Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

မင်းကျင့်တရား ဆယ်ပါး (ရာဇောဝါဒ သုတ္တန်)

$
0
0


“မင်းကျင့်တရား ဆယ်ပါး(ရာဇောဝါဒ သုတ္တန်)”

၁. အလှူပေးခြင်း (ဒါန)

၂. ငါးပါးသီလ ဆောက်တည်ခြင်း (သီလ)

၃. ပေးကမ်း စွန့်ကြဲခြင်း (ပရိစာဂ)

၎. ဖြောင့်မတ်ခြင်း (အဇ္ဖ၀ံ)

၅. နူးညြံ့ခင်း (မဒ္ဒ၀ံ)

၆. ရှစ်ပါးသီလ ဆောက်တည်ခြင်း (တပံ)

၇. အမျက်မထွက်ခြင်း (အကောဇံ)

၈. ပြည်သူတို့ကို မညှဉ်းဆဲခြင်း (အ၀ိဟိံသံ)

၉. သည်းခံခြင်း (ခန္တီ)

၁၀. ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း (အ၀ိရောဓနံ)

============

၁။ ရက်ရောမှု လွပ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း။

၂။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း။

၃။ တိုင်းသူပြည်သားများ၏ ဘ၀သက်သာချောင်ချိရေးအတွက်
မိမိ၏ကိုယ်ကျိုးအတ္တကို စွန့်လွတ်အနစ်နာခံခြင်း။

၎။ ရိုးသားဖြောင့်မတ်ပြီး အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း။

၅။ ကြင်နာသနားတတ်ခြင်း။

၆။ တိုင်းသူပြည်သားများအားကျလောက်အောင် မိမိ၏
ဘ၀အနေအထိုင်ရိုးသားခြင်း။

၇။ အမျက်ဒေါသကင်းစင်ခြင်း။

၈။ အကြမ်းမဖက်ခြင်း။

၉။ သည်းခံတတ်ခြင်း။

၁၀။ ပြည်သူလူထု၏ ထင်မြင်ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနှင့်ညီညွတ်မှုကို မြှင့်တင်ခြင်း။

(သီတဂူဆရာတော်ဘုရားကြီးက နံပါတ် ၁၀က အရေးအကြီးဆုံးလို့ ဟောကြားခဲ့ပါတယ်။)
                                                                                 လေးစားစွာဖြင့်    ....    မောင်မြင့်

အသက်ပေး၍ ချစ်ခဲ့သည်

$
0
0

 

မိန်းကလေးငယ်တစ်ဦးဟာ တစ္ဆေတစ်ကောင်နဲ့ စကားပြောနေပါတယ်။

မိန်းကလေး။ ။ ရှင် ဘာဖြစ်လို့ သေသွားရတာလဲ။

တစ္ဆေ။ ။ မိန်းကလေးတစ်ယောက်ကို ကယ်တင်ဖို့ကြိုးစားရင်း ကားတိုက်ခံရပြီး သေခဲ့ရတာပါ။

မိန်းကလေး။ ။ ဘာဖြစ်လို့ ကယ်ရတာလဲ။

တစ္ဆေ။ ။ နာကျင်မှုတွေ သူမ မခံစားစေချင်လို့ပေါ့။

မိန်းကလေး။ ။ ရှင်ဟာ သူမကို အများကြီးချစ်တာပဲနော်။ ဘာဖြစ်လို့လဲဆိုရင် ရှင်က သူမအတွက် ရှင့်အသက်ကို

တောင် စွန့်လွှတ်ပေးခဲ့တယ်လေ။ ခုဆိုရင် ရှင်သေသွားလို့ သူမ ဝမ်းနည်းနေလောက်ပြီ။

တစ္ဆေ။ ။ သူမ ပျော်နေပါတယ်ဗျာ။ ကျွန်တော် ကယ်ခဲ့တဲ့လူဟာ သူမချစ်သူပါ။

 

 

 


နေလင်းအောင် ဘာသာပြန်ဆိုသည်။

www.naylinaung1.blogspot.com

 

 

 

A very heart touching love story-

A young girl talking 2 ghost.

GIRL-Why did u die?

GHOST-I was hit by a car while trying 2 save sum1.

GIRL-Why?

GHOST-Bcoz I dnt want her to get hurt…

GIRL-U really lv hr a lot bcoz u have sacrificed your own lyf just fr hr,she mst b sad now,

bcoz of ur death.

GHOST-No she z very happy becoz the one I saved z the man whom she loves……

Author Unknown

'''''''''''' ဒီဇင်ဘာလ တွေ့ ဆုံပွဲဆီသို့ .. အဝေးရောက်အဖွဲ့  လျှောက်လှမ်းစို့ .......''''''''''''

$
0
0

 

 

 

 

                          မင်္ဂလာပါ အပေါင်းနဲ့  ပြည့်စုံကြပါစေလို့  ရွှေမြို့ တော်က ချစ် မောင်လေး ညီမလေးများ အကိုအမ များအားလုံးကို ခရေ ကနေ  နှုတ်ခွန်းဆက်ပါတယ်နော်.

         အေးမြလှတယ့် ဆောင်းရာသီမှာ မြူခိုးတွေ နဲ့ အတူ အလွမ်းတွေဝေနေကြတယ့် အဝေးရောက်သူငယ်ချင်း များ  အဖွဲ့ လေးဟာလည်း မိသားစုကိုလွမ်း လို့ ပြန်တယ့် သူတွေလဲ ပြန်ကုန်ကြပါပြီ။ တချို့ ကတော့ ပြန်ဖို့ ကို စောင့်နေကြပါတယ်။

 

                         တချို့ ကတော့ မင်္ဂလာဆောင်လို့  ဘဝခရီးကို လျှောက်လှမ်းကုန်ကြပါပြီ။ အဝေးရောက် အဖွဲ့ က မင်္ဂလာ မောင်မယ် များကိုလဲ ခရေက ဆုမွန်ထပ်မံ တောင်းပေးခဲ့ ပါတယ်နော်.. 

                ဒါပေမယ့် ရွှေမြို့ တော်က နေပြီး ပေါက်ဖွား ဖြစ်တည်လာခဲ့ တယ့် အဝေးရောက် သူငယ်ချင်း များ အဖွဲ့ လေးဟာ ဆက်လက်ပျော်ရွှင်စွာနဲ့ လျှောက်လှမ်းနေပါတယ်…

                                                  ခရေတို့  အဝေးရောက် အဖွဲ့ လေးရယ့်  တစ်လ တစ်ခါတွေ့ ဆုံပွဲလေးကတော့ ရောက်ရှိလို့ လာပြန်ပါပြိ…

                                           ဒီဇင်ဘာလ အတွက် အဝေးရောက်  သူငယ်ချင်းများ အဖွဲ့ ရဲ့ တွေ့ ဆုံပွဲကို မလေးရှားနိုင်ငံမှာ ပြုလုပ်မှာဖြစ်ပါတယ်…

                          အခြေအနေပေးရင် တကြိမ်ကြိမ်တော့ မြန်မာ ပြည်မှာတွေ့ ဆုံကြမယ်လို့  စီစဉ်ထားပါတယ့် ရှင့်..

                  ယခုအကြိမ် တွေ့ ဆုံပွဲ ကိုလဲ မလေးရှားရောက် မြန်မာ အဖွဲ့ ဝင် ဟောင်း တွေ နဲ့ အဖွဲ့ ဝင်သစ်တွေ အပြင် မြန်မာ ပြည်မှာ ရှိနေတယ့် အဝေးရောက် အဖွဲ့ ဝင်တွေကလဲ အွန်လိုင်းကနေ ဗီဒီယို ချက်က နေ တွေ့ ဆုံခွင့် ရအောင်စီစဉ်ထားပါတယ်….

         

                   ပြီးခဲ့တယ့် အခေါက်တုန်းကတော့ ရှိုးပွဲကြောင့် နေရာ အပြောင်းအလဲ ဖြစ်ခဲ့တယ့် အတွက် အဝေးရောက် သူငယ်ချင်းတွေ အချိန် နေရာတွေ လွဲချော်စေခဲ့ပါတယ်.. ..   ဒီအခေါက်တော့ မလွဲချောလောက်ပါဘူး ထင်ပါတယ်…

                   ပြီးခဲ့တယ့် အခေါက် က အကြောင်းအမျိုးမျိုး မရောက်ရှိခဲ့တယ့် .. ကို ဇေကိုကို . ကိုကျော်လေး. . အချိန်နေရာ လွဲချောခဲ့တယ့် ကိုတိုက်ကြက်ဖ. အလုပ်ကြောင့် မအားလို့  မလာဖြစ်ခဲ့ကြတယ့် တွယ်ရာမဲ့  နဲ့ အတူ..  သူငယ်ချင်းတွေ အားလုံးကိုလဲ ထပ်မံဖိတ်ပါတယ်..

       

             ရွှေမြို့ တော်ထဲက သူငယ်ချင်း တွေလဲ အဝေးရောက်အဖွဲ့  ကို ဝင်ချင်တယ် ဆိုရင် ဝမ်းမြောက်စွာ ဖိတ်ခေါ်ပါတယ်။။

                       ခရေတို့  ရဲ့  အဝေးရောက် သူငယ်ချင်းများ တွေ့ ဆုံပွဲ အစီ အစဉ်ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်..

 

                    နေ့ ရက် …         ဒီဇင်ဘာလ    (  ၉ )  ရက်နေ့        ၂၀၁၂ ခုနှစ်

                                         ( တနင်္ဂနွေနေ့ )

 

                   နေရာ….          မဟာနန်း စားသောက်ဆိုင်. ( ကေအယ်)

                                        မလေးရှားနိုင်ငံ

 

                    အချိန်…         နေ့ လည် ၁၂ နာရီ တိတိ…

 

 

                နိုဝင်ဘာလ တွေ့ ဆုံပွဲ မှ ပုံများအား အမှတ်တရ ပြန်လည် တင်ပြပေးခဲ့ပါတယ်..

                                     ခရေတို့ အဝေးရောက် သူငယ်ချင်း ဘလော့လေးကို လဲ လာလည်ဖို့  ဖိတ်ခေါ်ပါတယ်နော်..

                               

                         http://www.awayfriend.blogspot.com/

 

                                                                           ခရေ

                                                                      ( ကြိုးစားပါအုံးမည်)

ကိုယ်ပိုင်ရေးဘလော့...

                                       

MC member တယောက်ဖြစ်တဲ့ sis Yin Yin Hnoung က ဒီလိုလေး ရေးပို့ထားပါတယ် ဖတ်ကြည့်ကြည့်ပါဦးနော် ^^

$
0
0

Movie Crazies ပရိတ်သတ်များအတွက်ပါ။ စဉ်းစားမိလို့ရသလောက်ပဲ ချရေးထားတယ်။ မြန်မာဇာတ်ကား(ရွာကားများ)ကြည့်ရှုရာတွင် အထောက်အကူဖြစ်စေမည့် definition များ။ မျက်မှန်နဲ့ ခေါင်းပေါင်းနဲ့  နှုတ်ခမ်းမွေးတကားကားနဲ့ နှစ်လုံးပြူးသေနတ်ပါရင် အဲ့ဒါရွာသူကြီး။ စွပ်ကျယ်နဲ့  ရွှေဆွဲကြိုးတ၀င်းဝင်းနဲ့ ဆိုရင် အဲ့ဒါ ချစ်တီး။ ကုတ်အင်္ကျီ ၊ ဘောင်းဘီ အနက်ဝမ်းဆက်ကိုဝတ် ၊ လက်ထဲမှာ တုတ်ကိုင်ထားရင် လူဆိုး။ သနပ်ခါးပါးကွက်ကျားနဲ့  ရေအိုးရွက်လာရင် ကွမ်းတောင်ကိုင်။ လည်သာဘွတ်ဖိနပ်၊ ပုဆိုးနဲ့  မာဖလာနဲ့ ဆိုရင...် အဲ့ဒါ သူကြီးသား။ ရွာထဲမှာ လတ်လျား လတ်လျားနဲ့  ကြက်ဝိုင်း၊ဖဲဝိုင်း၊ထန်းတောမှာ တွေ့ ရင် အဲ့ဒါ သူဌေးသား။ ဒေါ်ဘုမ ဆိုရင် ပဲပြုတ်သည် သို့ မဟုတ် အကြော်သည်။ ရွှေဆွဲကြိုးတွေ ရွှေလက်ကောက်တွေ ၀င်းနေအောင် ပန်ထားပြီး စကားပြောရင် အထက်စီးကပြောတာ ငွေတိုးချေးစားတဲ့သူ။ ပန်းကန်ကျကွဲရင် ဖန်ခွက်ကျကွဲရင် ဓာတ်ပုံမှန်ဘောင် ကျကွဲရင် အဲ့ဒါ လူသေတာ။ ပန်းတစ်ပွင့် ကြွေသွားတဲ့ပုံ ဒါမှမဟုတ် မိုးခြိမ်းတဲ့ပုံဆိုရင် အဲ့ဒါ မင်းသမီးကို လူဆိုးက စော်ကားသွားတာ။ မင်းသမီးအန်ရင် အဲ့ဒါဗိုက်ကြီးတာ။ တစ်ချိန်လုံး တောက်ခေါက်နေတာက မင်းသား။ ရွာထဲကနေ ခွေးတွေ၊ ကြက်တွေ၊ လူတွေ ပြေးလာရင် အဲ့ဒါ သူပုန်ရွာဝင်စီးတာ။ သျှောင်ထုံးနဲ့ အင်္ကျီဗလာနဲ့  ပုဆိုးခါးတောင်းကျိုက်ထားတာ သိုင်းဆရာ။ ရွာထဲမှာ ဂျင်းဘောင်းဘီနဲ့  တီရှပ်နဲ့ ဆံပင်ကို ဂျယ်ထောင်ထားတာ အဲ့ဒါ မြို့ က ပြန်လာတဲ့ တက္ကသိုလ်ကျောင်းသား။ မင်းသမီးနဲ့မင်းသား ဧည့်ခန်းထဲမှာ နှစ်ဖက်မိဘကို ကန်တော့လိုက်ရင် အဲ့ဒါ မင်္ဂလာဆောင်ပြီးပြီ။ ရဲတွေရောက်လာရင် အဲ့ဒါဇာတ်ကားပြီးပြီ။

တကယ် လွတ်လပ်ပြီလား

$
0
0

ဇန်န၀ါရီလ လေးရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဆိုတာကိုတော့ ကလေးက အစ သိကြပါတယ်။ ကျွန်တော်ကလည်း ဇီဇာကြောင်တယ်ပဲပြောရမလား။ ပေါက်ပေါက်ရှာရှာ တွေးကြည့်မိတယ်။ မြန်မာနိုင်ငံ တကယ်ကောလွတ်လပ်ရဲ့လား။ မြန်မာနိုင်ငံသားတွေ တကယ်ကော လွတ်လပ်ခွင့် ရရဲ့လားလို့ တွေးမိတယ်။ ဒီလိုတွေးလို့ အဆိုးမြင်ဝါဒီ တစ်ယောက်လို့တော့ မထင်လိုက်ပါနဲ့။ ကြည့်လေ။ မြန်မာနိုင်ငံသား အချင်းချင်း ပစ်ခတ် သတ်ဖြတ်မှုတွေ ကြုံခဲ့တယ်။ အဲဒီနေရာတွေမှာ စစ်ပွဲတွေကြောင့် ပြည်သူတွေ ဒုက္ခရောက်ခဲ့ကြတယ်။ ကျီးလန့်အစာစား ဆိုသလို အမြဲတမ်းကြောက်လန့်နေခဲ့ရတယ်။

အဲဒီလိုပဲ ကိုယ့်လူမျိုးမဟုတ်သူတွေက ကိုယ့်တိုင်းရင်းသားတွေကို သတ်ဖြတ် နေရာတွေကို ဖျက်ဆီး လုပ်တာကို ခံနေရတယ်။ လူအင်အားသုံးပြီး လက်နက်ကိုင် အကြမ်းဖက်တာတွေကို ခံနေကြရတယ်။

