီး ၊မမျှတတဲ့အပြုမူမျိုးမပြုလုပ်မိစေဖို့ သီလတရားကိုတန်ဖိုးထားထိန်းသိမ်းစေလိုတယ်။
          အချို့လူငယ်တွေကသီလလို့ဆိုတာနဲ့အရမ်းထိတ်လန့်နေကြတယ်။ မထိန်းချင်ကြဘူး။ မထိန်းနိုင်ကြ
ဘူး။ အရမ်းကြီးခက်ခဲတဲ့အရာ စိတ်ကိုအကျဉ်းကျစေတဲ့အရာလို့ထင်တတ်ကြတယ်။တကယ်တော့သီလဆိုတာ
အဲလိုမဟုတ်ဘူး။လူသားအားလုံးသီလသာရှိကြမယ်ဆိုရင် အရမ်းလွတ်လပ်တဲ့ဘ၀တွေကိုပိုင်ဆိုင်နိုင်တယ်။ဘ
ာကြောင့်လို့ထင်သလဲ။ဥပမာကွာ လူတိုင်းသူ့အသက်မသတ်ဘူး ဥစ္စာမခိုးဘူး ထားပါတော့ ကိုယ့်ပစ္စည်းကိုဥ
စ္စာချောက်ပြီးထိန်းသိမ်းစရာမလိုတော့ဘူး ကိုယ့်ပစ္စည်းကိုထားချင်တဲ့နေရာမှာထားခဲ့ပြီးသွားလိုရာကောင်းကော
င်းသွားနိုင်တယ်။ကျန်တာတွေလဲဒီလိုတွေးကြည့်သွားရလာရလုပ်ရကိုင်ရတာ ဘယ်လောက်အဆင်ပြေလွတ်လ
ပ်တယ်ဆိုတာမြင်လာလိမ့်မယ်။ဒါဟာသီလတရားရဲ့လက်တွေ့အကျိုးတွေနော်။သီလဆိုတာ နာမည်နဲ့တင်လန့်
နေတတ်တဲ့မင်းတို့တစ်တွေ။နောက်ဆိုမလန့်နိုင်အောင်ကိုရှင်းပြပေးမယ်။
          တကယ်တော့သီလဆိုတာ ပါဠိလိုခေါ်ဝေါ်ထားတာ၊မြန်မာလိုပြန်လိုက်တော့စည်းကမ်းလို့ အဓိပ္ပါယ်ရ
တယ်။မင်းတို့လေးတွေ သတိထားမိမယ်ထင်တယ် စာသင်ကျောင်းမှာတုန်းက စည်းကမ်းရှိတဲ့ကျောင်းသားဟာ
ဆရာဆရာမတွေရဲ့အလေးပေးမှုကိုခံရတယ်။ ချစ်ခင်သူပေါတယ်။ကူညီသူပေါတယ် အမြဲခေါင်းဆောင်လုပ်ရတ
တ်တယ်ဆိုတာလေအေးခုသီလဆိုတဲ့ဒီကမ်းကလည်းဒီလိုပဲပေါ့။မင်းတို့လေးတွေကျောင်းတုန်းကရရှိခဲ့တဲ့အကျိုး တရားတွေထက်သာတဲ့အကျိုးတွေကိုတောင်ရနိုင်သေးတယ်။သီလကိုမင်းတို့လေးတွေထိန်းကြည့်ပါ။လက်တွေ့
ဘာတွေရလည်းဆိုတာ မင်းတို့တွေ့ရလိမ့်မယ်။
          သီလဆိုတဲ့နေရာမှာ ငါးပါးရှိတယ်။လူဖြစ်လာရင်မဖြစ်မနေလိုက်နာရမယ့်စည်းကမ်းပေါ့ကွာ ။တန်ဖိုးရှိ
တဲ့လူဖြစ်ဖို့။ လူစင်မှီ လူပီသဖို့ လိုက်နာရမယ့်လူ့စည်းကမ်းတွေပေါ့။ဒီစည်းကမ်းတွေကိုလူဖြစ်ပါလျှက်နဲ့မလိုက်
နာသူကတော့ လူစင်မမှီ လူမပီသသူလို့ ပဲပြောရတော့မယ်။လူပီသဖို့စည်းကမ်းငါးချက်(၁)သူ့အသက်မသတ်ရ
(၂)သူ့ဥစ္စာမခိုးရ (၃)သူ့သားမယားမလွန်ကျူးရ (၄)လိမ်ညာပြီးတော့မပြောရ (၅)အရက်သေစာမသောက်စားရ
          ဒီစည်းကမ်းငါးချက်မှာ ဘာကိုထိန်းရင်ဘယ်လိုအကျိုးတွေလက်တွေ့ရနိုင်တယ်ဆိုတာ မင်းတို့လေးေ
တွသိအောင်တစ်ခုချင်းကိုပြောပြချင်သေးတယ်။ခု သူ့အသက်သတ်ခြင်း ၊မသတ်ခြင်းရဲ့အကျိုးအပြစ် တွေကို
ပြောပြပေးချင်တယ်။ပြောပြချင်တာတွေကအရမ်းများပေမယ့် ။စာမျက်နှာကိုငဲ့လို့ မြင်သာအောင်ပဲကိုပြောပြမယ်
နော်။အစပိုင်းတုန်းကကိုယ်ပြောခဲ့တယ်နော်စိတ်မှာမျှတတဲ့အဓမ္မတွေဆိုးမိုးလာရင်ကိုယ်ကလိုက်လုပ်တတ်တယ်ဆိုတာ။ ဒါကိုမြင်သာအောင်လတ်တလောကိုတို့မြန်မာနိုင်ငံရခိုင်ဒေသမှာဖြစ်နေတဲ့အကြောင်းလေးကိုပြော
ပြပေးသုံးသပ်ပေးမယ်။ဒါကိုပြောတယ်ဆိုတာ ကိုကနိုင်ငံရေးကိုပြောနေတာမဟုတ်ဘူးနော် ဘာသာရေးကိုပြော နေတာ။ဘာသာရေးဆိုတာကလည်းသူ့ဘာသာကိုယ့်ဘာသာရယ်လို့ခွဲခြားပြီးပြောချင်တာမဟုတ်ဘူး။ကိုတို့ရဲ့
တရားတော်တွေဟာဘုရားဟောခဲ့သလို ဘယ်သူဘယ်ဝါဘယ်ဘာသာရယ်လို့ခွဲခြားမထားဘူး လိုက်နာရင်လိုက်
နာတဲ့သူအကျိုးရသလို မလိုက်နာရင်မလိုက်နာသူ အကျိုးတရားနဲ့ဝေးမှာပဲ။
          ထားပါတော့ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာဝင်တစ်ယောက်ကငါးပါးသီလထိန်းရင်သီလရဲ့အကျိုး
တရားတော့ရမှာပဲ။မထိန်းရင်လည်းမထိန်းတဲ့အကျိုးတရားကိုရမှာပဲပေါ့။ခုပြောလိုတာက စိတ်မှာမျှတတဲ့အဓမ္မမှု
တွေလွှမ်းမိုးလာရင် ကိုယ်ကလိုက်လုပ်မိလို့ အဆိုးတရားတွေရလာတတ်တာကိုပြောချင်တာ ။ ကိုယ့်အတွက်
ကောင်းချင်ကောင်းမယ်။အများအတွက်တော့အကျိုးမဲ့ကိုဖြစ်စေနိုင်ပြီးများစွာဒုက္ခတွေ့ရတတ်တယ်။သေချာတာ
တော့ကိုယ့်အတွက်လည်းမကောင်းဘူး။
          ခုရခိုင်အရေးစဖြစ်ခြင်းမှာ စိတ်မှာမမျှတတဲ့အတွေးတွေဝင်လာခဲ့ရာကစဖြစ်ခဲ့ကြရတာ။လွန်ကျူးတဲ့သုံး
ယောက်ထဲမှာတစ်ယောက်က မင်္ဂလာဆောင်ဖို့စရိတ်လိုတယ်။လိုတာကိုမျှတတဲ့နည်းနဲ့မရှာပဲ မမျှမတတွေးပြီး
ငါလိုချင်တာရပြီးရောအသိနဲ့ မိန်းကလေးတစ်ယောက်ဆီကပစ္စည်းကိုလုတယ်။ဒီကနေမတရားမှုကပိုနှိုးဆွလာ
ပြီး ။မိန်းကလေးကိုဗလက္ကာယပြုတယ်။ နောက်ပြီးအသက်ကိုရက်စက်စွာသတ်ပစ်တယ်။
          အဲလိုလူတစ်ယောက်က မမျှတတဲ့အတွေးမျိုးတွေဝင်ပြီးပြုလုပ်လိုက်သည့်အတွက်။ခုဆိုရွာပေါင်းများစွာ
အိုးအိမ်ပေါင်းများစွာ ပျက်စီးရတယ်။ လူပေါင်းများစွာအသက်တွေပေးဆပ်လိုက်ရတယ်။အရမ်းကြောက်ဖို့
ကောင်းတယ်။ ဒါကြောင့်မမျှတတဲ့အလုပ်တွေမလုပ်မိစေချင်ဘူး။ ဒီအမှုမှာ အဓိကပိုဆိုးလာရခြင်းရဲ့အကြောင်းက
အသက်သတ်မှုကြောင့်ပဲ။ရိုးရိုးပစ္စည်းလုအဓမ္မပြုကျင့်ရုံဆို ဒီလောက်ထိ နိုင်ငံအ၀ှမ်းလှုပ်ခတ်သွားလောက်အောင်
ဆိုးကျိုးတွေဖြစ်မှာမဟုတ်ဘူး။သီလတရားတွေထဲကသူ့အသက်သတ်ခြင်းဆိုတဲ့အရာကိုသာထိန်းသိမ်းခဲ့မယ်ဆိုရင် ရခိုင်အရေးဒီလောက်ဆိုးဝါးစွာဖြစ်လာစရာအကြောင်းမရှိဘူး။
          ဒါကြောင့်သူ့အသက်ကိုမသတ်နဲ့လို့ပြောတာပေါ့။ သူ့အသက်ကိုသတ်တာဟာကိုယ့်အတွက်ရောအများ အတွက်ပါ။မကောင်းကျိုးတွေရစေတယ်။တိရစ္ဆာန်လေးကိုသတ်တယ်ဆိုရင်လဲ ဆိုးကျိုးတော့ရှိတာပဲ။တိရစ္ဆာန်
လေးဘက်ကကြည့်မယ်ဆိုရင် သူ့မှာအမျိုးအနွယ်တွေရှိတယ်။ မိသားစုတွေရှိမယ်။ သူသေသွားတဲ့အတွက်
သူ့ရဲ့အသက်လဲပေးဆပ်ရတယ်။မိသားစုများစွာလဲ ၀မ်းနည်းစွာဒုက္ခတွေနဲ့ကြုံတွေ့နိုင်တယ်။
          သူ့အသက်ကိုသာလူတွေမသတ်ကြရင် နေရာတိုင်းမှာအသက်ဘေးစိုးရိမ်မှုမရှိသွားလာနိုင်သလိုလူ
သားအချင်းချင်းသတ္တ၀ါအချင်းချင်းမေတ္တာတွေကိန်းပြီးချစ်ခင်ရင်းနှီးလာကြလိမ့်မယ်။တိရစ္ဆာန်
လေးတွေရဲ့လွတ်လပ်မှု လူသားတွေရဲ့လွတ်လပ်မှုကို အထင်သားမြင်နေရပြီးစိတ်မှာချမ်းသာအေးမြစေနိုင်တယ်။
ရန်ပွဲတွေကင်းပြီး
တည်ငြိမ်အေးချမ်းတဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်လာလိမ့်မယ်။ ငွေကုန်ခံပြီး စိတ်ဆင်းရဲ့မှုများစွာနဲ့ရုံးရောက်ရမှု အကျဉ်း
ထောင်ကျမှုတွေနည်းလာလိမ့်မယ်။ အသားနာကျင်စွာ ထိုးနှက်ရိုက်ပုတ်ခံရပြီးသူတစ်ပါးလုံ့လပယောဂနဲ့သေရ
တဲ့ဘ၀မှကင်းလွတ်လာနိုင်မယ်။ကမ္ဘာမှာဖြစ်နေတဲ့စစ်ပွဲတွေငြိမ်းချမ်းစေချင်ရင် မျှတတဲ့အလုပ်ကိုလုပ်ပြီး သူ့အ
သက်သတ်ခြင်းစတဲ့စည်းကမ်းငါးချက်ကိုလူသားတိုင်းလိုက်နာခြင်းဟာတစ်ခုတည်းသောနည်းလမ်းသာဖြစ်တယ်။
          လူငယ်မောင်မယ်တို့ရေ သူ့အသက်မသတ်ရင်လက်တွေ့ရနိုင်တဲ့အကျိုးတွေများစွာရှိသေးတယ်။ရှေးအ
ခါက ရောဂါအသည်းသန်ဖြစ်နေတဲ့မိခင်တစ်ဦးအတွက်ဓါတ်စာအဖြစ် ယုန်သားကိုစားဖို့ဖြစ်မှာမို့ ယုန်ရှာထွက်
လာတဲ့သား ယုန်ကိုတွေ့လို့ဖမ်းမိပြီးကာမှသတ်မည့်ဆဲဆဲမှာ တစ်ယောက်အသက်ရှင်ဖို့အတွက် အသက်တစ်
ချောင်းပေးရမှာ မဟုတ်သေးပါဘူး ငါလည်းပါဏာတိပါတ ကံထိုက်ပြီးသီလပျက်စေနိုင်တယ်ဆိုပြီး။ယုန်ကိုပြန်
လွတ်ခဲ့တယ်။မိခင်ဆီပြန်ရောက်တော့ ဘ၀မှာဘယ်တုန်းကမှသူ့အသက်ကို မသတ်ခဲ့ပါဘူးဆိုတာကိုသစ္စာပြု
လိုက်ရုံနဲ့မိခင်ရောဂါကိုပျောက်သွားတယ်။ဒါလည်းလက်တွေ့ရစေနိုင်တဲ့သာဓကတစ်ခုပဲဖြစ်တယ်။
          လူငယ်မောင်မယ်တို့လဲ ကြားဖူးတယ် ´´ကတိသစ္စာတည်သောခါဝယ်နွယ်မြက်သစ်ပင်ဆေးဘက်ဝင်
၏``ဆိုတာ သစ္စာဆိုတာမှန်ရာကိုပြောဆိုတာ သူ့အသတ်မသတ်ဘဲနေလာပြီး အဲဒီသီလအတွက် အရေးပေါ်
ကြုံလာရင် သစ္စာဆိုကတိပြုပြီး ဖြေပျောက်လို့ရစေနိုင်တယ်။ တကယ်ဟုတ်မဟုတ်သိချင်ရင်မြဲအောင်ထိန်းပြီး
လက်တွေ့လုပ်ကြည့်။ကိုယ်ဟာ အစွမ်းထက်သူတစ်ယောက်ဖြစ်နေတာကိုတွေ့ရလိမ့်မယ်။
          ဘုရားဟောခဲ့တဲ့ ပါဏာတိပါတ အကျိုးအဖြစ်တွေတော့များစွာရှိတယ်။အကုန်မပြောတော့ဘူးလက်
တွေ့ကြုံရမယ့်အကျိုးအပြစ်လေးတော့မင်းတို့လေးတွေမြင်သာသိသာအောင်နည်းနည်းပြောပြမယ်။သူ့အသက်
သတ်တဲ့လူဟာ ရုတ်တရက် ကိုယ်လက်မသန်မစွမ်းဖြစ်သွားနိုင်တယ်။(လေဖြတ်တာမျိုး)၊ အသားအရေကမွဲ
ခြောက်ခြောက်ဖြစ်လာတတ်တယ်။ အားအင်နည်းလာတတ်တယ်။ သွပ်လက်မှုမရှိတော့ဘူး။ ဆိုင်းမဆင့်ဘုံမဆင့်
ဘေးရန်တွေပေါ်လာတတ်တယ်။ ကိုယ့်ဖာသာအဆိပ်သောက်သေတာမျိုး လုပ်ချင်စိတ်တွေဖြစ်လာတတ်တယ်။
အနာရောဂါများများလာတတ်တယ်။ သူငယ်ချင်းအပေါင်းအသင်းတွေက သွေဖယ်သွားတတ်တယ်။
အသက်တမ်းစေ့အောင်မနေရပဲ ငယ်ရွယ်တဲ့အချိန်ပဲသေရတတ်တယ်။
          ကဲကိုယ့်မှာဒီလိုအချက်တွေများဖြစ်နေမိပြီလား ဆင်ခြင်ကြည့်ပေါ့ ။ ဖြစ်နေရင်တော့သတိထားပြီး
နောက်သူ့အသက်မသတ်မိအောင်ရှောင်ပေတော့။ သူ့အသက်မသတ်ခဲ့ရင်တော့ ကိုယ်လက်အင်္ဂါအမြဲ ပြည့်စုံ
စေမယ်။ အသားရေစိုပြေလှပနေမယ်။ အားအင်တွေပြည့်ဖြိုးနေမယ်။သွပ်လက်နေမယ်။ ဘေးရန်မှာရဲ့ရင့်စွာဖြတ်
ကျော်နိုင်မယ်။ သူများသတ်လို့မသေရဘူး။ ရောဂါဘယ နည်းလိမ့်မယ်။ ချစ်ခင်သူများမယ်။
အသက်ရှည်ရှည်ငြိမ်းငြိမ်းချမ်းချမ်းနေရမယ်။
          ဒါတွေကတော့သူ့အသက် သတ်ခြင်း မသတ်ခြင်းရဲ့လက်တွေ့ခံစားရမယ့်အကျိုးအပြစ်တွေကိုပိုသိ
လွယ်အောင်ဖြည့်စွပ်ပြောပြပေးတာဖြစ်ပါတယ်။ မင်းတို့လေးတွေ အေးချမ်းတဲ့ဘ၀မှာ ချစ်ခင်စွာ စိုးရိမ်
ကြောက်လန့်မှုကင်းဝေးစွာ အမြဲတမ်းပြုံးပျော်စွာနေချင်ကြတယ်ဆိုရင်တော့ သူ့အသက်ကိုမသတ်မိအောင်
ရှောင်ပေတော့။စိတ်မပါဘဲ ကိုယ့်ကြောင့်သူ့အသက်သေသွားစေတဲ့မတော်တစမှုကတော့ အပြစ်မဖြစ်ဘူးဆိုတာ
လည်းသိထားဖို့ပြောထားရဦးမယ်။ဒါပေမယ့်စိတ်မပါဘဲ မိဘကို မှားပြီးဖြစ်ဖြစ်မတော်တဆ ကိုယ့်ကြောင့်သေသွား
အောင်လုပ်မိရင်တော့အပြစ်က ဖြစ်တာဖြစ်တာပဲနော်။သတိထားနိုင်ဖို့ပြောပြတာ
ကဲဒီလတော့ဒီလောက်နဲ့တော်ကြစို့…..