နောက်ပြီး စီးပွါးရေးလုပ်ငန်းတွေကိုလည်းကြည့်။ တိုင်းတပါးသား လက်ထဲမှာချည်းပဲ။ လုပ်ငန်းတွေကို ကြည့်လိုက်ဦး။ ရွာတွေပြုတ်၊ အိမ်တွေရွှေ့ လယ်တွေသိမ်းတဲ့အထိကို ပေးထားကြရတယ်။ ဒါကို မခံနိုင်လို့ ခေါင်းလေးမော်ကြည့်မိလိုက်ပြန်တော့ အာဏာရှင်တွေက   ငွေရှင်တွေ ပိုက်ဆံအိတ်ထဲ ရောက်နေတယ်ထင်တယ်။ ပြည်သူတွေဘက်က ခံဘက်ချည်းဖြစ်နေတယ်။ အချင်းချင်း ပြန်ပြီးအကြမ်းဖက်တာ ခံကြရပြန်တယ်။

ရှိသေးတယ်။ နေရာဒေသတော်တော်များများမှာ ကြည့်ဦး။ မကြူးကျော်ရ၊ မဖြတ်သန်းရ ဆိုတဲ့နေရာတွေက မနည်းပါဘူး။ ကဲ ကျွန်တော်ပြောတာ လွန်သလား။ မြန်မာတွေ တကယ်ပဲ လွတ်လပ်ရေးရပြီလား။ လွတ်လပ်စွာ နေထိုင်ခွင့် ရပြီလား။

ပြောရအုံးမယ် (အပိုင်း ၁ )

$
0
0

ပြောရအုံးမယ်

ပြော ပြော ပြောရအုံးမယ် ဘော်ဒါတို့ရေ

တို့မြန်မာတွေ (မဟုတ်တဲ့နေရာ) မှာ တိုးတတ်လိုက်ပုံများ ။ ငါဟဲ့ မြန်မာလို့ပဲ ဂုဏ်ယူရမလိုလို ။

သူခိုးက လူလူဟစ်တဲ့ မြန်မာမိုဘိုင်း ဆိုင်ကအဖြစ်အပျက်တစ်ခု

ပြီးခဲ့တဲ့လပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ မြန်မာမိုဘိုင်း အရောင်းဆိုင်တစ်ခုမှာ ဖြစ်ခဲ့တာတစ်ခုပါ။

တစ်နေ့တော့  အဲဒီဆိုင်ကို လူသုံးယောက် ဟမ်းဆက်လာဝယ်ပါတယ်။

 လူတွေက ရည်ရည်မွန်မွန်ပါပဲ။ ဟမ်းဆက်တွေကို တစ်ခုပြီးတစ်ခု ကြည့်နေရင်း နောက်ဆုံး ဆမ်ဆောင်းဂယ်လယ်ဆီတူးကို ယူဖို့ ဈေးတွေဘာတွေပြောပြီးနေပါပြီး။

          ဒါနဲ့ပဲ ရောင်းလိုက်ရတယ်ဆိုပါတော့.။ ငွေမချေခင်မှာ သူ့ဆင်းကတ်ကိုထည့်ပြီး စမ်းပါတယ်။ ဆိုင်ထဲကနေ တစ်နေရာကိုလှမ်းဆက်ပြီးပြောပါတယ်။ အသံမကြားရလို့ထင်တယ် ဟဲလိုဟဲလိုနဲ့ပါ။

          နောက်တော့ဆိုင်ပြင်ထွက်ပြီး ပြောနေတာတွေ့ရပါတယ်။ ပြီးတော့ဆိုင်ထဲပြန်ဝင်လာပြီး ကျန်တဲ့သူ့လူတွေကိုခေါ် ပြန်ထွက်သွားပါတယ်။

 ငွေလဲမချေ ၊ ဟမ်းဆက်လဲပြန်မပေးဘဲ ခက်တည်တည် ထွက်သွားတာဖြစ်လို့ ဆိုင်ကအရောင်းစာရေးတွေ လိုက်ပါတယ်။

          ခုနက ဟမ်းဆက်ဖိုး ငွေပေးဖို့ပြောတော့ ပေးစရာမလိုဘူး။ သူ့ဟမ်းဆက်သူယူတာ contact list call history တွေတောင် ပြလိုက်သေးတယ်။ ပြီးတော့ ဟိန်းလိုက် ဟောက်လိုက်သေးတယ်။ မှင်နဲ့ မောင်းနဲ့ဆိုတော့လဲ ဟုတ်သလိုလိုပဲ။

သူတို့က visiting card တွေဘာတွေ ထုတ်ပေးလို့ ဘယ်လိုလူစားတွေဆိုတာ ပြောလိုက်သေးတယ်။ ဆိုင်မှာက တခြားဈေးဝယ်သူတွေကလဲ ရှိတော့ အရောင်းဈေးသည်တွေခမျာ ဟုတ်နိုးနိုးနဲ့ ဒီအတိုင်း ကြည့်နေလိုက်ရတယ်လို့ ဆိုပါတယ်။

          ဒါပေမယ့် အဲဒီလူတွေက ဟောက်စားလုပ်သွားတာပါ။ သူတို့ဘယ်လို လုပ်ပြီး တယ်လီဖုန်းအသစ်ထဲမှာ call history တွေ ထည့်လိုက်သလဲဆိုတာ မသိပေမယ့် တကယ်ပဲ ညာတာပါတေး လုပ်သွားတာဖြစ်ပါတယ်တဲ့။

ကွန်ပျူတာဂျာနယ်မှ ကူးယူ ဝေမျှပေးခြင်းဖြစ်ပါတယ်။

အံ့သြဖို့ကောင်းတယ်နော်။ အဲလောက်လျှင်တဲ့သူ (သို့) လိမ်ညာတတ်သူတွေ မြန်မာမှာရှိတယ်။ တော်တယ်လို့ပြောရမှာလား ဒါမှမဟုတ် လည်လိုက်တာလို့ပြောရမလား။

ဘာပဲဖြစ်ဖြစ် သည်လို တွေကိုတော့ မလုပ်သင့်ဘူးလေ။ အဲလိုမျိုးစိတ်ဓါတ်တွေ မြန်မာမှာရှိနေတယ်ဆိုတာ စိတ်ပျက်စရာပဲ။

ပြုပြင်သင့်တယ်လို့ ယူဆမိတယ်။

ဟမ်းဆက်တစ်လုံးတန်ဖိုးနဲ့ လူ့ရဲ့တန်ဖိုးနဲ့က အများကြီးကွာပါတယ်။

 ကိုယ့်ကိုယ်ကိုအဲလို တန်ဖိုးဖျက်တာ တကယ် စိတ်ပျက် ဖို့ကောင်းတယ်။ တို့မြန်မာတွေမတိုးတတ်တာဟာ အဲလိုစိတ်မျိုးတွေ မွေးမြူနေလို့ပါပဲ။ ။

တစ်လွဲတွေ မှာကျွမ်းကျင်နေတာလား။

 ဒါမှမဟုတ် တိုးတတ်နေတဲ့ အိုင်တီခေတ်ကြီးမှာ တတ်မြာက်ထားတဲ့ ပညာရပ်တွေကို တစ်လွဲအသုံးချနေကြ တာလား။ ဘာပဲဖြစ်ဖြစ် တန်ဘိုးရှိရှိ ဖြစ်စေချင်တယ်။

တိုးတတ်လာတာကောင်းပေမယ့် ဒီလိုမဟုတ်တဲ့နေရာတွေမှာ ကိုယ်တတ်ထားတဲ့ပညာတွေကို ဘာလို့များ တန်ဘိုးမထားပဲ တစ်လွဲသုံးနေကြတာပါလိမ့်။

 မြန်မာနိုင်ငံသားတွေကို ရိုးသားစွာရှိနေစေချင်ပါတယ်။ တစ်ဦးတစ်ယောက်ခြင်းစီ ပြုပြင်ရင် အားလုံးကောင်းသွားနိုင်ပါလိမ့်မယ် ။

ဖြူစင်မှုများရှိကြပါစေ။

 လိမ်ညာခြင်းများနဲ့  လည်းကင်းဝေးနိုင်ပါစေ။

ဒီလိုမျိုးတွေကိုပို့စ်ပုံစံရေးပြီး တတ်သမျှ သိသမျှတွေကို ဝေမျှပြီး ဆက်တင်ပြပါအုံးမယ်။

ကျေးဇူးတင်ပါတယ်။

ရွှေမြို့တော်အွန်လိုင်းပရဟိတအသင်း တစ်နှစ်ပြည့်အလှူနိုးဆော်ဖိတ်ခေါ်ခြင်း (၉)ကြိမ်တိုင်လေပြီ

$
0
0

ရွှေမြို့တော်သူငယ်ချင်းများအားလုံးမင်္ဂလာပါ

ရွှေမြို့တော်ပရဟိတအသင်းအခုဆိုတစ်နှစ်ပြည့်ခဲ့ပါပြီ

တစ်နှစ်လည်းပြည့်ခဲ့သလိုခုဆို အလှူအကြိမ်မြောက် (၉)ကြိမ်မြောက်

အလှူသို့လျှောက်လှမ်းလာခဲ့ပါပြီ

ရွှေမြို့တော်ပရဟိတအလှုရှင်များ၏ကူညီမူကြောင့်

ပထမအကြိမ်မှသည် ခု(၉)ကြိမ်မြောက်ရောက်ပါပြီ။


ပထမအကြိမ်ပြီးတော့ ဒုတိယအကြိမ်ဆက်လျှောက်လှမ်းရင်းလှမ်းမြဲ

လှမ်းနေလျှက်ပါ

လှမ်းမြဲ လှမ်းနေဦးမှာပါ။

ပရဟိတအသင်းရဲ့ စုပေါင်းစုစည်းမူ နဲ့

ပရဟိတအလှူရှင်များရဲ့ ပံ့ပိုးဖြည့်ဆည်းပေးမှုက

နေလောင်းပန်းလေးတွေ ပွင့်လန်းစေတာပါ.

ဖော်မပြနိုင်တဲ့ ကြည်နူးမှုလေးတွေပါပဲ နှလုံးသားထဲထိ နက်နက်ရှိုင်းရှိုင်း

ဝင်ရောက်ခိုတွယ်ပီတိဖြစ်လာတာအမှန်အကန်ပါဘဲ။

အဲဒီလို ကြည်နူးမှုလေးတွေ ရယူပိုင်ဆိုင်နိုင်အောင်

ရွှေမြို့တော်အွန်လိုင်းပရဟိ လူငယ်များအဖွဲ့က စုပေါင်းပြီး ဆောင်ရွက်ပေးနေပါတယ်။

စိတ်ပါဝင်စားသူများအနေနဲ့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး

အတူတူလက်တွဲ ကုသိုလ်ပြုဖို့ ဖိတ်ခေါ်ပါတယ်။

မိမိတို့ တတ်နိုင်သလောက် အင်အားဖြည့် လှူဒါန်းဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။

ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်ပိုင်း နုနယ်လွန်းတဲ့ မိဘမဲ့ ရင်သွေးလေးများတို့တတွေရဲ့

နှလုံးသားထဲမှာစိတ်ခွန်အားဖြစ်ဖြစ်ပျော်ရွှင်မူတခဏတာရစေရန်

မိဘမဲ့ကလေးငယ်များရဲ့ ဘဝကိုရင်ထဲက သနားစာနာမူ ကို အခြေခံပြီး

စိတ်ရှည် ၊သည်းခံ ၊ ဇွဲသန်သန် ဖြင့် လစဉ် လှူဒါန်းနိုင်အောင် ကြိုးပမ်း သွားပါမည်။

နေလောင်းပန်းလေးများသာယာ၊ ပျော်ရွှင်စေဖို့ရာအတွက်

မိမိတတ်နိုင်သမျှအလှူငွေများ ထည့်ဝင်ပြီး ထောက်ပံ့ပေးကြပါစို့

 

(၉)ကြိမ်မြောက်သွားရောက်လှူဒါန်းမည့်အလှူနေရာ

ခေမာနန္ဒာရာမပန်းတော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်
ကျောင်းသားဦးရေ ---- ၁၀၀ ယောက်
ဇေယျာ (၇) လမ်း၊ ဆင်ကန်ရပ်ကွက်
ကျောက်တန်းမြို့နယ်။

သွားရောက်လှူဒါန်းမည့်ရက်-(၁၆-၁၂-၂၀၁၂)

 

 

 

ကောက်ခံရရှိမူအလှုငွေစာရင်း

ကိုနေမင်းခိုင်- 150000

u soe win -20000

မိဘမဲ့ကလေးများကို လှုဒါန်း လိုပါက.


အမုန်းသခင်--0943127350 /


ရှင်းသန့်မေ -09420057992


မလေးရှား email-------->

mly.donation@shwemyotaw.com

phone------>0169828779


စင်္ကာပူ email------> shwemyotaw.family@gmail.com

phone----->+65 85488553

မြန်မာနိုင်ငံဘဏ်အကောင့်နံပါတ်(ကမ္ဘောဇဘဏ်)

0291210159369(MYAYNIGONE BRANCH)

 


 


အသေးစိတ်သိရှိလိုပါက စုံစမ်းမေးမြန်းနိုင်ရန်


ပရဟိတတာဝန်ခံ

ရှင်းသန့်မေ-ဖုန်း09420057992 shinthantmay@shwemyotaw.com
 
အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ(ပရဟိတတာဝန်ခံ)

 

လူတွေအကျိုးကိုဗေဒင်ပညာနဲ့အကျိုးပြုနေတဲ့ကိုမောင်မောင်နဲ့အင်တာဗျုးခြင်း

$
0
0

Divider Scraps and Graphics

 

မင်္ဂလာပါရှင်

ချစ်သူမြို့တော်မန်ဘာများအထူးမျှော်လင့်နေတဲ့အင်တာဗျူးအစီအစဉ်လေးစတင်ပါပြီရှင်

 ချစ်သူမြို့ တော်ရဲ့   အင်တာဗျူး အစီအစဉ်လေးက စောင့်မျှော်နေသူ

မန်ဘာများအတွက်ဒီတခါအလှည့်ကျသူက

လူတွေအကျိုးကိုဗေဒင်ပညာနဲ့

အကျိုးပြုနေတဲ့ကိုမောင်မောင်နဲ့အင်တာဗျုးခြင်းဖြစ်ပါတယ်

♥★ ရှင်းသန့်မေမေး၍     

      ♥★ကိုမောင်မောင်ဖြေသည်

 

 

Divider Scraps and Graphics 


Divider Scraps and Graphics


ကိုမောင်မောင်ရေမင်္ဂလာပါရှင့်ရွှေမြို့တော်အင်တာဗျူးကဏ္ဍလေးအတွက်အင်တာဗျူးလေးမေးချင်လို့ပါရှင်။

ဟုတ်ကဲ့မရှုင်းရေ  မေးတဲ့သူရှိတော့လဲဖြေရတော့မှာပေါ့လေ။
 
အကိုရဲ့ မွေးရပ်မြေနဲ့ ယခုလက်ရှိနေထိုင်နေတဲ့ နေရပ်နဲ့ အကိုမိသားစုအကြောင်းလေးသိပါရစေရှင်။
 
မွေးရပ်က  ရန်ကုန် အခုနေတာကလည်းရန်ကုန် ပါ။
ပျော်စရာကောင်းတဲ့  မိသားစု လေးနဲ့ အတူ ရှိနေပါတယ်။
အကိုရဲ့လက်ရှိအလုပ်အကိုင်လေးလည်းသိပါရစေရှင်။
အင်းလက်ရှိအလုပ်ကတော့  မလေးရှားကပြန်လာခါစက
ူL Y PS  ကုပ္မဏီ  မှာလုပ်ပါတယ် ။  အခုတော့ 
T T MY ကုပ္မဏီ  မှာပြောင်းပြီးလုပ်နေပါတယ်
L Y PS =  လည်ရာပြန်စား
T T M Y = တောက် တို မယ် ရ
 

အကိုအသက်လေးကိုသိပါရစေရှင့်(သေမင်းမသိအောင်တိုးတိုးပြောနော်):D
 
အင်းအသက်ပြောချင်ပေမဲ့ သေမင်းကြားသွားရင်သတိယပြီး
ခေါ်မှာစိုးလို့  မပြောတော့ဘူးနော် ။ အသက်က ၂၅ နှစ်အထိပဲမှတ်မိတယ်
အဲ့ ဒီနောက်ပိုင်းမမှတ်မိတော့ဘူး အဟဲ  တမျိုးမထင်နဲ့ နော်။