          သူ့အသက်သတ်ပြီးသွေးချောင်းစီးတဲ့ကမ္ဘာကိုဖန်တီးသူအဖြစ်မှရှောင်ဖယ်နိုင်ကြပါစေကွာ
မမျှတရား စိတ်မှာထား အမှားဖြစ်တော့မည်။
သူ့သက်သတ်လျှင် ဘ၀တွင် စိုးရိမ်နစ်မွန်းသည်။
                            မသတ်ရှောင်ကြဉ် နေကြလျှင် မြဲပင်အေးချမ်းမည်။ ။       
                                                                                              အားလုံးကိုချစ်ခင်လေးစားတန်ဖိုးထားလျှက်.....                                                                 
                                                                                    ပီတိ(ပေကြီး)
ဘ၀တစ်ကွေ့ရဲ့အောင်မြင်ခြင်း
$
0
0
   ဘ၀ဆိုတာမှန်ကင်းတစ်လှည့်..ထင်းတစ်လှည့်တဲ့အောင်မြင်တတ်သလို၊ရှူံးနိမ့်တတ်ကြတယ်..အဲဒါလူ့ဘ၀ပဲလေ..ရွာတစ်ရွာမှာကျေးရွာလူကြီးကသူတို့ရွာမှာချောတိုင်တက်ပွဲကျင်းပတယ်တဲ့...ဆီတွေအများကြီးသုတ်လိမ်းထားတဲ့ချောတိုင်ထိပ်မှာရှိတဲ့အလံကိုယူနိုင်ဖို့အားကြိုးမာန်တက်  တက်ယူဖို့ကြိုးစားတဲ့ လူတွေအများကြီးတန်းစီနေတယ်တဲ့..ဒါပေမယ့်ဆီတွေအများကြီးသုတ်လိမ်းထားလို့ ရွာသားတွေကနည်းနည်းစိတ်ပျက်နေကျနေတယ်တဲ့  ဒါနှင့်ပွဲစတော့တစ်ဖွဲ့ပြီးတစ်ဖွဲ့ကြိုးစားတက်ယူကြတယ်တဲ့ ဒါပေမယ့်ချောတိုင်းကအရမ်းကိုချောလွန်းတဲ့အတွက် ဘယ်သူမှမတက်နိုင်ကြဘူးတဲ့ အဲချိန်မှာလူငယ်လေးတစ်ယောက်ကသူတစ်ယောက်တည်း ကြိုးစားပြီးတက်ယူတယ်တဲ့ အဲချိန်မှာ အောက်ကပရိတ်သတ်တွေကကော ချောတိုင်တက်တဲ့သူတွေကကော အမျိုးမျိုးဝေဖန်ကြတယ်တဲ့ "ငါတို့တောင်မတက်နိုင်တာ သူကတစ်ယောက်တည်းတက်ဦးမယ်တဲ့"၊ "ဆီတွေဒီလောက်လူးထားတာဒီအလံကိုယူနိုင်မှာမဟုတ်ပါဘူး"၊ "အလကားပင်ပန်းရုံပဲရှိတယ်" စသည်ဖြင့်အမျိုးအမျိုးပြောဆိုနေကြတယ်တဲ့ ဒါပေမယ့်လူငယ်လေးကတော့ တစ်ဖြည်းဖြည်းနှင့်တက်ပြီး နောက်ဆုံးတော့ချောတိုင်ထိပ်ကအလံကို ရအောင်ယူနိုင်တယ်တဲ့ အဲချိန်ကျတော့လူတွေကလက်ခုတ်သြဘာတီးပြီးအားပေးကြတယ်တဲ့ အလံကိုယူပြီးအောက်ဆင်းလာတော့လူတွေကသူ့ကိုမေးကြတယ်တဲ့ သူ့ထက်တော်တဲ့သူတွေတောင် ဒီချောတိုင်းကိုမတက်နိုင်တာ မင်းဘာလို့တက်နိုင်တာလဲလို့ အဲခါကျတော့လူငယ်လေးကဘယ်လိုပြန်ပြောသလဲဆိုတော့ "ကျွန်တော်ချောတိုင်းတက်နေတုန်းအခါ အောက်မှာရှိတဲ့လူတွေက အမျိုးမျိုးကျွန်တော်ကိုဝေဖန်ကြတယ် ဒါပမယ့် ကျွန်တော်သူတို့ပြောတာကိုမကြားသလိုနေပြီး ကျွန်တော်လိုချင်နေတဲ့အလံကိုရအောင်ယူခဲ့တယ် အဲလိုပါပဲ လူဘ၀ဆိုတာတစ်ခါတစ်လေမှာ လူတွေကဲ့ရဲ့တာတွေကို ဝေဖန်တာတွေကို လစ်လျှူရှု့ပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားဖို့က အရေးကြီးတယ် သူများဝေဖန်တာတွေ လိုက်ပြီးစိတ်ဓာတ်ကျနေမယ်ဆို၇င် ဘယ်တော့မှကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရမှာမဟုတ်ဘူး"တဲ့ ဒီပုံပြင်လေး ကြားလိုက်တော့ ကျွန်မဘ၀အရမ်းကိုပြောင်းလဲပစ်နိုင်ပါပြီ ဒီပုံပြင်လေးကို ပြောပြခဲ့တဲ့ ကျွန်မအရမ်းချစ်ရတဲ့ချစ်သူကိုလဲအရမ်းကျေးဇူးတင်ပါတယ်...ဒီဘလော့လေးဖတ်ပြီး ဘ၀ရဲ့လောကဓံကို ကြံကြံခံနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..ဘ၀မှာ ကိုယ့်ကိုမလိုအပ်တဲ့သူတွေရဲ့ ကဲ့ရဲ့မှုတွေ ဝေဖန်မှုတွေကို သည်းခံရင်း အောင်မြင်မှူတွေကိုပိုင်ဆိုင်နိုင်ပါစေ....
"ပုံပြင်တို"...တစ်ပုတ်လို့ ပဲမှတ်ယူပေးကြပါ
$
0
0
ကောင်မလေးတစ်ယောက်နဲ့ ...ကောင်လေးတစ်ယောက်ငယ်စဉ်တုန်းကပေါ့...