အကို က အချစ်ဆိုတာကို ဘယ်လိုခံယူထားလဲ အကိုတွေ့ဘူးတဲ့ အချစ်က ဘယ်လိုမျိုးလဲ။
 
အချစ်က ချို လိုက်ခါးလိုက်ပါပဲ ။ အကိုတွေ့ ဖူးတဲ့အချစ်ကတော့
အကိုရေးခဲ့တဲ့ အချစ်ဘလော့တွေက အကို့ ကိုယ်တွေ့ တွေများပါတယ်
( အဟဲ  ကြွားတာ )

အကိုအနေနဲ့ခုခေတ်လူငယ်တွေအပေါ်ဘယ်လိုမြင်ပါသလဲ။
 
အင်းအခုခောတ်လူငယ်လေးတွေဟာအကို့ အမြင်အရဆိုရင်တော့
လွတ်လပ်တာကိုသဘောကျတဲ့ ငှက်ကလေးတွေလိုပါပဲ

အကိုချစ်သူမြို့တော်လေးကိုစရောက်ပုံလေးအကြောင်းသိပါရစေရှင့်။၊ ဆိုဒ်ထဲကိုဘယ်သူရဲ့
ဖိတ်ခေါ်မူကြောင့် ရောက်ရှိလာပြီးမှ စတင်အသုံးပြုဖြစ်ခဲ့သလဲဆိုတာလေးကိုလည်း သိပါရစေရှင်။
 
ချစ်သူမြို့ တော်ကို သူငယ်ချင်းတစ်ယောက်ရဲ့ ဖိတ်ခေါ်မှုကြောင့်ရောက်ခဲ့တာပါ။
အရင်က မြန်မာသူငယ်ချင်းများအဖွဲ့ မှာစာရေးပါတယ်။ အဲ့ဒီအဖွဲ့ ပိတ်ခံလိုက်ရလို့ 
ယောင်လည်လည် ဖြစ်နေတုံး သူငယ်ချင်းကဒီရွှေမြို့ တော်ကိုဖိတ်ခေါ်ခဲ့တာပါ

အကိုဘလော့ဝတ္ထုတွေဆောင်းပါးတွေကိုရေးသားတာတွေ့ရပါတယ်
အကိုအနေနဲ့ဝတ္ထုတပုဒ်ရေးမယ်ဆိုဘယ်လိုစတင်ခံစားပြီးရေးလေ့ရှိလဲ။
 
ဟုတ်ကဲ့  ကျွန်တော်က ဘလော့ရေးမယ်ဆိုရင် ပရိတ်သတ်ကို ကျွန်တော်ပြောချင်တဲ့
အဓိက အချက်ကို အရင် ရှာတယ် အဲ့ လိုအချက်အလက်ရပြီဆိုရင် ဇာတ်လမ်းကို
အကွက်ချပါတယ် ပြီးရင်အဲ့ဒီဇာတ်လမ်းထဲကို သင့်တော်တဲ့ ဇာတ်ကောင်ကို
နာမည်ရွေးပြီး ထည့်ပါတယ် ။ အဲ့လိုစတိုင်နဲ့ ဘလော့တွေကိုဖန်တီးခဲ့တာပါ ။
ကျွန်တော်ရေးခဲ့တဲ့ ပညာပေးဘလော့တော်တော်များများက ဆိုက်ထဲကသူငယ်ချင်းတွေကို
ဗဟုသုတ အဖြစ် ။ သတိထားစရာအဖြစ် ဆင်ခြင်ရှောင်းရှားနိုင်အောင် ကျွန်တော့်ဘ၀အတွေ့ အကြုံနဲ့ 
ပတ်ဝန်းကျင်ဖြစ်ပျက်နေမှုတွေအပေါ် အခြေခံပြီးရေးခဲတာပါ။

အကိုဆောင်းပါးတွေရေးတဲ့အခါလူတွေကိုအသိတခုမဟုတ်တခုရအောင်ပေးလေ့ရှိတယ်နော်
ဘယ်လိုစိတ်ကူးနဲရေးခဲ့ပါလဲ။
 
ကျွန်တော်ရေးခဲ့တဲ့ ပညာပေးဘလော့တော်တော်များများက ဆိုက်ထဲကသူငယ်ချင်းတွေကို
ဗဟုသုတ အဖြစ် ။ သတိထားစရာအဖြစ် ဆင်ခြင်ရှောင်းရှားနိုင်အောင် ကျွန်တော့်ဘ၀အတွေ့ အကြုံနဲ့ 
ပတ်ဝန်းကျင်ဖြစ်ပျက်နေမှုတွေအပေါ် အခြေခံပြီးရေးခဲတာပါ

အကိုအနေနဲ့အားကျမိတဲ့အတုမြင်အတတ်သင်ဆရာများရှိလည်းဖေါ်ပြပေးပါအုန်း။
 
ဆိုက်ထဲမှာကတော့ ရေးဖော်ရေးဖက်တွေကတော့ မြင်ဆရာ တွေပါပဲ။
ဘာဖြစ်လို့ လဲ ဆိုတော့  သူတို့ ရဲ့  ဘလော့တော်တော်များများကို မလွတ်တမ်းဖတ်လေ့ရှိတယ်လေ
အကို အားကျရတဲ့ စာပေတွေနဲ့ စာရေးဆရာတွေရှိရင်လည်း ပြောပြပေးပါအုံးရှင့်။
စာပေကတော့ စာအစုံဖတ်တယ်လေ    လိုင်းစုံအောင်ဖတ်တာ ပြောမယ်ဆိုရင်တော့အများကြီးပဲ
ကျွန်တော် အားကျအတုယူတဲ့ စာရေးဆရာတွေကတော့ ဆရာပါရဂူ  ဆရာမင်းသိင်္ခ ဆရာကြီး
ရွှေဥဒေါင်း တို့ ပါပဲ ။ ကျွန်တော့်အရေးအသားတွေဟာ သူတို့ ဆီက အယူအဆတွေပါပဲ ။

စာပေတွေကို ဘယ်အချိန်လောက်မှာ စတင်လေ့လာ ဖတ်ရူ ရေးသားဖြစ်ခဲ့လည်း
ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးရှင်။
စာပေကိုဖတ်ခဲ့တာ ကျွန်တော် လူငယ်ဘ၀ မှာစာအုပ်အငှားဆိုင်စပြီး ဖွင့်ခဲ့တယ်
၁၂ နှစ်ကြာတယ် အဲ့ဒီကတည်းကစာပေကို စပြီးဖတ်ခဲ့တာပါ။
စာရေးတာကတော့ မဂ်ဂဇင်း  ၃။၎ အုပ်ကိုပို့ ခဲ့ပါတယ် ။ခုနောက်ပိုင်းတော့ ရွှေမြို့ တော်မှာပဲ
ပင်တိုင်ရေးပါတယ် ။
 
အကိုကဗေဒင်တွေလည်းလိုက်စားတယ်နော်ဗေဒင်ပညာကိုဘယ်အချိန်တည်းကလေ့လာ
လိုက်စားခဲ့တာပါလဲ။
 
ဟုတ်ကဲ့ ဗေဒင်ပညာကိုလည်း သာကေတ က ဆရာကြီးတယောက်ဆီမှာ
လူငယ်ဘ၀ကတည်းကသင်ယူခဲ့ပါတယ်

လူတိုင်းက မိမိတို့ယုံကြည်ရာ ဘာသာကို ကိုးကွယ်ကြည်ညိုနေကြတဲ့အထဲမှာမှအကိုက ဘယ်ဘာသာကို ယုံကြည်ကိုးကွယ်ပြီး ဘာသာရေးစာပေတွေအပေါ်မှာအမြင်လေးကိုလည်းသိချင်ပါတယ်ရှင်
ကျွန်တော်က ဗုဒ္မဘာသာပါ  ဘာသာရေးစာပေဆိုတာ ရှိသင့်ပါတယ်
ဖတ်လည်းဖတ်သင့်ပါတယ် ။ တကယ်လေ့လာသင့်ပါတယ် ။ကျွန်တော်လည်း ၀ါသနာပါတယ်လေ
လူ့ဘ၀မှာ တစ်ခါတစ်လေ လောကဓံတရားတွေကို ရင်ဆိုင်ကြရတဲ့အခါဘယ်လိုအသိစိတ်ကလေးနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲ ဆိုတာလေးကိုလည်းရွှေမြို့တော်သူငယ်ချင်းများအတွက် မှတ်သားစရာ စကားလက်ဆောင်လေးအဖြစ်ပြောပေးပါအုံးရှင်။

အင်းလောကဓံနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ အကောင်းနဲ့ ကြုံရင်ပျော်ကြမှာပဲ
အဲအဆိုးနဲ့ ကြုံရင်တော့ စိတ်ရှည်ပြီးသီးခံဖို့ တော့လိုမယ် ။စိတ်မရှည်ပဲလုပ်ချင်ရာလုပ်မယ်
ဆိုရင်ဖြစ်ချင်တာမဖြစ်ပဲ  ကိုယ်မဖြစ်ချင်တဲ့ အဆိုးတွေပဲဖြစ်ကြတာများပါတယ်
 
အကိုဘ၀အတွက်အမြဲလက်ကိုင်ထား ကျင့်သုံးခဲ့တဲ့ ဆောင်ပုဒ်လေးများရှိရင်အွန်လိုင်းအသုံးပြုနေကြတဲ့
ညီအစ်ကိုမောင်နှမတွေအပေါ်မှာ အကို့အနေနဲ့ပြောချင်တဲ့ စကားလက်ဆောင်လေးများရှိရင်ပြောပြပေးပါအုန်း။
 
ကျွန်တော်ခံယူတဲ့ အခုလက်ရှိသုံးနေတဲ့ဆောင်ပုဒ်ကတော့  အချိန်ဟာတန်ဖိုးရှိလွန်းလို့   အချိန်တိုင်းမှာ မိမိအတွက် ( သို့ ) အများအတွက်အကျိုးရှိမဲ့အလုပ်တွေကို လုပ်နေဖို့ လိုတယ် ။




အကိုအထူးမန်ဘာတယောက်ဖြစ်တဲ့အပေါ်ခံစားမူလေးမန်ဘာများသိအောင်ဝေမျှပေးပါအုန်း။
 
ဟုတ်ကဲ့ သူများတွေကတော့ဘယ်လိုခံစားသလဲမသိဘူးနော်  ကျွန်တော်ကတော့ အထူးမန်ဘာဆိုတာ  ဆိုက်နဲ့ ပတ်သက်ရင် တခြားမန်ဘာတွေထက်တာဝန်နဲနဲ ပိုရှိတယ်လို့ ယူဆထားတယ် ။ ဒါကြောင့် အက်ဒမင်တွေကတောင်းဆိုလာတဲ့
ဖိတ်ခေါ်ဘလော့တွေ ကဗျာတွေဆိုရင်မဖြစ်မနေရေးပေးလေ့၇ှိတယ် ။ လတိုင်းလည်း ဘလော့ကို အမြဲတမ်း ၂ ပုဒ်လောက်တော့
ရေးတင် နိုင်အောင်ကျိုးစားတယ် ။
 
ဒီရွှေမြို့တော်ဆိုဒ်မှာ အကိုအနေနဲ့ အခင်ရဆုံး သူငယ်ချင်းများရှိရင်မိတ်ဆက်ပေးပါအုံးရှင်။
 
အင်း  အခင်ရဆုံးသူငယ်ချင်းဆိုတာထက်ကျွန်တော် ဂျီအကျဆုံးသူငယ်ချင်းများကိုပဲပြောပြပါ့မယ်
    ရွှေမြို့ သူ   ရှင်းသန့် မေ   မှုံနံ့ သာဖြူ   အမရာဒေ၀ီ  ခန့် ချောလေး    တခြားသူယ်ချင်းအားလုံးကိုတော့ ခင်ပါတယ် တကယ်ပြောတာပါ ကျွန်တော်ကူညီနိုင်တာရှိရင်
ဘယ်သူငယ်ချင်းကိုမဆို ကူညီချင်ပါတယ်

ရွှေမြိုတော် အွန်လိုင်းပရဟိတအသင်းတည်ထောင်ထားခြင်းအပေါ်ဘယ်လိုမြင်ပါသလဲ။
ကိုယ်တိုင်ပါဝင်ခဲ့တဲ့အပေါ်ဘယ်လိုခံစားရပါလဲ။
 
ပရဟိတ အသင်းကတော့ကျွန်တော်ကိုယ်တိုင်လည်းစိတ်ပါတယ် မိမိ တတ်နိုင်တဲ့ 
ငွေအား  လုပ်အား  နှုတ်ဖြင့်  ကူုညီပြောဆိုပေးခြင်းစတာ တွေဟာပရဟိတအနေနဲ့ အကျုံးဝင်ပါတယ်
    အများအတွက်လုပ်ရတာဆိုတော့  ကုသိုလ်လည်းရတယ် ပျော်စရာလည်းကောင်းတယ်
   ရွှေမြို့တော်ပရဟိတ အသင်းဒီထက်များများပိဲုပြီး လှု နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

 ရွှေမြို့တော်ဆိုဒ်အသုံးပြုနေတဲ့မန်ဘာတယောက်အနေနဲ့  ဆိုဒ်လေးအပေါ်မှာ လိုအပ်ချက်လေးတွေရှိမယ်ဆိုရင်လည်း ပြောပြပေးပါအုံးရှင်။
 
အဟဲ  လိုအပ်ချက်ဖြစ်နေလို့  ဗေဒင်ချစ်သူများအဖွဲ့ ကို ကျွန်တော်ဖွဲ့ ခဲ့တယ်လေ ။
      ကျန်တာတွေကတော့  အက်ဒမင်တွေ စုပေါင်းလုပ်ရင်  အားလုံးကောင်းသွားမှာပါ
 
အွန်လိုင်းပေါ်မှာ အွန်လိုင်းသူငယ်ချင်းတွေရဲ့ ခင်မင်မူအပေါ်မှာဘယ်လိုမြင်လဲ၊ အွန်လိုင်းခင်မင်မူကိုရော အကိုအနေနဲ့ ယုံကြည်မူရှိလားရှင့်။
 
ဟုတ်ကဲ့အွန်လိုင်းသူငယ်ချင်းဆိုတာပျော်ဖို့ ကောင်းတယ် လူချင်းမတွေ့ ဘူးပေမဲ့ တကယ်နွေးထွေးမှုရှိပါတယ် ။ ပြောချင်တာလည်းလွတ်၂ လပ်၂  ပြောလို့ ရတယ်ဒါပေမဲ့  ယဉ်၂ ကျေး၂ ပြောဖို့ တော့လိုတာပေါ့နော်


ရှင်းမေးတာတွေလည်း တော်တော်လေးများနေပြီးဆိုတော့ နောက်ဆုံးမေးခွန်းလေးအနေနဲ့
ဆိုဒ်တည်ထောင်သူနဲ့ အက်ဒမင်တွေနဲ့ ပတ်သက်လို့အကြံပြုစကားလေးများရှိမယ်ဆိုရင် ပြောပြပေးပါအုံးရှင်။
 
ဟုတ်ကဲ့ ကျွန်တော်အကြံပေးချင်တာကတော့  ဆိုက်တည်ထောင်သူနဲ့ အက်ဒမင်တွေ  ခဏခဏ ရန်ဖြစ်ပေးကြပါ  ဒါမှ စိတ်တွေဆိုး စိတ်တွေ ကောက်ကြပြီးအကြံဥာဏ်သစ်တွေပေါ်လာပြီး ကိုယ်လုပ်ချင်တာတွေလုပ်ကြတော့ မန်ဘာတွေ လည်း
ဘလော့တွေ ကဗျာတွေရေးဖြစ်ကြတာပေါ့ဗျာ မဟုတ်ဘူးလား
အခုလို အင်တာဗျူးအစီအစဉ်လေးဖြစ်မြောက်လာအောင် ရှင်းမေးမြန်းသမျှကိုစိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးပြီး
 ဖြေကြားပေးခဲ့တဲ့ ကိုမောင်မောင်ကိုရွှေမြို့တော်မှအားလုံးကိုယ်စားရှင်းက ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

ရွှေမြို့ တော်ကသူငယ်ချင်းအားလုံး အစစအရာရာ အဆင်ပြေကြပါစေ


ရွှေမြို့တော်ကတိုက်တဲ့အအေးသောက်လိုက်ဦးနော်
ချစ်သူမြို့ တော်ရဲ့  ဒီတစ်ပတ်အင်တာဗျူး အစီအစဉ် ဒီမှာတွင် ရပ်နားပါရစေရှင်။

နောက်တစ်ပတ် အင်တာဗျူးအစီအစဉ်တွင် မည်သူဖြစ်မည်ဆိုတာကို

မန်ဘာများသည်းခံ စောင့်မျှော်ပေးကြပါလို့  မေတ္တာ ရပ်ခံပါတယ်ရှင်

မန်ဘာများအနေနှင့် မိမိတို့  ချစ်ခင်လေးစားရသော ဘလော့ဂါများကို မေးချင်တယ်ဆိုလျှင်

နာမည်လေးပေးထားခဲ့ပါရှင် အလျင်းသင့်သလို မေးပေးပါမယ်ရှင့်။

ဘလော့ဂါများအနေနှင့်လဲ မန်ဘာများရဲ့  တောင်းဆိုမှုကို

အလေးးထားဖြေကြားပေးရန် မေတ္တာရပ်ခံရင်း

အင်တာဗျုးအစီအစဉ်ပြီး၏။



♥★ ချစ်ခင်လေးစားလျှက်

♥★ ရှင်းသန့်မေDivider Scraps and Graphics


ဟန်ဆောင်ခြင်းတွေနဲ့ကမ္ဘာ ”

$
0
0

Photo: “ ဟန်ဆောင်ခြင်းတွေနဲ့ကမ္ဘာ ” တညီတညွတ်တည်းဟန်ဆောင်မှုတွေကြီးစိုးနေတဲ့ကမ္ဘာမှာ ကျွန်တော်မနေချင်တော့ဘူးမေမေ တစ်ခါလောက်များ ပကတိတရားနဲ့နေသားတကျ ကျွန်တော့်ကို မဖြစ်စေချင်ဘူးလား အမှန်တရားက ခါးတယ်လို့တော့ စကာလုံးကြီးကြီးတွေ ကျွန်တော်နားလည်ဘူးပေါ့မေမေရယ် စိမ်းစိုနေတဲ့ ဟင်းလင်းပြင် ထက် ကျွန်တော် ပန်းတွေစိုက်ချင်ခဲ့တာ အပြစ်တဲ့လား ခက်တယ်မေမေ ခက်တယ် ကျွန်တော်က မေတ္တာပို့လိုက် လူတွေက ပြန်ဆဲလိုက် ဇာတ်ကြီးကတော့ လှနေတာပေါ့ မေမေရယ် -- မနွေးတော့ဘူး သစ္စာတရားတွေဖြူဝင်းပျံ့သင်းနေပါတော့မလား ဘာကြောင့်များ ခေါင်းတစ်လုံးနဲ့တစ်လုံး မတူရတာလဲ ---ရုပ်တည်ကြီးနဲ့ဟန်ဆောင်တာလောက် ကျွန်တော်မုန်းတာရှိပါတော့မလားမေမေ ဟန်ဆောင်ခြင်းတွေနဲ့ကမ္ဘာဟာ ဘာကြောင့်များ စက်ရုပ်တွေဆန်ရသလဲ ဘာကြောင့်များ အကြင်နာတွေခေါင်းပါးနေကြသလဲ သိက္ခာတစ်ခု တက်ဖို့အတွက် သိက္ခာတစ်ခုကို ချနင်းပစ်ဖို့ ၀န်မလေးတတ်ကြဘူး မာနတစ်ခု အဓွန့်ရှည်ဖို့အတွက် မာနတစ်ခုကိုရိုက်ချိုးပစ်ဖို့ ၀န်မလေးတတ်ကြဘူး ဘ၀ဆိုတာ မေမေ ပြောသလို ပျော်စရာကမ္ဘာကြီးဟုတ်ပါ့မလားဟင် (ဘာတဲ့ မေမေ --- ) ချစ်ခင်ကြင်နာရိုင်းပင်း လူအချင်းချင်းလှည့်ဖျားခြင်းကင်းပါစေတဲ့လား မိုးခါးရေတွေ မရွာခဲ့ရင်ကောင်းမယ် ပြိုင်ဆိုင်လိုစိတ်တွေမရှိကြရင်ကောင်းမယ် ဘ၀က တိုတာပေါ့ မေမေ - - - လူဆိုတာကိုယ်ထိုက်ရာ ကိုယ်ရကြမှာပေါ့ လူဆိုတာ ကိုယ်လျှောက်ရာ ကိုယ်ရောက်ကြမှာပေါ့ လူဆိုတာ ကိုယ်စိုက်ပျိုးရာကိုယ်ရိတ်သိမ်းရမှာပေါ့ မေမေ ဒါပဲမဟုတ်လား မေမေ တချို့ကတော့ဆိုးတယ် မေမေ --- ခပ်တည်တည်ပါပဲ ဇာတ်ညွှန်းတွေဖွဲ့ ဇာတ်ကွက်တွေချ -- သရုပ်ဆောင်တာများ တော်လိုက်ကြတာ မေမေ အပိုအလို မရှိ --ဟန်ဆောင်ခြင်းဆိုတာ အရှိတရားတစ်ခုအဖြစ်သက်သေပြနေလိုက်ကြပုံ ကျွန်တော်ဖြင့် အယုံလွယ်လိုက်ပုံများ မေမေ ----- ဒီကမ္ဘာမှာ ဘယ်သူကများ မျက်နှာဖုံးတွေ တီထွင်ခဲ့သလဲ ဒီကမ္ဘာမှာ ဘယ်သူကများ ဟန်ဆောင်ခြင်းတွေ သင်ကြားခဲ့သလဲ အခုတော့ဖြင့် မေမေရယ် ကျွန်တော်ရယ် အမှန်တရားရယ် ဟန်ဆောင်ခြင်းရယ် သဟဇာတ မတည့်ကြတာဖြင့် တလွင့်လွင့် မျောပါနေတဲ့ စိတ်အစိုင်အခဲတွေများလား ကွယ် သက်တန့်ချို

တညီတညွတ်တည်းဟန်ဆောင်မှုတွေကြီးစိုးနေတဲ့ကမ္ဘာမှာ ကျွန်တော်မနေချင်တော့ဘူးမေမေ
တစ်ခါလောက်များ ပကတိတရားနဲ့နေသားတကျ ကျွန်တော့်ကို မဖြစ်စေချင်ဘူးလား
အမှန်တရားက ခါးတယ်လို့တော့ စကာလုံးကြီးကြီးတွေ ကျွန်တော်နားလည်ဘူးပေါ့မေမေရယ်
စိမ်းစိုနေတဲ့ ဟင်းလင်းပြင် ထက် ကျွန်တော် ပန်းတွေစိုက်ချင်ခဲ့တာ အပြစ်တဲ့လား

ခက်တယ်မေမေ ခက်တယ် ကျွန်တော်က မေတ္တာပို့လိုက် လူတွေက ပြန်ဆဲလိုက်
ဇာတ်ကြီးကတော့ လှနေတာပေါ့ မေမေရယ် --

မနွေးတော့ဘူး သစ္စာတရားတွေဖြူဝင်းပျံ့သင်းနေပါတော့မလား
ဘာကြောင့်များ ခေါင်းတစ်လုံးနဲ့တစ်လုံး မတူရတာလဲ ---ရုပ်တည်ကြီးနဲ့ဟန်ဆောင်တာလောက်
ကျွန်တော်မုန်းတာရှိပါတော့မလားမေမေ

ဟန်ဆောင်ခြင်းတွေနဲ့ကမ္ဘာဟာ ဘာကြောင့်များ စက်ရုပ်တွေဆန်ရသလဲ
ဘာကြောင့်များ အကြင်နာတွေခေါင်းပါးနေကြသလဲ
သိက္ခာတစ်ခု တက်ဖို့အတွက် သိက္ခာတစ်ခုကို ချနင်းပစ်ဖို့ ၀န်မလေးတတ်ကြဘူး
မာနတစ်ခု အဓွန့်ရှည်ဖို့အတွက် မာနတစ်ခုကိုရိုက်ချိုးပစ်ဖို့ ၀န်မလေးတတ်ကြဘူး
ဘ၀ဆိုတာ မေမေ ပြောသလို ပျော်စရာကမ္ဘာကြီးဟုတ်ပါ့မလားဟင်

(ဘာတဲ့ မေမေ --- )
ချစ်ခင်ကြင်နာရိုင်းပင်း လူအချင်းချင်းလှည့်ဖျားခြင်းကင်းပါစေတဲ့လား
မိုးခါးရေတွေ မရွာခဲ့ရင်ကောင်းမယ် ပြိုင်ဆိုင်လိုစိတ်တွေမရှိကြရင်ကောင်းမယ်
ဘ၀က တိုတာပေါ့ မေမေ - - -
လူဆိုတာကိုယ်ထိုက်ရာ ကိုယ်ရကြမှာပေါ့
လူဆိုတာ ကိုယ်လျှောက်ရာ ကိုယ်ရောက်ကြမှာပေါ့
လူဆိုတာ ကိုယ်စိုက်ပျိုးရာကိုယ်ရိတ်သိမ်းရမှာပေါ့ မေမေ
ဒါပဲမဟုတ်လား မေမေ

တချို့ကတော့ဆိုးတယ် မေမေ --- ခပ်တည်တည်ပါပဲ ဇာတ်ညွှန်းတွေဖွဲ့
ဇာတ်ကွက်တွေချ -- သရုပ်ဆောင်တာများ တော်လိုက်ကြတာ မေမေ
အပိုအလို မရှိ --ဟန်ဆောင်ခြင်းဆိုတာ အရှိတရားတစ်ခုအဖြစ်သက်သေပြနေလိုက်ကြပုံ
ကျွန်တော်ဖြင့် အယုံလွယ်လိုက်ပုံများ

မေမေ ----- ဒီကမ္ဘာမှာ ဘယ်သူကများ မျက်နှာဖုံးတွေ တီထွင်ခဲ့သလဲ
ဒီကမ္ဘာမှာ ဘယ်သူကများ ဟန်ဆောင်ခြင်းတွေ သင်ကြားခဲ့သလဲ
အခုတော့ဖြင့် မေမေရယ်
ကျွန်တော်ရယ် အမှန်တရားရယ် ဟန်ဆောင်ခြင်းရယ် သဟဇာတ မတည့်ကြတာဖြင့်
တလွင့်လွင့် မျောပါနေတဲ့ စိတ်အစိုင်အခဲတွေများလား ကွယ်
မမသက်တန့်ချိုရဲ့ပို့စ်လေးပါ
ကျနော်ကြိုက်လို့တင်ပြပေးလိုက်ပါတယ်
ဖြိုးကိုကို

ချစ်သောဖေဖေ

$
0
0

   တစ်ခါတစ်လေမှာကျနော်ခံစားရသည်....မေမေ့ကိုမချစ်လို့မဟုတ်ပါ....အဖေအကြောင်းတွေကိတစ်ခမ်းတစ်နား
   မမြင်ရသည့်အခါမှာ...ဖေဖေ့ဘက်ကစာနာမိသည်...ကျနော့ဖေဖေကွယ်လွန်ခဲံသည်မှာ(၆)နှစ်ရှိပြီဖြစ်သော်လည်း
   ဖေဖေ့ကိုကျနော်သတိရဆဲရှိနေပါသည်....ပြီးခဲ့သည့်နှစ်ရက်ကဖေဖေ့အကြောင်းကျနော်ဘလော့ရေးနေရင်းမှာ..
   ကျနော့laptop battery run out ဖြစ်သွားတာကိုသတိမထားမိ....ဖေဖေ့အကြောင်းရေးရင်းဈာန်ဝင်နေခိုက်......
   စက်ကWarning ကိုကျနော်သတိမထားမိ.....စက်၏Main board ကိုထိခိုက်ပြီးကျနော့စက်ကလေးအလုပ်မလုပ်
   နိုင်တော့ပါ....ဘလော့လေးကိုလွန်စွာနှမျောတသမိတော့သည်....။

   နှစ်ရက်ကြာပြီးမှစက်ကလေးပြန်ကောင်းလာသည်ကျနော်ဝမ်းသာလိုက်သည်မှာအတိုင်းထက်အလွန်ပင်...ဖေဖေ့
   သားလေးကျနော်စာပြန်ရေးနိုင်ခဲ့ပါပြီ....ကျနော့စက်ကလေးပျက်နေစဉ်..ဖေဖေ့ကိုတိုင်တည်ပြီးဆုတောင်းမိပါသည်
   ဖေဖေ့မေတ္တာကြောင့်ကျနော့စက်ကလေးပြန်ကောင်းပါစေလို့ကျနော်တကယ်ကိုဆုတောင်းဖြစ်ခဲ့ပါသည်.............။
  
   ကျနော်ယောင်္ကျားဖြစ်ရခြင်းမှာဖေဖေ့ကျေးဇူးကအဓီကကျပါသည်....ဇီဝကမ္မဖွဲ့စည်းမှုအရ...ကျားတွင်သာ X,Y မျိုး
   ဗီဇရှိသည်...မ..တွင်  Y  မျိုးဗီဇသာရှိပါသည် ....ဖေဖေ၏ Y ကြောင့်ကျနော်ယောင်္ကျားဖြစ်ခွင့်ရသည်...ဒီအတွက်
   ဖေဖေ့ကိုကျနော်ကျေးဇူးတင်ပါသည်....ကိုယ်ဝန်ဆောင်ခဲ့ရသည့်မေမေ့ကျေးဇူးကိုလည်းမမေ့ပါ...။
  
   ကျနော်ယောင်္ကျားဖြစ်ရသည့်အတွက်....ကျနော်ချစ်သော...ကောင်မလေးကို...သိပ်ချစ်တယ်ဟုစပြောခွင့်ရပါသည်
   မိန်းခလေးသာဖြစ်ခဲ့ပါလျင်....သိက္ခာကိုငဲ့ကွက်ရဦးမည်....စပြောရန်ကလည်းထုံးစံမရှိ....မာယာ(၄၀)ကိုအသုံးချပြီး
   ဘသားချောသိအောင်လုပ်ပြရပေမည်....ဒါတောင်မှာအရိပ်ပြလို့အကောင်မထင်သည့်သူမျိုးနှင့်တွေ့လျင်သွားပြီ....။

   ကျနော့ဖေဖေသည်ကွယ်လွန်သွားချိန်အထိကနော့ကိုတစ်ခါမျှ...ရိုက်နှက်ဆုံးမခဲ့သည်မရှိပါ...အကြီးအကဲလို......
   သူငယ်ချင်းလို...မိတ်ဆွေတစ်ယောက်လို...အမြဲဆုံးမသွန်သင်ပါသည်...မေမေကတော့စိတ်မထင်လျင်ကြိမ်နှင့်
   တစ်ခါတစ်ရန်ဆော်ပါသည်...ဒါပေမဲ့လည်းမေမေ့ကိုမမုန်းမိပါ....။
  
   ကျနော်(၄)တန်းရောက်တော့...ဖေဖေကကျနော်ဖတ်ဖို့ကလေးများအဖို့...ဗုဒ္စဝင်...ရွှေသွေး..မိုးသောက်ပန်း.........
   စာအုပ်တွေဖတ်ဖို့ဝယ်ပေးသည်...စာဖတ်ခြင်းအလေ့အကျင့်ကိုကျနော်စတင်နှစ်သက်ခဲ့သည်...ကျနော်(၇)တန်းနှစ်
   ရောက်တော့...ဖေဖေကကျနော့ကို Scrabble game ကစားနည်းစသင်သည်...ကစားပွဲမှာကျနော်အမှတ်ရဖို့........
   Dictionary ကိုစလို့ဖတ်တတ်ပါသည်...ဖေဖေသည်ဗဟုသုတစုံသလိုမှတ်ညဏ်လည်းကောင်းပါသည်...။