ကောင်မလေး ။  ။ငါချောကလက်စားချင်လိုက်တာ !!
ကောင်လေး ။   ။ခဏစောင့်...ငါအခုပြေးဝယ်လိုက်မယ်...။
ကောင်မလေး ။  ။း....)
ကောင်လေး ။  ။ရော့ !! ဒီမှာ နင်စားချင်တဲ့  ချောကလက် !!
ကောင်မလေး ။  ။ငါဒီနေ့ အိမ်စာတွေမပြီးသေးဘူးဟာ...ဆရာမ ရိုက်တာခံရတော့မယ် !!
ကောင်လေး ။  ။ဟာ !! နင်လုံးဝအရိုက်မခံစေရဘူး...နင့်စာအုပ် ငါငှားသွားတာ...အိမ်မှာမေ့ကျန်ခဲ့ တယ်လို့ ပြောလိုက်မယ်လေ။
ကောင်မလေး ။  ။အဲတာဆို နင်အရိုက်ခံရမှာပေါ့ !!
ကောင်လေး ။  ။ငါကရပါတယ်...။
ကောင်မလေးနဲ့ ကောင်လေးဆယ်ကျော်သက်အရွယ်ရောက်လာစဉ်ကပေါ့..။
ကောင်မလေး ။  ။ငါဒီနေ့ မှ စတင်တဲ့  ရုံကြီးကားကြည့် ချင်လိုက်တာ !! လက်မှတ်က၀ယ်လို့ ရပါ့မလားမသိဘူး...။
ကောင်လေး ။  ။အမလေး !! ဒီမှာခင်ဗျားအတွက် ကျုပ်အစောကြီးသွားပြီး ၀ယ်ထားတဲ့ လက်မှတ်ပါခင်ဗျာ !!
ကောင်မလေး ။  ။ကျေးဇူးပါပဲနော်...။
ကောင်မလေး ။  ။ဒီနေ့ ငါအရမ်းပျင်းတာပဲဟာ !! လျှောက်လည်ရအောင် !! နင်ချိန်းထားတာရှိလား..??
ကောင်လေး ။  ။အင်း !! ရှိတယ်ဟ !! ဒါပေမဲ့ ...ဖျက်လိုက်ပါ့မယ် !! နင်ဘယ်သွားချင်လဲပြောလေ !!
(ကောင်မလေးနဲ့ ကောင်လေး ချစ်သူတွေမဟုတ်ပါဘူး...ကောင်မလေးဘက်က သာမှန်သူငယ်ချင်း...ကောင်လေးဘက်ကတော့  သူငယ်ချင်းချစ်သူပေါ့...ကောင်မလေးဖြစ်ချင်တာ မှန်သမျှ ကောင်လေးကဖြည့် ဆည်းပေးခဲ့ တယ် !! ဒါပေမဲ့ ...မမျှော်လင့် တဲ့ တနေ့ မှာ ကောင်လေးက ကင်ဆာ ဆိုတဲ့ ရောဂါဆိုးကြီး ရှိလာခဲ့ တယ်လေ...ဒါပေမဲ့ ကောင်မလေးက မသိခဲ့ ပါဘူး...။)
ကောင်လေးက...သူ့ ရဲ့ နှောက်ဆုံးချိန်မှာ ကောင်မလေးကိုမေးခဲ့ တယ်...။
ကောင်လေး ။  ။နင့် ဘ၀မှာ အဖြစ်ချင်ဆုံးက ဘာလဲ ?? အဲဒီထဲက ငါ့ကို တစ်ခုလောက်ပြောပြပါလား !!
ကောင်မလေး ။  ။အင်း !! ငါဖြစ်ချင်တဲ့  ဆန်ဒတွေထဲက တစ်ခုဆိုရင်...ငါ့ကိုချစ်တဲ့ သူ...ငါ့အပေါ်အနွံတာခံတဲ့ သူနဲ့  တစ်သက်လုံး မခွဲတမ်းအတူတူနေချင်တယ် !! (အဓိကတော့ နင်ပေါ့ဟာ !! ငါနင့် ကိုချစ်မိနေပြီထင်တယ်ဟာ...)
ကောင်လေး ။  ။အရူးမလေး !! စိတ်ကူးကလည်းယဉ်တတ်လိုက်တာ !! :)...(တကယ်ပါ...ငါလေ ငါ့ရဲ့  နောက်ဆုံးအချိန်ထိ...နင့်ဆန်ဒတွေကို ဖြည့် ဆည်းပေးချင်ခဲ့ တာ...။ဒါပေမဲ့  အခုတော့လေ...ငါနင့် ဆန်ဒတွေကို မဖြည့် ဆည်းပေးနိုင်တော့ဘူး။ ဘာလို့ လဲဆိုတော့ နင့် ကို အရမ်းချစ်တဲ့  ငါက နင့် ဘေးမှာ တစ်သက်လုံးမှ ရှိမပေးနိုင်တော့ပဲကိုး !!!)။
( ( ( မနက်ဖြန်အကြောင်းမေးတဲ့ မနေ့က ချစ်သူ ) ) )
$
0
0
ပူပြင်းလှတဲ့ နွေရာသိ နေ့လေးတနေ့ပေါ့။
အီမ်မှာနေရတာ မွန်းကျပ်နေတာနဲ့ ကျွန်တော် တောင်သမန်အင်း သွားပြိး
သဘ၀ အလှတရားတွေ ကို ခံစားငေးမောရင်း ဥိးပိန် ရဲ့ ရင်ပြင်လေးပေါ်မှာ စာ ထိုင်ရေးလေသည်။
ဖြတ်သွားဖြတ်လာ လူတစ်ချို့က ကျွန်တော် ကို ပြုံး ကြည့် ကြည့်သွားကြတယ်၊
အရူးဆိုတဲ့ အကြည့်နေမှာပေါ့
ရယူပိုင်ဆိုင်ခြင်းတွေကမှုန်ရိဝါးဝါး အနာဂတ်တွေမသေချာတဲ့ တွေဆုံးမှု
ဆုံစည်းခွင့် စက္ကန့်ပိုင်း အတွင်းမှာပဲ ကျွန်တော် နှလုံးသား ကို
အပိုင်စား သိမ်းဆည်းသွားခဲ့ သူ့။
* ကိုတာယာ ဘာလုပ်နေတာလည့်း"
ကဗျာတစ်ပုဒ် သည်းသည်းမဲမဲရေးနေတဲ့ ကျွန်တော် ချိုမြိန်တဲ့ အသံလေး
* အော် လမင်း ပါလား ဘာလာလုပ်တာလည့်း့"
* သူငယ်ချင်း တွေ ခေါ်လို့လိုက်လာတာပါ ကိုတာယာ ကရော ဘာလာလုပ်တာလည့်း"
* ကျွန်တော် အိမ် မှာနေရတာ ပျင်းတာနဲ့ ထွက်လာတာပါ့  ကဗျာ ရေးရင်ပေါ့
* အံမယ် ကိုတာယာ က ဘယ်သူပေးမလို့လည့်း့
*ဘယ်သူမှ မပေးပါဘူးဗျာ ပေးမှရေးရတာ မဟုတ်ပါဘူး
စိတ် ထွက်ပေါက်အနေနဲ့ ဒီလိုပဲ လျှောက်ရေးကြည့်တာပေါ့
* ဟုတ်လို့လား ကိုတာယာ ကလည့်း
* ဟုတ်ပါတယ်ဗျာ့
* ကိုတာယာ့ * ဗျာ့
*ဒါဆို  လမင်း ကို ကိုတာယာ ကဗျာ တွေပေးဖတ်ခွင့်ပေးပါလာ့း
လမင်း က ၀ါသနာ ပါလို့လာ့း့ *ဟုတ့့်
* ဒါဆို ကျွန်တော် ညနေ လာပို့ပေမယ်လေ ဒါပေမဲ့ ဖတ်ပြီး လမင်း   မလှောင်ရဘူးနော်
* မလှောင်ပါဘူး ကိုတာယာ ကလည်း လမင်း ဖတ်ပြီးဝေဖန်ပေးမယ်လေ ဟုတ့့်
* ဒါဆို လမင်း သွားတော့မယ်နော် သူငယ်ချင်းတွေစောင့်နေလို့
နူက်ဆက်ထွက်ခွာ လမင်း ကို လိုက်ပါငေးမောရင် ကျွန်တော် ကောက်ချက်ချလိုက်သည်
အခုမှသေချကြည့်မိတယ်တော်တော်လှတာပဲ့။
နောက်နေ့တွေကြ ကျွန်တော် လမင်း ကို ကဗျာ တွေပေးဖတ်ခဲ့တယ်
အဲ့ဒီနောက် သူ နဲ့ ကျွန်တော် ကြား ရင်နှိးမှုတွေက အရင်ထက်ပိုလို့
တနေ့တော့ လမင်း ကို ကျွန်တော် ကဗျာ လေးတစ်ပုဒ် ရေးပေးလိုက်သည်။
နှလုံးသားစကားကြားနိုင်ဖို့
ပြောချင်ပေမဲ့ မပြောဖြစ်ခဲ့
ဒီ အတိုင်းသီမ်းကာ ထားလိုက်၏
သို့ပေမဲ့လည်း ချုပ်တည်းမရ အချစ် တို့က
ရင်မှာ ဗလောင်ဆူကာနေတယ်
ဖွင့်ပြောမှကို ဖြစ်တော့မည်
တိုးတိုးပြောမယ် ကျယ်ကျယ်ပြောမယ်
နှလုံးသားတံခါးဖွင့် နားကိုစွင့်လို့
ရောက်ရာအရပ် က နားထောင်လိုက်ပါ
ကိုယ် လေ လမင်း ကို သိပ်ချစ်တယ်။
                                                          တာယာ
ကောင်းခြင်းအပြည့်နဲ့ တွေဆုံမှုကံကြမ္မာကြောင့် သူ ကျွန်တော် ရဲ့ အချစ် ကို လက်ခံလိုက်၏။
ထို့နေ့မှစလို့ နွေးထွေးသောပျော်ရွင်မှုအပြည့်နဲ့ နေစဉ်ရက်စက်လျှောက်လည်ခဲ့ကြသည်။
သင်္ချာမပြနိုင်တဲ့ အချစ်တွေနဲ့ပေါ့။
ဒေသန္တရတစ်ခုလုံး စကားလှလှလေးတွေ နွေးထွေးစွာ အနုအရွတွေနဲ့
ခရီးစဉ်တိုင်း သူနူတ်ဖျားကမေးလာတဲ့ စကားလေး တစ်ခွန့်း
* အကို မနက်ဖြန်ဆိုတာ အကို သိလာ့း?