   တစ်ခါတစ်ရံဗဟုသုတလေးတွေပြောပြသည်....သားလေး DIARY  ဆိုတာကို Darling I Always Remember You
   လို့အနက်ဖွင့်တာလေးတွေရှိတယ်....Marlboro စီးကရက်ကြော်ညာပြိုင်ပွဲမှာ...ပထမရခဲ့တဲ့စာသားလေးကဒီလိုကွ..
   Men Always Remember Ladies Because OF Romance Only လို့အနက်ဖွင့်သွားတာသိတ်လှတယ်မှတ်ထားနော်
   A to Z ပါတဲ့ Sentence လေးကဒီလိုရေးရတယ်..A BROWN QUICK FOX JUMPS OVER THE LAZY DOG. ကျနော်
   ကလည်းဖေဖေပြောသမျှအကုန်မှတ်ထားသည်ခုတော့ကျနော်ပြန်ပြောပြတတ်နေပါပြီ..။

   တစ်ခါတစ်ရံလည်းသင်္ချာပုံသေနည်းတွေပြောပြသည်...သားလေး တစ်ကနေတစ်သန်းထိကိန်းတွေကိုအစဉ်လိုက်ပေါင်း
   လျင်ဘယ်လောက်ရသလည်း.....ကျနော်မပေါင်းနိုင်ပါ....ဖေဖေက...Formula ထုတ်ပြသည်...............................။
   ကိန်းစ+ကိန်းဆုံးကို...၂နဲ့စားပြီးရင်ကိန်းလုံးရေနဲ့မြှောက်ရင်အဖြေတန်းရတယ်လေလို့ပြောပြီးဥပမာတွက်ပြသည်.......
   ဥပမာ...၁ကနေ၁၀ကိုအစဉ်လိုက်ပေါင်းမည်ဆိုလျင်ကိန်းစ ၁+၁၀ကကိန်းဆုံးအစားလက္ခဏာ၂အမြှောက်ကိန်းလုံးရေ၁၀ကိုရှင်းလျင်
   အဖြေ=၅၅ ဟုတန်းရသည်...ဖေဖေ့ကျေးဇူးပင်.....ဒီပုံသေနည်းကိုသုံးပြီးမကိန်းချည်ပေါင်းချင်လျင်လည်းရပါသည်.....
   စုံကိန်းချည်များလည်းပေါင်းချင်လျင်လည်းရပါသည်...........။

   ကျနော်အရွယ်ရောက်လာတော့ဖေဖေက..ရွှေလက်စွပ်တစ်ကွင်းနှင့်နာရီအကောင်းစားတစ်လုံးဝယ်ပေးသည်....အိမ်ကိုပြန်
   တော့ကားပေါ်မှာဖေဖေကကျနော့ကိုပြောသည်သားလေးလက်ဝတ်တန်ဆာဆိုတာရှိလျင်တန်ဆာ..မရှိလျင်ဝမ်းစာ........
   မင်းအခက်အခဲကြုံလျင်ထုခွဲရောင်းချလိုက်ဖေဖေစိတ်မဆိုးဘူးဟုရယ်ရယ်မောမောပြောပြသည်......။

   နောက်တစ်ခုက....ကျနော့ဖေဖေသည်အမှန်တရားကိုလက်ခံယုံကြည်သည်သူကိုယ်တိုင်လည်းပြောဝံ့သည်....ကျနော့ကို
   လည်းပြောရဲဖို့တိုက်တွန်းသည်....ဖေဖေသည်သူ့မျိုးဆက် Generation ကိုအလွန်တန်ဖိုးထားသည်...ကျနော်တို့ကိုလည်း
   ပညာတတ်အောင်သင်သည်....ကျနော်တို့မှပေါက်ဖွားလာမည့်နောက်မျိုးဆက်သည်..သည်ထက်တစ်ဆင့်မြင့်ရမည်ဟုမှာ
   သည်.....မျိုးဆက်မြှင့်တင်ရေးကိုသားစဉ်မျိုးဆက်....လက်ဆင့်ကမ်းရန်ဖေဖေမှာသည်.........။

   ခုတော့ကျနော့ဖေဖေမရှိတော့ပါပြီ....သူချမှတ်ထားသောလမ်းစဉ်တွေကိုကျနော်တစ်သွေမတိမ်းလိုက်နာသည်..............
   စာရေးနေစဉ်..ဖေဖေ့မျက်နှာကိုမြင်ယောင်သည်.....ကျနော်ဖေဖေ့ကိုစိတ်မှန်းဇြင့်ဦးချကန်တော့သည်.........................
   ဖေဖေသင်ကြားပေးသောဘာသာရေးဆိုင်ရာယုံကြည်ချက်တွေကိုတော့...စာငြီးမည်စိုးသဖြင့်ကျနော်မပြောတော့ပါ........
   ဖေဖေသည်ကျနော့အတွက်ဦးဆောင်လမ်းပြကြယ်ဖြစ်သည်...ဖေဖေကားအမှန်တကယ်လွမ်းလောက်ပါပေ၏.......

                    ကိုယ်တိုင်ရေးဘလော့........kaunghtet.......

''''''''''''' ချစ်ခြင်း အစ အင်တာနက် မှ.... ''''''''

$
0
0

 

 

                       အချစ်ဆို တာ ဘယ်ကစလဲတယ့် အချစ်က အင်တာနက်က စာတာပါ… ကျွန်မ နဲ့ မောင်နဲ့ ချစ်သူ တွေ ဖြစ်ခဲ့တာ အင်တာနက်ကြောင့်ပါ..

                     မှန်ပါတယ် .. နိုင်ငံခြား မှာ ရောက်နေတယ့် ကျွန်မ နဲ့  မြန်မာ ပြည်က အင်တာနက် နဲ့  ပါတ်သက်တယ့် အလုပ်မှာ လုပ်နေတယ့်  မောင်တို့  လိုင်းပေါ်ကနေ ချစ်သူ ဖြစ်ခဲ့တာပါ။။

                         နာမည်က ခရေ လားဟင်…

                          ဟုတ်ပါတယ် စာရေးတယ့် နာမည်လေးပါ.. နာမည်ရင်းကတော့ မဟုတ်ပါဘူး .. ဒါပေမယ့် ကြိုက်တယ်လေ ဒီနာမည်ပဲခေါ်နော်.

              ဟုတ်ကဲ့ပါ..

            အဒီိလို ချက်ခန်းကနေ စလို့  ခင်မင် ခဲ့တယ့် ကျွန်မ နဲ့ မောင် တို့  ညတိုင်းတွေ့  တွေ့ တိုင်း စကားပြော ကျွန်မ ရေးသမျှ  စာတွေ ကဗျာတွေ ကွန့် မန့် ပေး .. အကြံပေးနဲ့  တဖြည်းဖြည်း သံယောဇဉ်တို့ လို့  သူငယ်ချင်း ဖြစ်..

                  စောင့်နေတာ မလာတော့ဘူးထင်လို့ …

                         ခရေ က အလုပ်က အချိန်မမှန်လို့ ပါ .. ကို တင်မောင်ထွေး ရယ့် ..

                   ကို က ခရေကို မတွေ့ ရရင် စကားပြောစရာ တခုခု လိုနေရင် စိတ်က ဘယ်လို ဖြစ်နေမှန်းမသိဘူးလေ..

               ခရေ လဲ ခင်ပါတယ် .. ကိုတင်မောင့်ကို ခရေက ပိုဆိုးတာပေါ့ . မိဝေး ဖဝေးမှာနေရပြီး လူမျိုးခြားတွေကြားမှာလေ. ခုလို အဖော်လုပ် ပြီး ဂရုစိုက်တာ ကျေးဇူးတောင် တင်သေးတယ်..

                         အင်းနော်..

           

                                      ညတိုင်းတွေ့ ခဲ့တယ့် ကျွန်မ နဲ့ မောင် တို့  ခင်မင်တယ့် သူငယ်ချင်း သက်တမ်း လေးလကျော်တော့ မောင်ကပဲ ဖွင့်ပြောခဲ့ပါတယ်.. မောင် မပြောခင် ကတည်း က ကျွန်မ ရင်ထဲကနေ မောင်ကို လေးစား ချစ်ခင်မိခဲ့တယ့် အတွက် မောင်က ချစ်စကားဆိုတော့ ကျွန်မ တပတ်တိတိ စဉ်းစား အဖြေပေးခဲ့ပါတယ်။။။

                       မောင် လို့ … စိတ်ထဲကနေ တိတ်တိတ်လေး ခေါ်နေမိတယ့်  ကျွန်မ မောင်ကလဲ သူ့ ကိုယ်သူ မောင် လို့ ပြောတော့ ကျွန်မ ပျော်တာပေါ့ ..

 

                       မ လို့ ခေါ်ခဲ့ မောင်ကလည်း တကယ်တော့ အသက်က တနှစ်သာသာ လောက်ကွာတာပါ။ ဒါပေမယ့် မောင် က မ      လို့  ကျွန်မ ကို ဘာလို့ ခေါ်တာလဲမေးတော့ ကျွန်မ က လူကြီးဆန်လို့ တယ့်လေ..

     မောင် …

         မ ….

                                ခိခိ တကယ်တော့နော်.. ခရေက အလောက်လဲမကြီးပဲနဲ့  နောက်ပြီး ခရေက ကလေးဆန်တယ်လေ.. နော်.

              ဟုတ်ပါဘူး.. မ က လူကြီးဆန်တယ်.. စကားပြောရင် အေးဆေးပြောတတ်တယ်.. လူတိုင်းကို အားပေးတတ်တယ်.. နားလည်အောင် ပြောတတ်တယ်လေ.. အဒါကြောင့်ပါ..

             ကျွန်မ မြန်မာပြည် အလည်ပြန်တော့ မောင်နဲ့ ကျွန်မ တို့ တွေ့ ဖြစ်ကြတယ်လေ.. ကျွန်မ အိမ်ကို လဲ မောင်နဲ့  မိတ်ဆက်ပေးခဲ့တယ်.

               '' မောင် ''

               '' မ ကို ချစ်လား ဟင်..''

        ''   အင်း ချစ်တာပေါ့ မ ရဲ့ .. မ က မောင့် ရဲ့  အချစ်လေ.. မောင်က မိန်းကလေးတိုင်း ချစ်ခဲ့တာမဟုတ်ဘူးလေ.. ''

                 '' အင်းနော်.. အချစ်က ထူးဆန်းတယ်.. စာတွေ ရေးနေတယ့် မကလေ.. သူများတွေကို အချစ်ရေနဲ့ ပါတ်သက်ရင် ပြောနေကြ လေ.. ခုတော့ မ ကိုယ်တိုင် ချစ်သူ တွေ့ တော့ ပျော်တယ်. သိလား..''

            '' အင်းပေါ့ ..''

        

     အမေ နဲ့  အဒေါ်ကတော့ ကျွန်မ သဘောပါတယ့်လေ. မောင် ကိုလဲ စိတ်ထားကောင်းပြီး ကျွန်မ အပေါ် ချစ်မယ့် ပုံ ပေါ်ပါတယ်တယ့် …

            ကျွန်မ မောင် အိမ် ကို လဲ ရောက်ခဲ့တယ် ။ မောင် မိဘတွေ ကလဲ ကြည်ကြည် ဖြူဖြူပဲ နွေးထွေးစွာ ဆက်ဆံခဲ့ကြတော့ ကျွန်မ တို့ အတိုင်းမသိပျော်ရွှင်ခဲ့တာပေါ့ .. ကျွန်မ မြန်မာ ပြည်မှာ နေတုန်း အချိန်တွေကတော့ မောင် နဲ့  အတူတူ ကုန်ဆုံး စေခဲ့ပါတယ်…

               ကျွန်မတို့  ဘုရားတူတူ သွားခဲ့တယ်.. အင်းယားရေပြင် ကိုကြည့် အတူ ပျော်ခဲ့တယ်.. မုန့် ဆိုင်တူတူထိုင် အင်တာနက်သုံးရင်း ပျော်ခဲ့တယ်..

                  ချက်ခန်းက သူငယ်ချင်းတွေကတော့ မျှဝေပျော်ပေးကြတာပေါ့. ညတိုင်း မောင် ဝင်နေကြ ချက်ခန်းလေးရယ်.. ကျွန်မ ရေးနေကြ စာလေးတွေရယ်.. အကုန်လုံးကို လဲ မပြတ် ဆက်လုပ်နေခဲ့တယ်လေ..

                    ကျွန်မက ခွင့်က တစ်လပဲရတာကို အတော့လဲ ပြန်ခဲ့ရတာပေါ့......

                                          ကျွန်မ လဲ မောင် ကို ခွဲ ပြီး ပြန်ခဲ့ရတော့ မျက်ရည်တွေ နဲ့ ပါ.. မောင်လဲ မျက်နှာမကောင်းပါဘူး .. ပြန်လဲမသွားစေချင်ဘူးလေ.. ကျွန်မ ကတိပေးပြီး ပြန်ခဲ့ပါတယ်။

 

                             ကျွန်မ အလုပ်ထဲမှာ လုပ်နေတိုင်း မောင် နဲ့ အတူ မြန်မာ ပြည်မှာပျော်ခဲ့တာတွေ စကားတွေပြော လျှောက်လည်ခဲ့တာတွေ က မေ့မရခဲ့ဘူး.. အချိန်ရတိုင်း ဖုန်းခေါ် မောင်ခေါ်တယ့် ဖုန်းမျှော်နဲ့ အချိန်တွေ မြန်မြန် ကုန်စေချင်ခဲ့ပါတယ်..

 

                                                                                                     ခရေ

                                                                                         (ကြိုစားပါအုံးမည် )

 

          ဒုတိယပိုင်း စောင့်မျှော်ပါရန်..................

။။။ ကိုယ်ပိုင်ရေး ဘလော့ပိုစ် ။။

ဘောင်လေးတွေနဲ့ စာရေးချင်သူ (သို့) ကွန်မန့်ပေးချင်သူတွေအတွက် လက်ဆောင်

$
0
0

မင်္ဂလာပါ သူငယ်ချင်းတို့ရေ။။

သိသူကျော်သွား ၊မသိသူ ဖော်စား ဆိုသည့်အတိုင်း သိပြီးသား သူတွေက ကျော်သွားပေးပြီး မသိသေးသော သူတွေအတွက် အသုံးပြုဖို့ပါရှင်။

မေ့ကို လာလာပြီးမေးနေကြတယ်။ ဟိုတစ်နေ့က ဘယ်သူလဲတဲ့။ အော်..စာရေးနေရင် သီချင်းစာသားကြီးရေးမိနေပြန်ပြီ။ အဲ့လိုပဲ တစ်ခါခါ ဖောက်တတ်တယ်။

မမမေလို စာရေးရင် အရောင်လေးတွေနဲ့ ဘောင်လေးတွေနဲ့ ရေးချင်လို့ ရေးတဲ့ နည်းကို ပြောပြပါဆိုလို့ ဆရာစားမချန် ဒါန ပြုပါတယ်ရှင်။

ဘောင်လေးတွေနဲ့ ရေးမယ်၊ကွန်မန့်ပေးတော့မယ်ဆိုရင် ပထမဆုံး HTML ဆိုတဲ့ နေရာလေးကို နှိပ်ရပါမယ်ရှင်။

 

ပြီးရင်တော့ ကုဒ်လေးတွေ ထည့်မယ်နော်။

ဒီမှာရေးထားသည့် ကုဒ်ကို ယူသုံးပါ                                          <div style="background: #000000; border: #333300 15px ridge; color: #33ff66; font-family:arial; font-size: 15px; font-weight:bold; height:150px; line-height:200%; padding:9px; overflow:auto; text-align:center; width:350px; wordspacing:0px;"> ဤနေရာတွင် စာရေးပါ </a></div>

ဒါက ကွန်မန့်ပေးဖို့ လုပ်ထားတဲ့ ဆိုဒ်သေးလေးတွေပါ

အဲ့ဒီအရောင်ရဲ့ ကုဒ်က ဒီမှာပါရှင်။

 

 

~~~~~~~~~~~~~~~~~~~~~~~~~~

 

ဤနေရာမှ ကုဒ်များကို ယူပါ                      <div style="background: #000000; border: #003300 15px ridge; color: #33ffcc; font-family:arial; font-size: 15px; font-weight:bold; height:150px; line-height:200%; padding:9px; overflow:auto; text-align:center; width:350px; wordspacing:0px;"> ဤနေရာတွင် စာရေးပါ </a></div>

ပုံနဲ့ ကုဒ်ကို တွဲပေးထားမယ်နော်

 

~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဤနေရာမှ ကုဒ်များယူပါ                      <div style="background: #000000; border: #FF9900 15px ridge; color: #3366ff; font-family:arial; font-size: 15px; font-weight:bold; height:150px; line-height:200%; padding:9px; overflow:auto; text-align:center; width:350px; wordspacing:0px;"> ဤနေရာတွင် စာရေးပါ </a></div>

နောက်ထပ်တစ်ရောင်

 

 

~~~~~~~~~~~~~~~~~~~~~~

 

ဤနေရာမှ ကုဒ်များ ယူပါ                      <div style="background: #000000; border: #66cccc 15px ridge; color: #ff3399; font-family:arial; font-size: 15px; font-weight:bold; height:150px; line-height:200%; padding:9px; overflow:auto; text-align:center; width:350px; wordspacing:0px;"> ဤနေရာတွင် စာရေးပါ </a></div>

ဒီတစ်ရောင်ကို နောက်ဆုံးပဲ ပေးမယ်နော်။

 

 

ပေးထားတဲ့ ကုဒ်တွေကို HTML ထဲ ထည့်နှိပ်ပြီး ကွန်မန့်ပေးလို့ရပါပြီ။ ကုဒ်လေးတွေ ထည့်ပြီးရင်တော့ (ရိုးရိုးတင်ရန် )ဆိုတဲ့ HTML ရဲ့ ဘေးက ဟာလေးကို ပြန်နှိပ်ပြီး စာရေးပေါ့။


ဘလော့ရေးချင်သူတွေအတွက်ကတော့ ဒီမှာလာမယ်ရှင်။

 

 ဟောဒါလေးက တစ်ထပ်ဘောင်ရဲ့ ပုံနဲ့ကုဒ်


ဒီနေရာမှာ ကုဒ်ယူပါ  
                                                                    <div style="border: 3px ridge #FF4848; background-color: #9900cc; text-align: center;"><span style="color: #ffffff;" class="font-size-4">ဒီနေရာမှာ စာရေးပါ</span></div>




 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဟောဒီမှာ နှစ်ထပ်ဘောင်ပုံနဲ့ကုဒ်

ဒီနေရာမှာ စာရေးပါ
<div style="background: #000000; border: #6600CC 15px ridge; text-align: center;"><span style="color: #ffffff;" class="font-size-4">ဒီနေရာမှာ စာရေးပါ</span></div>



 

ဒါတွေက နမူနာပေးတာပါ။ ဘောင်အရောင်နဲ့ နောက်ခံစာမျက်နှာအရောင်ကို မိမိစိတ်ကြိုက် ချိန်းယူလို့၇ပါတယ်ရှင်။

စာမျက်နှာနောက်ခံအရောင်ချိန်းချင်ရင် #000000 အနက်ရောင်နောက်ခံနေရာမှာ မိမိစိတ်ကြိုက်အရောင်နံပတ်ကို ထည့်သုံးလို့ရပါတယ်။

ဘောင်အရောင်ကို ချိန်းချင်တယ်ဆိုရင်လဲ ဘောင်ရဲ့ အရောင်နံပတ်ကုဒ်#6600cc နေရာမှာ မိမိစိတ်ကြိုက်ထည့်သုံးပေါ့။

အရောင်နံပတ် တွေကို သိချင်ရင် အောက်က လင့်လေးမှာ ဝင်ကြည့်နော်။

http://www.html-color-codes.com/ ဒီဆိုဒ်လေးမှာ ဝင်ကြည့်လို့ရပါတယ်ရှင်။

 

နောက်ဆုံးအနေနဲ့ လုံးဝမသိသေးသူတွေအတွက်  ဘောင်မပါတဲ့ စာမျက်နှာ နောက်ခံအရောင်ကုဒ်လေးပါ။

 

 

<div style="background-color: #660000; margin-center: 2em">ဒီနေရာမှာစာရေးမှာပါ </div>




ဒီနေရာမှာစာရေးမှာပါ






ထုံးစံအတိုင်း အရောင်ကိုတော့ မိမိနှစ်သက်ရာ ရွေးချယ်ပါ။


အားလုံးပဲ အဆင်ပြေကြပါစေနော်။

မေကတော့ အတော်လေး အိပ်ငိုက်နေပြီ။ စာလုံးပေါင်းတွေမှားရင် ခွင့်လွတ်။



 

 

..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်






အရှင်နှစ်ပါး..ပါတော်မူနေ့

$
0
0

“ ကမ္ဘာတွင် စဉ်းသမိုင်းငယ်နှင့်၊ ရာဇ၀င်စာတင်၍၀ိုင်းလေငဲ့

ဘုရင်တိုင်းရယ်တဲ့ကန်တော့ခံ။

မန်းဌာနမှာလ သီပေါဘုရာ့ရွှေနန်းစံငယ်၊ ရွှေသန်းရံ ကမ္ဗုထီးငယ်နှင့်

သမီးတော် မယ်တော်မြတ်တို့ကို ဘိလပ်ပိုင်ဧကရီက၊

ရေနဒီ ပင်လယ်ကြောကိုလ ၊ သင်းဘောတော်ဆောင်ယူသပြန်တော့၊

ဒေါပုံ ဇောခုန်၍ ကြွရှာလိမ့် ၊ ရာဇနိန် သာကိန္ဒတို့မှာ ဘုရား ရှေးကကံ ကံ ..”

 

( စုံနံ့သာမြိုင်..ဦးကြော့ )

 

………………………         …………………     ……………….

 

၁၈၈၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ညနေ..နေ၀င်ရိုးရီ ဆည်းဆာချိန်၊

နေလုံးကြီးက ပင်လယ်ထဲ နစ်မြှပ်စ၊ ပုဇွန်ဆီသွေးရောင်ကဲနေဆဲ..

ပင်လယ်ကြီးရဲ့လှိုင်းကြက်ခွပ်လေးတွေက ရောင်စုံတလက်လက်၊

မြန်မာပြည်ကထွက်ခွာတော်မူခဲ့တာ ဒီနေ့ပါဆိုရင် သုံးရက်ရှိပီ၊

ကန္တီ စစ်သင်္ဘောပေါ်မှာ နန်းကျဘုရင်သီပေါ၊ မိဖုရားခေါင်ကြီး စုဖုရားလတ် နဲ့သမီးတော်နှစ်ပါး၊

မိဖုရားခေါင်ကြီး စုဖုရားလတ်မှာ တတိယသမီးတော် ကိုယ်လေးလက်ဝန်နဲ့၊

အရှင်နှစ်ပါးဟာ..ကိုယ်ရော စိတ်ပါ မသာမယာဖြစ်ရင်း အနောက်ကိုဦးတည်နေဆဲမှာပင်

အရှေ့အရပ်မှာကျန်ခဲ့တဲ့ရတနာပုံ ရွှေမြို့တော်ကိုလွမ်းဆွတ်တသနေမိတယ်။

……………………         ………………………..     ……………………….

မြှော်လင့်ထားပေမဲ့ ဒါလောက်မြန်မြန်ဆန်ဆန်ရောက်လာမယ်မထင်ခဲ့

အဲဒီနေ့က ၁၈၈၅-နိုဝင်ဘာ ၂၈ ရက်၊ ဂေါဝိန်ဆိပ်ကို အင်္ဂလိပ်တပ်တွေ ရောက်လာတော့

နန်းတော်တစ်ခုလုံးကသောင်းကနင်းတွေဖြစ်ကုန်တယ်။

စိတ်ဓါတ်ကြံ့ခိုင်လွန်းတဲ့ စုဖုရားတောင်မူးဝေသွားလုမတတ်၊

 

ကါနယ်စလေဒင်က အရင်ရွှေနန်းတော်ကိုရောက်လာတယ်၊

သတင်းကြားလို့ဆင်စီးထွက်လာတဲ့ ကင်းဝန်မင်းကြီးနဲ့တွေ့တယ်၊

ကင်းဝန်မင်းက အင်္ဂလိပ်တပ်တွေနန်းတော်ထဲ မ၀င်ပါစေနဲ့လို့မေတ္တာရပ်ခံပီး သီပေါမင်းဆီ

အတူသွားကြတယ်၊

ခံပြင်းစရာ ရင်နာစရာကေါင်းလိုက်တာ၊သီပေါက တိုင်းပြည်နဲ့ သူကိုယ်သူအပ်လိုက်တယ်။

နွေရာသီစံနန်းတော်မှာ အဲဒီည စက်တော်ခေါ်ပေမဲ့ မပျော်နိုင်ခဲ့ပါ။

 

နောက်နေ့ နိုဝင်ဘာ ၂၉ ရက် နေ့မှာ လက်နက်ချပွဲ အကျဉ်းပဲလုပ်လိုက်ရတယ်၊

နန်းကျပီဆိုတော့ စည်းကမ်းမဲ့တဲ့ပြည်သူတွေ၊ အပျိုတော်တွေကစလို့ နန်းတော်ထဲက

အဖိုးတန်တာတွေရော မတန်တာတွေရော ယူငင်နေလိုက်ကြတာ။

 

အဲဒီနေ့မှာပဲ..ပတ္တမြား ငမောက်အပါဝင် အဘိုးတန် ကျောက်မြက်တွေကို

ကာနယ်စလေဒင်ကို စာရင်းနဲ့တကွအပ်လိုက်ရပါတယ်။

တစ်ရက်လေး.. ထပ်နေခွင့်တောင်းတာတောင် မရတော့ပဲ ညနေ သုံးနာရီမှာ နန်းက

စွန့်ခွာရတော့တယ်။

 

ပထမ ဘီရိုလှည်းမှာ..သီပေါမင်း၊ မိဖုရားခေါင်ကြီး နဲ့ ညီမတော် စုဖုရားလေး တို့လိုက်ပါသွားတယ်၊

အရှင်နှစ်ပါးကို ပင်းတယ၀န်ထောက် နဲ့ ၀က်မစွက်ဝန်ထောက်တို့ကထီးဖြူမိုးလိုက်ပါတယ်၊

ဒုတိယလှည်းမှာ မယ်တော် ဆင်ဖြူမရှင်၊သမီးတော် စုဖုရားကြီး၊

မြေးတော်နှစ်ပါးတို့လိုက်ပါကြရတယ်။

လှည်းနှစ်စီးနောက်က အထိမ်းတော်သုံးပါး၊ ဘွဲ့ရအပျိုတော်သုံးပါး၊

ဘွဲ့မရအပျိုတော်ရှစ်ပါးတို့ကအထုပ်ပိုးပိုက်လို့ခြေလျင်လိုက်ပါကြရတယ်။

နန်းတော်ကြီးရဲ့ကျော်မိုးတံခါးကနေ ထွက်တော်မူတာကို ပြည်သူအပေါင်း စိတ်နှလုံးမသာမယာ

ဝမ်းနည်းစွာနဲ့ကန်တော့နုတ်ဆက်နေကြတယ်။

 

ဂေါဝိန်ဆိပ်ကိုရောက်တော့ သူ၇ိယ သင်္ဘောကြီးကအဆင်သင့်၊

နေတောင်ဝင်စပြုလို့ သင်္ဘောတစ်စီးလုံးမီးတောင်ထွန်းထားပီ၊

ဆိပ်ကမ်းတစ်ခုလုံးကမ်းလုံးညွတ်မျှ၊ ပူဆွေးသောက မျက်ရည်စက်လက်။

သေးငယ်လှတဲ့ကုန်းဘောင်ပေါ်ကိုအရှင်နှစ်ပါး သတိနဲ့တက်တော်မူရတယ်။

နောက်တော့မြစ်လယ်ကိုခုတ်မောင်ပီး အဲဒီည မြစ်လည်မှာပဲ နေကြရတယ်။

 

နောက်နေ့ နိုဝင်ဘာ ၃၀ ရက်မှာ ရတနာပုံကခွာရတယ်၊ အာလံ (အောင်လံ)ကို ဒီဇင်ဘာ ၂ ရက်၊

ရန်ကုန်ကိုဒီဇင်ဘာ၅ရက်မှာရောက်တော်မူတယ်။

ရန်ကုန်ကမ်းကိုတောင်ခြေချခွင့်မရ (ကလိုက်) ဆိုတဲ့သင်္ဘောပေါ်ပြောင်းလို့နေလိုက်ကြရပါတယ်..

ရန်ကုန်မြစ်ဝမှာ လေးရက်နားနေပီးမှ ကန္တီစစ်သင်္ဘောနဲ့ မဒရပ် ကို

ဒီဇင်ဘာ ၁၀ရက်နေ့မှာ ပင်လယ်ခရီးစတင်ခဲ့ရတယ်။

………………………        ……………………      …………………..

 

အရှင်နှစ်ပါး အရှေ့အရပ် ရတနာပုံရွှေမြို့တော်ကြီးကို လွမ်းဆွတ်တသ နေဆဲမှာပဲ…..

အမှောင်ထုက ပိုနက်ရှိုင်းလာပါတော့တယ်၊

ဒီဇင်ဘာ အအေးဓါတ်က ပိုလို့ပိုလို့ကဲလာတယ်၊

အသက် ၂၇နှစ်သာရှိသေးတဲ့သီပေါမင်းဟာ.. ကိုယ်လေးလက်ဝန်နဲ့ နှမတော် စုဖုရားကို

ဖေးမတွဲခေါ်လို့သင်္ဘော ကုန်းပတ်ကနေ အခန်းတွင်းဝင်ဖို့ အချိန်တန်ကြောင်း ပြောကြားရင်း

အရှင်နှစ်ပါးရဲ့ ပါတော်မူခရီးဟာ တရွေ့ရွေ့ဖြင့် ………….

***လူပျိုကြီးမစွံသေးဘူးလား**.....

$
0
0

လူပျိုကြီးမစွံသေးဘူးလားလို

ညီလေးညီမလေးများကမေးကြပါတယ်ကျနော်လဲ

ဖြေရပါများလာတော့ပြောရမှာရှက်လာပြီလေ...

ကဲဒီတော့လူပျိုကြီးဘာကြောင့်မစွံသေးလဲ......

အခန်း(၁)

ကန်ရေပြင်ကိုဖြတ်တိုက်လာသောလေနုအေးလေတွေက

ကျနော်ရင်ကိုအေးမြစေပါတယ်...ကန်ထဲမှာကြာပန်းလေးတွေ

ရောင်စုံဖူးပွင့်နေတာမြင်ရသူစိတ်ကိုကြည်လင်စေပါတယ်

လောကအလှတရားများကိုခံစားနေခိုက်...

သြော်..မင်းကဒီမှာလာလေနုအေးခံစားနေ

ငါမှာတော့ရင်မှာမီးတောက်နေပြီ...

ကျနော်နောင်ကိုလှည့်ကြည့်လိုက်တော့

ဖိုးကျော်ဖြစ်နေတယ်......

ဟာမင်းကဘာတွေဖြစ်လာတာလဲ

ငါကောင်မလေးကွာအခုတစ်လောငါပေါ်ပြောင်းလဲနေတယ်

ဟုတ်လားဒါနဲ့ မင်းကောင်မလေးကဘယ်သူလဲ

မေနှင်းသက်လေကွာ

မေနှင်းသက်ကအေးပါတယ်ကွာ

မေနှင်းကဟိုတလောကငါကိုပြောတယ်

သူအရင်ရည်းစားကပြန်ဆက်နေတယ်တဲ့

ဟာကွာမင်းကလဲအခုမင်းနဲ့ ဖြစ်နေတာပဲ

သူကတော့ပြောပါတယ်ငါကိုပဲချစ်မှာလို့ 

ဒါဆိုပြီးပြီလေမင်းကဘာပူတာလဲ

ဟိုကောင်ကအတင်းပြန်ဆက်နေတာလေ

ခဏတော့စောင်ကြည့်လေငါစုံစမ်းပေးမယ်

ထိုသို့ ပြောပြီးကျနော်တို့ နှစ်ယောက်ပြန်လာခဲ့ချိန်

အိပ်တန်းပြန်ငှက်ကလေးမျှားတို့ သူရိန်နေမင်းကို

တေးသံသာလေးနဲ့ နူတ်ဆက်နေလေတယ်....

အချိန်တိုတွင်းမှာမယုံနိုင်အောင်ပါပဲပြောင်းလဲသွားသူက

မေနှင်းသက်လေသူကိုလဲအပြစ်ပြောလို့ မရဘူးလေ

ဖိုးကျော်ထင်ထားတဲ့အတိုင်းဖြစ်နေပါပြီလေ...