တရပ်စပ်မေးခွန်းတစ်ခုမို့ ရုတ်တရက်မဖြေနိုင်တဲ့ ကျွန်တော်အတွက်
* မနက်ဖြန်ဆိုတာ ဖိတ်စာမပါပဲ အလိုလိုရောက်လာနိုင်တဲ့ လိပ်စာ လေ့။
* ဘာဖြစ်လို့လည်း လမင့်း့
ကျနော် အမေးကို မဖြေပဲ တွေဝေသွားတဲ့ လမင်း ရဲ့ မျက်ဝန်း ကို ကျွန်တော် နားမလည်သလို
ကွန်တော် အဖြေစကားအတွက် လမင်း လည်း ၀ါးတားတား ဖြစ်သွားမှာသေချာပါ၏။
တစ်ချန်တည်းဆိုသလို ထက်ဆင့်မေးလာတဲ့ မေးခွန်းတစ်ခု့။
* အကို မနေ့ကဆိုတာရော အကို သိလာ့း?
ဒီတစ်ခါလည်း ကျွန်တော် ဦးနှောက်က အခက်တွေနေလို့
* လောကနဲ့ နဲ့ ကံကြမ္မာ ဆိုတာ သိကောင်းတဲ့ အရာမဟုတ်ဘူ့း
ကျွန်တော် ရဲ့ အဖြေတိုင်းက သူ ဆန္ဒ နဲ့ မာန ကို နိုးထစေလို့လား
ဒါမှမဟုတ့်?
* အကို အဲ့ဒိ မနေ့က နဲ့ မနက်ဖြန် ကို လမင်း သိအောင် လုပ်ပြမယ့်။
ထို့ အချိန်မှာပဲ ကျွန်တော်ရင်ခွင်တစ်ခုလုံး ရုတ်တရက် ပူလောင်မှုတို့ မရပ်တန့်ခင် လွမ်းမော်ဖွယ်
ခရီးကတက်ခေါက်ခဲ့ရသည်။
အပြန်လမ်း တစ်လျှောက်လုံး လမင်း ကို ကျွန်တော် ပြောနေမိတာက
* လမင့်း လမင်း ကို အကို အရမ်း ချစ်တယ့့်
* လမင်း လည်း အကို နဲ့ ထက်တူပါပဲ အကို ရယ့်။
တဖြေးဖြေးသော နာရီ စက္ကန့် နဲ့ အမျှ အခုဆို သူ နဲ့ ကျွန်တော်  ချစ်သူ သက်တမ်း နှစ် နှစ်ပြည့်ခဲ့ပြိပေါ့
ဒီနေ့ ဘုရားသွားပြိ သူ မေးတဲ့ မေးခွန်းဖြေဖို့ ကျွန်တော် ခေါင်းထဲ တစ်ခုစိ နေရာယူနေဆဲအချိန်
* ကိုတာယာ့ ကိုတာယာ့
ဟေ ဘာဖြစ်လာတာလည်း
ခင်ဗျာ ကောင်မလေး လမင်း မူးလည်းလို့တဲ့။
သင်္ခါရ ရဲ့ လက္ခဏာ တစ်ခုက ကျွန်တော် ချစ်သူ လမင်း မှာ နှလုံးရောဂါ ပြင်းထန်နေတယ်တဲ့
အစ် အင် မဟုတ်ပါစေနဲ့
ရုတ်တရက် ဆိုသလို လမင်း ဆိသို့ အပြေးအလွားရောက်သွားချိန်
* အကို မနက်ဖြန်ဆိုတာ ကို လမင်း သိခွင့်ရတော့မယ့်။
တွေဝေနေဆဲ ကျွန်တော် ထက်ဆင့်ကြားလိုက်ရတဲ့ စကား
* မနေ့က ဆိုတာလည်း လမင်း သိရတော့မယ် အကို
သြော့် အခုတော့ ကျွန်တော် ရဲ့ တစ်ချိန်က ဆင်ခြင်တို့က
လမင်း ရဲ့ ဦးနှောက်တစ်ခြမ်းကိုလောင်ကျွမ်းစေခဲပြိ ။
* လမင်း ဘာတွေပြောနေတာလည်း လမင်း ရယ့်
* မောနေဥိးမယ် မပြောနဲ့တော့နော့်
* အကို လမင်း ကို အရမ်းချစ်တယ်နော့်
ချစ်သူ ရဲ့ ကွေင်္းနေသော လက်ကလေးတွေ နူက်ဆက်ခြင်း ရဲ့ သင်္ကေတတွေ မျက်ဝန်းအစုံ က
ကျွန်တော် ကို စူးစူးနစ်နစ်ကြည့်ရင်း
* အကို့
* လမင်း ပြောလေ အကို ရှိတယ့့်
* အကို ပြောတဲ့ မနက်ဖြန် ကို လမင်း ပြန်ရတော့မယ့်
ကျွန်တော် ရင်ထဲမှာ စိုးနင့်သွားခဲ့၏
*  လမင်း ရယ့်
* အ့ကို   လ့မင်း အကို ကို အရမ်း ချစ်တယ့်
* အ့ကို   လမင်း မောတယ် လမင်း ပြန်ရတော့မယ် နဲ့ တူတယ့်။
ကွန်တော် လမင်း ကြည့်ပြီး သနားလာသည်
နောက်တော့
ကျွန်တော် ရဲ့ လက်ကျန် မှတ်ဥာဏ်လေး နဲ့  စွံ့အနေသော နူတ်ခမ်းလေး က
* လမင်း သူငယ်ချင်း ပြန်တော့နော့့်။
အံသြခြင်း အပြည့်နဲ့ ကြည့်နေကြတဲ့  ပက်ဝန်းကျင်
ကြည်နူးခြင်း အပြည့်နဲ့  လမင်း ရဲ့ နူတ်ဆက်ခြင်း မျက်ဝန်း တို့ မဆုံးခင့်
ပက်ဝန်ကျင်တစ်ချို့ ရဲ့ စွဲချက်သံ နောက် လမင်း အဖေ ဦးကောင်းမြတ် ရဲ့ လက်သိးချက်
* ခွပ့့်
* မင်း ဘာကောင်လည်း ဘယ်လိုလူလည်းကွ့
* ဟုတ်ကဲ့ ဦးလေး တို့ဘက်ကကြည့်တော့ မှန်ပါတယ့်
* ဒါပေမဲ့ ကျွန်တော် လုက်ရက်မမှားပါဘူ့း့
 * ဘာလို့လည်းဆိုတော့ ကျွန်တော် နဲ့ လမင်း က တမလွန် ထိ ချစ်သူ တွေ ဖြစ်မလာနိုင်လို့
* သူ ကို တမလွန်ထိ ဒုက္ခမပေးမိဖို့ မချည်နှောင်င်မိဖို့
* သူ နဲ့ ကျွန်တော်ကြားက ရောင်စုံကြိုးလေး ဖြတ်ပေးလိုက်တာပါ့။
ကျွန်တော်စကားအဆုံးမှာပဲ့
သုံမှတ်ထားသော မျက်ဝန်း က ငြိမ် လို့ နူတ်ဆက်ဆဲ့သော  လက် ကလေးက ဆန့်တန်း
ကျေနတ်ခြင်း သဘော နဲ့ လမင်း တစ်ယောက် ထာဝရ ခေါင်းညီမ့်သွားတော့သည်။
မနက်ဖြန်ဟာ သူဟာ ကျွန်တော် ချစ်သူ မဟုတ်တော့လို့ ရှင်သန်တဲ့ နူတ်ဆက်ခြင်းတွေနဲ့ပဲ
 * သူငယ်ချင်း လမင်း တစ်ယောက်
ရောက်ရာ ဘ၀ မှာ ချစ်သူ အသစ် နဲ့ နွေးထွေးနိုင်ပါစေ့
ချစ်တဲ့ သူတိုင်း ကျွန်တော် လို
ဒီ ဘ၀ ချစ်လို့ နှောင် ဘ၀ ထိပို့ဆောင်နိုင်ကြပါစေ့
 တာယာဂျလေဘီ
ကျွန်တော်သိသော ဘ၀ ( ဘ၀အမြင် )
$
0
0
ဘ၀အမြင် .............. ။
ဘ၀အမြင်လို့ ပြောလိုက်တာနဲ့တင် သင်မြင်မိတဲ့ သင့်ရဲ့ဘ၀အမြင်ကို အရင်ဆန်းစစ်ကြည့်