ကျနော်လဲဖိုးကျော်ကိုပြန်ပြောပြလိုက်ပါသည်

ကျနော်ပြောောတ့ဖိုးကျော်အရမ်းခံစားသွားရတယ်လေ

ကျနော်လဲနှစ်သိမ့်ပေးသော်လဲအခုတော့အရက်ကျွန်ဖြစ်နေပါပြီ....

 

အခန်း(၂)

ကောင်းကင်တခုလုံးငွေစန္ဒာလမင်းကြောင့်အလှဖုံးလွမ်းနေသလ

ိုကမ္ဘာမြေကိုလဲသူအေးမြမူတွေပေးနေတယ်လေ

ကိုနိုင်တယောက်ပျင်းနေတာနဲ့onlineပေါ်တက်ခါလျှောက်ကြည်နေရင်းကအမှတ်မထင်ပဲသူဇာဆိုသောကောင်မလေးနဲ့တွေ့ခဲ့ပါတယ်တဆောင်မုန်းလပြည့်ညလေးပေါ့သူနဲ့ကျွန်တော်တဆောင်မုန်းလပြည့်ညရဲ့အကြောင်းလေးတွေပြောရင်း

တယောက်နဲ့တယောက်ရင်းနှီးသွားတယ်

်အဲဒီနောက်မှာတော့သူနဲ့ကျွန်တော်ညတိုင်းစကားပြောဖြစ်တယ် ..,.အချိန်တွေကြာလာတော့တယောက်အကြောင်းပြောရင်းသူ့မှာစိတ်ညစ်စရာရှိတယ်ဆိုပြီးကျွန်တော်ကိုပြောပြတယ်...

သူ့ချစ်သူကစွန့်ပစ်သွားတဲ့အကြောင်းပေါ့ကျွန်တော်လဲသူ့ကိုနှစ်သိမ့်အားပေးစကားပြောရင်းကျွန်တော်ရင်ထဲမှာ

အချစ်ဆိုတဲ့ပန်းကလေးတပွင့်ပွင့်လန်းဖို့အတွက်

်နှလုံးသားဥယျာဉ်တံခါးကိုဖွင့်လှစ်လိုက်တာလိုလို့ ကျွန်တော်သိလိုက်ရတယ်

်ညစဉ်ညတိုင်းစကားပြောတာမိုးလင်းတဲ့အချိန်ထိပေါ့..

,နေ့ဘက်ဆိုရင်လဲဖုန်းဆက်လိုက်နဲ့ပေါ့အချိန်ကြာလာခဲ့တာနှင့်အမျှကျွန်တော်ရင်ထဲကစကားတခွန်းပြောခဲ့တယ်...

"နိုင်သူဇာကိုချစ်တယ်"

ကျွန်တော်ပြောတော့သူပြန်ဖြေခဲ့တယ်

"သူဇာလည်းမောင်ကိုချစ်တယ်"

ဟိုးအရင်ကတည်းကသံယောဇဉ်ရှိပြီးသားပဲလေ...သူဆီက

"ချစ်တယ်နော်"

ဆိုတဲ့စကားကြားလိုက်ရချိန်မှာနိုင်သိပ်ပျော်သွားပြီ

ီသူဇာမောင်ကိုတခေါက်လောက်ပြောပါဦး

"သူဇာမောင်ကိုသိပ်ချစ်တယ်"

ကျွန်တော်ရင်ထဲမှာအချစ်ဆိုတဲ့ပန်းကလေးတပွင့်ပွင့်လန်းခဲ့ပြီ...

ဒီလိုနဲ့ကျွန်တော်ပျော်ရွှင်ခြင်းတွေကသိပ်မကြာလိုက်ပါဘူး

ရင်ထဲမသိမသာဝင်ရောက်လာခဲ့တဲ့စိုးရိမ်စိတ်တွေနဲ့အတူကျွန်တော်ကိုအဆက်သွယ်ဖြတ်သွားတယ်..

.ဖုန်းဆက်လဲမကိုင်onlineပေါ်မတက်နဲ့တခုခုဖြစ်နေပြီဆိုတာကျွန်တော်သိလိုက်တယ်...

.သူ့ဆီကိုမရမကဖုန်းဆက်တယ်..

.ရတော့ကျွန်တော်သူ့ကိုမမေးပဲနေခဲ့ပါတယ်..သူများဝန်ခံမလလားပေါ့သူကျွန်တော်ကိုဆက်ညာနေခဲ့တယ်

ဲ့နောက်တစ်ပတ်လောက်နေတော့ဖွင့်မေးခဲ့တတယ်

"သူဇာချစ်သူဟောင်းနဲ့ပြန်ဆက်သွယ်နေတာလားဟင်

"သူငိုပြီးပြန်ပြောတယ်"

ဟုတ်ပါတယ်မောင်သူကသူဇာကိုဒူးထောက်တောင်းပန်လို့ပါမောင်

"ကျွန်တော်ရင်ခွင်မှာမီးတောင်တလုံးပေါက်ကွဲထွက်လာခဲ့သလောက

်ရင်ခွင်တခုလုံးသောကမီးလေလောင်နေချိန်မှာသူကထပ်ပြောခဲ့တယ

်"မောင်ကိုအမြဲချစ်နေမှာပါတဲ့"

လှလိုက်တဲ့စကားလေးတွေပေါ့

"နိုင်ကိုသူဇာမုန်းလိုက်ပါလားသူဇာ

"ဒီမှာမောင်"

မောင်ကိုချစ်တာမုန်းဖို့မဟုတ်ဘူးလေမောင်

်"အဲဒီစကားတွေနဲ့ပဲမောင်ကိုရစ်ပတ်ထားဆဲပါသူဇာ...သူကကျွန်တော်ဆီကိုစာတိုက်ကဆင့်လက်ဆောင်ပို့လိုက်တယ်ပို့လိုက်တဲ့လက်ဆောင်ကလက်စွပ်လေးပါညနေပိုင်းရောက်တော့သူက

"မောင်လက်ဆောင်ရလားဟင်"

"ရတယ်လေသူဇာ"

မောင်ဒီလက်စွပ်လေးမဝတ်ခင်ဆုတောင်းရရမယ်

်နော်အင်းပါသူဇာအတူတူဆုတောင်းပြီးလက်စွပ်လေးကိုဝတ်ခဲ့တယ်...သူမှာလဲတစ်ကွင်းပေါ့

"မောင်နဲ့သူဇာတို့စေစပ်လိုက်ပြီနော်မောင်

"လူးကြီးတွေမသိပင်မိဲ့မောင်သသူဇာတို့ယုံကြည်စွာနဲ့ဘဝကိုဖြတ်သန်းသွားမယ်နော်မောင်....အဲဒီညကနေသူဇာမောင်ရင်ခွင်ကမ္ဘာထဲကနေနုတ်မဆက်ပ

ဲထွက်ခွာခဲ့တာရာသီတွေပြောင်းနှစ်ပေါင်းကြာခဲ့ပါပြီ

ီမောင်ကတော့သူဇာမောင်ရင်ခွင်ကမ္ဘာထံပြန်လာမဲ့အချိန်ကိုအမြဲစောင့်နေပါတယ်.....

 

ညီလေးညီမလေးတို့ ရေသိုးရေခြုံထားတဲ့လောကကြီးမှာ

တစ်ကိုယ်ရည်တည်းနေတာကောင်းမယ်ထင်ပါတယ်..

လူပျိုကြီးကံကလောကကြီးကဆွဲချရင်တော့

စွံမှာပေါ့ကွယ်လို့ ညီလေးညီမလေးများကိုပြောချင်ပါတယ်....

 

 

မှတ်ချက်။    ။အထက်ပါအဖြစ်ပျက်နှစ်ကတကယ်အဖြစ်ပျက်တွေပါ

နှစ်ဖြာသုချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

ို

တဖက်သားကို မျက်မုန်းမကျိုး စိတ်မဆိုးအောင် လုပ်နည်း (၉)ချက်

$
0
0

(၁)  ချီးမွမ်းခြင်းရိုးသာစွာ ချီးကျူးခြင်းတို့ ဖြင့်စ၍ပြောပါ။

(၂)  တဖက်သားတို့ ၏ အပြစ်များကို သွယ်ဝိုက်သောနည်းဖြင့်သာလျှင် သိအောင်လုပ်

       ပါ။

(၃)တဖက်သားတို့် ၏ အပြစ်မပြောမီ  သင်၏အမှားများကို ၀န်ခံပါ။

(၄)တိုက်ရိုက်သြဇာပေးမည့်အစား  လိုရင်းကိစ္စပြီးစီးစေမည့် မေးခွန်းများကိုမေးပါ။

(၅)တဖက်သားအား သူ့ ဂုဏ်သူပြန်ဆယ်ပါစေ။

(၆)တဖက်သား၏ တို.းတတ်မှုအနည်းအများကို ပဓာနမထားပဲချီးကျူးပါ၊

      ထိုသို့ ချီးကျူးရာ၌လည်း ရက်ရက်ရောရော ရှိပါစေ။

(၇)သူ့ ကိုသူအထင်ကြီးပါစေ။

(၈)တဖက်သား၏အပြစ်ကိုပြင်ရန်မခတ်ခဲ့ဟု ထင်လာအောင်လုပ်ပေးပါ။

(၉)သင်လုပ်စေချင်သောအလုပ်ကို တဖက်သားသည်ဝမ်းမြောက်ဝမ်းသာစွာလုပ်ချင်

    အောင်ခိုင်းပါ။


ကဗျာဥယျာဉ် ဂုဏ်ပြုကဗျာ ၂ပုဒ် (၂)

$
0
0

Friends18.com Orkut Scraps

*** သဘာဝအလှတရား ***

နိုဝင်ဘာလ 25, 2012 တွင် 3:32am အချိန် ကံခွန် မှ ကဗျာဥယျာဉ် တွင် တင်ပြခဲ့ပါတယ်

စံပယ် မင်းက
ဖြူစင်တယ် သန့်ရှင်းတယ်
မွှေးပျံ့တယ် မင်းဟာ
မင်းအလှနဲ့မင်းပါ………။
သဇင် မင်းကလည်း
ဖြူစင်တယ် သန့်ရှင်းတယ်
မွှေးပျံ့တယ် မင်းဟာလည်း
မင်းအလှနဲ့မင်းပါ………။
မင်းဟာစံပယ်ထဲရောက်သွားလို့
စံပယ်ပန်းမဖြစ်နိုင်ပါဘူး သဇင်………။
စံပယ်မင်းကလည်း
သဇင်ထဲရောက်သွားလို့
သဇင်ပန်းမဖြစ်နိုင်ပါဘူး စံပယ်………။
လောကကြီးကပေးထားတဲ့
ကိုယ်ပိုင်အလှတရားလေးကပဲ
လှပါတယ်ဆိုတာတွေထက်
ပိုသာစွားလှနေပါတယိဆိုတာ
ပန်းကလေးများနားလည်းနိုင်ပါစေ………။

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ရွှေမြို့တော်သူ ရွှေမြို့တော်သားအပေါင်း ကိုယ်စိတ်နှလုံးရွှင်ပြုံနိုင်ကြပါစေလို့………
းးးးးးးးးး ကံခွန်းးးးးးးးးး

Friends18.com Orkut Scraps

Friends18.com Orkut Scraps

လူယုတ်မာတွေ ... အသက်ရှည်ပါစေ

$
0
0

တောရကျောင်းလေးသို့ ...

မိသားစု စားဝတ်နေရေး ကြပ်တည်းလာပြီဆို...လူလူ သူသူ ဘယ်သူပဲဖြစ်ဖြစ် (များသောအားဖြင့်)
မလုပ်သင့်၊မဖြစ်သင့်တာကို တစ်ကြိမ် တစ်ခါမျှတော့ မှားပြီး လုပ်မိကြမှာပါပဲ...
မှားမှန်းသိပြီး ပြင်သူတွေအဖို့တော့ လူတော်၊လူကောင်းလို့ ဆိုနိုင်ပေမယ့် ...
မှားမှန်းသိသိကြီးနှင့် ထပ်ထပ်မှားနေသူများမှာတော့ "ငရဲကလာ ပျာပူမကြောက် ၊ အမှောင်ကလာ
အမှောင်ရွာ ၊ ထပ်ခါပြန်ရမည်..ဟု ဆိုချင်ပါသည်...။
ယခုလည်း... မိသားစုစားဝတ်နေရေးအတွက် ပစ္စည်းခိုးဘို့ ထွက်လာသူတစ်ယောက်...၊
အမှောင်ရိပ်ကို အကာအကွယ်ပြု ၊ သူရှေးရှုသွားနေသည်ကား...၊
ရွာနှင့် ခပ်လှမ်းလှမ်းမှာ တည်ရှိသည့် တောရကျောင်းလေးသို့ပင် ဖြစ်ချေသည်..။

အရိုင်းစိတ်ကူး ၊ အရူးခြေလှမ်း ...
တောရကျောင်း၌ ရှေးဟောင်းပစ္စည်းများ ရှိထားသည်ကို သူသိရှိပြီး ၊ တွေ့မြင်ထားပြီးဖြစ်သောကြောင့်
ယခုကဲ့သို့ ခိုးဘို့ထွက်လာခြင်းဖြစ်ပေသည်..၊ စိတ်ဖြင့်ပင် (မပြစ်မှား) မလုပ်သင့်သည့်အလုပ်ကို သူလုပ်ရန်
ဆုံးဖြတ်ခဲ့လေသည်..၊ သူ၏ စိတ်ကူးနှင့်ခြေလှမ်းတို့သည်...စိတ်ကူးတိုင်း..စိတ်ကူးတိုင်း..ခြေလှမ်းတိုင်း..
ခြေလှမ်းတိုင်းတို့၌ အပြစ်တွေဖြစ်နေသည်ကိုကား...မိသားစုဇောဖြင့် နည်းနည်းသဘောမျှမမိချေ...
အရိုင်းစိတ်ကူး..အရူးခြေလှမ်းတို့ဖြင့် သူ၏လူဆိုးခန်းကား ငရဲလွှမ်းရော့မည်ထင့်...။

ထူးဆန်းသော မေတ္တာပို့သံ ...
တောရကျောင်းပေါ်၌ရှိသော ဆရာတော်သည် ယနေ့အဖို့ ဗုဒ္ဓဝေယျာဝေစ္စများ ပြုပြီးသွားပြီဖြစ်သောကြောင့်
မီးရောင်မှိန်လဲ့လဲ့အောက်တွင် စင်္ကြင်္ံန်လျှောက်လျက် မေတ္တာပွါးများ ပို့သကာနေလေ၏...
ဆရာတော်၏ မေတ္တာပို့ပုံကား တစ်မူ ထူခြား ဆန်းလှပေစွ..." လူယုတ်မာတွေ (မကောင်းတဲ့သူတွေပေါ့)
အသက်ရှည်ပါစေ ... သူတော်ကောင်းတွေ (ကောင်းကောင်းနေ/ပြော/ကြံတဲ့သူတွေပေါ့) အသက်တိုပါစေ.."ဟူသတည်း...
တိုက်ဆိုင်သည့် အဖြစ်ပင်.. ဆရာတော်၏ မေတ္တာပွါးချိန်ဝယ် သူခိုးသည်လည်း ကျောင်းအောက်သို့ ရောက်နှင့်ပြီးသားဖြစ်လေ၏..။

ဆရာတော် မှားနေလား ... ? ....
ဆရာတော်၏မေတ္တာပို့ပုံသည်.. ထူးဆန်းနေသောကြောင့် သူခိုးစဉ်းစားခန်းထုတ်ရလေ၏...၊
သူခိုးသည်..."အင်း..လွဲများနေရော့သလား..တကယ်ဆို..သူတော်ကောင်းတွေ အသက်ရှည်ပါစေ.. သူယုတ်မာတွေ
အသက်တိုပါစေ..လို့သာဖြစ်ရမှာ ၊ ခုဟာက ဆရာတော်မှားနေတယ်ထင်တယ်..." ၊
သူခိုးသည်..လာရင်းသူ၏အကြောင်းအရာများကိုကား ဆရာတော်၏ ထူးခြားသော မေတ္တာပို့သမှုကြောင့် မေ့သွားခဲ့လေသည်..၊
ခိုးဘို့စိတ်ကူးထက် ၊ ဆရာတော်ကို လမ်းမှန်ပြဖို့ကိုသာ သူစိတ်ကူးရှိလေ၏..( သူခိုးစာတတ်ကြီးထင်ပါ့...) ထို့ကြောင့်... သူခိုးသည်..
ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ကျောင်းပေါ်သို့တက်၍ ဆရာတော်နှင့်တွေ့ပြီးလျှင်လျှောက်ထားလိုက်သည်ကား...
 "မှန်ပါ ဘုရား.. ဆရာတော်၏ မေတ္တာပို့သံကြားရပါသဖြင့် တပည့်တော်တက်လာရခြင်းပါဘုရား... ပြီးတော့ ဆရာတော်ပို့သည့်
မေတ္တာသည် မှားနေသည်ထင်ပါသည်ဘုရား...၊