ပါ ။ သင့်ရဲ့ ကျန်ခဲ့တဲ့ ဘ၀ တွေမှာ သင်ဘာလုပ်ခဲ့သလည်း ။ ဘာအကျိုးတွေသယ်ပိုးခဲ့သလဲ
။ မိမိကိုယ်ကိုကော ဘယ်လိုပြင်ဆင်လုပ်ဆောင်ခဲ့သလဲ ။ သင်စဉ်းစားသင့်ပါတယ် ။ စဉ်းစားလို့ ပြီးပြီဆိုမှ အောက်က စာပိုဒ်ကိုဆက်ဖတ်ပါ ။
သင့်ဘ၀ကို သင်တန်ဖိုးထားပါသလား ။
ဒါဆိုထပ်မေးမယ် ။ သင် အချိန်ကိုကောတန်ဖိုးထားပါသလား ။ သင်အသုံးပြုခဲ့တဲ့ အတိတ်အ
ချိန်တွေဆီကို ပြန်သွားကြည့်သင့်တယ် ။ ကိုယ့်အတွက် ၊ သူများအတွက် ကောင်းကျိုးပေးခဲ့
သလား ။ စာရေးသူရဲ့အမြင်ကိုပြောရရင် ဘ၀ဆိုတာ အချိန်ပဲ ။ အချိန်ကိုတန်ဖိုးထားရင် ဘဝ
ကို တန်ဖိုးထားတာပါပဲ ။ လူတစ်ယောက်မှာ ယုံကြည်ချက်ဆိုတာလည်း ရှိကိုရှိသင့်တဲ့အရာပါ ။ ယုံကြည်ချက် (၀ါ) ဦးတည်ချက်မရှိပဲလျှောက်လှမ်းနေသူဟာ
လရောင်မရှိတဲ့ညမှာ ပစ္စည်းတစ်ခုကို စမ်းစမ်းဝါးဝါး လိုက်ရှာနေသူပဲဖြစ်တယ် ။ ရချင်လည်း
ရမယ် ၊ မရဖို့က ပိုပြီးရာခိုင်နှုန်းများတယ် ။ အချိန်ကိုတန်ဖိုးထားပါ ။ မိနစ်တိုင်း စက္ကန့်တိုင်းမှာ အရာရာဟာ ပြောင်းလဲနေကြတာပါ ။ ဒီလိုပြောင်းလဲနေကြတဲ့အထဲ မိမိရဲ့
ဘ၀ကို တိုးတက်မြင့်မားဖို့လုပ်ဆောင်ပါ ။ ကံ ၊ ဥာဏ် ၊ ၀ီရိယ ကို အမှီသဟဲပြုပါ ။
ကံချည်းသတ်သတ် အားမကိုးပါနဲ့ ။ ဥာဏ်ချည်းသတ်သတ် အားမကိုးပါနဲ့ ။ ၀ီရိယချည်း
သတ်သတ် အားမကိုးပါနဲ့ ။ သုံးပါအစုံ အသုံးချနိုင်မှ မိမိလိုရာပန်းတိုင်သို့ ဧကန်မုချ
ရောက်ရှိပါလိမ့်မယ် ။
နောက်တစ်ခု သတ္တလောကကြီးအကြောင်းကို နည်းနည်း ချဲ့ပြချင်ပါတယ် ။ လူနဲ့တိရိစ္ဆာန် ဘာကွာသလည်း ။ လူမှာ အသိဥာဏ်(၀ါ) ဝေဖန်ပိုင်းခြားနိုင်သောဥာဏ်ရှိတယ် ။
တိရစ္ဆာန်တွေမှာ ထိုကဲ့သို့သော ဥာဏ်မရှိ နတ္ထိပါ ။ ဥပမာပြရရင် ....... ။
နားနဲ့ မနာ ဖ၀ါးနဲ့သာ နာပါ ။ လူနဲ့ ခွေး အသိဥာဏ်ကွာခြားပုံအကြောင်းပါ ။ လူတွေ ဟာ
အမေကို အမေမှန်းသိ အဖေကို အဖေမှန်းသိ ညီအစ်ကိုမောင်နှမတွေကို ညီအစ်ကိုမောင်နှမ
မှန်း သိကြပါတယ် ။ ခွေးတွေကတော့ ထိုသို့သောအသိဥာဏ်မရှိကြပါ ။ ဒီလောက်ဆို
လူနဲ့ တိရစ္ဆာန်ကွာခြားပုံကို သိလောက်ပြီထင်ပါတယ် ။ လူတွေဟာ ဥာဏ်ရှိသလောက်
ဇောက်မနက်ကြပါ ။ တချို့ဆို လန်ခရူစာကားလေး စီးနိုင်ရင်ကို လူဖြစ်ကျိုးနပ်ပါပြီ ၊ သေရ
ကျိုးနပ်ပါပြီနဲ့ ဘ၀ကို နှိမ့်ချကြတယ် ။ တစ်ရက်ကပေါ့ ခွေးစုတ်ဖွားလေး လန်ခရူစာကားပေါ်မှာ လျှာကလေးတစ်လစ်တစ်လစ်နဲ့ ခေါင်းပြူပြီး ပါသွားတာတွေ့လိုက်ရတော့ အော် ခွေးလည်း ခွေးဖြစ်ရကျိုးနပ်ပါကလားဆိုပြီး တွေးမိတယ် ။ လူတွေ ကိုယ့်ဘ၀ကိုနှိမ့်ချတာ အတော်သနားဖို့ကောင်းတာပဲလို့လည်း တွေးမိတယ် ။
မိမိရဲ့ဘ၀ကို ဘယ်သောအခါ ဘယ်တော့မှ မနှိမ့်ချပါနဲ့ ။ ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ယုံကြည်ချက် ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားပါ ။ ဒီလိုဆို မဖြစ်နိုင်ဘူးဆိုတာ မရှိ
ဘူး ။ ဖြစ်ကိုဖြစ်ရမယ်လို့သာ တထစ်ချ ယုံကြည်ထားပါ ။ ယုံကြည်ချက်တစ်ခုတည်းနဲ့ ဖြစ်
မလားဆိုတော့ မဖြစ်ပါဘူး ။ ကိုယ့်ရဲ့ယုံကြည်ချက်ကို အကောင်အထည်ဖော်ရပါမယ် ။
အကောင်အထည်ဖော်ရာမှာလည်း ဥာဏ်ကို လွှာပြီးသုံးတတ်ရပါမယ် ။ ဒီလိုသာ အသုံးပြုနိုင်
မယ်ဆိုရင် ရောက်ရမယ့်အချိန်ထက် စောရောက်မယ်လို့ ထင်မြင်မိပါတယ် ။ လူတစ်ယောက် ယုံကြည်ချက်ထားရာမှာ ဥပမာပြရရင် ဒီကမ်းကိုကူးဖို့ ဘယ်လိုကြံရပါ့ ။
ဘယ်လိုတွေးရပါ့ ။ ဘယ်လိုလုပ်ရင်ကောင်းမလည်း ။ ရေကူးပြီးသွားမလား ။ ဖောင်ဖွဲ့ပြီး
သွားမလား ။ တံတားဆောက်ပြီးသွားမလား ။ ဥာဏ်ကို အသုံးချရပါမယ် ။ ဖောင်ဖွဲ့ပြီးသွားမယ်ဆို ဘာလိုသလဲ ။ ၀ါးလား အသားလား ။ ခုတ်ထစ်ပိုင်းဖြတ်ဖို့ ဘာလိုသလဲ ။ စသည်စသည်ဖြင့် စဉ်းစားရပါလိမ့်မယ် ။ ပြောရင်း ရေးရင်းနဲ့ စာက ရှည်လာတယ် ။ အတိုချုန်းပြီးတော့ပဲပြောပါရစေ ။ ဘ၀ကိုတန်ဖိုးထားတယ်ဆိုရင် အချိန်ကို
လေးစားပါ ။ အချိန်ကိုလေးစားမှ ဘ၀ကိုတန်ဖိုးထားရာရောက်ပါတယ် ။
ဘ၀ဆိုတာ မိမိရဲ့စိတ်အပေါ်မူတည်ပါတယ် ။ ဘ၀ကိုတန်ဖိုးထားပါ ၊ ဘ၀ကိုလေးစားပါ ။
ဘ၀မြင့်မှ မိမိကောင်းကျိုး ၊ မိမိရဲ့လူမျိုးကောင်းကျိုးများ ဖြစ်ထွန်းနိုင်မယ် ။ မိမိဘ၀ကို လေးစားမြတ်နိုး တန်ဖိုးထားတတ်ကြပါစေ ။ ။
ကျေးဇူးတင်ပါတယ်
လွဏ်း(လစ်တမတ်)
တခါတလေ.......
$
0
0
တခါတလေကျရင်..
မဖြစ်ချင်တဲ့လမ်းမှန်းသိတယ်..
ဒါပေမယ့် ဖြစ်သင့်ခြင်းတွေကိုထမ်းပိုးပြီး
အဲဒီလမ်းကို
မဖြစ်မနေ ရှေ့ဆက် လျှောက်မိတယ်…
တခါတလေကျရင်..
မဖြစ်နိုင်တဲ့အရာမှန်းသိတယ်..
ဒါပေမယ့် မျှော်လင့်ခြင်းတွေကိုထွေးပိုက်ရင်း
ကြွေမကျတဲ့ကြယ်ကို ရပ်တန့် ငေးကြည့်မိတယ်…
တခါတလေကျရင်..
မဖြစ်သင့်တဲ့အရာမှန်းသိတယ်..
ဒါပေမယ့် စကားနားမထောင်တဲ့နှလုံးသားကိုလက်ပိုက်ကြည့်ရင်း
နာကျင်ကြေကွဲရတဲ့အလွမ်းတွေကို မက်မက်မောမောဖမ်းဆုပ်ထားမိတယ်..
တခါတလေ..
တဘ၀စာရင်နာရမယ့် စွန့်လွှတ်ခြင်းမျိုးမှန်းသိတယ်..
ဒါပေမယ့် ရွေးချယ်ခွင့်မရှိတဲ့နေရာတစ်ခုမှာရပ်တန့်ရင်း
ထွက်ခွာသွားတဲ့အရာတချို့ကို တိတ်ဆိတ်ကြေကွဲစွာနှုတ်ဆက်လက်ပြရင်း ကျန်ရစ်နေမိခဲ့ပြန်ပါတယ်..
ဒယ်အိုးလွတ် ဘုံလွတ် ဗုဒ္ဓလမ်းစဉ်
$
0
0
Subscribe · October 22
   ပညာရှိတစ်ဦးရဲ့ ဆိုရိုးတစ်ခုရှိတယ်။ “နိုင်ငံတစ်ခုမှာ အကောင်းဆုံး အုပ်ချုပ်တဲ့အစိုးရက ဘယ်လိုအစိုးရလဲဆိုတော့ အစိုးရဆိုတာ ရှိမှန်းကို မသိရတဲ့ အစိုးရ” တဲ့။ မီးပွိုင့်မှာ မော်တော်ပီကယ်ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ စည်းကမ်းလိုက်နာတယ်။ ရှိတယ်လို့ အထူးသိနေစရာမလိုဘူးလို့ ပြောတာနော်။ အဲဒီလိုပဲ ဦးဇင်းတို့ သာသနာလည်း ဒီအတိုင်းပဲပေါ့။ ဘုရားရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ၊ ရှိတာမရှိတာ နှစ်ခုစလုံးကို အဓိကမထားပဲ ရှိ
တုန်းကလည်း ဒီလိုပဲ ၀ိနည်းစည်းကမ်းတွေ လိုက်နာရတာပဲ။ ပရိယတ် ၊ ပဋိပတ် ကြိုးစားတာပဲ။ မရှိရင်လည်း ဒီအတိုင်းပဲ ကြိုးစားနေမယ်ဆိုရင် ကိုယ့်တာဝန်ကို ကျေဖို့ အတွက် ဘုရားရှိတယ်နဲ့ မရှိဘူးဆိုတာကို အသိအမှတ်ပြုစရာကို မလိုတော့ဘူးပေါ့။ ဒီလိုဆိုရင် အကောင်းဆုံးပဲ သဘောပေါက်လားမသိဘူး။
ဟုတ်တယ်။ နိုင်ငံတစ်ခုမှာလည်းပဲ စည်းစနစ်ကျတဲ့နိုင်ငံဆိုတာ အစိုးရရှိတယ်လို့ ကို မသိသာဘူးဆိုရင် အကောင်းဆုံးပဲ။ တစ်ချို့ နိုင်ငံတွေမှာဆိုရင် အဲဒီအတိုင်းပဲ။ မော်တော်ပီကယ်ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ စတော့ပ် ( Stop ) ဆိုတဲ့ ဆိုင်းဘုတ်တွေ့ ရင် ရပ်ကိုရပ်တယ်။ အဲဒီနေရာမှာ ဘီးလေးဘီငြိမ်အောင်ကို ရပ်နေတာပဲ။ ဒီမှာတော့ အစိုးရဆိုတာ ရှိမှန်းက အတော်ကြီးသိသာနေတယ်။ မော်တော်ပီကယ်ရှိရင် တစ်မျိုး ၊ မရှိရင် တစ်မျိုး။ မရှိဘူးဆိုရင် မီးနီပြထားလည်း ဖြတ်လိုက်တာပဲ။ အဲဒီအတိုင်းပဲ ဘာသာရေးရင့်ကျက်တဲ့ သူတစ်ယောက်ဟာ ငရဲနဲ့ နတ်ပြည်ဆိုတာ ရှိတယ်လို့ မထင်ရတော့ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ရင့်ကျက်သွားပြီ။ ငရဲနဲ့ နတ်ပြည်ရှိတယ်လို့ ကိုသိစရာမလိုတော့ဘူး။ ငရဲရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ သူ့ အတွက် ဘာမှကို အရေးမကြီးတော့ဘူး။ ရှောင်သင့်တာကို ရှောင်မယ်။ ဆောင်သင့်တာကို ဆောင်မယ်။ ဒါဆို အတော်ရင့်ကျက်ပြီလို့ ဆိုရမယ်။ သဘောပေါက်လောက်ပါတယ်နော်။
ဦးဇင်းတို့ ကိုးကွယ်တဲ့ ဘုရားရှင်ရဲ့ အဆုံးအမက “ယုံကြည် ကျန်းမာ ရိုးဖြောင့်ကာ ၊ မှန်စွာအားထုတ်မူ ၊ ပညာတရား ဤငါးပါး ၊ ရှိငြားစွမ်းတဲ့သူ” ဆိုတဲ့အတိုင်း ယုံကြည်လေးစားမှု ၊ အားထုတ်နိုင်လောက်အောင် ကျန်းမာမှု ၊ ရိုးသားဖြောင့်မတ်မှု ၊ ကြိုးစားအားထုတ်မှု ၊ ထိုက်သင့်တဲ့ အသိဥာဏ်ပညာရှိမှု ဆိုတဲ့ ဒီအရည်အချင်း ငါးမျိုးနဲ့ ပြည့်စုံသူဖြစ်မယ်ဆိုရင် ဒီပုဂ္ဂိုလ်မျိုးဟာ ဒယ်အိုးနဲ့ လည်း ခြောက်စရာမလို ၊ နတ်ဘုံနဲ့ လည်းမြှောက်စရာမလိုဘူး။ သူ့ ယုံကြည်ချက်နဲ့ ၊ သူ့ အသိနဲ့ လိုက်နာသွားမှာ။ ဒါကိုပြောတာ။