သူခိုးဘဝ အကျိုးမရ ...
သူခိုး၏ လျှောက်ထားချက်ကို ကြားရလျှင်.. ဆရာတော်သည်..ဤသို့ သူ၏မေတ္တာကို ရှင်းပြလေ၏...၊
" ဒကာ...ငါမမှားပါဘူးကွယ်.... သူယုတ်မာတွေ အသက်ရှည်ပါစေ..ဆိုတာက လူယုတ်မာများဟာ.. လူ့ပြည်တစ်ခါရောက်က                တစ်ခေါက်မပြန်ဆိုတဲ့ အမျိုးမို့ .. လူ့ပြည်ရောက်တုန်း ၊ ရောက်ခိုက် ဝဝလင်လင် (ထင်ရာစိုင်း) နေသွားကြပါစေ...လို့ .. အဲလို               စိတ်နဲ့ မေတ္တာပို့တယ်...၊ " အေး... သူတော်ကောင်းတွေ အသက်တိုပါစေ..ဆိုတာက သူတော်ကောင်းများဟာ အသက်တိုလေ...           နိဗ္ဗာန်နှင့်နီးလေ ၊ ချမ်းသာတွေရလေ..ဒုက္ခတွေငြိမ်းလေ ဖြစ်ရ၍ ငါ...ဒီလို မေတ္တာပို့တာ ဖြစ်ပေတယ်..ဒကာတော်..."ဟုဆိုလျှင်.. ၊        သူခိုးကား..." ဪ..ဒီလို ဆိုတော့လည်း..ဆရာတော့် မေတ္တာ အမှန်သားပါပဲဘုရား.."ဟုဆို၍...သူ၏လာခြင်းအကြောင်းကို ဆရာတော်အား ဝန်ချတောင်းပန်လေ၏..." တပည့်တော်က လူဆိုး ၊ သူခိုးပါဘုရား..ဒီကနေ့ကစပြီး..ဆရာတော်၏မေတ္တာရိပ်ကို ခိုလှုံတဲ့အနေနဲ့ သူခိုးဘဝ ၊ အကျိုးမရ၍ စွန့်လွှတ်ပါပြီဘုရား..."ဟုလျှောက်ထားကာပြန်သွားလေသတည်း...။                                   ထိုအချိန်သည်ကား..အရှေ့ဘက်မှအလင်းပျပျ အရုဏ်ရောင်သမ်းစပင်ပြုလေ၏...။။။။

{{ ဦးဦးဇင်း ... ရင်တွင်းဖြစ် }}

( ငွေတောင်တောရ အရှင်ဝါသေဋ္ဌ စာအုပ်ကို မှီငြမ်းသည် )

မူလတန်းကျောင်းအုပ် ရာထူး အပြောင်းအရွှေ့ဆောင်ရွက်ရာတွင် ကျင့်ထုံးမူများ ပြောင်းလဲသင့်ပါပြီ

$
0
0
လက်ရှိ ပညာရေးဌာနမှာ မူလတန်းကျောင်းအုပ်လစ်လပ်သွားသော နေရာအား အစားထိုးဖြည့်ဆည်းခန့်
ထားရေးအတွက် ဆောင်ရွက်ရာမှာ မူလတန်းကျောင်းအုပ်ကြီးများနဲ့ အလယ်တန်းပြလစာခံစားခွင့်ရရှိ
သော မူလတန်းသင်ဆရာများအား ရာထူးတန်းတူထား၍ လုပ်သက်အရနှိုင်းယှဉ်ကာ လုပ်သက်သာသူ
အား ကျောင်းအုပ်နေရာသို့ ခန့်ထားပေးသဖြင့် မူလတန်းကျောင်းအုပ်ကြီးများအတွက် များစွာ နစ်နာမှု
များကြုံတွေ့နေရပါတယ်....။ မိမိအောက် ရာထူးတစ်ဆင့်နိမ့်သော မိမိ၏လက်ထောက်ဆရာ/မများက
ကျောင်းအုပ်ကြီးများကို ဖြတ်ကျော်၍ ရာထူးနေရာများ ရယူနေကြပြီး ကျောင်းတစ်ကျောင်းဖွံ့ဖြိုးတိုးတက်
ရေးအတွက် အရေးအကြီးဆုံးအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နေရသော စီမံအုပ်ချုပ်သူ ကျောင်း
တစ်ကျောင်း၏ အကြီးအကဲ ကျောင်းအုပ်ကြီးများ ခေါင်းမဖော်နိုင်ကြတော့ပါပြီ...။ ဒီလို ကျောင်းအုပ်ဖြစ်သူ
အကြီးအကဲ တစ်ယောက်နဲ့ တစ်ဆင့်နိမ့်ရာထူး လက်ထောက်ဝန်ထမ်းအား ရာထူးတန်းတူ တန်းစီ၍
နေရာပေးနေခြင်းဟာ ကျောင်းအုပ်နဲ့ လက်ထောက်ကို ရန်တိုက်ပေးချင်လို့လား။ ဒါမှမဟုတ် ကျောင်းအုပ်
ကြီးများကို တမင်တကာပဲ နာကျင်စေချင်လို့လား၊ သို့တည်းမဟုတ် နှိပ်ကွပ်ချင်လို့လားလို့ တွေးချင်စရာ
ဖြစ်နေခဲ့ပါတယ်...။
ကျောင်းတစ်ကျောင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခရာဖြစ်သော အဓိက စွမ်းဆောင်ရသူ ကျောင်းအုပ်
ကြီးများအား ယခုလို နာကျင်စေခြင်းဖြင့်၊ စိတ်အနာတရ ဖြစ်စေခြင်းဖြင့် ပညာရေးဌာနအတွက် အလား
အလာကောင်းတွေတော့ ရမလာနိုင်ဘူးထင်ပါတယ်...။ ကျောင်းအုပ်ကြီးများ မိမိတို့ရဲ့စိတ်မှာ အနာတရ
ခံစားရပြီး အလုပ်အပေါ် စိတ်ပါဝင်စားမှုနည်းလာခြင်း၊ လုပ်ငန်းအား တန်ဖိုးထားမှု နည်းပါးလာခြင်းများ
ဖြစ်ပေါ်လာပါက ယနေ့ပညာရေးကို မြှင့်တင်ပါမယ်ဆိုတဲ့ ဦးတည်ချက်ကို ပေါက်မြောက်နိုင်ပါမည်လား။
တာဝန်ရှိအကြီးအကဲများ စဉ်းစားဖို့လိုအပ်နေပြီလို့ ထင်ပါတယ်....။ အထက်လူကြီးတွေအနေနဲ့ ဒီကိစ္စ
ကို သိချင်မှလည်းသိမယ်...။ သိချင်လည်း သိနိုင်သလို မသိချင်ယောင်ဆောင်နေတာလည်းဖြစ်နိုင်ပါတယ်။
သို့တည်းမဟုတ် အမှတ်တမဲ့ သတိမထားမိတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်...။ ဒါပေမယ့် အောက်ခြေ
မြို့နယ်အဆင့်မှာတော့ ဒီမူအတိုင်းပဲ ကျောင်းအုပ်နဲ့ လက်ထောက်ကို ရာထူးတန်းတူထားပြီး ဆောင်ရွက်
နေတဲ့အတွက် မူလတန်းကျောင်းအုပ်ကြီးများ နစ်နာနေရတာတော့ အမှန်ပါပဲ...။
စီမံအုပ်ချုပ်သူဖြစ်တဲ့ ကျောင်းအုပ်တစ်ဦးလစ်လပ်သွားပါက ၄င်းရာထူးနေရာအား အစားထိုးခန့်ထားနိုင်ရန်
(၁)မူလတန်းကျောင်းအုပ်ရာထူးတူ အပြောင်းအရွှေ့ကိုပဲ ဦးစားပေးစဉ်းစားပေးသင့်ပါတယ်...။
(၂)ရာထူးတူ အပြောင်းအရွှေ့မရှိပါမှ အလပြ(မူ)သင်ကြားရေးမှ အုပ်ချုပ်ရေးသို့ ရာထူးပြောင်း/ရာထူးတိုး
ကို စဉ်းစားပေးသင့်ပါတယ်...။
(၃)မရှိပါမှ မူလတန်းပြမှ ကျောင်းအုပ်ရာထူးတိုးကို စဉ်းစားသင့်တယ်လို့ ထင်ပါတယ်....။
ဒါကြောင့် လက်ရှိမြို့နယ်အဆင့်များမှာ ကျင့်သုံးနေတဲ့ မူလတန်းကျောင်းအုပ်ရာထူးလစ်လပ် အစားထိုး ခန့်ထားရေး လက်ကိုင်မူများအား ပြောင်းလဲပြင်ဆင် ဆောင်ရွက်ပေးသင့်ပြီလို့ တာဝန်ရှိသူတွေသိအောင်
ပြောပြရခြင်း ဖြစ်ပါတယ်...။ ကြိုးလည်း ကြိုးစားပေးစေချင်ပါတယ်...။

စိတ်အမောပြေ တစ်ခန်းရပ်ကာတွန်းများ

$
0
0

ကာတွန်းကြိုက်သူများအတွက် (၂၀၁၂) ဦးဘဂျမ်းကာတွန်းပြိုင်ပွဲများမှ ကာတွန်းရုပ်ပုံများကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။ စကားပြောသော ကာတွန်းရုပ်ပြများ ကြိုက်နှစ်သက်ကြသည့် ဝါသနာတူများအတွက် စုစည်းပေးထားခြင်းဖြစ်ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ယခုတင်ပြသော ကာတွန်းပုံများကို Facebook စာမျက်နှာများမှ တစ်ပုံချင်း စုဆောင်းပြီးး စုစည်းတင်ပြထားပါသည်။

 



 

 




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

 

 

 

 

အရှင်နှစ်ပါး..ပါတော်မူခြင်း..အပိုင်း(၂)

$
0
0

တန်ဆောင်မုန်းလဆုပ်(၈)ရက်နေ့သည်..မြန်မာတို့၏ ပါတော်မူနေ့ဖြစ်ပါသည်။

ပါတော်မူနေ့နှင့်ပတ်သက်၍ အခန်းဆက်ဆောင်းပါး (၅)ပိုင်းတင်ဆက်ပါမည်။

(၁) ကျွန်ဖြစ်ရခြင်းသဘော..

(၂) ကုန်းဘောင်မင်းဆက်များ

(၃) မင်းတုန်းနှင့်သီပေါ

(၄) သီပေါ ပါတော်မမူခင် နန်းတွင်းရေး

(၅) အင်္ဂလိပ်များ နေပြည်တွင်းဝင်ရောက်ခဲ့ပုံ

 

အပိုင်း(၂) ကုန်းဘောင်မင်းဆက်များကိုဆက်လက်တင်ပြပါမည်..

 

“ ဥသြသြော်မြည် ကုန်းဘောင်တည် “

ဦးအောင်ဇေယျ(၀ါ) အလောင်းမင်းတရားကြီးသည် မုဆိုးဘို ခေါ် ရွှေဘိုကို အခြေတည်၍

ကုန်းဘောင်မင်းဆက်ကိုစတင်ခဲ့သည်။

နိုင်ငံစည်းလုံးညီညွတ်အောင်ဆောင်ရွက်နိုင်၍ ပတ်ဝန်းကျင်နိုင်ငံများ၏ လေးစားခြင်းခံခဲ့ရသည်။

 

ကုန်းဘောင်မင်းဆက်ပေါင်း (၁၁)ဆက်တိုင်ခဲ့သည်။

နောက်ဆုံး မင်းဆက်မှာ သီပေါမင်းဖြစ်သည်။

ရှေးမင်းတို့တွင် အာဏာစက်ဖြန့်ကျက်နိုင်သူ မင်းသုံးပါးရှိသည်။ ပထမမြန်မာနိုင်ငံတော် (ပုဂံ)၏အနော်ရထာ။

ဒုတိယအကြိမ် ဘုရင့်နောင်မင်းတရားကြီး နှင့် တတိယမြန်မာနိုင်ငံတော်ကို အလောင်းဘုရား

တည်ထောင်ခဲ့သည်။

 

အလောင်းဘုရား တည်ထောင်ခဲ့သည့် ကုန်းဘောင်ဆက်တွင် မင်းဆက် ၁၁ဆက်ရှိသည်။

နယ်ချဲ့လက်အောက်သို့ ခုနစ်ဆက်မြောက်မင်းဖြစ်သောစစ်ကိုင်းမင်း(ဘကြီးတော်)လက်ထက်တွင်..

ရခိုင် တနင်္သာရီကျရောက်ခဲ့ရသည်။

ကိုးဆက်မြောက်မင်းပုဂံမင်းလက်ထက်တွင်မြန်မာနိုင်ငံတစ်ဝက်..

အောက်ပိုင်းကျရောက်ခဲ့ရပြန်သည်။

ဆယ့်တစ်ဆက်မြောက် သီပေါမင်းလက်ထက်တွင် တစ်နိုင်ငံလုံး ကျရောက်ခဲ့ရသည်။

 

ဆရာကြီးဦးသန်းဆွေ(ထားဝယ်) ၏ ကုန်းဘောင်အလွန်(ပထမအုပ်)အလိုအရ..

“ မြန်မာအစတကောင်းက ဟူသောအယူအဆအရ ပထမတကောင်း မင်းဆက် မှာ ၃၃ ပါးရှိသည်။

ဒုတိယတကောင်းမင်းဆက်ကို ၁၇ ဆက်ဖေါ်ပြသည်။ သီရိခေတ္တရာမင်းဆက် ၂၇ဆက်၊ ပုဂံမင်းဆက်မှာ

အချို့က ၅၅ပါး၊အချို့က ၅၈ပါး ဟုရေးသည်။ သီဟသူ၊ စောနစ်၊ စောမွန်နစ်

တို့ကိုထည့်လျှင် ၅၈ပါး ပါယ်လျှင် ၅၅ ပါးဖြစ်သည်။

စစ်ကိုင်းမင်းဆက် ၇ဆက်နှင့် ပင်းယမင်းဆက် ၆ဆက် မင်းပြိုင်စံခဲ့ကြသည်။

တောင်ငူမင်းဆက်၃၄ဆက် ၊ပြည်မင်းဆက်၂၃ဆက်နှင့် အင်းဝမင်းဆက်၃၀ ရှိခဲ့ပေရာ..

ကုန်းဘောင်မတိုင်မီ မင်းဆက်ပေါင်း ၂၃၅ ပါးဖြစ်သည်။

ကုန်းဘောင်မင်းဆက် ၁၁ပါးပေါင်းလျှင် မြန်မာနိုင်ငံ၌ မင်းပေါင်း ၂၄၆ပါးစိုးမိုးအုပ်ချုပ်ခဲ့သည်။

 

ကုန်းဘောင်မင်းဆက်များမှာ…       

(၁) အလောင်းမင်းတရားကြီး

(၂) နောင်တော်ကြီး

(၃) ဆင်ဖြူရှင်မင်း

(၄) စဉ့်ကူးမင်း

(၅) ဖောင်ကားမင်း

(၆) ဗဒုံမင်း

(၇) စစ်ကိုင်းမင်း(ဘကြီးတော်)

(၈) ရွှေဘိုမင်း

(၉) ပုဂံမင်း

(၁၀) မင်းတုန်းမင်း

(၁၁) သီပေါမင်း…..တို့ဖြစ်သည်။

 

ပါတော်မူနေ့..အပိုင်း(၃) ဆက်လက်တင်ပြပါမည်။

Viewing all 9878 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>