အခုတော်တော်များများက အကုသိုလ် ဘာလို့ ရှောင်တာလဲဆိုရင် ငရဲကြီးမှာ ကြောက်လို့ ။ ဟုတ်တယ်မလား။ ငရဲကြီးမှာ ကြောက်လို့ ရှောင်တယ်ဆိုတော့ မော်တော်ပီကယ် အမြဲရှိနေလို့ ပေါ့။ မော်တော်ပီကယ်လစ်ရင် ဘယ်နှယ့်လုပ်မတုန်း။ မီးနီဖြတ် မောင်းသွားမှာပေါ့။ အဲဒီလိုပဲ ငရဲမကြီးတော့ဘူးဆိုရင် ဘယ့်နှယ့်လုပ်မတုန်း။ “ဘယ်သူ သေသေ ငတေမာရင် ပြီးရော” ဆိုတာမျိုး လုပ်တော့မှာပေါ့။ အဲဒီလို ပုဂ္ဂိုလ်အတွက်ကတော့ ငရဲကလိုနေတယ်။ နတ်ပြည်လည်း လိုရင် လိုနေလိမ့်မယ်။
ဒါပေမယ့် အတွေးအခေါ်အရ ကြည့်မယ်ဆိုရင်တော့ ဒါဟာ သူငယ်တန်းကျောင်းသား အဆင့်ပဲ။ ဟုတ်လား။ သူငယ်တန်းကလေးတစ်ယောက် ကျောင်းထားမယ်ဆိုလို့ ရှိရင် “ကျောင်းမပြေးနဲ့ နော်။ ပြေးရင် တုတ်ကြည့်ထား” လို့ ပြောတန်ပြောကြရတယ် မဟုတ်လား။ “ကျောင်းမှန်မှန်သွား ၊ ကျောင်းသွားရင် မုန့် ဖိုးလည်းပေးမယ်။ လွတ်အိတ်လည်း ၀ယ်ပေးမယ်” လို့ ပြောကြရတာရှိတယ်ပေါ့။ အဲဒီတော့ ဒီကလေးဟာ ဘာလို့ ကျောင်းမပြေးတာလဲဆိုရင် တုတ်ကြောက်လို့ ကျောင်းမပြေးဘူး။ မင်းဘာလို့ ကျောင်းမှန်မှန်တတ်တာတုန်းဆိုရင် မုန့် ဖိုးလိုချင်လို့ ပဲ။ မူလတန်းအောင်ပြီးလို့ အလယ်တန်းရောက်တော့လည်းပဲ မင်း ဘာလို့ ကျောင်းမပြေးတာလဲဆိုရင် တုတ်ကြောက်လို့ ပဲ။ ဘာလို့ ကျောင်းမှန်မှန်တက်နေတာလဲဆိုရင် မုန့် ဖိုးလိုချင်လို့ ပဲ။ အဲဒီလိုဖြစ်နေသေးရင် ဒီကျောင်းသားက အတန်းတွေသာ ကြီးလာတာ။ အသိက ကြီးမလာဘူး။ အတန်းတိုးပြီးတော့ အသိမတိုးရင် အလကားပဲပေါ့။
အခုလည်းပဲ ဘာသာရေး မူလတန်းအဆင့်မှာတော့ အကုသိုလ်လုပ်ရင် ငရဲကြီးတတ်တယ်လို့ ပြောရတယ်နော်။ ကုသိုလ်လုပ်ရမယ်။ ကုသိုလ်လုပ်မှ လူချမ်းသာရမယ်။ နတ်ချမ်းသာရမယ်လို့ ပြောရတာပေါ့။ အဲဒီလိုနဲ့ ပဲ အကုသိုလ်ကိုရှောင်သွားတယ်။ ကုသိုလ်ကို သူတတ်နိုင်သလောက် လုပ်ဆောင်သွားမယ်။ ဒါပေမယ့် အခု ဗုဒ္ဓဘာသာအရင့်အမာကြီးတွေဖြစ်နေတော့လည်း သူတို့ ဟာ အကုသိုလ်ကို ဘာလို့ ရှောင်သလဲဆိုရင် ငရဲကြီးမှာကြောက်လို့ ပဲ။ ကုသိုလ်ဘာကြောင့်ပြုရသလဲဆိုတော့လည်း လူနတ်ချမ်းသာ ရချင်လို့ ပဲဆိုရင် အတန်းသာ ကြီးတာ အသိက မကြီးသေးဘူး။
ကဲ အခုကော အကုသိုလ်ဘာလို့ ရှောင်နေသလဲဆိုရင် ငရဲကြီးမှာ ကြောက်လို့ ရှောင်တုန်းပဲလား။ အဲဒီလိုဆိုရင် မူလတန်းကကို မတတ်တော့ဘူးနော်။ ကုသိုလ်ရော ဘာလို့ လုပ်သလဲ။ မုန့် ဖိုးရချင်လို့ ကျောင်းတက်တုန်းပဲလား။ ဟုတ်လားဗျာ။ အမှန်က ဘာလို့ ကျောင်းမပြေးတာတုန်း။ ကျောင်းပြေးရင် ပညာချို့ တဲ့မယ်။ ပညာချို့ တဲ့ရင် အတန်းလည်း မတက်ဘူး။ အသိလည်း မတိုးဘူး။ ဘာလို့ ကျောင်းတတ်လည်းဆိုရင် ကျောင်းမှန်မှန်တတ်မှ အတန်းလည်းအောင်မယ်။ အသိလည်း တိုးမယ်။ ပညာတတ်မယ်။ အဲဒီလိုဖြစ်ရမှာပေါ့။ အကုသိုလ်ဘာလို့ မလုပ်တာလဲဆိုရင် မကောင်းတဲ့အလုပ်ဖြစ်လို့ ။ အပြစ်ကင်းအောင် အကုသိုလ်ရှောင်တာ။ ဟုတ်ရဲ့ လား။ ကုသိုလ်ကို ဘာလို့ လုပ်သလဲဆိုရင် ကောင်းတဲ့အလုပ်ဖြစ်လို့ ။ အများကောင်းကျိုးဆောင်ဖို့ ကုသိုလ်လုပ်တာနော်။ အဲဒီလိုဖြစ်မှ အတန်းလည်း တက် ၊ အသိလည်းတိုးမှာ။ ဟုတ်ရဲ့ လား။ အဲဒီအထိတော့ နည်းနည်းကျေကျေလည်လည်ရှိပြီနဲ့ တူတယ်နော်။
ဆက်လက်ဖော်ပြပေးပါအုံးမယ်ခင်ဗျာ။
မှတ်ချက်။
မှော်ဘီမြို့ မင်္ဂလာတိုက်အတွင်း ကျင်းပပြုလုပ်သော သံဃာပူဇော်ပွဲ၌ ဆရာတော်ကြီးများ မိန့် ကြားတော်မူသည့် သြ၀ါဒကထာ စာအုပ် မှ ဓမ္မဘေရီအရှင်ဝီရိယ ( တောင်စွန်း ) ၏ ဒယ်အိုးလွတ်ဘုံလွတ် ဗုဒ္ဓလမ်းစဉ် သြ၀ါဒကထာ တရားတော်ကို ကိုယ်တိုင်ဖတ်ရှုမှတ်သား နာယူရင်း စာဖတ်သူမိတ်ဆွေများအတွက် တစ်ကယ်အနှစ်သာရရှိတဲ့ တရားဓမ္မများကို ပြန်လည်ကုသိုလ်ပြု ကောက်နုတ်တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။
ထူးတင့်နိုင်
၂၂-၁၀-၂၀၁၂
                                                                   လေးစားစွာဖြင့်    ....    မောင်မြင့်
Viewing all 9878 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>